Episode 6

516 64 18
                                    

▪️THE WEAKNESS ▪️

(ZawGyi)

နေတာမှ မိသားစုလေး သုံးယောက်ထဲကို အမေဆုံးပြီးမကြာခင်မှာပဲ အစ်ကိုဝမ်းကွဲဆိုသူက အိမ်ကိုပေါင်လို့ကိုယ်လွတ်ရုန်းထွက်ပြေးသွားသတဲ့လေ။ ရှောင်လွှဲမရတဲ့လောကဓံဟာလည်း အဲ့သလောက်ထိအင်အားပြင်းသား..။

သူမလေးရဲ့အသက်အရွယ်နဲ့ ဒီလိုအခြေအနေမျိုးကိုကြုံတွေ့ရတာ အနည်းနဲ့အများတော့ထိတ်လန့်စရာ။
သေဖို့လမ်းကိုပဲ အကြိမ်ကြိမ်ရွေးချယ်နေခဲ့တဲ့အကြောင်းပြချက်ကို သူ အခုမှနားလည်စပြုသွားခဲ့တယ်။

မျက်စိရှေ့က မိန်းကလေးငယ်ကို ငေးကြည့်မိတော့ ဆွေးမြည့်ခြင်းအတိပြည့်နှက်နေတဲ့မျက်ဝန်းတွေကို တွေ့ရတယ်။ တစ်ဆက်တည်းမှာပဲ တင်းတင်းစေ့ထားတဲ့ နှုတ်ခမ်းနှစ်လွှာဟာ လက်မလျှော့ဘူးလို့ဟစ်ကြွေးနေသယောင်။

ကြည့်ရတာ.. အရှုံးမပေးဘဲ ဆက်ပြီးတိုက်ခိုက်ဖို့ဆုံးဖြတ်လိုက်တယ်ထင်ပါရဲ့။

" ကိုယ် အခုမင်းကိုမေးမယ့်မေးခွန်းကို ပွင့်ပွင့်လင်းလင်းဖြေပေးနိုင်မလား "

တစ်ဖက်ကခေါင်းညိတ်ပြလာတော့ သူ့အတွေးထဲကအမေးကို ချက်ချင်းပဲဖွင့်ထုတ်လိုက်ရင်း..

" သတ်သေဖို့ကြိုးစားဦးမှာလား? "

" ဟင့်အင်း "

သူမရဲ့ဟင့်အင်းအဆုံး သူ့နှုတ်ခမ်းတို့က အလိုအလျောက်ပြုံးမိသွားလျက်။

" ရည်ရွယ်ချက်က? "

" ရှင်း မသိဘူး.. သေချာတာကတော့ ဒီလိုရူးမိုက်တာမျိုး ဆက်လုပ်လို့မဖြစ်ဘူးဆိုတာပဲ၊ ဘယ်လိုနည်းနဲ့ပဲ အသက်ရှင်ရပါစေ ဒီထိရောက်လာခဲ့ပြီးမှတော့ ရှေ့ဆက်လျှောက်ရမှာပေါ့.. "

" အိုခေ ရပြီ၊ ကိုယ်လိုချင်တာ ဒီအဖြေ "

သူ့ကို လှည့်ကြည့်လာတဲ့ မျက်နှာလေးမှာ နားမလည်ဟန်တွေရောယှက်လို့။

" နောက်ဆုံးတစ်ခုမေးမယ် .. မင်း ကိုယ့်ကိုယုံသလား "

သူ့အနေနဲ့ ဒါကိုသိမှ ရှေ့ဆက်ပြီး သူမနဲ့ပတ်သက်တဲ့အရာမှန်သမျှကို စိတ်မလေးဘဲ ဆုံးဖြတ်လို့ရမှာ။

You've reached the end of published parts.

⏰ Last updated: May 22, 2022 ⏰

Add this story to your Library to get notified about new parts!

The WeaknessWhere stories live. Discover now