Extra - 1

2.7K 225 35
                                        

Unicode

၄နာရီအကြာရေစိမ်ခဲ့သည့်နောက်တော့ ချန်ယောလ်တစ်ယောက် ကိုယ်လက်မအီမသာဖြစ်လာခဲ့သည်။

"ဟက်ချိ!"

နှာချေပြီးလို့မျက်လုံးပြန်ဖွင့်မိတော့ မျက်စေ့ရှေ့ရောက်နေတဲ့ တစ်ရှူးလေးကိုတွေ့လိုက်ရသည်။

"ငါရေကူးတိုင်းလိုက်ကူးရအောင် မင်းက ကလေးလား ဟမ်"
"အကိုလေးကလဲ"

ကမ်းပေးထားတဲ့တစ်ရှူးကိုယူပီး နှာရည်တွေချူးခနဲ ညှစ်ထုတ်လိုက်တယ်။

အကိုလေးဆီက ဟွန်းခနဲနှာမှုတ်သံကိုကြားရပေမဲ့ သူလှည့်မကြည့်ရဲဘူး ။
ချန်ယောလ်ကအခု အပြစ်လုပ်ထားတဲ့ကလေး အမေရှေ့မှာ လက်ပိုက်ထားရသလို အနေအထားမှာရောက်နေတယ်။

နဲနဲလောက် အကွက်မှားတာနဲ့ ငေါက်ခံရတာ သို့မဟုတ် ရိုက်ခံရတာမျိုး ဖြစ်သွားနိုင်တယ်။

တစ်ယောက်ထဲအတွေးများနေတုံး အကိုလေးက ဆ်ိုဖာခုံပေါ်ဝင်ထိုင်လာကာ ချန်ယောလ်နှဖူးကို လက်နဲ့စမ်းရင်းအဖျားတိုင်းလာသည်။

"ကိုယ်ငွေ့တော့ရှိတယ် ကျစ် မင်းဟာလေ"
"မဆူပါနဲ့တော့အကိုလေးကလဲ"

ခေါင်းငုံ့ကာ ပြေရာပြေကြောင်းပြောမိတော့ ရင်ခွင်ထဲဆွဲသွင်းပစ်လိုက်တဲ့ အကိုလေးချန်းလျဲ့။

"မင်းနေမကောင်းဖြစ်ရင် ငါပဲအလုပ်ပိုရတာ နောက်တစ်ခါ ရေကန်ဘက်ခြေဦးတောင်မလှည့်နဲ့"
"ဟွန် ချန်လဲရေဆော့ချင်တာပေါ့"

ချန် လို့ကိုယ်စားသုံးရင် အကိုလေးက သဘောကြတာမလို့ သုံးလိုက်မိတော့ လူကိုဖက်ထားရာကနေ ဖျစ်ညှစ်လာသည်။

"ချစ်ဖို့ကောင်းအောင်မလုပ်နဲ့ ဖျားနေတဲ့သူကိုတောင်မညှာဘူးဆိုပီးငါအပြောမခံနိုင်ဘူး"
"ဟာ အကိုလေးနော်"

ချန်ယောလ်မယ် အမြန်ပဲ အကိုလေးရင်ခွင်ကနေတွန်းထွက်ရတယ်။
အကိုလေးက တစ်ခွန်းဆိုတစ်ခွန်း ညီအောင်လက်တွေ့လုပ်တဲ့သူမျိုးဆိုတာ ချန်ယောလ်သိပီးနေပြီမလို့ မစရဲ။

ညနေကြရင် ကင်မ်ချီဟင်းရည်လုပ်သောက်ဖို့ ပြောရန်ပြင်နေချိန်မှာပဲ အကိုလေးဖုန်းက ရုတ်တရတ်ထမြည်လာတယ်။

E S C A PE [Complete]Where stories live. Discover now