Part_13

787 33 4
                                    

(unicode)

"မောင် ပြန်ကြမယ်လေ ဆေးရုံမှာအကြာကြီးနေစရာအကြောင်းမှမရှိတော့တာ"

"အွန်းပါ ပြန်မယ် ခဏနော် မောင် ဆရာဝန်ကိုမေးစရာရှိတာလေးသွားမေးလိုက်အုံးမယ်"

"အွန်း မြန်မြန်ပြန်လာနော်"

"ဟုတ်ကဲ့ပါ သခင်လေးခင်ဗျ ခဏနေရင်ပြန်လာမယ်နော်"

"ဟီး"

စနောက်ပြောပီးမှဆရာဝန်ရှိရာသွားနေသော မောင့်ကြောင့်နာကျင်နေတဲ့ခြေထောက်တောင်မနာကျင်တော့ဘဲ သက်သာလာသလိုပင် မောင်ကဆရာဝန်မဟုတ်ပေမဲ့လမင်းဒဏ်ရာကိုတော့သက်သာစေနိုင်တဲ့အစွမ်းရှိပေသည်

"အကိုရောင်နီနဲ့လမင်းကသိပ်လိုက်ဖက်တာပဲ နှစ်ယောက်အတူရှိနေရင်ဖြစ်ပေါ်လာတဲ့အပြုံးတွေက ဘေးကပန်းချီ့ကိုပါကူးစက်စေတယ်"

"ကျေးဇူးပါ ပန်းချီရယ် ပန်းချီကလမင်းထက်အသက်ကြီးပုံရပေမဲ့ ရင်းရင်းနှီးနှီးဖြစ်ချင်လို့အကိုတပ်မခေါ်တော့ဘူးနော် ရမလားဗျ"

"လမင်းစိတ်ကြိုက်ခေါ်လို့ရပါတယ် တမန်တောင်ပန်းချီလို့ပဲခေါ်တာ"

"တမန်နဲ့ပန်းချီကအရင်ကတည်းကသိတာလား"

"ကိုယ်နဲ့ပန်းချီကအရင်ကတစ်ခါဆုံဖူးတယ် ဒါပေမဲ့ရောင်နီမောင့်ညီမှန်းတော့ ကိုယ်မသိခဲ့ဘူး"

"အော် အဲ့လိုလား အခုကရေစက်ပါလို့ထပ်ဆုံကြတာပဲ"

"ကမ္ဘာကြီးကကျဥ်းကျဥ်းလေးဖြစ်လို့နေမှာ အခုလိုဆက်နွယ်နေကြတာလေ"

"ဟုတ်လောက်မယ် ဒါနဲ့နောက်ကြပန်းချီ့ကိုသိမ့်ကြည်ဖြူနဲ့မိတ်ဆက်ပေးရအုံးမယ် ကြည်ဖြူနဲ့တမန်ကကြောင်နဲ့ကြွက်တွေလိုပဲ"

"ဟုတ်လား"

"ဟုတ်တယ် မတည့်အတူနေမမြင်ရင်ချောင်းကြည့်တွေလိုပါပဲ  သူတို့နဲ့ခင်တာကြာရင်ပန်းချီသိပါလိမ့်မယ်"

"ပန်းချီကအဖော်မက်တာနဲ့ကွက်တိပဲ လမင်းသူငယ်ချင်းတွေအကုန်လုံးနဲ့မိတ်ဆက်ပေးနော်"

"လမင်းကသူငယ်ချင်းသိပ်မရှိဘူး တမန်နဲ့ကြည်ဖြူနှစ်ယောက်ပဲရှိတာ ​အော် ဟိုဟာဒုတိယနှစ်စာမေးပွဲပီးရင်လျှောက်လည်ကြမလို့အဲ့ကြရင်ပန်းချီပါလိုက်ခဲ့နော်"

Yayımlanan bölümlerin sonuna geldiniz.

⏰ Son güncelleme: May 31, 2022 ⏰

Yeni bölümlerden haberdar olmak için bu hikayeyi Kütüphanenize ekleyin!

"မောင်"(ongoing)(unicode+zawgyi)Hikayelerin yaşadığı yer. Şimdi keşfedin