(unicode)
"ဆင်းခဲ့"
"...."
"မဆင်းဘူးလား ရတယ်လေ"
ထိုသူ့အပြောကိုနားမထောင်ဘဲ လမင်းအရွဲ့တိုက်ပီးထိုင်နေရာက ထိုသူလမင်းမျက်နှာနား ခါးညွှန့်ချလာပီး လည်ပင်းနဲ့ဒူးအောက်ကနေ လက်လျှိုကာ လမင်းကိုကောက်ချီလိုက်သည်
"ခင်ဗျားကြီး ဘာလုပ်တာလဲ ချပေးဗျာ"
"ငြိမ်ငြိမ်နေ မနေရင်လွှတ်ပစ်လိုက်မှာ"
ကျွန်တော့်အပြောကြောင့် ကောင်လေးငြိမ်ကျသွားကာ ကျွန်တော့်လည်ပင်းကိုလက်နှစ်ဖက်ဖြင့်ဆွဲဖက်လာတော့သည် ပုံမှန်ထက်နီးကပ်နေတဲ့ခန္တာကိုယ်နှစ်ခုကြား ရင်ခုန်သံတွေဟာဆိုအလိုက်မသိခုန်ထွက်လာလေရဲ့
"ဗုန်း"
"အာ့! ဖြေးဖြေးချပေးလို့မရလို့လား ဘာလို့ပစ်ချလိုက်တာလဲ"
သူပဲဆွဲချီလာပီး အိမ်ထဲအရောက်ဆိုဖာပေါ် အားဖြင့်ပစ်ချလိုက်သောသူကြောင့်စိတ်တိုရပြန်ပီ
"ဒါ ကိုယ့်လျှို့ဝှက်နေတာလေးပေါ့ မင်းကိုပထမဦးဆုံးခေါ်လာဖူးတာပဲ"
"မေးမိလိုက်လို့လား ပြောစရာရှိတယ်ဆို ပြော ပီးရင်အိမ်ပြန်ပို့ပေး"
"ဘာတွေလောနေတာလဲ ကိုယ် စားပစ်လိုက်မှာစိုးလို့လား"
လမင်းရှေ့မှာရပ်ပီးစကားပြောနေသောသူက လမင်းမျက်နှာနား ကပ်လာကာ ပြောလိုက်သောစကားကြောင့်ကမ္ဘာကြီးနဲ့ခဏတာအဆက်အသွယ်ပြတ်သွားသလိုခံစားချက်မျိုးရရှိလာတော့သည်
"မွ…"
နဖူးသို့ကျရောက်လာသောအနွေးဓာတ်တစ်ခုမှရရှိလာသောခံစားချက်သည်ပြောပြဖို့ရာစကားလုံးမရှိသကဲ့သို့