အခန်း ၂၆

2.4K 218 0
                                    

"အလို..နောင်ကြီး..ဘယ်နှယ့်ကြောင့် ထိုင်နေပါလိမ့်...သက်သာ လို့လား..ဒဏ်ရာ က သွေးပြန်စိမ့်ချေဦးမယ်”

နေ့လည်ထဲက ထွက်သွားတဲ့ သုယောနက ည မိုးချုပ် လုနီးမှ သူ့ဆီပြန်ရောက်လာရင်း နှုတ်ဆက်လေသည်။

"သက်သာပါတယ်သုယောန..စိတ်မပူပါနဲ့ တော့..နိုးစက သတိလစ်ထားတဲ့ အရှိန်နဲ့ မို့ မူးပြီး မထနိုင်တာ နေမှာပါ..အရမ်းလဲ မနာတော့ပါဘူး..ပြီးတော့ ထိထားတဲ့ ပခုံးဘက်ကပဲနာတာပါ။ထိုင်တာ ထတာလောက်က လုပ်နိုင်ပါပြီ...အာရှာအိမ်ရှေ့မင်းနဲ့တွေ့လာ ခဲ့ ပြီလား..”

"မတွေ့ရသေးပါဘူးနောင်ကြီးရယ်..မနက်ကျမှ နန်းတော် ဝင်လိမ့်မယ်လေ..သိုနဲ့..ပြင်ဆင်စရာ ရှိတာ ပြင်ပြီး ပြန်လာတာပါ့”

"သြော်..ဒါနဲ့ သုယောနလဲ ပင်ပန်းရောပေါ့..ကျုပ်ကို တကူးတကလာကြည့်တာ ကျေးဇူး ဗျာ..ပြန်နားလို့ရပါတယ်..အားမနာပါနဲ့”

သူ့စကားကြောင့်သုယောနက ရယ်ကာ..

"အမှန်ဆိုရ ရင်..ကျွန်ုပ်က အရင်ရက်တွေကလိုပဲ..နောင်ကြီးကို စောင့်အိပ်ပေးမလို့ လာတာပါ့..ခုရော..စင်စစ် သက်သာလို့လား..ကျွန်ုပ် တညလောက် ထပ်စောင့်အိပ်ပေးရလေမလား..ညရေးညတာ..လိုတာရှိကူညီရအောင်လေ”

"အာ..မလိုတော့ပါဘူး...ဒီမှာလေ..ကျုပ် အကောင်း ကြီးပါဗျ..ရေထသောက် အပေါ့အပါးသွားတာလောက်တော့..အသာလေး လုပ်နိုင်ပါပြီ”

လက်တွေ ခြေတွေ လွှဲရမ်းပြနေသူကြောင့်..သုယောန ခေါင်းတငြိမ့်ငြိမ့်နဲ့ ရယ်လိုက်ကာ

"ဟုတ်ပါပြီနောင်ကြီးရယ်..ဒါနဲ့..တဆိတ်လောက်..ကျွန်ုပ်ကို နာမည်အပြည့်စုံ ခေါ်နေမဲ့အစား..ယောနငယ်..မဟုတ်လဲ..ယောန လို့ခေါ်ပါ့လား....ကျွန်ုပ် မယ်တော် ခမည်းတော်တွေ မိတ်ဆွေတွေ ခေါ်သလိုပါ့”

ယောန....။ခေါ်လို့ရော ဖြစ်ပါ့မလား။ ခုတောင်.. လက်ဝဲကောင် လက်ရာကောင်တွေက သူ့ သိပ်ကြည်တာ မဟုတ်ဖူးရယ်။အင်း..သုယောန ကိုယ်တိုင် ခွင့်ပြုတာပဲလေ..ခေါ်ဆိုတော့လဲ ခေါ်တာပေါ့။ဘာခက်တာမှတ်လို့...။

အတွေးနဲ့အတူ ခေါင်းညိတ်ပြလိုက်ပြီး

"ကောင်းပါပြီ ယောန..။”

"ဒါဆို..ကောင်း​မွန်စွာအိပ်စက်နိုင်
ပါစနော်”

"ယောနလဲ..ကောင်းစွာအိပ်ပျော်ပါစေဗျာ”

သူတောင် ရောက်တာ ၂လ ပြည့်လု ပြီမို့...ဒီက စကားတွေကိုတောင် တော်တော်နားယဥ်နေပြီပဲ။ဒါနဲ့..မြှားထိတာတောင် ဟိုဘက်ခေတ် ပြန်မရောက်ဖူးဆိုတော့..သေရင်ရော ရောက်ပါမလားပဲ။ဟူး..ဒါထက် သုယောနက လက်ထက်ပြီး တဖက်ပြည်လိုက်သွားရ ရင် ...ဟ...ကွိုင်တော့တတ်ပြီ။သူကရော လိုက်သွားရမှာလား..လိုက်မရ ရင်တော့ ဘုံပျောက်ပြီ။ကောင်းရော....

သုယောန လက်ထပ် မဲ့ အကြောင်းတွေးမိပြန်တော့..ခုနက ထိ မှေးနေတဲ့ မျက်စိတွေက ဘာလို့ ကြောင်သွားမှန်းမသိ...။စိတ်က အလိုလိုတိုလာသလိုလို...။ရင်ထဲက မွန်း​​ြကပ်လာသလိုလို..ကျွတ်..ဒီလိုကြီး ခံစားမိနေပြန်ပြီ..။

ဘာလို့လဲ..။မဟုတ်သေးပါဘူး။သူဆိုတဲ့ကောင်က..နေဖို့စားဖို့လောက်လေး အတွက်နဲ့..ဒီလောက်မွန်ကြပ်အောင်ခံစား​ေနတတ်တဲ့ ကောင်မှ မဟုတ်ဘဲ။ သူ့မှာ
ပညာတွေအများကြီးတတ်တာပဲလေ..ထမင်းတလုပ်မငတ်အောင်တော့..သူအလုပ်လုပ်နိုင်ပါသေးတယ်။အင်း...အကြံရပြီ..။သုယောနရဲ့ သက်တော်စောင့် ဝင်လုပ်ရလဲ အဆင်ပြေ နေသေးတာပဲလေ။ဟုတ်ပြီ ဒီအကြံကောင်းတယ်။

အဖြေရတယ်သာပြောတယ်..။စိတ်တွေကတော့ ခုထိ ရှုပ်တွေးတုန်း..။

ကျွတ်

ဘာက ဒီလောက်တောင်..စိတ်တိုဖို့ကောင်းနေမှန်း..သူစဥ်းစားတော့လဲအဖြေကထွက်မလာ။

သက်ပြင်း တချချ..ခေါင်းတကုတ်ကုတ်နဲ့ ပဲ..အိပ်လို့က မရ ဒေါသ က ထွက်နဲ့ပဲ..မိုးလင်းသွားတော့တယ်။

ဟက်...ကောင်းရောဟေ့...။

တော်ပြီ..လမ်းပဲ သွားလျှောက်တော့မယ်။

ရှေးဦးခေတ် ရဲ့ရာဇဝင် (COMPLETE) Donde viven las historias. Descúbrelo ahora