Part (25)

503 26 16
                                    

Unicode

သူကြီး၏ တချက်လွှတ်အမိန့်ကြောင့် ဧည့်သည်အား ရွာအဝင်ဝမှာ ခေါ်ဖို့သွားရမည့် တာဝန်ဟာ ခက်ရောင်ခြည်နှင့်ဖိုးမူ၏ ခေါင်းပေါ်သို့ရောက်လာလေသည် ။ ရောက်လာမည့်ဧည့်သည်အကြောင်းကို ပြောမဆုံးနိုင်သည့် သူကြီးကတော့ ဖိုးမူအားအရုဏ်မတက်ခင်ထဲကနှိုးပြီး တရားချနေတာဖြစ်လေသည် ။ သူကြီးကသာ ရေပက်မဝင်ပြောနေတာ ဖိုးမူ၏ ဦးနှောက်ထဲမှာတော့ ဘာမှမဝင်ချေ ။ အဘယ်ကြောင့်ဆိုသော မှိတ်မှိတ်ကျသွားသော မျက်လုံးကို သူကြီးမြင်မှာ စိုးသည့်အတွက် အတင်းပြူးထားရသောကြောင့်ဖြစ်လေသည် ။ အခုလည်း မက်တပ်ရပ်ရင်းနဲ့ပဲ ခေါင်းငိုက်စိုက်နေသော ဖိုးမူကို ခက်ရောင်ခြည်က တချက်ပုတ်ရင်း

'' အယ်ဗျာ ခင်ဗျား အိပ်ချင်လည်း သွားအိပ်လိုက်ပါတော့ ။ မနက်စောစောကြီး ဇတ်ကျိုးသေနေတဲ့ ပုံကို မြင်ရတာ အကုသိုလ်များတယ် ''

အရင်က စကားတစ်ခွန်းပြောရင် တစ်ခွန်းသာပြန်​ပြောတတ်သည့်ကောင်လေးက အခုများပြောချလိုက်တာ ဗွက်ဗွက်ဗွင်းဗွင်း ပြောလိုက်သောကြောင့် ဖိုးမူမှာပါးစပ်အဟောင်းသား ။
အော် လူတွေများ လင်ကောင်းရတာနဲ့ အနေအထိုင်တွေပါ ပြောင်းလဲသွားပါလား ။ ဖိုးမူတစ်ယောက် ထိုစကားကို စိတ်ထဲမှနေသော ရေရွတ်နိုင်ပေသည် ။ အကယ်၍များ ခက်ရောင်ခြည်ကို ဒီလိုပြောနေတာကို ဟိုဇွတ်တရွတ်ကောင် ကြားများကြားသွားရင် သူ့အသက်က်ို မည်သူမှ ကယ်နိုင်လိမ့်မည်မထင် ။

'' ခင်ဗျားက ကျုပ်နဲ့မသွားရင် ခင်ဗျားလင်နဲ့သွားမလို့လား ရောင်ခြည် "

'' ဟော် ခင်ဗျား မင်းဓနကို ဘာလို့ဆွဲထည့်နေတာလည်း "

'' အောင်မလေး ကျုပ်က လင်လို့ပဲ ပြောတာပါဗျာ ။ မင်းဓနလို့တော့ မ​ပြောမိပေါင် ။ ဒါနဲ့ ခင်ဗျားက လင်ဆိုတာနဲ့ မင်းဓနရှိန် ကို ပြေးမြင်သည့်အထိ အတွေးတွေပေါက်နေပြီပဲ "

လွှတ်ခနဲထွက်သွားသည့်နာမ်စားအပေါ် ဖိုးမူတစ်ယောက် ဇာချဲ့နေသည်ကြောင့် ခက်ရောင်ခြည်မှာမူ ဘာမှဆက်မပြောထွက်တော့ချေ ။ သို့သော် အချိန်ကလင့်နေပြီဆိုသည်ကို သိသည့်အတွက် ခက်ရောင်ခြည်ကပဲ စတင်ကာ

 စိန်ပန်းနီနီ မောင့်ကိုတည်Where stories live. Discover now