"မောင်မှမဟုတ်ရင်....."

540 32 0
                                    

ဓါးနဲ့မွှမ်းထားတဲ့ ခြေဖဝါးတစ်စုံကို တယုတယပတ်တီးစည်းပေးရင်းက မျက်ရည်ကျလာမိတယ်။ အဲ့လောက််ကြီးထိ အဲ့လောက်ကြီးထိကျ မများလွန်းဘူးလား နင်ရယ်။ ငါ ရင်နာရတယ်။ ငါလည်းရင်နာရတယ်လို့။ ငါက နင်ငါ့ကို ကစားရုံပဲလို့ တွေးခဲ့မိလို့လေ။ အဲ့လောက်ကြီးထိကျ.....
.............
ခြေထောက်ကို ပတ်တီးစည်းပေးရင်း ခေါင်းပြန်မာ့မလာတဲ့ မောင်၊
ဟုတ်တယ် အဲ့နာမ်စားကို တိတ်တခိုးခေါ်ခဲ့မိတာကြာပြီ။ ငါ့အမှားတွေပါ။ ငါ့အမှားတွေပါ မောင်ရယ်။  ငါ့အချစ်အပေါ် မောင်မယုံခဲ့တဲ့အတွက် မောင့်မှာအပြစ်ရယ်လို့နည်းနည်းမှမရှိခဲ့ဘူး။ ငါကလည်း ယုံချင်စရာမကောင်းလောက်အောင်ကို ပွေခဲ့ရှုပ်ခဲ့မိတာကိုး.....
.............
မောင်လို့သာခေါ်တာ အမှန်ကသူကမိန်းကလေးတစ်ယောက်ပဲရယ်။   မိန်းမ မဆန်တာကလွဲလို့ မောင်ကမိန်ကလေးတစ်ယောက်ပဲ။ ငါလေ ရီးစားတွေအများကြီးထားခဲ့တာပါ။ ဒါပေမဲ့ မိန်းကလေးချင်းဖြစ်တဲ့မောင့်လောက် ဘယ်သူ့ကိုမှရင်မခုန်ခဲ့ဖူးဘူး။ မောင်ကအရမ်းတည်တာ။ ဝတ်ပုံစားပုံက မိန်းကလေးနည်းနည်းမှမဆန်ပေမဲ့ မောင့်စိတ်ကအရမ်းနူးညံ့တာ။  အံ့သြစရာတစ်ခုက မောင်က အသက် ၃၀ ရောက်တဲ့အထိ ရည်းစားလုံးဝမထားဖူးဘူးတဲ့လေ။ မချစ်ခဲ့ဖူးဘူးလားမေးတော့ အလယ်တန်းတုန်းကတော့ ကောင်မလေးတစ်ယောက်ကို စာလိုက်ပေးဖူးတယ်တဲ့။ အငြင်းခံရလို့အသည်းလည်းကွဲခဲ့ဖူးတယ်တဲ့။ ရီရီမောမောပါပဲ ငါ့တို့ကို ပြန်ပြောပြနေခဲ့တာ။ ဟုတ်တယ် ငါတို့ကိုလေ။ မောင်က ငါ့သူငယ်ချင်း ရီးစားရဲ့သူငယ်ချင်း။ ငါလေ အရမ်းရင်ခုန်သွားခဲ့တာ။ မိန်းကလေးတွေကို စိတ်ဝင်စားတာလားလို့ မောင့်ကိုမေးတော့။ ငါလည်းမသိဘူး gender တိမ်းညွတ်မှုကို။ ရီးစားထားဖို့ အာရုံမလာဘူး။ စိတ်ရှုပ်မခံနိုင်လို့တဲ့။ ဦးဆုံးမှာ အသည်းကွဲခဲ့လို့ထင်ပါရဲ့ အဲ့တစ်ခေါက်ပြီးတော့ ယောက်ျားလေး မိန်းကလေး လာပြောသမျှ ငြင်းခဲ့တာတဲ့လေ။ အဲ့မောင့်ရဲ့ဦးဆုံးတစ်ယောက်ကို ငါ ကျေးဇူးတင်ရမလား အပြစ်တင်ရမလား။ သူ့ကိုချစ်နေသေးလားမေးတော့။ ဒီတိုင်းပဲ အချစ်အကြောင်ပြောရင်တော့ သတိတရပြောမိတယ်။ ချစ်တော့မချစ်တော့ဘူး။ နှစ်တွေလည်းကြာခဲ့ပြီ။ သူလည်းပျော်နေပြီထင်ပါရဲ့တဲ့လေ။ အခုပြန်တွေ့ရင်ရောဆိုတော့ ပြန်တွေ့ရင် ပြုံးပြပြီးမုန့်ဝယ်ကျွေးရမှာပေါ့ ဆိုပြီးရီနေလေရဲ့။
........
