Part_1

2.1K 75 3
                                    

(unicode)

"လမင်း"

"ဗျာ"

လမင်းဆိုတာကျုပ်စေတမန်13နှစ်ထဲကချစ်ခဲ့ရတဲ့သူ ဖွင့်ပြောလိုက်ရင်သူငယ်ချင်းဆက်ဆံရေးတောင်ပျက်စီးသွားမှာစိုးလို့5နှစ်တာကာလလောက်ထိတစ်ဖက်သက်ချစ်နေခဲ့ရတာ

"လမင်း မနေ့ကကျောင်းမလာလို့ကိုယ်စိတ်ပူနေတာ"

"မေမေနေမကောင်းလို့ ဆေးခန်းသွားပြပေးနေရလို့ပါ"

လမင်းမှာဂရုစိုက်ပြုစုပေးဖို့မေမေရွှေပုလဲဦးတစ်ယောက်ပဲရှိတယ် ဖေဖေ့ကိုမတွေ့ဖူးတာကတော့မွေးကတည်းကဖြစ်လိမ့်မယ် မေမေကအကြောင်းစုံမပြောပြလို့ဖေဖေ့အကြောင်းသိချင်ပေမဲ့ မေးလိုက်တိုင်း မေမေ့မျက်နှာမကောင်းတာကြောင့်လမင်းမေးဖို့ လက်လျော့လိုက်ရတယ် လမင်းသိတာဆိုလို့ဖေဖေ့နာမည်'ဦးသက်ပိုင်စက်'ဆိုတဲ့အရာလေးပင်

"အန်တီသက်သာရဲ့လား လမင်း"

"သက်သာပါတယ် တမန်
ဆရာဝန်ပြောတာတော့အလုပ်ပိပီးပင်ပန်းသွားတာတဲ့"

"စေတမန်.... လမင်းရိပ်...."

တမန်နဲ့လမင်း စကားရပ်ပြောနေချိန်အနောက်မှအော်ပီးခေါ်တဲ့အသံကြားလို့ပြိုင်တူလှည့်ကြည့်လိုက်ကြတယ်

"ကြည်ဖြူ မိန်းကလေးဖြစ်ပီးနင့်အသံက တစ်ကျောင်းလုံးကြားလောက်တယ်"

"​ငါ့အသံ အဲ့လောက်မကျယ်ပါဘူး စေတမန် ...
နော့် လမင်း ကြည်ဖြူအသံတိုးတိုးလေးပဲမလား"

လမင်းတိတ်တိတ်လေးစိတ်ထဲမှာခိုးရယ်လိုက်တယ် သိမ့်ကြည်ဖြူဆိုတဲ့ကောင်မလေးကရုပ်ကလေးနဲ့မလိုက်အောင်အသံအိုးကျယ်တယ် အထူးသဖြင့်ကောင်လေးနှစ်ယောက်လက်ချင်းချိတ်ပီးသွားတာများတွေ့ရင်ကြည်ဖြူအသံကနားစည်ကွဲထွက်လောက်တဲ့အထိပင်

"အေးအေး မကျယ်ပါဘူး ဘေးကလူတွေလန့်သွားရုံလောက်ပဲ"

"ပြောထားကြပါ ပြောထားကြ
အခုအတန်းချိန်နီးနေပီ သွားကြမယ်"

လမင်းရိပ် စေတမန် သိမ့်ကြည်ဖြူတို့သူငယ်ချင်းသုံးယောက်ရဲ့ချောမောမှု ချစ်စရာကောင်းမှုအစရှိတဲ့ကောင်းသတင်းများကကျောင်းကလူတွေကြားနာမည်ကြီးကြတယ် စေတမန်က လမင်းရိပ်ကိုတဖက်သက်ချစ်နေတယ်ဆိုတဲ့အကြောင်းကိုတော့တမန်ကလွဲပီးဘယ်သူ့မှသိပုံမရ
***

"မောင်"(ongoing)(unicode+zawgyi)Donde viven las historias. Descúbrelo ahora