"ဘာလဲ.....အချစ်ဆိုတာ....."

132 8 0
                                    

(One Short)

🎼🎼🎼ကြာပြီဆိုတော့ မေ့လောက်ပါပြီ စိတ်မှာ ထင်ခဲ့တယ် 🎼🎼🎼အချစ်ဦးမို့ ယနေ့ထက်ထိတိုင်
🎼🎼🎼ကိုယ်မမေ့နိုင်သေးတယ် 
🎼🎼🎼အခုနေအချိန်များ ပြန်တွေ့ကြရင် အရင်တုန်းကလိုပဲ 🎼🎼🎼ရင်ခုန်ဦးမလား

ကားထဲ လွင့်နေတဲ့ သီချင်းသံအပိုင်းအစလေးကို နားထောင်ရင် အတွေးတွေက ဟိုးအတိတ်က နေ့ရက်ကလေးတွေဆီ အပျံ့ပျံ့ အလွင့်လွင့်…. တကယ်ကိုပဲ ကြာခဲ့ပါပြီ ၁၀ စုနှစ် နှစ်ခုတောင် ကျော်ခဲ့မှ ပဲကို…… နာခဲ့ရတာတွေကော….. ငိုခဲ့ရတာတွေရော…တကယ့်ကို ကြာခဲ့ပါပြီ….. အဲ့အချိန်တုန်းကတော့ ဘာလို့များ ငါက ထွက်ပြေးခဲ့ရလဲဆိုတာကို ခုချိန်ပြန်စဉ်းစားရင် စဉ်းစားလို့ မရချင်….. နားမထောင်ခဲ့ဘူး… မစုံစမ်းခဲ့ပါဘူး…. ကိုယ့်ကို မလိုတဲ့အရပ် ကိုယ့်ကို မလိုတဲ့ ရင်ခွင်ဆီ ….. ငါက ဘယ်အခြေ စိုက်လို့ ဘယ်လောက်ထိ ရင်နာနာနဲ့ စောင့်ခဲ့ရဖို့လိုလေမလဲ … စောင့်စရာလည်းမလိုဘူး…..လွမ်းစရာလည်း မလိုဘူးမလား….. ထပ်မချစ်တတ်တော့တာကလွဲလို့ ……နောက်ထပ် ရင်မခုန်တတ်တော့တာကလွဲလို့…… ငါ ရှင်သန်လို့ရနေသေးတာပဲ…..အပေါ်ယံ ရင်ခုန်သံတွေးကြား…..လေထဲက စကားလုံးသံလေးတွေကြား….ယာယီခိုနားမှေးစက်ရာ ရင်ခွင်ငယ်တွေကြား…… ငါ နေပျော်တတ်ခဲ့ပြီ…..ငါ ကျေနပ်နေတတ်ခဲ့ပြီ….. ငါ သာယာနေတတ်ခဲ့ပြီလေ…… အဟတ်…….

……………………………………………………..
“မင်း…သူငယ်ချင်း…ကလေ…” အစချီတဲ့ စကားသံတွေကို မကြားချင်သယောင် လစ်လျူရှုလို့…. စကားလုံးတွေ လမ်းကြောင်းပြောင်းလို့ …..မသိချင်ယောင်ဆောင်ခဲ့သမျှ ငါ့ရင်က ဘာကြောင့်နာနေရတာလဲဆိုတာ …..ငါ့ရင်က ဘာလို့ နာနေရတာလည်း ဆိုတာ ကိုယ်တိုင်လည်း အဖြေမရှာချင်…… အနီးဆုံးသူတွေက ဝေးပြီဆိုရင် ဘယ်တော့မှ ပြန်မဆုံနိုင်အောင် ဝေးကြရသတဲ့လေ…… အဟတ်… ဟုတ်မယ်…… ငါတို့ ပြန်မဆုံလိုက်ကြပုံများ……ဘယ်တုန်းကမှ မနီးခဲ့တဲ့အတိုင်း…. ဘယ်တုန်းကမှ မသိခဲ့တဲ့အတိုင်း…….

…………………………………………………… သူငယ်ချင်း…..ဟုတ်တာပေါ့ ……ငါတို့ကသူငယ်ချင်းတွေလေ…….ငါ့အိမ်ဘေးကို ပြောင်းလာတဲ့ ပါးဖောင်းဖောင်း ရဲရဲလေးနဲ့ သူငယ်ချင်းလေး…… အူယားလွန်းလို့ ……. ငါအမြဲ ကိုက်ဖဲ့ခဲ့တဲ့ ပါးဖောင်းဖောင်းလေးနဲ့ သူငယ်ချင်းလေး…. ငါကိုက်ဖဲ့ခဲ့တိုင်း…. ငါ့မျက်နှာတွေကို ရစရာမရှိအောင် ကုပ်ဖဲ့လို့အမြဲ သွေးစို့စေခဲ့တဲ့ သူငယ်ချင်းလေး….. ငါကလည်း အစကြမ်းတယ်….နင်ကလည်း အခြစ်ကြမ်းလေရဲ့……. တခြားသူငယ်ချင်းတွေနဲ့ဆို နုနုယွယွနေတတ်တဲ့ နင်က ငါ့ကိုများဆို ကျားရဲမလေး တကောင်လို တုန့်ပြန်တတ်တဲ့ နင်ကလေ……တကယ့်ကို  ငါနဲ့ဆို အဆိုးအပေလေး…..ဆယ်စုနှစ်တခုကျော်အတူဖြတ်သန်းလာတဲ့ ငါ့ရဲ့ လူဆိုးမလေး……

မောင်မှမဟုတ်ရင်..... (One Short) Where stories live. Discover now