Unicode
ထိုးကိုက်နေတဲ့ခေါင်းကို အသာဖိရင်းချန်ယောလ်အိပ်ယာကထလာခဲ့သည်။ မနေ့ညက အကိုလေးဇွတ်တိုက်တဲ့အရက်တွေဘယ်နှစ်ခွက်မှန်းမသိအောင်သူသောက်ခဲ့ရတာမလား။
"မူးနေရင်ချစ်စရာကောင်းလို့" ဆိုပြီးချန်ယောလ်ကို မမူး မူးအောင်အကျင့်ယုတ်တဲ့သူကတော့ ခုထိအိပ်ယာထက်မှာ ငြိမ်သက်စွာလဲလျောင်းနေဆဲပင်။
အရင်ကအသိလွတ်အောင် ဘယ်တုံးကမှမမူးခဲ့ဖူးပေမဲ့ အကိုလေးနဲ့အတူနေကတည်းကဆို ခုထိ၄ခေါက်မြောက်လောက်ရှ်ိမည်ထင် ။ အကိုလေးကတော့ ချန်ယောလ်မေးတိုင်း "မင်းကဒီတိုင်းငြိမ်ငြိမ်လေးပဲနေတာပါကွာ" လို့ပြောပေမဲ့သိပ်တော့မယုံရ။
အတွေးတွေရပ်လိုက်ပြီး အမူးပြေဟင်းရည်စီစဥ်ဖို့ရာအိပ်ယာပေါ်ကနေဆင်းလိုက်သည် ။ မနက်တိုင်း မီးခိုချောင်ခိုးဝင်နေရတာလဲ တကယ်ပြသနာကြီးပဲ ။ အကိုလေးက ချန်ယောလ်လက်မီးပူဟပ်တဲ့နေ့ကစပြီး မီးဖိုချောင်မဝင်ခိုင်းခဲ့ပေမဲ့ ချန်ယောလ်ကတော့ သူ့အလစ်တိုင်း ခိုးဝင်နေမြဲပဲ။
အဲ့လူဆိုးက သူနဲ့အမေချက်တာတွေမကြိုက်တာလဲမဟုတ်ပဲနဲ့ကို။
အမေဆိုမှ မွေးရပ်မြေကိုပြန်သွားတဲ့အမေ့ကိုလဲ သူလွမ်းလှပြီ။ကိုယ်လက်သန့်စင်ဆေးကြောရင်း ခန္ဓာကိုယ်ကပါအရက်နံ့စွဲနေတယ်လို့ခံစားရတာကြောင့် ရေချိုးပစ်လိုက်တယ် ။
အကုန်လုံးပြီးစီးသွားတော့ ခြေသံဖွဖွနဲ့ပဲအခန်းထဲကထွက်လိုက်သည်။ ခြေလှမ်းတွေက မီးဖိုခန်းကိုဥိီးတည်ပေမဲ့ လှေကားထစ်မှာ ပန်းအိုးတွေသယ်နေတဲ့သူတွေကြောင့် ချန်ယောလ်ဝင်သယ်ပေးခဲ့သေးသည်။
ဘယ်လိုပဲအကိုလေးရဲ့တွဲဖက်ဖြစ်လာလာ သူတို့ကချန်ယောလ်မိသားစုဖြစ်ခဲ့တာပဲလေ။
"ဟယ် ချန်ယောလ်ရောက်လာပြန်ပြီလား"
ထမင်းချက်တာဝန်ကျတဲ့အန်တီနမ်ကို မျက်နှာချိုသွေးလိုက်ပြီး ရှူးတိုးတိုးလုပ်ပြလိုက်ရတယ်။
"အမူးပြေဟင်းရည်လေးချက်ချင်ရုံလေးပါဗျ ပြီးရင်သွားမှာတကယ်"
"အို အဲ့လိုပြောပြီးဒီအဒေါ်ကြီးတွေကိုညာစားနေတော့တာပဲ"
"မဟုတ်ရပါဘူးနော်"

YOU ARE READING
E S C A PE [Complete]
FanfictionZawgyi "နေ နဲ့ လ တစ်ထပ်ထဲဖြစ်တဲ့အချိန်မှာမွေးဖွားခဲ့တာပါ" Unicode "နေ နဲ့ လ တစ်ထပ်ထဲဖြစ်တဲ့အချိန်မှာမွေးဖွားခဲ့တာပါ"