Part 2

5 2 0
                                    

"ဟယ်လို စကိုင်းလ် ငါဆိုင်ရှေ့ရောက်နေပြီ"

"အိုကေ ငါလည်းရောက်တော့မယ်"

ကျွန်တော်တို့မိတ်ဆက်ပြီးနောက်ပိုင်း ပိုရင်းနှီးဖြစ်အောင် 'ငါ' အသုံးအနှုန်းသုံးရန် သဘောတူခဲ့ ကြသည်... ဒီနေ့တော့ စာအတူတူစရေးဖို့အတွက် စကိုင်းလ်အိမ်မှာဆုံကြမှာဖြစ်သည်... အရင်တစ်ခေါက်က တွေ့ခဲ့တဲ့ဆိုင်ကိုပဲလာဖို့ စကိုင်းလ်ကပြောတာမို့ ကျွန်တော်ဆိုင်ရှေ့တွင် စောင့်နေလိုက်သည်...

"ပထဝီ"

ကျွန်တော့်ကိုလက်ဝှေ့ယမ်းပြနေသော စကိုင်းလ်...

"‌စောင့်နေရတာကြာသွားလား"

"ဟင့်အင်း မကြာပါဘူး"

"‌တော်သေးတာပေါ့...ဒါဆို ဆိုင်ထဲခဏဝင်မယ်နော် အမေ့အတွက် အအေးဝယ်လိုက်ချင်လို့"

"အင်း...ငါလည်းဝယ်မယ်"

ကျွန်တော်တို့အအေးဝယ်ပြီးနောက် စကိုင်းလ်အိမ်ကိုထွက်လာခဲ့လိုက်သည်...စကိုင်းလ်အိမ်နဲ့ အအေးဆိုင်က သိပ်ပြီးမဝေးတာမို့ စကိုင်းလ်က ဆိုင်မှာပဲတွေ့ဖို့ချိန်းလိုက်တာဖြစ်သည်... နှစ်ယောက်သား စကားလုံးအချို့ဖလှယ်ပြီးနောက်တွင်တော့ တစ်လမ်းလုံး ဘာပြောရမှန်းမသိဘဲ ဖြစ်နေကြသည်...

"အမေ...အမေမှာတဲ့အအေးမရခဲ့လို့ တခြားဟာပဲဝယ်လာခဲ့တယ်...အကြာကြီးစောင့်နေရင် ပထဝီ့ကို အားနာလို့"

"ရတယ် ရတယ် ဪ ဒါသူငယ်ချင်းဆိုတာလား? ဝင်လာလေ သား"

"ဟုတ်ကဲ့ အန်တီ"

"အမေဘာလုပ်ပေးရမလဲ သား..ဧည့်သည်ကိုတစ်ခုခုလေးစီစဉ်ရအောင်"

"ရတယ် အမေ ပထဝီက စားလာခဲ့ပြီးပြီတဲ့...နေ့လည်စာစားချိန်မှပဲဆင်းလာခဲ့မယ်လေနော်... သားတို့ အပေါ်မှာပဲရှိနေမယ်"

"‌အေးအေး ဟုတ်ပြီ ဟုတ်ပြီ"

"လာ ပထဝီ"

စကိုင်းလ်အနောက်ကနေ၍အပေါ်သို့လိုက်သွားလိုက်သည်...အပေါ်ထပ်ကအရမ်းကြီးမကျယ်ပါ... ထပ်ခိုးသဘောလိုမျိုးဖြစ်နေပြီးအခန်းတစ်ခန်းနှင့်ဝရံတာသာရှိသည်...လှေကားကတစ်ထပ်တစ်ထပ်မြင့်လာသည်နှင့်ဘေးတွင်ရှိနေသောကြမ်းခင်းကိုစမြင်ရသည်...အဲ့ဒီကြမ်းခင်း၏အဆုံးတွင် ဝရံတာ ရှိပြီး လှေကားနှင့်မျက်စောင်းထိုးလေးလောက်တွင် စကိုင်းလ် အခန်းရှိသည်... ထပ်ခိုးသာသာ ဆိုပေမယ့်လို့ လူတစ် ယောက်ကောင်းကောင်းရပ်လို့ရသည့်အမြင့်မျိုးရှိသည်...ကိုယ်ပိုင်ကမ္ဘာလေး ဖန်တီးလို့ရသည့်အနေအထားမျိုးနှင့်အပေါ်ထပ်ပုံစံလေးပင်...

​မြေပြင်ကျယ်သ​ရွေ့​ကောင်းကင်တည်​သော်Where stories live. Discover now