Happy birthday Mom

312 11 0
                                    

Party ပြီးတဲ့ညကတည်းက Luna က သု့အိမ်အဟောင်းမှာသွားနေတယ်...

Kim က သူ့နောက်ကို ချောင်းဖို့ လူနှစ်ယောက်လွတ်ထားတယ်...
ဒီနေ့ Luna Mom ရဲ့မွေးနေ့...
အိမ်မှာရှိတဲ့ လူအကုန်ပြန်လွတ်ပြီး သူတစ်ယောက်တည်းနေတယ်လို့..Kim ဆီ သတင်းပို့ထားတယ်...

အိမ်ထဲကို ဖောက်ဝင်ပြီး..သက်သေရှာဖို့ အကောင်းဆုံး အချိန်...

———————————
Luna's Pov...

ကျတော်ဘယ်တော့မှ မရောက်ဖြစ်တဲ့ အခန်းတစ်ခုရှေ့မှာ တစ်ခါမှ ထပ်မဝတ်တော့တဲ့ အဖြူရောင် ဝတ်စုံနဲ့...တစ်ခုမှ ပြန်မကိုင်တော့တဲ့ Violin ကိုလက်ကဆွဲပြီး အချိန်အကြာကြီး ရပ်နေမိတယ်...

အခန်းတံခါးကို ဖွင့်ဝင်လိုက်တာနဲ..Mom ရဲ့ အငွေ့အသက်တွေကို ပြန်ရတယ်..အရမ်းလည်းလွမ်းတယ်..အရမ်းလည်း မုန်းတယ်..mom အနားမှာမရှိလို့ပိုမုန်းတယ်...

"Mom Happy birthday"

Mom ရဲ့ ခုတင်ဘေးမှာရပ်ပြီး တိုးတိုးလေးပြောမိတယ်...

"Mom ကြိုက်တဲ့ အရောင်ဝတ်လာတယ်..ပြီးတော့ ဒီမှာလက်ဆောင်"

ကျတော် Violinကိုမြောက်ပြပြီး တစ်ယောက်တည်း အရူးလိုပြောမိတယ်..

ကျတော် တယောတီးတိုင်း Piano တီးပေးတဲ့Mom ကမရှိတော့ဘူး..
ကျလာတဲ့မျက်ရည်ကို မသုတ်ဘဲ စီးဆင်းခွင့်ပြုလိုက်တယ်..

Paganini ရဲ့ Moses Fantasy..Mom အကြိုက်ဆုံးတေးသွား...ကျတော့်လက်တွေနဲ့ ကခုန်ခွင့်ပြုလိုက်တယ်...
———————————
Kim's Pov...
"သူတစ်ယောက်တည်းဆိုတာ သေချာလား"
"ဟုတ်..တယောတီးနေတယ်"
"ကောင်းပြီ...သူ့ကိုမထိခိုက်စေနဲ့...သက်သေပဲရအောင်ရှာ..မရရင် ဒီတိုင်းပြန်လာ"
"ဟုတ်"

ကျတော့်လူတွေကို ညွန်ကြားချက်ပေးပြီး..Kinn ကိုလည်း သတင်းပို့ရသေးတယ်..

'ဘာသက်သေမှ မတွေ့ပါစေနဲ'
———————————
စံအိမ်ရဲ့ တစ်ဖက်ခြမ်းက မီးလင်းနေပြီး တစ်ဖက်ခြမ်းမှာ တော့တိတ်ဆိတ်နေတယ်..လူနှစ်ယောက် မှောင်ရိပ်ခိုပြီး စံအိမ်ကြီး ဆီကို ဦးတည်းသွားတယ်...

"မင်းက သူ့အခန်းမှာရှာ...ငါဟိုဘက်သွားမယ်"

လူနှစ်ယောက်ဟာ အသီးသီး တာဝန်ခွဲပြီး တစ်ကိုယ်တည်း ထွက်သွားကြတယ်..

Kinnporsche the series:Season 2-The Game Where stories live. Discover now