ဘယ်လို...သုယောနက လက်ထပ်ရတော့မှာလား...အဲ့တာကလဲယောကျာ်းတယောက်နဲ့လေ...။
ကြားလိုက်ရတဲ့သတင်းကြောင့်...ရုတ်တရက် ဘာကို မှန်းမသိ စိတ်တို လာတော့သည်။မဖြစ်နိုင်တာ..သုယောနက မကြိုက်ဖူးလို့ပြောတယ်မှတ်လား။လုံးဝ ဒီလက်ထပ်ပွဲက မဖြစ်သင့်ဘူး...။ဟုတ်တယ်...မချစ်တဲ့လူတွေကိုအတင်းလက်ထပ်ပေးတာ..လုံးဝလူ့အခွင့်အရေးကို ချိုးဖောက်လိုက်တာပဲ...။သုယောန မပြောနဲ့ ငါတောင် မတရားလွန်းလို့ ဒေါသ ထွက်တယ်...တောက်။
မှုန်ကုပ်ကုပ်မျက်နှာဘေးနဲ့ပဲ..
"ဒိမှာလဲအမျိုးသားချင်းလက်ထပ်ကြတာလား ”
သူ့အတွက် ၂၁ ရာစုမှာ ယောကျာ်းသားချင်းချစ်ကြိုက်တာ မဆန်းပေမဲ့ ဒီဘက်ခေတ်မှာပါ..ဒါမျိုးရှိသည်မို့ အံ့သြ သွားတယ်။ဒါအပြင်..ယူဆိုတာနဲ့ပဲ ယူရမယ်တဲ့လား..။
"အာရှာနဲ့တချို့ တိုင်း ပြည်တွေ
မှာတော့..အမျိုးသား ကြင်ယာတော်တွေ..ကိုယ်လုပ်တော်တွေ ထားတဲ့ ဓလေ့ရှိပါတယ်..ဒီမှာကတော့..အမျိုးသားချင်း လက်ထပ်တဲ့ ဓလေ့ မရှိဘူး..ဒီပြည်ရဲ့ မင်းသားဟာ တခြားတိုင်းပြည်ရဲ့ ဇနီးမယားအနေနဲ့ လက်ဆက်ရတယ်ဆိုတာ သာသိရင် ပြည်သူတွေက သိပ် စိတ်ဆိုးလိမ့်မယ်..ဒါက စော်ကား နိမ်ချလိုက်တာ နဲ့အတူတူပဲ မို့လေ..နောင်ကြီးကို ကျွန်ုပ် ပြောပြရတာလဲရှက်မိပါရဲ့”သုယောနက စကားဆုံးသည်နှင့် သူ့မျက်နှာအား ရှက်ရွံဟန်ကြည့်လာတာမို့..သူနှစ်သိမ့်ပြုံးပြုံးလိုက်ရင်း
"သုယောန..ကျုပ်က ဒီ နေရာ မဟုတ်တဲ့ တခြားခုနှစ်က လာတယ် ဆိုတာ သိတယ် မှတ်လား..ကျုပ်တို့ နေတဲ့ နေရာမှာဆို..
အမျိုးသားအချင်းချင်း လက်ထပ်ကျတယ်..အမျိုးသမီးအချင်းချင်းလဲ လက်ထပ်ကြလေတယ်..တချို့ဆို ထမင်းချက်တဲ့ အိုးတွေ..သစ်ပင်တွေနဲ့တောင်လက်ထပ်ကြတယ်လေ..”"ဘယ်...ဘယ်လို..နောင်ကြီးပြောတာ..အသက်မဲ့ တဲ့ အရာတွေနဲ့ပါ လက်ထပ် ကြတာလား...”
"အွန်းလေ...”
"အမှန်ပဲလား”
"အွန်း....အမှန်ပဲ”
"နောင်ကြီးတို့ အချိန်ကာလ ရောက်ရင် လူတွေက ရူးကုန်ကြမယ်လို့ ဆိုလိုတာလား...။”
"အဟက်...သုယောနက
ဒါကိုရူးတယ်လို့မြင်တာလား..ဒါဆို..ကျုပ်မေးပါဦးမယ်..သုယောနမှာ..အသက်ထပ်ပိုပြီး ချစ်ရမဲ့သူ ရှိနေရင် သူနဲ့ လက်ထပ်ချင်လား မလက်ထပ်ချင်ဘူးလား”"လက်ဆက်ချင်တာပေါ့..”
