Unicode
အကိုလေးရောက်ပီး သုံးလလောက်အကြာမှာပဲ ခြံထဲမှာညပါတီပွဲကျင်းပဖြစ်တယ်။
ပထမဆုံးပဲ စံအိမ်ထဲမှာပါတီရှိတာ။ဦးလေးပတ်တို့ရှိစဥ်ကတည်းက ချန်ယောလ်တစ်ခါမှမကြုံဖူးခဲ့ဘူး။ ပါတီ ဘယ်လိုမျိုးလဲဆိုတာ သူအခုမှမြင်ဖူးတာအမှန်ပဲ။
ပါတီကလူတွေက အကိုလေး ရဲ့ ပေကျင်းကသူငယ်ချင်းအဟောင်းတွေ ၊ ကိုရီးယားကအသစ်စက်စက်သူငယ်ချင်းတွေ(အထူးသဖြင့်မိန်းမလှလေးတွေ) ။
"ချန်ယောလ် ဟိုဘက်ကိုမုန့်တွေချပေးလိုက်ဦး"
အမတစ်ယောက်စကားကြောင့် ချန်ယောလ်မုန့်တွေသွားဖြည့်နေတုံးမှာ ကျောဘက်ကနေအဖက်ခံလိုက်ရတယ်။
"ချန်းလျဲ့ ယူသိပ်စိမ်းတာပဲ"
အကိုလေးနဲ့မှားနေကြတာပဲ။
ကျောဘက်က မိန်းမလေးကိုအသာခွါထုတ်လိုက်ပီး ခေါင်းညွတ်ပြလိုက်တယ်။"လူမှားနေပါတယ် ကျွန်တော် အကိုလေးချန်းလျဲ့မဟုတ်ပါဘူး"
"ဟမ်? ဘာလဲဒါရှောင်နည်းတစ်မျိုးပဲလား"တဘောတကြရယ်ကာ ရင်ခွင်ထဲတိုးဝင်လာတဲ့မိန်းကလေးကို ချန်ယောလ်ထက်ဦးအောင် တခြားသူက ဖယ်ထုတ်ပစ်သည်။
"ဇွတ်မလုပ်နဲ့ သူမကြိုက်ဘူး"
"အကိုရိဖန်!"တစ်ဖက်ခြံက အကိုရိဖန်ကလဲ အကိုလေးက ခင်တာမကြာသေးတော့ ဒီကိုရောက်နေတဲ့ပုံ။
အကိုလေးနဲ့ခင်တာမကြာသေးပေမဲ့ ချန်ယောလ်နဲ့တော့ခင်တာတော်တော်ကြာပီ။ စီနီယာ ဂျူနီယာဆက်ဆံရေးဆိုပိုမှန်မယ်ထင်တယ်။"အကိုလဲလာတယ်"
"ဖိတ်တော့လဲငြင်းမကောင်းဘူးလေ ပီးတော့ငါ့ကိုမျက်နှာတောင်လာမပြတဲ့မင်းကိုလဲ လာဖမ်းတာ"
"ဟဲဟဲ အကိုကလဲ မအားလို့ပါဗျ"
"မင်းပဲဆင်ခြေတွေပေါလွန်း"နှာဖျားကိုလာဖျစ်ညှစ်ကာစတော့ ဒီတိုင်းပဲရီပြလိုက်သည်။
ရုတ်တရတ်ကြီး တီးလုံးသံထွက်လာကာ လူတိုင်းအတွဲကိုယ်စီနဲ့ ကကုန်ကြပြီ။တစ်ခါတစ်လေ စံအိမ်ကြီးထဲသန့်ရှင်းရေးလုပ်ရင်းမှ တီဗွီကနေမြင်ဖူးတဲ့ ချန်ယောလ်အဖို့ အရာရာကငေးစရာပဲ။

YOU ARE READING
E S C A PE [Complete]
FanfictionZawgyi "နေ နဲ့ လ တစ်ထပ်ထဲဖြစ်တဲ့အချိန်မှာမွေးဖွားခဲ့တာပါ" Unicode "နေ နဲ့ လ တစ်ထပ်ထဲဖြစ်တဲ့အချိန်မှာမွေးဖွားခဲ့တာပါ"