// 1 // (Z+U)

560 62 0
                                    

Zawgyi

"ကင်နမ်ဂျွန်း ဒါက ဘာတွေလဲ"
အခန်းထဲသို့ ဒုန်းစိုင်းဝင်လာသော PDကြောင့် နမ်ဂျွန်းတို့တစ်ဖွဲ့သားလုံး အနည်းငယ်ထိတ်လန့်နေမိသည်။PD မှာ အခန်းထဲသို့ရောက်သည်နှင့် လက်ထဲမှာပါလာသော ဓာတ်ပုံအချို့ကို စားပွဲပေါ်သို့ပစ်တင်လိုက်သည်။

"ဒါ..ဒါတွေက နမ်ဂျွန်းနဲ့သူ့ကောင်လေးပုံတွေ.."
နမ်ဂျွန်းတိုအဖွဲ့ထဲမှာ အသက်အကြီးဆုံးဖြစ်သူ အကိုဂျင်၏စကားသံကြောင့် ကျန်တဲ့အဖွဲ့သားများကလည်း ထိုဓာတ်ပုံထံသို့ အကြည့်ရောက်မိသည်။

"မင်းကိုထိန်းထိန်းသိမ်းသိမ်းနေပါလို့ ငါမပြောခဲ့ဘူးလား  ဟမ်...နမ်ဂျွန်း"

"တောင်းပန်ပါတယ်.."
PDဖြစ်သူစကားကြောင့် နမ်ဂျွန်းခဗျာ ခေါင်းကိုငုံထားရင်း တောင်းပန်စကားဆိုမိတော့သည်။

"နောက်ဆိုကျွန်တော်ဆင်ခြင်ပါ့မယ်"

"အေးဆင်ခြင်တာလည်း ဆင်ခြင်တာပေါ့ ဒါပေမဲ့ ဖြစ်နိုင်ရင် အဲ့ကောင်လေးကို အဆက်သွယ်ဖြတ်စေချင်တယ်"

"ဗျာ..."

"မင်းတို့အဖွဲ့ရဲ့အခြေနေကိုလည်း မင်းတို့သိမှာပါ မင်းကိုအကုန်လုံးက ယောကျာင်္းလေးချင်းသဘောကျတာကို လက်ခံထားပေမဲ့လည်း အဲ့ကောင်လေးက မင်းတို့ရဲ့တက်လမ်းအတွက် ဘာမှအသုံးမဝင်ဘူး
ဘယ်အသိုင်းကမှန်းမသိတဲ့ ကောင်လေးကို ငါမပြောနဲ့ မင်းရဲ့ပရိတ်သတ်တွေကလည်း လက်ခံပေးနိုင်မယ်မထင်ဘူး ငါပြောတာမင်းသဘောပေါက်မှာပါ"

"ကျွန်တော်..."

"ငါ့ဘက်က ပြတ်ပြတ်သားပြောပြီးပြီမို့ ထပ်ပြောစရာမလိုတော့ဘူးထင်ပါတယ် ငါသွားတော့မယ်"
PDမှာ ပြောစရာရှိသည့် စကားများကိုပြောဆိုပြီး နမ်ဂျွန်းတို့အခန်းမှ လှည့်ထွက်ခဲ့တော့သည်။

"အဆင်ပြေသွားမှာ နမ်ဂျွန်းရာ ငါတို့ရှိပါတယ်"
ထိုစကားကိုပြောလိုက်သူကတော့ ဂျောင်ဟိုဆော့ပင်။အဖွဲ့ထဲမှာ အသက်အရွယ်ချင်းလည်းတူသလို စိတ်တူကိုယ်တူဖြစ်သည်မို့ နမ်ဂျွန်းတစ်ခုခုဆို ဂျောင်ဟိုဆော့ကတော့ အသင့်အမြဲရှိနေသူဖြစ်သည်။
ထို့အတူ ကျန်သည့်အဖွဲ့သားများကလည်း တစ်ခုခုဆိုအရမ်းကိုစည်းလုံးကြတာမို့ အခုအချိန်ထိ "Day One"ဆိုတဲ့ boyband တစ်ခုဟာ ကိုးရီးယားနိုင်ငံမှာအောင်မြင်ကျော်ကြားနေဆဲပဲဖြစ်ပါတယ်။
"Day One "ဆိုတဲ့ အဖွဲ့မှာဆိုရင် အဖွဲ့ခေါင်းဆောင် ကင်နမ်ဂျွန်း၊အဖွဲ့၏အသက်ကြီးဆုံးဖြစ်သူ ကင်ဆော့ဂျင်၊ဂျောင်ဟိုဆော့၊ပတ်ဂျီမင်း၊ကင်ထယ်ယောင်း၊ဂျွန်ဂျောင်ကု ဆိုပြီး အမျိုးသားခြောက်ယောက်နဲ့ ဖွဲ့စည်းထားသော ယောကျာင်္းလေးအဆိုတော်အဖွဲ့ဖြစ်သည်။အဖွဲ့၏သက်တမ်းကြာမြင့်လာမှုနဲ့အတူ အဖွဲ့၏အောင်မြင်မှုကို ထိန်းသိမ်းလာရသည်မှာ 8နှစ်တိုင်ရှိခဲ့ပြီ။လွန်ခဲ့သော ခြောက်လမှစ၍ အဖွဲ့ခေါင်းဆောင်ကင်နမ်ဂျွန်းမှာ ယောကျာင်္လေးတစ်ယောက်နှင့်ချစ်ကြိုက်သည့် သတင်းထွက်ချိန်မှစ၍ သူတို့၏အောင်မြင်မှုမှာ အနည်းငယ်ကျဆင်းလာတော့သည်။ ဒီဖြစ်စဉ်မှာလည်း ရှေးရိုးစွဲလူတစ်ချို့ကသာ ပုတ်ခတ်ပြောဆိုခဲ့ကြပြီး တချို့ပရိသတ်များကတော့ ကင်နမ်ဂျွန်းရဲ့ဖြစ်တည်မှုကို အလေးထားခဲ့ကြသည်လေ။ထိုလူတွေကြောင့်ပဲ ကင်နမ်ဂျွန်းမှာ အသက်ရှူဝနိုင်ခဲ့တာ။မဟုတ်လျင် ကုမ္ပဏီကတစ်ဖက်၊မိသားစုကတစ်ဖက်၊ပရိသတ်ကတစ်ဖက်ဖြင့် အမျိုးမျိုးအစုံအစုံဗြာများနေရတော့မည်သာဖြစ်သည်။

F L O R A  {Completed}Où les histoires vivent. Découvrez maintenant