"ထိုက်တန်လွန်းသောအနမ်း.........ကောင်း........"

80 10 0
                                    

(One Short)
ဝိုင်တွေကချိုတာလား။ နှုတ်ခမ်းတွေက မက်မောစရာကောင်းတာလား။ ပြင်းရှလွန်းတဲ့အနမ်းတွေနဲ့ နက်နက်ရှိုင်းရှိုင်းနမ်းနေရင်းက ရုတ်တရတ် ခေါင်းကို နောက်ဆုတ်လိုက်ပြီး နှုတ်ခမ်းတွေကို အကြမ်းပတမ်းသုတ်ပစ်လိုက်တယ်။ နမ်းနေတဲ့ ကောင်မလေးရဲ့ရင်ဘက်ကိုတစ်ချက်တွန်းခွာပြီး...
"မင်းနှုတ်ခမ်းတွေကချိုပါတယ်..... ဒါပေမဲ့.. ငါ့အတွက်တော့အသုံးမဝင်ဘူးဘဲ... နေခဲ့တော့" ဆိုပြီး ပိုက်ဆံတစ်ထပ်ပြစ်ချပေးခဲ့ပြီးclub ထဲကနေ တိုးတိုက်ပြီး ထွက်လာခဲ့တယ်။ ငါမမူးဘူး။ ငါမူးမနေခဲ့ပါဘူး။ ငါက မမူးဘဲလည်း ရမ်းကားတယ်။ မမူးဘဲလည်း ရိုင်းတတ်တယ်။
...............
လူခြေအတော် တိတ်နေပြီ။ ဖြတ်သွားဖြတ်လာ ကားတစ်စီးတလေတော့ရှိတာပေါ့။ hoodie အင်္ကျီကို ခေါင်းအလုံစွပ်ထားတာမို့ မျက်နှာကို သေချာမမြင်ရဘူး။ လက်နှစ်ဖက်ကို အိတ်ထောင်ထဲထည့်ထားပြီး ခေါင်းငိုက်စိုက်နဲ့ လမ်းလျှောက်လာတုန်း....
"ပါတာလေး စွန်ကြဲခဲ့...မဟုတ်ရင် အသက်အာမ မခံဘူး"
ဆိုပြီး ရှေ့မှာပိတ်ရက်နေတဲ့ အမူးသမားသုံးယောက်.....
ခပ်တည်တည်နဲ့ပြန်ကြည့်လိုက်တော့ သူတို့ကတောင်တစ်ချက်တုန်သွားသလို....
"ကိုယ့်လမ်းကို အေးဆေးလျှောက် လာမနှောက်နဲ့....."
"ဟ.... မိန်းကလေးဟ..! ငါတို့တော့ပွပြီ" ဆိုပြီး ပြီတီတီနဲ့ မျက်နှာပေးတွေက အဆီတဝင်းဝင်း...
-ကျွတ်- ရွံစရာပဲ
စိတ်ထဲက ရေရွတ်ရင်း
မျက်နှာတွေကိုစေ့စေ့ကြည့်ပြီး သွားထဲကထွက်လာတဲ့ လေသံနဲ့...
"မိန်းကလေးဆိုတော့..အဟတ်... တစ်ခုခုလုပ်နိုင်မယ်ထင်လို့လား"
"စမ်းကြည့်ပေါ့ နင်တို့မှနိုင်ရင် ငါ့ကို လုပ်ချင်ရာလုပ်သွား ပြီးရင် သေအောင်တော့သတ်ခဲ့ ငါလည်း သိပ်အသက်ရှင်ချင်နေတာမဟုတ်လေတော့" ဆိုတော့
-ဘာလဲ- ဆိုပြီး သူတို့တစ်ချက်တွန့်သွားတယ်။
ရုပ်ရှင်တွေထဲကလို ကယ်တင်ရှင်မျှော်မနေပါဘူး။
သုံးယောက်တစ်ယောက် ယောက်ျားလေးနဲ့ မိန်းကလေးပေမဲ့ သူတို့ကမူးနေတာလည်းပါတော့ သူတပြန်ကိုယ်တပြန်ပဲ ထိထားတာလည်း မနည်းဘူး။ အချိန်နည်းနည်းကြာတော့ လူကလက်ပမ်းကျလာတယ်။ အဲ့အချိန်... ကားမီးက ကိုယ်တွေအုပ်စုကို တည့်တည့်ထိုးထားလို့ အမူးသမားတွေက ပြန်အော်နေတုန်း လူသံတွေကြားလို့ အမူးသမားအုပ်စုထွက်ပြေးသွားတယ်။ ကိုယ်တွေတော့ လမ်းပေါ် ပစ်လှဲချလိုက်တာပဲ။ ဘဝကြီးက ဘာလို့ရှင်သန်နေရမှန်းကိုမသိခဲ့တာ။ ကတ္တရာလမ်းပေါ် ပက်လက်လှန်ပြစ်လှဲချလိုက်ရင်းက ခေါင်းကိုစောင်းလို့ ကြည့်လိုက်တော့ ခြေဖမိုး လှလှလေး တစ်စုံက ကားပေါ်ကဆင်းလာတာတွေ့လိုက်တယ်။ နောက်တော့ လောကကြီးက အမှောင်ကျသွားတယ်။ မီးပျက်သွားတယ်ထင်ပါရဲ့။ ပြန်နိုးမလာတော့ရင်ကောင်းမယ်။
..............
