အပိုင်း(၂၆)

1K 97 16
                                    

'' မေမေ ...မေမေ ''

မေမေမြင့်မှ လရောင်အား အုတ်နီခဲဖြင့် ထုလိုက်ပေမဲ့ ကြားထဲမှ လရောင်အစားဝင်ခံပေးလိုက်သည့် မေမေကြောင့်လရောင် လန့်ကာ အသားကုန်အော်နေမေိလေသည်။

'' ဒေါ်ဒေါ် ... ဒေါ်ဒေါ် ''

ခေါင်းထက်တွင်သွေးများနှင့်လဲကျသွားသောဒေါ်ဒေါ်ကြောင့် သစ်ဦးအမြန်ပြေးကာပွေ့လိုက်လေသည်။

'' ဘယ်လိုလုပ်လိုက်တာလဲ ဒေါ်မာရင်မြင့် ''

သစ်ဦး ဒေါ်ဒေါ့်အားပွေ့ထားရင် စိတ်လွတ်နေပြီးတုန်တုန်ရီရီဖြင့် ရပ်နေသော ဒေါ်မာရင်မြင့်အား ကြည့်ကာမေးလိုက်လေသည်။

'' ဟင့်အင်း ...ငါ..မဟုတ်....''

'' အယ် ဒေါ်ဒေါ်...''

''ခင်လေး!''

'' မာမီ !...ဘာဖြစ်တာလဲ မာမီ ''

တစ်ဖက်အိမ်မှအော်သံများကြောင့် ထွန်းတောက်၊ ခင်ထွေးနှင့် ခင်လေး အပြေးလာကြရင်း မြင်လိုက်ရသောမြင်ကွင်းများကြောင့် အကုန်လန့်သွားကြလေသည်။

'' ငါ...ငါမဟုတ်ဘူး။ ငါ...အား ..''

အရူးတစ်ယောက်လို ပြောချင်တာပြောကာ ပြေးထွက်သွားသောဒေါ်မာရင်မြင့်ကြောင့် သစ်ဦး ထွန်းတောက်အားအချက်ပြလိုက်တော့ ထွန်းတောက်မှ သစ်ဦးအားခေါင်းပြန်ညိတ်ပြကာဒေါ်မာရင်မြင့်ဆီသို့လိုက်လေတော့သည်။

'' မာမီ... မာမီက ဘယ်လိုဖြစ်ရတာလဲ ...လရောင်ခင်နင်...ဟင် အန်တီမိ''

မော်လီ မြို့အုပ်မင်းရှိနေသည်ကိုပင်ဂရုမထားမိဘဲ လရောင်အားစိတ်ဆိုးမာန်ဆိုးနှင့် ပြောရန်ပြင်လိုက်ချိန် လရောင်ရင်ခွင်ထဲမှတွေ့လိုက်ရသောအလွန်လွန် ရင်းနှီးနေသည့်မျက်နှာကြောင့်လန့်သွားလေသည်။

'' ဒေါ်ဒေါ်သတိထားပါအုံး။ ဒေါ်ဒေါ် ''

သစ်ဦး ဘာစကားမှမပြောတော့ဘဲ ဒေါ်ဒေါ့်အာ အမြန်ပွေ့ကာ တစ်ဖက်အိမ်သို့သာခေါ်ခဲ့လိုက်ပြီး သွေးထွက်နေသော ခေါင်းအား ဆေးထည့်ပေးရန်ပြင်လိုက်သည်။ မော်လီကတော့ ဖြစ်သွားသမျှ ကိစ္စတို့အား တစ်ခုချင်းတွေးကြည့်ကာမာမီ့လုပ်ရပ်အားသဘောပေါက်မိပြီး တုန်တုန်ရီရီနှင့်သာကျန်ခဲ့လေသည်။

လရောင်ဖြာမှ...အေးသောကြောင့်(လရောင်ဖြာမှ...အေးသောကြောင့်)Tempat cerita menjadi hidup. Temukan sekarang