"အတူနေချင်လားမနေချင်ဘူးလာ”
"နေချင်တာပေါ့နောင်ကြီးရယ်”
"ဒါဆို..သူတို့လဲ..သူတို့ချစ်တဲ့ လူတွေ အရာတွေနဲ့ အတူ လက်ထပ်ပြီးနေချင်တာပဲလေ..ဘာကြောင့် သူတို့ကို ကျမှ ရူးတယ်လို့ထင်နေတာလဲ”
"မဟုတ်ဖူးလေ..ဒါပေမဲ့..အမျိုးသား အချင်းချင်း ချစ်လို့ မဖြစ်ဖူးလေနောင်ကြီးရယ်။”
"ဒါဆို..သုယောန ချစ်မြတ်နိုးရ သူက ခြေတဖက် ဆုံးရှုံးရတယ်ဆိုပါဆို..မချစ်သင့်တော့ဘူး ဆိုပြီး စွန်ပြစ်ခဲ့မှာလား။”
"ခြေထောက်တဖက်ဆုံးရှုံးသူ ဖြစ်တာ နဲ့ပဲ..စွန့်လွှတ် ရ ရိုးလား”
"ဒါဆို..ချစ်ရတဲ့သူက ယောကျာ်းတဦး ဖြစ်တာနဲ့ပဲ စွန့်လွှတ်ရရိုးလား”
သူလေသံ အတိုင်းလိုက်ပြောလိုက်တဲ့ ဦးခေတ်စကားကြောင့် သုယောနက ကြောင်ငေးပြီး သူ့ကိုသာ စူးစိုက်ကြည့်နေလေတယ်။ခနကြာမှ သတိဝင်လာပြီး..
"ဒါ..ဒါကတော့”
သုယောန ရဲ့ ဖြေရ ကြပ်နေတဲ့ မျက်နှာကို ကြည့်ရင်း သက်ပြင်းချမိရကာ
"ကျုပ်ပြောချင်တာကတော့လေ...သုယောနသာ မေတ္တာရှိရင်..အဲ့တာဟာ..ဘယ်သူပဲ ဖြစ်ဖြစ်လက်ထပ်ပါ..ဒါပေမဲ့..မချစ်မနှစ်သက်တဲ့ လူကိုတော့ ဘယ်လိုအကြောင်းပြချက်မျိုးကြောင့်ပဲ ဖြစ်ဖြစ် လက်မထပ်စေချင်ဘူးလို့ ပြောတာပါ”
သူ့စကားကို သုယောနက ခေါင်းသာ အသာငြိမ့်ပြကာ
"နောင်ကြီးပြောတာကို..ကျွန်ုပ်သဘောပေါက်ပါတယ်လေ..ကဲ..နောင်ကြီးမောနေပါ့မယ်
ခန နားလေ ဦး..ကျွန်ုပ် လဲ ဧည့်သည်တွေ သွားကြို ချေ ဦးမယ်..လိုတာ ခိုင်းလို့ရအောင်..အစေခံ မလေးကို မကြိုက်လဲ ခနတော့ အခန်းထဲ ခေါ်ထား လှည့်ပါ..ကျွန်ုပ် ကိစ္စ တွေ ပြီးတဲ့ အခါ ပြန်လာ ခဲ့ပါမယ်။”သူခေါင်းငြိမ့်ပြ တာနဲ့..သုယောနလဲ ခပ် သွက်သွက် ထွက်သွားလေတော့တယ်။
ESTÁS LEYENDO
ရှေးဦးခေတ် ရဲ့ရာဇဝင် (COMPLETE)
Acción#ZAWGYI LINK👇 https://www.wattpad.com/story/311540604?utm_source=android&utm_medium=link&utm_content=share_writing&wp_page=create&wp_uname=YoonMyatThadar&wp_originator=CI03VrdZkuS%2BeIW2Uzjqkq0aR9D42CBaEB6yzubJ6LwPOPaI3cMPuBD%2FLjFS6bNtZxuNCFVbECEJ...