Episode 1

1.8K 164 9
                                    

▪THE WEAKNESS▪

(Zaw Gyi)

ဆိုးလ်၏ ညကောင်းကင်ပြာ၌ ကြယ်ပွင့်ကလေးများက ဟိုတစ်စ သည်တစ်စ တောက်ပစွာလင်းလက်နေကြသည်မှာ မလွတ်တမ်းငေးကြည့်ဖွယ်ကောင်းလောက်အောင် လှပလွန်းနေသည်။

ရှင်း ညတိုင်းအိမ်အပြန်လမ်း၌ ငေးမောဖွယ် မော့ကြည့်ဖြစ်သော ထိုကောင်းကင်ကြီးနှင့် ကြယ်ကလေးတွေဟာ မျက်လုံးထဲဘယ်တော့မှရိုးအီမသွား။

" အောက်ကြည့်လျှောက်ပါ ရှင်းရာ
ခလုတ်တိုက်ဦးမယ် "

ဘေးနားက သူငယ်ချင်းဖြစ်သူဆီမှ
စကားသံသဲ့သဲ့ကြောင့် ရှင်း ခပ်ရဲ့ရဲ့ပြုံးမိသည်ထင်။

" ဂျီမင်း.."

" ဟင် "

" ကြယ်လေးတွေကို ကြည့်စမ်းပါ..သိပ်လှတာပဲနော် "

သူမ စကားကြောင့် ဂျီမင်း လိုက်လံပြီးခေါင်းမော့ကြည့်မိ၏။

" ငါလေ..ကြယ်လေးတွေကိုအားကျလိုက်တာဟာ "

ဒီလို ထူးထူးဆန်းဆန်းတွေဆိုမှ ရှင်းဆယ်ရီ ပီသတာပေါ့။
ဟုတ်ပါတယ်..တစ်ခါတစ်လေလည်း ရူးကြောင်ကြောင်စကားတွေဆိုသလို တစ်ခါတစ်ရံမှာလည်း စိတ်ဝင်စားဖွယ်တွေ ပြောတတ်ပြန်သည့် ရှင်းဆယ်ရီ ဆိုတဲ့သူမဟာ ပတ်ဂျီမင်း ဆိုတဲ့ ကျွန်တော် တိတ်တခိုး
မြတ်နိုးနေရတဲ့ တစ်ဦးတည်းသောမိန်းကလေး။

" ဆိုစမ်းပါဦး ရှင်း..ဘယ်နှယ့် ကြယ်တွေကိုမှ အားကျရတာလဲ "

သူက ခပ်စစရယ်မောမေးမိတော့ သူမက ကောင်းကင်ကြီးထံမှ သူ့ဆီသို့ အကြည့်လွှဲလာ၏။

" ကြယ်တွေဆိုတာ သူ့ဟာသူ ကိုယ်ပိုင်အလင်းရောင်လေးနဲ့ တစ်ကိုယ်တည်း တောက်တောက်ပပလင်းလက်နိုင်တယ်လေ..ပြီးတော့ အမြင့်ဆုံးဆိုတဲ့ ကောင်းကင်မှာတည်ရှိနေကြတာ..
အရာအားလုံးကို အထက်ကနေ စီးမိုးပြီးမြင်နိုင်ကြတယ်..ငါလည်း ကြယ်လေးတွေလို အမြင့်တစ်နေရာမှာ အတောက်ပဆုံးလင်းလက်နေချင်မိတာ "

သူမထံက စကားသံတို့ဆက်ထွက်မလာဘဲ တိတ်ဆိတ်သွားတော့ ဂျီမင်း စိုးရိမ်တကြီးအကဲခတ်ရပြန်သည်။

The WeaknessWhere stories live. Discover now