Vs

630 32 4
                                    

<Kinn's POV>

"Luna စကား ခဏပြောရအောင်"
"..."

ကျောင်းသွားဖို့ ပြင်နေတဲ့ သူ့ကို ထမင်းစားခန်းထဲမှာစောင့်ပြီး ခေါ်လိုက်တယ်။ဘာမှ ပြန်မပြောပေဘဲ ကျတော့်နောက်ကို အေးဆေးလိုက်လာတယ်။

"Phaw ပြောတဲ့ ကိစ္စ"
"အဲ့တာဆို ကျတော်မှာပြောစရာမရှိဘူး"
"ငါ စကားမဆုံးသေးဘူး။ဖြတ်မပြောနဲ့ အဲ့တာရိုင်းတယ်"
"ဟုတ်ကဲ့ပါ Khuṇ h̄nùm ခင်ဗျာ"
"ပြောင်မနေနဲ့.."
"..."

ကျတော့်ဒေါသကို ဘယ်လိုဆွရမလဲဆိုတာ ကောင်းကောင်းသိတဲ့ ကလေးမ...
ထွက်လာတဲ့ ဒေါသကို ပြန်မျိုချပြီး

"မင်း သဘောမကျဘူးဆိုတာကိုသိတယ်။မင်းလိုပဲ ငါကော..Kim ကော သဘောမကျဘူး။ဒါပေမဲ့ မင်းဘယ်လို မကြိုက်ဘူးပြောပြော မင်းက ဒီမိသားစုဝင်ဆိုတာ လက်ခံလိုက်"
"Kim ကိုကော ဘယ်လို စည်းရုံးမယ် စဉ်စားထားလဲ"
"အဲ့တာ ငါ့အကြောင်းပါ။မင်း လုပ်သင့်တာ လုပ်ဖို့ပြောတာ..ငါတို့ကို ပိုခက်ခဲအောင်လုပ်မနေနဲ့"

"P က ခုထိ သားလိမ္မာ ပဲနော်။ဘယ်လို လုပ်မလဲ ကျတော်က နားမတောင်ချင်ဘူး။သိတဲ့ အတိုင်း အတ္တ သမားမလို့"
"မင်း အတွက်ဘာတွေ ခက်ခဲနေလို့လဲ။အမှန်ဆို ငါတို့ အာဏာနဲ့ မင်းကို လူတိုင်း ခယနေကြမှာ.."
"အဲ့တာတွေ လိုချင်တယ်လို့ပြောမိလို့လား..။ကျတော့်မှာ ရှိတဲ့ အရာတွေကို ဖျက်စီးပြီး မလိုချင်တာတွေ လာပေးပြီး စေတနာရှင်လုပ်ပြမနေစမ်းပါနဲ့"

"မင်း ငါတို့ကို အဲ့လောက်တောင်မုန်းလား..မင်းအတွက် လုပ်ပေးခဲ့တာ..."
"အပိုတွေ မပြောစမ်းပါနဲ့ ။နည်းနည်းလောက်ရိုးသားကြည့်လိုက်။Khun Kinn ကော ကျတော့်ကို မုန်းတယ်မလား.."

ကျတော့် စကားမဆုံးခင် ဖြတ်မေးတဲ့ သူ့ကြောင့် ကျတော်ပြောစရာပျောက်ခဲ့တယ်။
အမှန်တိုင်း ဝန်ခံရရင် ဟုတ်တယ်..ကျတော်သူ့ကို မုန်းခဲ့တယ်။သူ့ကို အရာရာ အတွက် အပြစ်တင်ခဲ့တယ်။သူ့ ဘက်က ဖြူစင်နေတာကိုတောင် ကျနော် အပြစ်ဖို့နေခဲ့တယ်...

"မုန်းတယ် မလား..ခင်ဗျားကော Kim ကော အဲ့အဖြစ်အပျက်ကြောင့် ကျတော့်ကို မုန်းတယ်ဆိုတာကို သိတယ်။ကျတော့်မမှားခဲ့ဘူး..တကယ်ဆို ကျတော်လည်း နစ်နာခဲ့တာပဲ..ဒါပေမဲ့ အရာရာ တိုင်းအတွက် ကျတော့်ကို အပြစ်တင်တယ်မလား"
"...."
"ခင်ဗျားက မှ အတ္တသမား"
"..."
"ဟူးးး ကျောင်း ချိန်နီးနေလို့ ခွင့်ပြုပါအုန်း..."

Kinnporsche the series:Season 2-The Game Where stories live. Discover now