အပိုင်း ၅၃

2.4K 200 1
                                    

ရာဇ ဝရသံ အနားလျှောက်လာပြီး ခါးကို ကိုင်းချလိုက်ကာ...လက်၂ဖက်က ဝရသံ ဘေးက ကျောမှီ ကိုလှမ်းကိုင်လိုက်တယ်...။ထို့နောက် မျက်နှာ ၂ခု နီးသည်အထိ နီးကပ်သွားရင်း...

"သေချာ ကြည့်..ကျွန်တော့် ပုံက ခင်များကို လိမ်နေတဲ့ ပုံများပေါက်လို့လား..”

ဦးခေတ်ကို မ မိ အောင် တမင်အာရူံ လွှဲ ထားရတာမို့သာ..။ဦးခေတ်ကို ယောင်ပြီး ကြည့်မိ မှာ ဆိုးလို့ သတိ ကြီးကြီးထားရင်း ဝရသံ ကိုသာ အာရုံစိုက်ထားရတယ်..။

ဦးခေတ်လဲ ရာဇ ဘာလုပ်နေလဲ ရိပ်မိတာမို့..ပက်ဝန်းကျင် ကို ရှာဖွေ ကြည့်တော့..အလှ စားပွဲ ေပါ်မှာ..ဓားမြှောင်အကောက် ၃လက်ကို ကြီးစဥ်ငယ်လိုက် စီကာ အလှပြထားတာကို တွေ့လိုက်ရသည်။

အသာ ယူလိုက်ရင်း..ဝရသံ အနား တိုးသွားမိတော့...

ဝုန်းးးးး

ဝရသံက ရိပ်မိသွားဟန် နဲ့ ရာဇကို
ဆောင့် တွန်းလိုက်ရင်း သူ့ဘက်လှည့်ကာ သေနတ်နဲ့ ပြစ်ဖို့ ရွယ် တော့တယ်။
သူကလဲ နောက်တည့်တည့်ရောက်နေပြီမို့ ဝင်လုံးကာ သေနတ်လု သည်။

ဒိုင်း....

ဝရသံက သေနတ်ကိုတမင်လား...မတော်တစ ပပစ်မိသည်လားမသိသော်လည်း..ပြောင်းဝက သူ့ဘေး
မှာမို့ သူ့ကိုမထိလိုက်

၂ယောက်သား ပူးကပ် လုယက်နေရင်း ..ဝရန်တာ ရောက်လာသည်..။

သေနတ်သံကြောင့် ဝရသံ တပည့်တွေ အပြေးအလွှာ ဝင်လာတော့..ရာဇက ခုနက ဟက်စကီးပေါ်မှာ ပြန်ခါးပိုက်နှိုက်လာတဲ့ သေနတ်နဲ့ စီး ပြစ်ပေးနေသည်။

လုနေရတာ အားက မျှနေတာမို့ ပြောင်းဝက မကြာခန ဟိုလူ့ဘက် ရောက်သွားလိုက် ဒီလူ့ဖက်ရောက်သွားလိုက်... ။ဦးခေတ်လက်ထဲက ဓားမြှောင်ကလဲ..ဝရသံ ရင်ဘက်နား ရောက်သွားလိုက် ဦးခေတ်ဖက်
ရောက်သွားလိုက်..။ကြာလာရင် အားကုန်ပြီး အခြေအနေ မဟန်ဖြစ်တော့မှာမို့..ဦးခေတ် အားကုန်သုံးပြီး ဓားမြှောင်နဲ့  ရင်ဘက်နားကို ထိုးချလိုက်တော့သည်...။နာသွားသည့်ဟန်နဲ့ အနည်းငယ် အားလျော့ သွား သည့် ဝရသံကို တကိုယ်လုံးက အား နဲ့ အရှိန်ယူတွန်းလိုက်တာက ဝရန်တာ လက်ရန်းဆီသို့..။

ရှေးဦးခေတ် ရဲ့ရာဇဝင် (COMPLETE) Where stories live. Discover now