ဇာတ်သိမ်း

2.4K 205 21
                                        

Unicode

ဘဝမှာ တစ်ခါမှမမက်ရဲဖူးတဲ့အိမ်မက်တွေထဲမှာ အကိုလေးရဲ့အိပ်ယာပေါ်ကနေ နိုးထလာတာမျိုးလဲပါတယ်။

အဝတ်မဲ့နေတဲ့ ခန္ဓာကိုယ်ကြောင့် ချန်ယောလ်အသာလှိမ့်ရင်း ရင်ဘတ်နဲ့မွေ့ရာကိုကပ်စေလိုက်တယ်။
လှုပ်လိုက်တဲ့ခဏမှာတင် ကျောရိုးထဲထိစူးနေအောင် နာတဲ့ခံစားချက်။

"ချန်ယောလ်လေး"
"  !!!!! "

စောင်ကိုဆွဲလှန်လိုက်တဲ့အကိုလေးကြောင့် မွေ့ရာနီနိီရဲရဲထဲမျက်နှာအပ်ပီး မှောက်လျက်သားဖြစ်နေတဲ့ချန်ယောလ်ခန္ဓာကိုယ်ကထင်းခနဲပေါ်သွားမှာပြောစရာမရှိ။

"မနိုးသေးဘူးလားအချစ်ကလေး"

အကိုလေးက ဘာလို့နားရှက်စရာနာမည်တွေခေါ်နေရတာလဲ။

" ဟ! "

ရုတ်တရတ် တင်ပါးပေါ်ခေါင်းခုအိပ်လာတာကြောင့် ချန်ယောလ်အငွေ့အဖြစ်သာပြောင်းလိုက်ချင်တော့သည်။

"မင်းနိုးနေတာကိုယ်သိတယ်နော်"
". . . "
"ကိုယ့်ကိုစကားမပြောဘူးပေါ့ "
"ဟင့်"

တင်ပါးထက်ကိုနှာဖျားနဲ့ပွတ်တိုက်ပီး ရွှတ်ခနဲအသံထွက်အောင်နမ်းလာတာမို့ ချန်ယောလ်အိပ််ယာခင်းကိုတင်းတင်းကိုင်လိုက်မိတယ်။
ဘာလို့အဲ့ကိုနမ်းနေရတာလဲ။

"ဟက်"

ချန်ယောလ်အသံမပေးမချင်း တင်ပါးဖြူလုံးလုံးလေးကိုတရွှတ်ရွှတ်နဲ့ နမ်းနေတာမို့ ချန်ယောလ်ပါးတွေပူထူလာပြီ။ နမ်းနေတာနဲ့မတော်ပဲ သွားနဲ့ပါကိုက်ခဲလာတော့မနေသာတော့။

"အကိုလေးတော်ပါတော့"
"အခုအဖက်လုပ်ပီပေါ့ မင်း"
"စောင်"

သူကချန်ယောလ်သဘောကြ စောင်ကိုခါးထိပြန်ဆွဲခြုံပေးလာကာ ထထိုင်သည်။
နောက် သူ့ရင်ခွင်ထဲဆွဲထည့်ကာ ဆံပင်အုပ်အုပ်ကလေးကို ပွတ်သပ်ပေးလေသည်။

"ကိုယ့်ကိုယ်ကြည့်ပါဦး"

ရုတ်တရတ်မို့အကိုလေးပြောတဲ့အတိုင်းကြည့်လိုက်မိတော့ အဝတ်မပါတဲ့ရင်အုပ်ကြောင့် မျက်နှာကိုလက်နဲ့ကွယ်လိုက်မိတယ်။

"ဘာကိုရှက်နေတာလဲ မ​နေ့ညကမင်းပဲကိုင်ခဲ့တာလေ"
"တောင်း တောင်းပန်ပါတယ်"

E S C A PE [Complete]Where stories live. Discover now