Episode 3

842 136 9
                                    

          ▪THE WEAKNESS▪

(Zaw Gyi)

ညည့်လေတဖြူးဖြူးက မျက်နှာရှေ့သို့ လာရောက်ရိုက်ခတ်နေကြ၏။ သို့သော်လည်း ရှင်း စိတ်ထဲ ပူလောင်ခြင်းတို့က တစိုးတစိမျှ မလျော့သွားသေး။

အချိန်ကား ညကိုးနာရီထိုးလုနီးပါးရှိနေပြီဖြစ်၏။

စောစောက လူကြီးတွေပြန်သွားပြီးကတည်းက ရှင်း အိမ်ကထွက်လာခဲ့တာ။
စိတ်တွေအစိုးမရတော့ဘဲ ခြေဦးတည့်ရာအတိုင်း ထွက်လာမိခဲ့တာမို့ သွားနေသည့်နေရာက ရေရေရာရာမရှိ။
မရင်းနှီးသည့် ပတ်ဝန်းကျင်ကြောင့် အိမ်နဲ့လည်း တော်တော်လေးအလှမ်းဝေးလာပြီထင်ပါရဲ့။
သက်ပြင်းတစ်ချက် ဖိရှိုက်ကာ ပလက်ဖောင်းထက်၌ပင် အရုပ်ကြိုးပျက်ထိုင်ချလိုက်မိ၏။

ရှင်း အနားကနေ ရှင်း ချစ်ရသည့်သူတွေက တစ်ယောက်ပြီးတစ်ယောက်ပျောက်ကွယ်သွားကြပြီ။
မေမေ့နာရေးထဲက ရှင်း မျှော်နေခဲ့ရသည့် ပတ်ဂျီမင်း..။ သူ တကယ်ကိုပဲ ရှင်း အနားမှာမရှိတော့ပါလား။
သူမ အဖြစ်က ကမ်းမမြင်လမ်းမမြင် ပင်လယ်ပြင်ထဲ၌ လက်ပစ်ကူးနေရသည့်လူတစ်ယောက်လို အားကိုးဖက်တွယ်စရာတစ်ခုမျှပင်မရှိ..။

မနက်ဖြန်ကစလို့ နေ့ရက်တိုင်းကို ရှင်း တစ်ကိုယ်တည်းဘယ်လိုရှင်သန်သွားရပါ့မလဲ...။

အတွေးတွေက အရောင်မဖျော့သွားသလို ညအမှောင်ထုကလည်း ပို၍ရင့်သန်လာ၏။

သေသွားလည်း ဘာမှမထူးတော့သည့် အခြေအနေမို့ အတွေးတို့က ဟိုရောက်လိုက်ဒီရောက်လိုက်ဖြင့် ပတ်ဝန်းကျင်ကို မေ့မေ့ပျောက်ပျောက်ဖြစ်သွားမိ၏။
ကြည့်မိတော့မှ အနီးအနားပတ်ဝန်းကျင်၌ ဖြတ်သွားဖြတ်လာလူ တစ်ယောက်စ နှစ်ယောက်စသာရှိသည်မို့ လူခြေတိတ်သည့် ရပ်ကွက်ထဲရောက်နေပုံပါပဲ။
ညအမှောင်ယံကြောင့် မိန်းကလေးတစ်ကိုယ်တည်းမဖြစ်တော့ပြီ ဟူသော သတိလေးဝင်လာခဲ့တာမို့ နေရာမှထရပ်လိုက်မိပါသည်။

ပလက်ဖောင်းထက် ထိုင်နေရာမှ ထရပ်မိရုံသာ..။
မနက်မိုးစင်စင်လင်းချိန်၌ တစ်ပါးသူလက်ထဲရောက်တော့မည့် ထိုအိမ်ကို တစ်ညတာအိပ်ဖို့အတွက် ပြန်ဖို့စိတ်ကူးက ဝိုးတိုးဝါးတား..။

The WeaknessWhere stories live. Discover now