မောင်ကလေ သိပ်ချေတာ social media account  တွေမှာ ငါကအရင် friend request  လုပ်ရတယ်။ ငါ့မာနတွေချောင်ထိုးခဲ့ရတယ်။ ငါကပဲအရင်စကားစပြောရတယ်။ မောင်ကအရမ်းနွေးထွေးတာ။ လူတစ်ယောက်ကို ဘယ်လိုနှစ်သိမ့်ရမလဲ သူသိတယ်။ ဘယ်လိုအားပေးရမလဲသိတယ်။ မောင်ရဲ့အပြုအမူအပြောအဆိုတိုင်းက တစ်ဖက်သားကို သိပ်တွေးပေးတတ်တယ်။ နှိမ့်ချလွန်းတယ်။ သူတပါးရဲ့ ကိုယ်ရေးကိုယ်တာအပေါ်ဘယ်တော့မှစည်းမကျော်ဘူး။ မောင်ကလေ သူတပါးရဲ့ရင်ဖွင့်တာမှန်သမျှ နားထောင်နှစ်သိမ့်ပေးတတ်ပေမဲ့ မောင်ကိုယ်တိုင်ကျ မောင့်ခံစားချက်နဲ့ပတ်သတ်လို့ တစ်ခါမှ ချမပြခဲ့ဖူးဘူး။ တစ်ခါတလေတွေးမိတယ် မောင့်မှာ စိတ်ညစ်စရာလေးတောင်မရှိဘူးလားလို့လေ။
.........
Messenger  မှာမောင်နဲ့စကားပြောရင်း၊ တစ်ခါတစ်လေ သူငယ်ချင်းစုံတွဲနဲ့ အတူစုံရင်း မောင်နဲ့ပိုရင်းနှီးလာလေ မောင့်ကိုပိုမြတ်နိုးလာလေပဲ။ ငါလေ မောင်နဲ့ရင်နှီးပြီးနောက်ပိုင်း မောင့်အပေါ်ထားတဲ့ ငါ့ခံစားချက်တွေ  မောင့်ကို ဖွင့်ဟဖူးတယ်။ မောင်က ငါ စ နေတယ်ပဲထင်နေခဲ့တာ။  ငါအတည်ပြောတယ်ဆိုလည်း မောင်ကမယုံဘူး။ ရွံလို့လားဆိုတော့။ ချစ်ခြင်းမေတ္တာအပေါ် ငါ gender မ ခွဲဘူးတဲ့။ ငါက မင်း ကစားလို့ကောင်းမဲ့သူမဟုတ်ဘူးတဲ့လေ။ မောင်ပြောတာလည်း မမှားပါဘူး။ ငါကမောင့်ကို ချစ်ပါတယ်ပြောရင်း။ မောင့်ကိုငါနဲ့တွဲရအောင် ပြောနေရင်းကကို ငါက မောင့်ရှေ့တင် ရီးစား သုံးလေးယောက်နဲ့ရှုပ်ပြခဲ့တာကိုး။ အမှန်က ငါရွဲ့ခဲ့တာပါ။ မောင်များ ငါ့ကိုသဝန်တိုမလားဆိုပြီးတော့။ မောင်ကတော့ အေးဆေးပါပဲ။ ဘာအတွက်၊ ဘာကြောင့်၊ ဘယ်အချိန်က မမေးပါနဲ့ငါ့ကို။ ငါသိတဲ့အချိန် ငါသတိထားမိတဲ့အချိန် မောင့်ကို နင့်နေအောင်ချစ်မိနေခဲ့ပြီဆိုတာပဲ။ ပြည့်စုံလွန်းပါတဲ့ ငါ့ဘဝကြားထဲမှာ မောင်မှမဟုတ်ရင်မဖြစ်တဲ့ထိ။ မောင့်ကိုမှမရရင် ဘာကိုမှမလိုချင်တဲ့အထိ။ ငါလား။  အဆက်အသွယ်ဖြတ်ဖူးတာပေါ့။ နေမကောင်းဘူးလားကောင်မလေး စကားမပြောတာကြာတော့ သတိရနေလို့ ကျန်းမာရေးဂရုစိုက်ဆိုတဲ့ စာလေးတွေနဲ့တင် ငါမှာတင်းသမျှ ဖြေလို ကြွေဆင်းရပြန်ရော။
........
