ရဟက်ယါဥ် ဆင်းသက်ရာက ကျွန်း ငယ်တခုပေါ်က ကျောက်တောင်စွန်းပေါ်မှာ တည်ဆောက်ထားသည့် ၂ထပ်တိုက်ပု လေးရဲ့ ခေါင်မိုးမှာ..အိမ် ရဲ့ ၃ဖက် စလုံးမှာ အစောင့်တွေ ချထားပြီး အိမ်ရဲ့ မျက်နှာစာခြမ်း ကျတော့ ကမ်းပါး တည့်တည့် ကြီးဘက်ကို လှည့်ဆောက် ထားတာမို့ အစောင့်ကား မရှိ..။
..... .... ..... ..... .........
"ပြော..ဘာလဲ..”မေးရင်းကနေ..အာရှာ ထိုင်နေတဲ့ ရှေ့ခုံမှ ခပ်တည်တည်နဲ့ ဝင်ထိုင်လိုက် တာမို့..အာရှာ့နောက်က တပည့်က တခုခု ဝင်ပြော မည့်ဟန်ပြုသည်။
"ဝဠ ”
သခင်ဖြစ်သူ အာရှာက နာမည်ခေါ်ပြီး စိုက်ကြည့်လာသည်မို့..ခေါင်းအသာငုံ့ရင်း နောက်ပြန် ဆုတ်သွားလေသည်။
"ဘာသောက်မလဲ”
".ကျုပ်ကိုဆေးခတ်ဖူးတဲ့ လူဆီက တခုခု ထပ် သောက်ရလောက်အောင်..ကျုပ် အ တယ်လို့များထင်နေတာလား...လိုရင်းသာပြောစမ်းပါ”
"မင်းတို့အားလုံး ထွက်သွား...”
"ဗျာ..သခင်..ဒါက..မဖြစ်နိုင်ပါ ဘူး..”
"ရတယ်..ထွက်ဆိုထွက်..ဒါအမိန့်ပဲ”
"ဟုတ်ကဲ့ပါ သခင်”
သခင်ကိုယ်တိုင်က အတင်းတောင်းဆိုနေတာမို့.. သူတို့လဲ ဆက် အထွန့်မတတ်ရဲတော့..။
အခန်းထဲသူနဲ့အာရှာ ၂ယောက်ထဲ ကျန်တော့မှ..
"ကောင်းပြီလေ..လိုရင်းပြောရ ရင်တော့...ကစားနေတာ တော်လောက်ပြီ မထင် ဘူးလား ။ဘဝ ပေါင်း များစွါ...ပြေးတမ်းလိုက်တမ်းကစား နေတာတွေ ရပ်ပြီး..ကိုယ့်နားကို လာခဲ့ပေးပါ...ကိုယ့်ကိုမသနားဘူးလားကွာ”
သူကလဲ..လိုက်ခွဲသေး...လူပြန်ဖြစ်တဲ့ ၃ ဘဝ လောက်ကိုလဲ..အတင်းလိုက် သိမ်းပိုက်သေး..ခုကျတော့..သူကပဲ ခံနေရ ဟန်နဲ့ ပြောနေသူကြောင့် ရာဇ ဟက်ခနဲ ရယ်မိတော့တယ်။
"ဟက်..ခင်များကပဲ ကျုပ်ကို သတ်ခဲ့တာ ခင်များကပဲ ကျုပ်ကိုအမြဲ လိုက်သိမ်းပိုက်နေခဲ့တာ.ခင်များကပဲ..ကျုပ်တို့ကို ခွဲနေခဲ့ ပြီးတော့..ခင်များကို မသနားဘူးလားဆိုတော့...အဟွန်း...နည်းနည်း တကိုယ်ကောင်းမဆန်လွန်းနေဘူးလား။”
YOU ARE READING
ရှေးဦးခေတ် ရဲ့ရာဇဝင် (COMPLETE)
Action#ZAWGYI LINK👇 https://www.wattpad.com/story/311540604?utm_source=android&utm_medium=link&utm_content=share_writing&wp_page=create&wp_uname=YoonMyatThadar&wp_originator=CI03VrdZkuS%2BeIW2Uzjqkq0aR9D42CBaEB6yzubJ6LwPOPaI3cMPuBD%2FLjFS6bNtZxuNCFVbECEJ...