(unicode)
"နောက်ခန်းမှာထိုင်"
"ဟုတ်"
love seatကလမင်းရိပ်တစ်ယောက်တည်းအတွက်ဖြစ်တာမို့ဘယ်သူ့ကိုမှထိုင်ခိုင်းမည်မဟုတ်ပေ။
"အကိုရောင်နီ"
"...."
"ပန်းချီ့ကိုမုန်းလား"
"မင်းအပြစ်လုပ်ထားတာရှိလို့ မုန်းရမှာလား"
"ပန်းချီ့အဖေက..."
"အဲ့ကိစ္စကမင်းစီစဥ်တာမှမဟုတ်ပဲ သူတို့ယူလို့ငါမကျေနပ်ဘူးဆိုရင်တောင်မင်းကိုတော့ဆွဲမထည့်ဘူးလို့တွေးထားပီးသား"
"ဒါပေမဲ့ အကိုရောင်နီက ပန်းချီကိုတစိမ်းတစ်ယောက်လိုအေးတိအေးစက် ဆက်ဆံနေတာလေ"
"မင်းထင်လို့ပါ ငါကလူတိုင်းကိုအဲ့လိုပဲဆက်ဆံတာ"
"ဒါဆိုပန်းချီကိုမုန်းမနေဘူးမလား"
"အင်း"
"တကယ်လား အကိုရောင်နီ"
"နှစ်ခါမပြောဘူး"
ပန်းချီပျော်မိပါတယ် ပန်းချီ့ကိုမမုန်းဘူးဆိုတာသိခွင့်ရသွားတဲ့အတွက်ရော အခုလိုစကားပြောနေရတဲ့အတွက်ရော
***"ဒါ ငါ့company"
"ဝါး အကိုရောင်နီcompanyကအဖေ့companyထက်တောင်ပိုကြီးတာပဲ"
"...."
companyထဲမဝင်သေးဘဲအပေါက်ဝမှာရပ်ပီးအံ့သြတကြီးဖြစ်နေသောခွန်းပန်းချီပုံစံက ကလေးတစ်ယောက်လိုပင်
"အပြင်မှာပဲရပ်နေတော့မှာလား အထဲမလိုက်တော့ဘူးလား"
"လိုက်မှာ"
အကိုရောင်နီ အခုလောက်ထိအောင်မြင်တဲ့လုပ်ငန်းရှင်တစ်ယောက်ဖြစ်နေမှန်းပန်းချီမသိခဲ့သဖြင့်အံ့သြဂုဏ်ယူမိပေသည်
"လွန်းထက်"
"ဟုတ် bossလာပီလား"
"ဒီနေ့ချိန်းထားတဲ့ကိစ္စတွေရှိသေးလား"
"ဟုတ် ရှယ်ယာရှင်အသစ်တစ်ယောက်ကတွေ့ဖို့ခွင့်တောင်းထားတာရှိတယ် ကျွန်တော်အဲ့တာ ချိန်းလိုက်ရမလား"
"နောက်တစ်နာရီဆို companyလာခိုင်းလိုက်"
"ဟုတ် boss ကျွန်တော်အကြောင်းကြားထားလိုက်မယ်
ဒါနဲ့သူက..."