Birthday <pt-02>

350 24 3
                                    

Surprise !!!!!

အော်သံနဲ့အတူ မီးထိန်လင်း သွားတဲ့ အိမ်ကြောင့် တစ်ယောက်သောသူလေး မျက်လုံးလေး ကလည်လည် နဲ့ကြောင်အသွား...

"လာ"

Porsche ကကြောင်ကြည့်နေတဲ့ Luna ကို Birthday cap လေးဆောင်းပေးပြီး လက်ဆွဲခေါ်သွားတယ်။တစ်ခါမှ မစားဖူးတဲ့ မိသားစု ထမင်းစားပွဲပေါ်မှာ ဟင်းတွေ အများကြီးနဲ့ဖျော်ရည်၊beer တွေရော..ဘာမှန်းမသိတဲ့ အမဲရောင် အလုံး တစ်လုံးကပါသေးတယ်..

အဲ့ အမဲလုံးကြီးပေါ်မှာ ဖယောင်းတိုင်တွေ ဟိုထိုးဒီထိုးလုပ်ထားသေးတယ်..မသိရင် ဖြူ ကောင်ကြီးကျလို့...

"လာ Luna မင်းအတွက် ငါကိုယ်တိုင် လုပ်ထားတာ..happy birthday baby"

Tankhun က အမဲလုံးကြီးကို Luna ဖက်ထိုးပေးပြီး ပြောတယ်။
သူပြောမှ ကိတ် မှန်းသိတယ်..
'ဘာလို့ မိုးကြိုးပစ်ထားတဲ့ အတိုင်းမဲနေရတာလဲ'

"ဟ.."

Tankhun က ကိတ်ကိုဖဲပြီး Luna ကို့ကျွေးတယ်။ဟိုကလေးကတော့ ငိုတော့မဲ့ရုပ်နဲ့..

"No မစားဘူး။P ဟာကြီးက မိုးကြိုးပစ်ထားသလိုပဲNo နော်"
"မရဘူးနော် ငါအပင်ပန်းခံပြီးလုပ်ထားတာ။စားရမယ်"
"No"
"စားပါဆို"

နောက်ဆုံးတော့ ဇွတ်ထိုးထည့်မှုနဲ့ ပါးစပ်ထဲဝင်သွားတယ်..

'ခါး ချက်က သေလောက်တယ်'

"ကောင်းလား"
"အန်တော့မယ်ထင်တယ်။"
"ဟုတ်လား.."
"အွန်း တော်တော်ခါးတယ်။မီးသွေးတုံးမျိုချရသလိုပဲ"
"Hey Pol ငါပြောပါတယ်။သကြားထည့်ရပါတယ်ဆို"

"Khun Hunm ပဲ ဂျုံနဲ့ ကြက်ဥ ကိုမွှေပြီးထည့်ရင်ရတယ်ဆို"
"ဟုတ်လား ငါအဲ့လိုပြောမိတာလား"
"အင်း"

Luna ကတော့ အလယ်က စိတ်တွေလေ..ထူးနေတဲ့အပြင် သကြားတောင် မပါတဲ့ ကိတ်...

————————-
<Luna's Pov >

ကိတ်တစ်ခုပဲ တော်တော် ဆိုးဝါးပေမဲ့ ဟင်းတွေကတော့ အရသာရှိပါတယ်။P'Tankhun နဲ့ သူ့အုပ်စုက တော့မူပြီး တော်တော်ပျော်နေတဲ့ပုံ..

သူတို့ပျော်တာ မြင်တော့ ကျတော်လည်းပျော်ပါတယ်။ကျတော်ထင်ခဲ့တာ ဒီညလည်း ကျတော် တစ်ယောက်တည်းအထီးကျန်မယ်လို..

Kinnporsche the series:Season 2-The Game Where stories live. Discover now