ရွမ်းးးးရွမ်းးးးးး
တိတ်ဆိတ်နေတဲ့ ည လယ်ခေါင်ကြီးမှာ..မလိုက်မဖက် ထွက်ပေါ်နေသည်က ကြာပွတ်ရိုက်သံတွေသာ။
ထောင် တွင်းမှာ အကျဥ်းသား တယောက်ကို ရိုက်နက် နေပြီး ထိုအရာကို ရှေ့တည့်တည့် ကနေ ထိုင်ကြည့်နေသူ တဦးလဲ ရှိသေးသည်။
"ဟွန်း...ခေါင်းကြောမာတယ်ပေါ့မောင်မင်း...တချက်တောင် မမဲ့ပေဘူးပဲ...အင်းပါလေ...မောင်မင်း ဘယ်လောက်ထိ ခံနိုင်စွမ်းရှိမလဲ ကိုယ်တော်က စောင့်ကြည့် ရသေးတာပေါ့...မောင်မင်းက လဲ ကိုယ်တော်နဲ့ ယောနငယ် ရဲ့ ထိန်းမြှား မဂ်လာ ကို စောင့်ကြည့်ပါ့လေ...အဲ့ မတိုင်ခင်ထိတော့ မောင်မင်းကို မသေစေအောင်..ကိုယ်တော်က ကြင်နာသနားစွာ... တော်ဝင်သမားတော်တွေနဲ့ ကုသပေးနေမှာပါ..။”
ထိုင်ကြည့်နေသူရဲ့ စကား အဆုံး
လက်နှစ်ဖက်ကို ကြိုးဖြင့်ချည်နှောင်ထားကာ..အရှိုက်နှက်ခံနေရသူက..ရယ်မောရင်း"ဟက်...ယောနငယ်က မင်းအပိုင်လို့ ထင်နေတာလား...။ရယ်ရလိုက်တာ..။ဒါနဲ့..မနေ့ညက ယောနငယ် ဘယ်လောက် ထိ ချစ်ဖို့ကောင်းလဲ..မင်း မမြင်လိုက်ရတာ သနားစရာပဲ”
ဝုန်းးးးးး
စကားအဆုံး နှဖူးကို လာမှန်တဲ့ ရေနွေးပန်းကန်လုံးကြောင့်...ခေါင်းမှာ သွေးတို့က ရဲခနဲ..။
"တောက်...အဲ့သူယုတ်မာကို ဆက်ရိုက်ထားကြစမ်း...မသေရင်ရပြီ..”
"မှန်လှပါ..အရှင့်သား…”
ပြောပြီးတာနဲ့ ထွက်သွားတဲ့ အာရှာအိမ်ရှေ့စံ ရဲ့ ကျောပြင် ကွယ်ပျောက်သွားတာနဲ့..အကျဥ်းခန်းထဲမှာ ကြာပွတ်ရိုက်သံတွေနဲ့ ထပ်မံ ဆူညံ နေပြန်တော့သည်။
.................................."ခမည်းတော်..ဘာလို့..နောင်ကြီးကို..သူ့သဘောအတိုင်းအပြစ်ပေးဖို့
ခွင့်ပြု လိုက်ရတာလဲ...သူက ကျွန်ုပ်အသက်သခင် ကျေးဇူး ရှင်ပါ”"မပေးတော့.. ဘယ်နှယ့်လုပ်မလဲ ယောနငယ်။ယောကျာ်းဘသား ချင်းချင်း..ဇနီးမောင်နှံ အရာမြောက်တာတောင်..ရှက်ဖို့ ကောင်းလှတာကို..ရည်ရွယ် ထားသူရှိပါ
လျှက်နဲ့..တပါးသူနဲ့မှတဲ့လား...။
တဖက်သူ..ကျေနပ်အောင်မှ..ခွင့်ပြုမပေးရင်..မနှေးအမြန် စစ်မက်ဖြစ်ရတော့မှာ..မသိလေသလော။
တော်သင့်ပြီ..ကိုယ်တော်ဘာမှ လိုက်မတောင်းဆိုပေးနိုင်ဘူး..။နန်းဆောင်ကို ပြန်ပေတော့”
ŞİMDİ OKUDUĞUN
ရှေးဦးခေတ် ရဲ့ရာဇဝင် (COMPLETE)
Aksiyon#ZAWGYI LINK👇 https://www.wattpad.com/story/311540604?utm_source=android&utm_medium=link&utm_content=share_writing&wp_page=create&wp_uname=YoonMyatThadar&wp_originator=CI03VrdZkuS%2BeIW2Uzjqkq0aR9D42CBaEB6yzubJ6LwPOPaI3cMPuBD%2FLjFS6bNtZxuNCFVbECEJ...