Unicode
မေမြို့၏ အေးမြလှသော နှင်းမြူများအောက်တွင် အိုဗါလင်း ဂျစ်ကားလေးတစ်စီးသည် ထိုနှင်းမြူများကြားတွင် တရွေ့ရွေ့နှင့် မြို့အုပ်မင်း အိမ်တော်သို့ မောင်းနှင်လာသည်။
'' ဆရာ ရေအရင်ချိုးမလား ဒါမှ မဟုတ် ထမင်းအရင်စားမလား ´´
ထို အိုဗါလင်း ကားလေးပေါ်မှ မေမြို့၏ မြို့အုပ်မင်း မိုးသစ်ဦးမောင် ဆင်းလာသည်နှင့်တစ်ပြိုင်နက် အိမ်ထဲမှ တပည့်ဖြစ်သူ ထွန်းတောက် ပြေးလာပြီး အနှီးမြို့အုပ်မင်း၏လက်ထဲမှ အနောက်တိုင်း အိတ် လေးကို လက်ကမ်းယူရင်း မေးလိုက်လေသည်။
'' ရေပဲ အရင်ချိုးတော့မယ်...နို့မေမေရောထမင်းစားပြီးပါလား ´´
'' ကျွန်တော်ကျွေးထားပေမဲ့ အရင်အတိုင်းပါပဲ ဆရာ နှစ်လုပ်အပြင်ပိုမစားဘူး ´´
'' ဟင်း !´´
သစ်မောင် သက်ပြင်းလေးသာ အသာချလိုက်ပြီး ဘွတ်ဖိနပ်ကို ချွတ်ကာ မိခင်ဖြစ်သူနေထိုင်တဲ့ ခေါင်းရင်းအဆောင်ဆီက အခန်းဆီသို့သာ
ဦးတည်သွားလိုက်လေသည်။သစ်မောင်သည် တစ်ချိန်က ကြီးကြီးတက်ချမ်းသာခဲ့သော မန္တလေးမြို့၏ မြို့မျက်နှာဖုံး ဦးမိုးမောင် နှင့် ဒေါ်ခင်သီတာဦး တို့၏ တစ်ဦးတည်းသော သားလေးဖြစ်သည်။ ဖေဖေ မော်တော်ကားမတော်တဆ ဖြစ်မှုနှင့်ဆုံးသွားပြီးသည်မှ စ၍ ထိုးကျသွားသော စီးပွားရေး ၊ ခင်ပွန်းဖြစ်သူဆုံးသွားခဲ့သည့်အချိန်မှ စ၍ ကားမတော်တဆမှုကြောင့်ရရှိလာသော အောက်ပိုင်းဒဏ်ရာကြောင့် လမ်းပင်မလျှောက်နိုင်တော့ပဲ စိတ်ထောင်းကိုယ်ကြေ ဖြစ်ကာအမြဲ တငူငူ နှင့်စကားပင်မပြောတော့တဲ့မိခင်တို့ကြောင့် သစ်မောင် မှာ ကိုယ်ထူး ကိုယ်ချွန်နှင့် ဒီအခြေအနေထိရောက်အောင် မနည်းကြိုးစားခဲ့ရလေသည်။
'' မေမေ ထမင်းမစားဘူးဆို...´´
အောက်ဘီးတပ် သစ်သားထိုင်ခုံလေးပေါ်တွင် ထိုင်ကာ ပြတင်းပေါက်မှ အပြင်သို့ တွေတွေလေး ငေးမောနေတဲ့ မိခင်ဖြစ်သူကို အခန်းဝမှ ကြည့်ပြီး သစ်မောင် ပြောလိုက်လေသည်။
ESTÁS LEYENDO
RomanceUnicode '' ကံကြမ္မာဆိုတဲ့ အရာတောင် အသက်အတွက်ဆို ပြောင်းပြန်လှန်ပစ်မှာ မို့ မောင့်လက်ကိုသာရဲရဲတွဲထားပါ အသက်ရယ်'' Zawgyi '' ကံကြမ္မာဆိုတဲ့အရာတောင် အသက်အတွက်ဆို ပြောင်းပြန်လှန်ပစ်မှာ မို့ မောင့်လက်ကိုသာရဲရဲတွဲထားပါ အသက်ရယ်''