// 2 // (Z+U)

396 62 0
                                    

Zawgyi

"အားလုံးပဲ မင်္ဂလာပါ ကျွန်တော်က တေးရေးဆရာ Flora ပါ"
တေးရေးဆရာ Flora ဆိုသော အမျိုးသားမှာ ကိုယ်ကိုကိုင်းရင်း Oneday အဖွဲ့သားများအား နှုတ်ဆက်နေသည်။

"ဟုတ်ကဲ့ မင်္ဂလာပါ ကျွန်တော်က ကင်နမ်ဂျွန်းပါż
အခုလိုတွေ့ရတာ အများကြီးဝမ်းသာမိပါတယ်"

"ဟုတ်ကဲ့... ကျွန်တော်ရောပါပဲ"

"ဒါနဲ့ Flora က ခါတိုင်းဆိုလူတွေ့မခံဘူးဆို"
ထိုစကားကိုပြောလိုက်သူက အကိုဂျင်။သူ့၏အကျင့်အတိုင်း သိချင်သည်များကို မဆိုင်းမတွ မေးမြန်းတက်သေးသည်။

"အာ..ဟုတ်ကဲ့ ကျွန်တော့်ဘက်က လူရှေ့ထွက်ပြဖို့ အဆင်မပြေသေးလို့ပါ"

"ကျွန်တော်တို့အဖွဲ့သားတွေ အကုန်လုံးကိုတော့ သိမယ်ထင်ပါတယ် ကျွန်တော်ကြားမိတာက Flora က ကျွန်တော်တို့ရဲ့ Fan ဆိုလား..."
ဂျောင်ကုမှာ Flora နဲ့နှုတ်ဆက်ရင်း ဟာသမမြည်သော စကားတစ်ခုကို အမေးပြုလိုက်သည်။

"ဟုတ်ပါတယ် ဂျောင်ကုရှီး... ကျွန်တော်က အဲ့တာကြောင့်မို့ Oneday နဲ့တွေ့ဖို့ကို လက်ခံလိုက်တာပါ ကျွန်တော်ရဲ့သီချင်းကိုအကောင်းဆုံးပုံဖော်ပေးကြလို့လည်း ကျေးဇူးတင်လို့မဆုံးပါဘူး "

"ဟုတ်ကဲ့ ရပါတယ်ခင်ဗျာ တကယ်ဆိုကျွန်တော်တို့ဘက်က ပိုပြီးကျေးဇူးတင်ရအုန်းမှာ Flora က တွေ့ဖို့လည်းခက်သလို သီချင်းကိုလည်း တော်ရုံတန်ရုံလူတွေ မပေးဘူးဆိုတော့လေ"
ဟိုဆော့ကတော့ သူ၏မူပိုင်အပြုံးကိုချိတ်ဆွဲကာ Flora အား ချီးကျူးစကားဆိုနေမိသည်။

"အာ...ဟုတ်ကဲ့ အခုလိုကျွန်တော်နဲ့လက်ခံတွေ့ဆုံပေးတာကိုပဲ ဟိုဆော့တို့တစ်ဖွဲ့သားလုံးကို ကျေးဇူးတင်ပါတယ်။ ဒါနဲ့ ကျွန်တော့်နာမည် မင်ယွန်းဂီပါ Flora ဆိုတာထက် ယွန်းဂီလို့လည်း ခေါ်နိုင်ပါတယ် "

"အာ..ဟုတ်ကဲ့ဟုတ်.. ကျွန်တော်တို့ကြားတာထက် ယွန်းဂီက ပိုပြီး social ကောင်းတာပဲ"

"ဟား...ဟား..."
ထို့နောက်မှာတော့ အခန်းတစ်ခုထဲမှာရှိတဲ့ အမျိုးသားခုနှစ်ယောက်လုံးမှာ ရယ်သံလွင်လွင်လွှင့်ပျံရင်း   စကားလက်ဆုံကြနေတော့သည်။
.
.
.
.
"ဒါဆို ကျွန်တော့်ကို ပြန်ခွင့်ပြုပါအုန်း."

F L O R A  {Completed}Donde viven las historias. Descúbrelo ahora