Episode 4

885 135 14
                                    

          ▪THE WEAKNESS▪

(Zaw Gyi)

" ကိုယ့်နာမည်က ကင်နမ်ဂျွန်း ပါ.."

သူ့အသံက ရှင်းလင်းပြတ်သားခြင်းအတိဖြင့်..။
စောစောကထိ အမည်နာမ မသိသေးသည့် ထိုလူက ရှင်း မမေးရသေးပါဘဲ သူ့ကိုယ်သူမိတ်ဆက်လာ၏။

" အခု ဒီအချိန်ဖြစ်နေပြီဆိုတော့ မင်း ဘာလုပ်မလဲ..
အိမ်ပြန်မယ်ဆို ကိုယ်လိုက်ပို့ပေးမယ်.."

ရှင်း ခေါင်းခါပြလိုက်မိ၏။
သူမ၏ မျက်ဝန်းအိမ်မှ မျက်ရည်စတို့က မဖိတ်ခေါ်ပါဘဲ ရုတ်တရက် စီးကျလို့လာပြန်၏။

" ဟာ..ဟေ့ မင်းကိုပြန်လိုက်ပို့ပေးဖို့မေးတာလေ..
ဘာလို့ငိုတာလဲ? ဒဏ်ရာကနာလာလို့လား? "

ရှင်း၏ ဦးခေါင်းမှ ဒဏ်ရာက နာပါသည်။
ငိုနေရာမှ ရှိုက်မိလျှင် အတော်လေး စူးခနဲကိုက်ကာမူးဝေသွား၏။
သို့သော် မျက်ရည်ကျမိသည်က ထိုဒဏ်ရာကြောင့်မဟုတ်..။

" အခုအချိန်လွန်နေပြီမို့ အိမ်ပြန်မယ်ဆို လိုက်ပို့ပေးမလို့..ဘယ်သူ့ကိုဖုန်းဆက်ချင်လဲ? ဘယ်သူ့ကိုအကြောင်းကြားပေးရမလဲ? အဲ့ဒါပဲပြော..ကိုယ်မင်းကိုအဲ့တာမေးဖို့ပဲထိုင်စောင့်နေခဲ့တာ "

ရှင်း ဘာမှပြန်မပြောမိ။ ဘာပြောရမှန်းလည်းမသိ။

" ချာတိတ်..မင်းမိဘတွေ ခုချိန်ဆို ဘယ်လောက်စိတ်ပူနေကြမလဲ..ဒါ့ကြောင့် ဆက်သွယ်ဖို့ တစ်ခုခုလုပ်ရမယ်လေ "

မိဘ ဆိုသည့် စကားလုံးကိုကြားတော့ ရှင်း မျက်ရည်တို့ ပြန်ဝေ့တက်လာပြန်၏။
ခြောက်ကပ်နေသည့် နှုတ်ခမ်းပါးကလည်း ဘာစကားကိုမှမဆိုနိုင်ပါ။

ရှင်းမှာ ပြန်စရာ အိမ်မှမရှိတော့တာ..။
ရှင်းကို စိတ်ပူပေးပြီး မျှော်နေမယ့် မိသားစုမှ မရှိတော့တာ..။
ရှင်း ချစ်ရတဲ့ မေမေမှ ဒီလောကကြီးမှာ
မရှိတော့တာ..။ အားကိုးရမယ့် တစ်ဦးတည်းသော အစ်ကို ကလည်း အခုချိန် ဘယ်မှာမှန်းမသိ။

တစ်နေ့လုံးလည်း အခုချိန်ထိ ဘာမှမစားရသေးသည်ဖြစ်၍ သူမ၏ ဝမ်းဗိုက်ကလည်း အဆာလွန်၍အောင့်စပြုလာပြီ..။
ရှင်း ဘယ်ကိုသွားပြီး ဘာဆက်လုပ်ရတော့မည်နည်း။
ဘယ်လိုနည်းနဲ့ သူမ အသက်ဆက်ရှင်ရပါ့မလဲ..။

The WeaknessWhere stories live. Discover now