မီးဖိုခန်းရှေ့ကနေ အတွင်းထဲချောင်းကြည့်မိတော့ နေ့လည်မလို့ထင် ခေါင်းဆောင်အန်တီနမ် သာရှိသည်။
ချန်ယောလ်ဝင်လာတာမြင်တာနဲ့ သက်ပြင်းချကာအနားပြေးလာရှာတယ် ။
"ချန်ယောလ်ရယ် လာပြန်ပြီလား"
"အဲ့ဒါနောက်မှပါ အကိုလေးကဘာစားချင်တယ်ပြောသွားတာလဲဟင်"
"အို ပြောလို့မဖြစ်ပါဘူး ပြောလိုက်ရင်ဝင်ချက်ဦးမယ်မလား"
"ချက်ကျွေးချင်လို့ပါဗျ"
အပြောနဲ့အတူ အေပရွန်ကိုပါ ခါးမှာစည်းနှောင်ပြီးသား ။
"အန်တီနမ်တို့ချက်ပါ့မယ်ကလေးရယ် တော်ကြာအကိုလေးမြင်ရင် အကုန်အဆူခံနေရမှာ"
"တကယ်ဒီတစ်ခါနောက်ဆုံးပဲ ဘာစားချင်တာတဲ့လဲပြောပါ နော်"
အန်တီနမ်က ရှောင်လွှဲလို့မရမှန်းလဲသဘောပေါက်ရော ချန်ယောလ်ကိုထုတ်ပြောရတော့သည် ။ မိသွားရင် အဆူခံရမှာဆိုးပြီး သူ့လက်အောက်ကကောင်မလေးအချို့ကိုလဲ အကိုလေးလာရင် အချက်ပြဖို့ ရှေ့မှာစောင့်ခိုင်းလေရဲ့။
ချန်ယောလ်နဲ့မှ သူတို့အကုန် စပိုင်ဖြစ်ကုန်ကြတာပဲ။
"စောပါသေးတယ်ဗျ အကိုလေးကဘယ်တုံးက ဒီအချိန်ပြန်လာဖူးလို့လဲ အေးအေးဆေးဆေးနေပါ"
အမြင်မတော်တာမို့ အလိုက်တသိဝင်ကူကြတော့လဲ အုပ်စုလိုက်ကြီးမို့ ချန်ယောလ်မနည်းတားယူရသည်။ အကိုလေးစားချင်တာကို သူပဲချက်ပေးချင်တာ ။ သူ့ကိုစိတ်ပျော်အောင်ထားသလို အကိုလေးကိုလဲ သူချက်ပေးတာလေး စားပြီး ပျော်စေချင်သည်။
ညနေစာကို နေ့လည်ကတည်းက ကြိုပြင်နေတာမို့ အချိန်က အများကြီးရသည် ။ ချန်ယောလ်အေးဆေး အချိန်ဖြုန်းဖို့စိတ်ကူးယဉ်နေတုံး အကိုလေးဆီကနေ စောစောပြန်လာမည်ဖြစ်ကြောင်း ဖုန်းလက်ခံရရှိရဲ့။
အေးဆေးလုပ်နေတဲ့ချန်ယောလ်ခမျာ စတင်ပြီး ဗျာများရတော့သည် ။ စောစောပြန်လာမယ်ဆိုတာ ဘယ်အချိန်လဲ မပြောသွားတာမို့ အကိုလေးပြန်မလာခင်ပြီးမှဖြစ်မည် ။ မဟုတ်ရင် ချန်ယောလ် မီးဖိုချောင်ဝင်နေတာနဲ့တိုးပြီး အန်တီနမ်တို့အုပ်စု အငေါက်ခံရမှာလေ။
YOU ARE READING
E S C A PE [Complete]
FanfictionZawgyi "နေ နဲ့ လ တစ်ထပ်ထဲဖြစ်တဲ့အချိန်မှာမွေးဖွားခဲ့တာပါ" Unicode "နေ နဲ့ လ တစ်ထပ်ထဲဖြစ်တဲ့အချိန်မှာမွေးဖွားခဲ့တာပါ"
![E S C A PE [Complete]](https://img.wattpad.com/cover/206435856-64-k146996.jpg)