Flora Intro (Z+U)

1K 68 0
                                    

Zawgyi

တစ္ဆစ္ဆစ္ကိုက္ေနေသာ ေခါင္းကိုက္ေဝဒနာေၾကာင့္ မၾကည္မလင္ျဖင့္ ယြန္းဂီႏိုးထလာေတာ့သည္။စိမ္းသက္ေနေသာ အခန္းအျပင္အဆင္ေၾကာင့္ ယြန္းဂီတစ္ေယာက္ အခန္းပတ္ဝန္းက်င္ကို တစ္ခ်က္အကဲခတ္မိသည္။ကုတင္ေဘးစြန္းမွာ တင္ပလဲြထိုင္ေနေသာ လူတစ္ေယာက္ေၾကာင့္ ယြန္းဂီခဗ်ာ အံဩသြားရေတာ့သည္။

"ေဂ်ာင္...ေဂ်ာင္ကု"

"အင္း.. ယြန္းဂီ သတိရလာၿပီလား"

"ငါ ဘယ္ေနရာေရာက္ေနတာလဲ"

"ကြၽန္ေတာ္တို႔ကို ဘယ္သူ႔မွ႐ွာမေတြ႔ႏိုင္တဲ့ေနရာ"

"ဘာေျပာတယ္ ေဂ်ာင္ကု မင္း႐ူးေနတာလား"
ယြန္းဂီမွာေျပာလည္းေျပာ အိပ္ေနရာကထလာကာ ေဂ်ာင္ကုရဲ႕အက်ႌေကာ္လံစကို ဆဲြကိုင္ရင္း ေဒါသတႀကီးေျပာဆိုေနေတာ့သည္။

"ငါ့ကိုအခုခ်က္ခ်င္းျပန္ပို႔ေပး"

"မရေတာ့ဘူးယြန္းဂီ ဒီအေျခေနထိ ေရာက္လာခဲ႔ျပီ ကြၽန္ေတာ္တို႔ေနာက္ျပန္ဆုတ္လို႔မရေတာ့ဘူး"

"ဘာလို႔မရရမွာလဲ ေက်းဇူးျပဳၿပီးငါ့ကိုလႊတ္ေပးပါ ငါလြတ္ေျမာက္ခ်င္တယ္ မင္းဆီကေရာ နမ္ဂြၽန္းဆီကေရာ"

"နားလိုက္အုန္းေနာ္ ကြၽန္ေတာ္ညစာခ်က္လိုက္အုန္းမယ္"
ေဂ်ာင္ကုမွာ ယြန္းဂီေျပာေသာစကားကို ဂ႐ုမစုိက္စြာ မီးဖိုဘက္သုိ႔တန္းတန္းမတ္မတ္ထြက္သြားေလသည္။

"အ႐ူးေကာင္ ငါ့ကိုအ႐ူးလိုဆက္ဆံေနၾကတာ''
မုန္းတယ္ ကိုယ့္ကိုကိုယ္မုန္းလြန္းလို႔ အသက္မ႐ွင္ခ်င္ေလာက္ေအာင္ထိပဲ။အေဖေျပာခဲ့ဖူးသလို ငါဟာ မေမြးဖြားလာခဲ့သင့္ဘူး။ အခုေတာ့ ငါတို႔ဆက္ဆံေရးဟာ ဘယ္ခ်ိန္ကစၿပီး မွားယြင္းေနခဲ့လဲဆိုတာ ငါကိုယ္တိုင္လည္းမသိေတာ့။ နမ္ဂြၽန္းနဲ႔လက္ထပ္လိုက္တဲ့အခ်ိန္ကလား။ဒါမွမဟုတ္ Elliဘက္က သူ(ယြန္းဂီ)ရဲ႕သီခ်င္းကို စၿပီးကမ္းလွမ္းကတည္းကလား။ ဒါမွမဟုတ္ ေဂ်ာင္ကုကို အဖဲြ့ထဲမွာအငယ္ဆုံးေလးဆိုၿပီး သံေယာဇဥ္ေတြပိုမိခဲ့တဲ့အခ်ိန္ကလား။

Unicode

တစ်ဆစ်ဆစ်ကိုက်နေသော ခေါင်းကိုက်ဝေဒနာကြောင့် မကြည်မလင်ဖြင့် ယွန်းဂီနိုးထလာတော့သည်။စိမ်းသက်နေသော အခန်းအပြင်အဆင်ကြောင့် ယွန်းဂီတစ်ယောက် အခန်းပတ်ဝန်းကျင်ကို တစ်ချက်အကဲခတ်မိသည်။ကုတင်ဘေးစွန်းမှာ တင်ပလွဲထိုင်နေသော လူတစ်ယောက်ကြောင့် ယွန်းဂီခဗျာ အံဩသွားရတော့သည်။

"ဂျောင်...ဂျောင်ကု"

"အင်း..ယွန်းဂီ  သတိရလာပြီလား"

"ငါ ဘယ်နေရာရောက်နေတာလဲ"

"ကျွန်တော်တို့ကို ဘယ်သူ့မှရှာမတွေ့နိုင်တဲ့နေရာ"

"ဘာပြောတယ် ဂျောင်ကု မင်းရူးနေတာလား"
ယွန်းဂီမှာပြောလည်းပြော အိပ်နေရာကထလာကာ ဂျောင်ကုရဲ့အကျႌကော်လံစကို ဆွဲကိုင်ရင်း ဒေါသတကြီးပြောဆိုနေတော့သည်။

"ငါ့ကိုအခုချက်ချင်းပြန်ပို့ပေး"

"မရတော့ဘူးယွန်းဂီ ဒီအခြေနေထိ ရောက်လာခဲ့ပြီ ကျွန်တော်တို့နောက်ပြန်ဆုတ်လို့မရတော့ဘူး"

"ဘာလို့မရရမှာလဲ ကျေးဇူးပြုပြီးငါ့ကိုလွှတ်ပေးပါ ငါလွတ်မြောက်ချင်တယ် မင်းဆီကရော နမ်ဂျွန်းဆီကရော"

"နားလိုက်အုန်းနော် ကျွန်တော်ညစာချက်လိုက်အုန်းမယ်"
ဂျောင်ကုမှာ ယွန်းဂီပြောသောစကားကို ဂရုမစိုက်စွာ မီးဖိုဘက်သို့တန်းတန်းမတ်မတ်ထွက်သွားလေသည်။

"အရူးကောင် ငါ့ကိုအရူးလိုဆက်ဆံနေကြတာ''
မုန်းတယ် ကိုယ့်ကိုကိုယ်မုန်းလွန်းလို့ အသက်မရှင်ချင်လောက်အောင်ထိပဲ။အဖေပြောခဲ့ဖူးသလို ငါဟာ မမွေးဖွားလာခဲ့သင့်ဘူး။ အခုတော့ ငါတို့ဆက်ဆံရေးဟာ ဘယ်ချိန်ကစပြီး မှားယွင်းနေခဲ့လဲဆိုတာ ငါကိုယ်တိုင်လည်းမသိတော့။ နမ်ဂျွန်းနဲ့လက်ထပ်လိုက်တဲ့အချိန်ကလား။ဒါမှမဟုတ် Elliဘက်က သူ(ယွန်းဂီ)ရဲ့သီချင်းကို စပြီးကမ်းလှမ်းကတည်းကလား။ ဒါမှမဟုတ် ဂျောင်ကုကို အဖွဲ့ထဲမှာအငယ်ဆုံးလေးဆိုပြီး သံယောဇဉ်တွေပိုမိခဲ့တဲ့အချိန်ကလား။

F L O R A  {Completed}Where stories live. Discover now