(unicode)
"ရောက်ပီ"
"..."
မြင်လိုက်ရသောခရမ်းရောင်daisyပန်းလွင်ပြင်ကြီးကြောင့်လမင်းခဏတာမှင်သက်သွားမိသည်...
လိပ်ပြာလေးတွေများစွာပျံဝဲနေတဲ့ဒီလိုမျိုးလှပတဲ့ပန်းခင်းကြီးဆီသွားဖို့အမြဲစိတ်ကူးယဥ်နေခဲ့ရတာ လမင်းစိတ်ကူးထဲကကမ္ဘာငယ်လေးဆီကိုချစ်မိသွားပီဖြစ်တဲ့လူကြီးနဲ့လက်တွေ့ရောက်လာနိုင်ခဲ့ပီပဲ လောကကြီးက လမင်းအပေါ်ဒီလိုမျိုးကောင်းခြင်းတွေပဲအမြဲပေးနေပါစေပန်းခင်းကြီးအပေါ်အာရုံရောက်နေသောကောင်လေးမသိခင်ကားနောက်ခန်းကနှင်းဆီပန်းစည်းကိုယူလိုက်ပီးကောင်လေးဆီသွားလိုက်တယ်
"လမင်းရိပ်"
လမင်းနာမည်ကိုနူးညံ့စွာခေါ်လိုက်တဲ့အသံလာရာကိုလှည့်ကြည့်လိုက်ချိန်တွင် နှင်းဆီပန်းစည်းနဲ့အတူရပ်နေတဲ့ကိုရောင်နီကိုမြင်လိုက်ချိန်သွေးကြောများပြောင်းပြန်စီးဆင်းသွားသလိုပင်
"ကိုရောင်နီ"
"နှင်းဆီ9ပွင့်...သူ့အဓိပ္ပါယ်အရဘဝတစ်လျှောက်လုံး လမင်းနဲ့အတူဖြတ်သန်းသွားချင်တယ် ခွင့်ပြုပေးနိုင်မလား"
"အွန်း ခွင့်ပြုတယ်..အဟင့် ခွင့်ပြုတာမို့လမင်းကိုတစ်ခဏလေးတောင်မှလက်မလွှတ်လိုက်ပါနဲ့"
မနေ့ညကအတွေးများစွာကြားမှ ကိုရောင်နီ့ကိုချစ်မိသွားပီဆိုတဲ့အဖြေတစ်ခုကိုလမင်းရထားပီးသားပါ
"လက်လွှတ်စရာလား လမင်းက မောင့်နှလုံးသားထဲကိုအပြည့်အဝနေရာယူထားနှင့်ပီးသားလေ"
လမင်းကိုထွေးပိုက်လိုက်ပီးမွှေးပျံ့တဲ့ဆံသားပေါ်ကိုအနမ်းတစ်ခု ကျွန်တော်ခြွေချလိုက်တယ်
"အဟင့်..."
"ဘာလို့ငိုနေတာလဲကွယ်"
"ပျော်လို့ ဒီအခိုက်အတန့်အတွက်ပြောပြစရာစကားလုံးမရှိအောင် လမင်းပျော်တယ်"
"ရှေ့လျှောက်ဒီထက်ပျော်အောင် မောင်ထားပါ့မယ်"
"ကိုရောင်နီ လမင်းကိုဘယ်လောက်ထိချစ်လဲ"