Part 3

3 2 0
                                    

"မင်းပြန်လာပြီပဲ...စိတ်မရှိရင် ငါတို့စကားလေးပြောကြမလား?"

ပထဝီ အိမ်ရှေ့ဧည့်ခန်းမှာဝင်ထိုင်လိုက်တော့

"မင်းဘာတွေလုပ်နေတာလဲဆိုတာ ရှင်းပြချင်သေးလား? အောင်ခန့်ဇင်အမေက ငါ့ကိုခဏခဏခေါ်တွေ့ နေတယ် မင်းဘာလို့အလုပ်မလာလဲသိချင်နေပုံပဲ..ငါမင်းဘာလုပ်မလဲသိချင်လို့ ဘာမှမပြောဘဲ လွှတ်ထားပေမယ့် ငါတွေ့ရသလောက် မင်းဘာမှကိုလုပ်မနေဘူးပဲ... ဘာလဲ အောင်ခန့်ဇင်သိသွားလို့ လား?"

ပထဝီ မျက်လုံးပြူးသွားမိသည်..

"မှန်နေတာပဲ...သူလက်မခံနိုင်ဘူးမလား? အဲ့ဒါဖြစ်သင့်တာပဲလေ ဘာလဲ မင်းက-"

"အဲ့ဒါနဲ့မဆိုင်ပါဘူး....ဒီအတိုင်းအလုပ်ပြောင်းချင်လို့"

"ပထဝီ..ငါမင်းအမေနော်... အောင်ခန့်ဇင်ကိုတောင်းပန်ပြီး အလုပ်ပြန်ဝင်"

"မလုပ်နိုင်ဘူး"

"ဘာ"

"တောင်းလည်းမတောင်းပန်နိုင်ဘူး...အလုပ်လည်းပြန်မဝင်ချင်ဘူး"

"ဒါဆို သွား ‌ေ-လိုက်လေ"

ဒေါ်ခင်ထားစံအော်လိုက်တော့ ပထဝီတစ်ချက်တုန်တက်သွားသည်...

"အမေ ကျွန်တော့်ကို အဲ့လောက်မုန်းတာလား..ဘာလို့ တစ်ခါလေးတောင် အယုံအကြည်မရှိရတာလဲ.. ဘာလို့...ဘာလို့ သူများတွေကိုပိုပြီးအလေးပေးနိုင်တာလဲ"

ပထဝီက ပခုံးကိုကိုင်ရင်း ရှိုက်ငိုလာသည်...ဒေါ်ခင်ထားစံ ပထဝီ့ကို တစ်ချက်ကြည့်လိုက်တော့ မျက်ဝန်း များက ဝမ်းနည်းသွားဟန်

"မင်းကမွေးကိုမလာရမှာ....(အနည်းဆုံးတော့ မင်းအတွက်ပဲဖြစ်ဖြစ်...ငါတို့မဆုံခဲ့ရမှာ)"

အနောက်က စကားကိုတော့ သူမပြောမိ.. ပထဝီက ဒေါ်ခင်ထားစံရဲ့ စကားကိုကြားပြီး အိမ်ကထွက်သွားသည်...



ညရဲ့အလှတရားက ကားမီးရောင်စုံများကြောင့် သက်ဝင်တောက်ပနေပေမယ့် ပထဝီ့ခေါင်းထဲ ချာချာလည်နေဆဲ...

"စကိုင်းလ် အပင်လေးရေလောင်းပေးပါဦး... အမေ့ကားလေး လွတ်သွားမှာစိုးလို့"

​မြေပြင်ကျယ်သ​ရွေ့​ကောင်းကင်တည်​သော်Where stories live. Discover now