Kim

452 23 0
                                    

(Kim's Pov)

"Hey Kinn ငါတို့ စကားပြောရအောင်"
"အွန်း လာလေ"

ကျတော် ရှေ့က ဖြတ်သွားတဲ့ Kinn ကိုလှမ်းခေါ်မိတယ်။ကျတော့် စိတ်ထဲက မတင်မကျဟာ ထုတ်ပြောမှ ရတော့မယ်..

"မနေ့က ကိစ္စ မင်းဘယ်လိုထင်လဲ။Phaw ကိုကြည့်ရတာ အဲ့လောက်ရိုးရှင်းတဲ့ပုံမပေါ်ဘူး.."
"အင်း ငါကော..ငါလည်းရသလောက် နောက်ကြောင်း ပြန်လိုက်ထားတယ်"

Kinn က ပြောရင်းနဲ့သူရှာထားတာတွေကို ကျတော့်ကိြပြတယ်..

"Phaw ပြောသလို မျိုးဆက်မကျန်တာ မဟုတ်ဘူး..တစ်ယာက်ကျန်ခဲ့တယ်..."
"..."
"Marry"
"ဒါဆို Luna"
"ငါလည်း မသေချာဘူး..Phaw ဖုံးထားတာ ဘာတွေကျန်အုန်းမလဲ မသိဘူး..ပြီးတော့ Luna ပြန်လာတာ ထူးဆန်းနေတယ်လို့ မင်းကောထင်တယ်မလား"

"အင်း သူဘာတွေ ကြံနေတာပဲ အတိအကျမသိတာ"
"ကောင်းတာတော့ မဟုတ်ဘူး..ဒါမှ မဟုတ်ပိုကောင်းဖို့လည်းဖြစ်နိုင်တယ်"

Kinn ရဲ့ပြောပြီးတော့မှ မတင်မကျက ပိုကြီးထွားလာတယ်..ဒီလောက ကရှုပ်ထွေးတယ်..ခုတော့ပိုရှုပ်ထွေးတယ်..

"မင်းတို့လုပ်စရာတစ်ခုရှိတယ်"

———————————-

Max's Pov

ကျတော့်ရဲ့ မုန်တိုင်းမိုးတိမ်လေး ကျောင်းကိုမလာတာ ရက်အတော်ကြာပြီ...
ဒီနေ့တော့ လာပါစေ ဆုတောင်းတာပဲ..
ကျတော့်ဆုတောင်းပြည့်ခဲ့ပါတယ်..

ဒါပေမဲ့ သူတစ်ယောက်တည်းမဟုတ်ဘူး ဘေးမှာ နိုင်ငံခြားသားပုံတစ်ယောက်ပါတယ်..

ကျတော် ချောင်းနေတုန်း နောက်က နေ ဂုတ်ကိုဆွဲတာခံရတော့ကြည့်လိုက်တော့..

ဆ်ုင်ကယ်ဦးထုပ် အမဲကြီးနဲ့တစ်ယောက်..

"မင်းက ဘာကောင်လဲဟျောင့်"
"ဟို..ဟို..ကျတော်"

"Vein ဘာဖြစ်တာလဲ"
"ဒီမှာ တစ်ကောင်ချောင်းနေလို့"

ကျတော့် တိမ်စိုင်လေးက ခေါင်းစောင်းကြည့်တယ်..

"ဟို ဟိုကျတော် ဓာတ်ပုံ..ဓာတ်ပုံရိုက်ချင်လို့ပါ"
"ဓာတ်ပုံ"
"ဟုတ် မင်းတို့က အရမ်းမိုက်တဲ့ပုံပေါ်တယ်လေ။အဲ့တာကြောင့်.."
"စိတ်မဝင်စားဘူး"

Kinnporsche the series:Season 2-The Game Where stories live. Discover now