"စကိုင်းလ် သားမထသေးဘူးလား...နှိုးစက်ကြီးမြည်နေတာကြာနေပြီလေ"
အပေါ်ထပ်တက်လာတဲ့အမေ့အသံကြားတော့ ပေါင်ကြားထဲခွထားတဲ့ ခွခေါင်းအုံးကိုဘေးပစ်ကန်ကာ ကုန်းရုန်းထလိုက်သည်...
"ဘယ်သွားမှာမလို့တုန်း သားရဲ့"
အမေက အောက်ကျသွားတဲ့ခွခေါင်းအုံးကို အပေါ်ပြန်တင်ပေးကာ မေးလာသည်... မျက်လုံးများကိုဖွင့်ချ လိုက်ရင်း အိပ်ချင်မူးတူးအသံဖြင့် ပြန်ဖြေလိုက်သည်...
"သွားစရာလေးတစ်ခုရှိလို့ပါ ထပြီ ထပြီ"
"အင်း အမေ မနက်စာပြင်လိုက်ဦးမယ် ဆင်းခဲ့တော့နော်"
"ဟုတ်ကဲ့ အမေ"
အမေ့ကိုဖြေပြီးတာနဲ့အိပ်ယာသိမ်း၍ ရေမိုးချိုးကာ သွားစရာရှိတာအတွက် ပြင်ဆင်တော့သည်...
"အဖေရော"
"မနက်အစောကြီးပဲ ဧည့်သည်လာမယ်ဆိုလား သွားကြိုတယ်"
"ဟမ် အိမ်ကိုလား"
"မဟုတ်ပါဘူး သူ့အလုပ်က"
"ဪ ဒီနေ့ကတနင်္ဂနွေနေ့ကြီးလေ"
"အဖေ့အကြောင်းလည်းသိရဲ့သားနဲ့"
ဘာမှထပ်မပြောတော့ဘဲ မနက်စာစားပြီး ထွက်ခဲ့လိုက်သည်...အိမ်ရှေ့အပေါက်ဝမှာ အပြင်သွားဖို့ ဖိနပ်စီးနေချိန် ဖုန်းဝင်လာလို့ ကိုင်လိုက်တော့
"စကိုင်းလ် အဆင်ပြေတယ်မလား တစ်ယောက်တည်းသွားလို့"
"ပြေပါတယ်"
"ငါလိုက်ပေးမယ်ပြောထားပြီး လိုက်လို့မရတာ တောင်းပန်ပါတယ်ဟာ... နင်စကားသေချာပြောခဲ့နော်... ဒီအခွင့်အရေးမျိုးက သူများတွေလိုချင်တာတောင် ရတာမဟုတ်ဘူး...နောက်ပြီး ငါ့ကိုလည်း စိတ်မဆိုး ပါနဲ့နော်...အေး အဲ့ဒါဆို ငါဖုန်းချလိုက်တော့မယ် အမေခေါ်နေပြီမို့ သွားရတော့မယ် အဆင်ပြေမှာပါဟာ"
ဘာတစ်ခွန်းမှတောင်ပြန်မပြောလိုက်ရခင်ဖုန်းချသွားလေသော ခြူးခြူး ...
တကယ်တော့ကျွန်တော် ခြူးခြူးကိုစိတ်မဆိုးပါဘူး...ခြူးခြူးက ကျွန်တော့်ရဲ့ တစ်ဦးတည်းသော ငယ်သူငယ်ချင်းလေ... ကျွန်တော်တို့မိသားစုအကြောင်းကို နှံ့စပ်နေအောင်သိတဲ့လူဆိုလည်းမမှားဘူး... ကျွန်တော်တို့မိသားစု အဘိုးအဘွားတွေဆုံးပြီးနောက်ပိုင်း အခြေအနေတော်တော်ဆိုးဆိုးအထိ ဆင်းရဲ သွားခဲ့ဖူးတယ်...ရွှေပေါ်မြတင်နေလာခဲ့တဲ့အမေနဲ့ကျွန်တော်က ဆင်းရဲသွားတဲ့အချိန်မှာ အဲ့ဒီဒဏ်တွေ ကိုတော်တော်လေးခံခဲ့ရတယ်...ဒါပေမဲ့ ကျွန်တော်တို့ထက်ပိုပင်ပန်းခဲ့တာအဖေပါ...အဲ့ကိစ္စတွေဖြစ်ပြီး နောက်ပိုင်း အဖေက ညဘက်တွေတောင်သိပ်မအိပ်ဖြစ်ဘူး...ကြိုးစားပမ်းစား အဆက်အသွယ်တွေရှာပြီး ကျန်ခဲ့တဲ့ပိုက်ဆံအချို့နဲ့ အခွံသာသာကျန်တော့တဲ့လုပ်ငန်းကို အသေးစားလုပ်ငန်းလေးအဖြစ် နှစ်အချို့အကြာမှာ ပြန်လည်ထူထောင်နိုင်ခဲ့တယ်...

YOU ARE READING
မြေပြင်ကျယ်သရွေ့ကောင်းကင်တည်သော်
Romance"မင်းဘယ်ပဲရောက်ရောက် ငါတို့တွေဘယ်လောက်ပဲဝေးဝေး ငါမင်းအတွက်အမြဲရှိနေမယ်ဆိုတာ မင်းယုံတယ်မလား" Cover photo from pinterest 》Notebook《 Starting date - 3.7.2021 》Wp《 Starting date - 20.5.2022 (Republished date) - 19.4.2024