"ပထဝီ ခေါင်းလျှော်ထားပြန်တာလား?"
စကိုင်းလ်က ပထဝီ့ရဲ့ ရေမခြောက်သေးသောဆံပင်တို့ကို ကြည့်ကာမေးလိုက်သည်..ပထဝီက စကိုင်းလ် အမေးကိုပြန်ဖြေမည်အလုပ်
"ပထဝီ?"
သူတို့နှစ်ယောက်လုံးလှည့်ကြည့်လိုက်မိတော့ သူတို့နဲ့ရွယ်တူ အမျိုးသားတစ်ဦးကိုတွေ့လိုက်ရသည်... စကိုင်းလ် ပထဝီ့ကိုကြည့်တော့ ပထဝီ့မျက်နှာအတော်လေးပျက်သွားသည်ကိုမြင်လိုက်ရသည်...
"တွေ့လား ပြောပါတယ် ပထဝီပါဆို"
ထိုအမျိုးသားနောက်မှ ထွက်လာသော အမျိုးသမီးကဆိုလိုက်ခြင်းပင်..ထိုအမျိုးသမီးကဆက်ပြောသည်..
"ဒီမှာဘာလာလုပ်နေတာလဲ? ငါ့ကောင်လေးကိုလာချောင်းတာလား?"
ပထဝီကတစ်ခုခုပြန်ပြောမည်အလုပ် စကိုင်းလ်က စကားဖြတ်ပြောလိုက်သည်...
"ဘယ်သူလဲ?"
"အို့ ပထဝီ့သူငယ်ချင်းလား? တွေ့ရတာဝမ်းသာပါတယ်..ကျွန်မလည်း ပထဝီ့သူငယ်ချင်းပဲလေ အတိအကျပြောရရင် သူ့သူငယ်ချင်းရည်းစား?"
"ဘေဘီ...."
"ဘာလဲ မှန်တာပဲကို.... ဘာလို့လဲ ပထဝီစိတ်ထိခိုက်မှာစိုးလို့လား? သူက ကို့ကိုကြိုက်နေလို့လေ"
"ဘေဘီ-"
"ပြောစရာရှိလို့လား? ငါ့ကိုခေါ်တာ"
"အာ.. မင်းမအားဘူးဆိုပြီး ဒီမှာတွေ့လို့လေ"
အမျိုးသားကဆိုလိုက်တော့ ထိုအမျိုးသမီးက သဘောမကျသောပုံစံဖြင့်
"ကိုကဘာလို့သူအားမအားသိချင်နေရတာလဲ? သူက နောက်ကောင်လေးနဲ့လာပျော်တာနေမှာပေါ့"
စကိုင်းလ်ကိုကြည့်ကာပြောလိုက်ခြင်းပင်... ပထဝီက ထိုစကားကိုကြားတော့ လက်သီးများ တင်းအောင်ဆုပ်ရင်းပြန်ပြောလိုက်သည်...
"အောင်ခန့်ဇင်..မင်းစော်ကိုမင်း ကြည့်ပြော..ငါ့ကိုပြောတာ ငါသည်းခံနိုင်သရွေ့ရတယ် တခြားသူကို မထိပါးနဲ့"
အောင်ခန့်ဇင်ကြောင်သွားမိသည်...ပထဝီက စိတ်အရမ်းဆိုးနေရင်တောင်မှ ဒီလိုအသုံးအနှုန်းမျိုး ဒီလိုလေသံမျိုးဖြင့် ပြန်မပြောခဲ့ဖူးပေ...
YOU ARE READING
မြေပြင်ကျယ်သရွေ့ကောင်းကင်တည်သော်
Romance"မင်းဘယ်ပဲရောက်ရောက် ငါတို့တွေဘယ်လောက်ပဲဝေးဝေး ငါမင်းအတွက်အမြဲရှိနေမယ်ဆိုတာ မင်းယုံတယ်မလား" Cover photo from pinterest 》Notebook《 Starting date - 3.7.2021 》Wp《 Starting date - 20.5.2022 (Republished date) - 19.4.2024