ဟုတ်တယ်
ငါမောင့်ကို ခိုးပြေးခဲ့တာ။  ကားတင်ပြေးခဲ့တာဆိုပိုမှန်လိမ့်မယ်။ မောင့်သူငယ်ချင်းဆိုတဲ့တစ်ယောက်နဲ့ မောင့်ကိုစိတ်မချလို့။ မောင်ပါသွားမှာစိုးလို့။ မောင်က ငါ့အချစ်ကိုမယုံဘူးလေ။ ငါလည်းမောင့်ကိုအဆုံးရှုံးမခံနိုင်ဘူး။ မောင့်သူငယ်ချင်းက မောင့်လက်မောင်းကိုတွဲပြီး လျှောက်နေတာ မောင်နဲ့ ရီရီမောမော စကားတွေပြောနေတာ။ မောင်က ဂရုတစိုက်ရေဘူးဖွင့်ပေးနေတာ။ ငရုတ်သီးတွေတအားစားလို့ ဗိုက်အောင့်မှာစိုးရိမ်လို့ ဆူနေတာတွေလေ။ ငါတကယ်ရင်နာရတယ်။  မောင်ဂရုစိုက်တတ်တာ ငါ့တစ်ယောက်တည်းမဟုတ်ဘူး။ လူတိုင်းကိုနွေးထွေးနေတာမြင်ရတော့ ငါ့ရင်တွေနာလိုက်တာဆိုတာလေ။ အပြန် ငါတစ်ယောက်တည်း steering ပေါ် ခေါင်းမှောက်ပြီးကို အချိန်အတော်ကြာငိုခဲ့မိတဲ့အထိပဲ။
......
မောင်လေ
မေ့ဆေး အရှိန်ကြောင့် အိပ်ပျော်နေတာ ငါ့မှာကြည့်မဝဘူး။ မြတ်နိုးလွန်းလို့တယုတယနမ်းမိရင်းက ဝင်လာတဲ့စိတ်ရိုင်းတွေကြောင့် ငါ့မှာ မနည်းထိန်းနေရတယ်။ အဲ့ဒါကြောင့်မောင်အိပ်နေတဲ့ကုတင်ခြေရင်းနားက စတီပေါ်မှာထိုင်ရင်း မောင့်ကိုကြည့်နေမိတာ စိတ်ရိုင်းတွေဝင်လာလို့ မောင့်ဆီသွားချင်တိုင်း ငါ့ခြေဖဝါးတွေကို ဓါးနဲ့မွှမ်းနေခဲ့တာ။ ငါကလေ မောင့်ကိုအဆုံးရှုံးမခံနိုင်လို့သာ အရယူခဲ့တာ။ မောင့်အပေါ် ရူးလောက်အောင်ယုယချင်လည်း မောင်မကြည်ဖြူရင် မောင့်ကိုနည်းနည်းမှ အခွင့်အရေးမယူချင်ဘူး။ မောင်ငါ့ကို မချစ်ရင်တောင် မောင်ငါ့ကိုရွံမုန်းနေတာမျိုးတော့ ငါမလိုချင်ဘူးလေ။ ငါ့ခန္ဓာက အစိတ်အပိုင်းတခုခုနာနေမှ ငါ့ဆန္ဒတွေရဲ့လောင်မြိုက်မှုကို ငါထိန်းနိုင်မှာမို့ပါ။ ငါလည်းရူးနေပြီထင်ပါရဲ့ မောင်ရယ်။
......
"မောင်မှမဟုတ်ရင်......"

မောင်မှမဟုတ်ရင်..... (One Short) Where stories live. Discover now