Zawgyi
"ထည့်စားနော် အယ်လာ''
"ဟုတ်ကဲ့ ဂျောင်ကုရောစားလေ''
ဂျောင်ကုနဲ့အယ်လာမှာတစ်ယောက်ကိုတစ်ယောက်ဟင်းတွေထည့်ပေးရင်းဖြင့် မျက်နှာချင်းဆိုင်မှာရှိနေကြတဲ့ ယွန်းဂီနဲ့ဟွမ်လေးကို မေ့နေကြသယောင်။
"ရော့ ပါပါးရဲ့သားလေး ပါပါးကအရိုးတွေနွှင်ပေးထားတာမို့ များများစား''
ယွန်းဂီမှာလည်း ဂျောင်ကုနဲ့အယ်လာကိုကြည့်ပြီး အမြင်ကပ်ကပ်ဖြင့် သူတို့မရှိသလိုတွေးကာ ဂျောင်ဟွမ်လေးကိုသာ ဂရုတစိုက်ဖြင့် ထမင်းကျွေးနေမိသည်။
"ဟိုဂျောင်ကုတို့ကလက်ထပ်ထားတာဆိုပြီး ဘာလို့လက်ထပ်လက်စွပ်ဝတ်မထားကြတာလဲဟင်''
အယ်လာရဲ့စကားကြောင့် ယွန်းဂီခမျာအနည်းငယ်မျက်နှာပျက်သွားပေမဲ့ ဂျောင်ကုမမြင်အောင် မသိသလိုလုပ်ရင်းထမင်းကိုသာ ဆက်စားနေလိုက်သည်။
"ဟို....အဲ့တာက..''
ဂျောင်ကုရဲ့အဖြေကို ယွန်းဂီကစိတ်မဝင်စားသလောက် ဂျောင်ဟွမ်နဲ့အယ်လာမှာတော့ ကိုယ်လေးစောင်းကာ ဂျောင်ကုရဲ့အဖြေအား မျှော်လင့်တကြီးဖြင့်စောင့်ဆိုင်းနေကြတော့သည်။
ဟွမ်လေးမှာ ဂျောင်ကုမျက်နှာကိုတစ်လှည့် ယွန်းဂီမျက်နှာကိုတစ်လှည့် တစ်လှည့်စီကြည့်ရင်းဖြင့် နိုရာပြောသောစကားများကိုပြန်ကြားယောင်လာကာ ထမင်းတောင်စားမဝင်တော့ချေ။
"ကျွန်တော်နဲ့ဟန်နီက မိဘတွေသဘောမတူပဲ ထွက်ပြေးလာခဲ့တာ။အဲ့တာကြောင့်မို့ အခုထိ ဟန်နီကိုလက်ထပ်ခွင့်မတောင်းဖြစ်သေးပဲ...''
"အာ..အယ်လာသဘောပေါက်ပြီ အဲ့တာဆို ဒီပေါက်စလေးက''
အယ်လာမှာ ပြူးတူးတူးလေးဖြင့်ကြည့်နေသော ဟွမ်လေးအားမေးငေါ့ပြရင်း ယွန်းဂီဆီသို့ အပြုံးခပ်ကြီးကြီးတစ်ပွင့်ပေးကာ မေးလိုက်တော့သည်။
"တီ...တီ''
"ဘောမ်ဂယူတို့လာတာလားမသိဘူး ကိုယ်တံခါးဖွင့်ပေးလိုက်မယ် ဟန်နီ''
ဂျောင်ကုမှာဘဲလ်တီးသံကြောင့် ထမင်းစားပွဲမှထကာ တံခါးဖွင့်ပေးလိုက်သည်။
CITEȘTI
F L O R A {Completed}
FanfictionFLORA ဆိုတဲ့ သီချင်းရေးဆရာတစ်ယောက်ဟာ နာမည်ကြီး အဆိုတော်အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်သူနဲ့ လက်ထပ်လိုက်ရသော အခါ။ ----------- FLORA ဆိုတဲ့ သီချင်းရေးဆရာတစ်ယောက်ဟာ နာမည်ကြီး အဆိုတော်အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်သူနဲ့ လက်ထပ်လိုက်ရသော အခါ။ COVER BY ASIUU PISI 🍓🍓