daddy အိမ်ပြန်လာတိုင်း မရိုးနိုင်ဘဲ ပါလာတတ်တဲ့ မိန်းကလေးတွေက အရွယ်စုံ။ mommy အကြောင်းက နာမည်တစ်ခုကလွဲ ဘာများသိခဲ့ရလို့လဲ။ လူမှန်းသိတတ်ကတည်းက ဗိုက်ဆာရင် ကိုယ့်ထမင်း ကိုယ့်ဘာသာ ဝင်အောင်စားခဲ့ရတာ။ အဆိုးအဆာ အဂျစ် အတူးမို့ ဘယ်သူက ကလေးဆိုပြီး ယုယထွေးပိုက်ခဲ့ဖူးလို့လဲ။ ဒဏ်ရာဒဏ်ချက်ဆိုတာ ကိုယ်နဲ့ဖွားဘက်တော်လိုပဲ။ gender ဆိုတာ အမေ့မေ့အလျော့လျော့။ ပွေရှုပ်လွန်းတဲ့ daddy က သမီးရှေ့ အမြင်မတော်တာ မတွေးပေမဲ့ စိတ်ပူစွာထားတာကျ မိန်းကလေးကျောင်းတဲ့။
...............
ကိုယ်နဲ့မတူ ဆန့်ကျင်ဘက်လေး... မြတ်နိုးလွန်းလို့ နမ်းခဲ့မိတာ။ အဲ့လောက်အပြစ်ကြီးမယ် ဘယ်ထင်ခဲ့ပါ့မလဲ။ ပထမဆုံးနဲ့ နောက်ဆုံးမိန်းကလေးသူငယ်ချင်းလေး။ တအံ့တသြဖြစ်သွားပြီးမှ မျက်ရည်တွေကျပြီး ထွက်ပြေးသွားတဲ့ သူငယ်ချင်းလေး။ ဒီလိုအဆိုးအဆာကို မိန်းကလေးဖြစ်ပြီး... မိန်းကလေးတန်မဲ့...မိန်ကလေးဆိုတာ...ဆိုတဲ့ စကားတွေနဲ့ အစချီပြီး ကိုယ်တစ်ခါမှမကြားဖူးတဲ့အရာတွေကို ဆုံးမပေးတဲ့ သူငယ်ချင်းလေး။ မိန်းကလေးတွေ တန်ဖိုးက ဘာလဲ ကျွန်မသေချာမသိဘူး။ သူလေးကတော့ တကယ့်ကို အဖိုးတန်လေး။ လှတယ်။ နုတယ်။ ယဉ်တယ်။ သိမ်မွေ့တယ်။ ဘုရားစူးရွယ်တူ သူငယ်ချင်း။ ဂုဏ်သိက္ခာကို ဘုရားလိုတန်ဖိုးထားတဲ့ သူတို့အသိုင်းအဝိုင်းကို ပထမဆုံး ဆန့်ကျင်ပြီး ကိုယ်လိုလူကို သူငယ်ချင်းလုပ်ပေးခဲ့တာ။ ရန်ဖြစ်တာမကြိုက်တဲ့သူက ကိုယ့်ရခဲ့တဲ့ဒဏ်ရာမှန်သမျှ ဆေးထည့်ပေးခဲ့တာလည်းသူ။ မြတ်နိုးမိတာ ကျွန်မလွန်သလား။ သံယောဇဉ်တွယ်မိတာ ကျွန်မလွန်သလား။ သဝန်တိုတယ် ကျွန်မ မဟုတ်တဲ့ လူတိုင်းနဲ့။ ထိန်းခဲ့ပါတယ် သူ့သိက္ခာအတွက်။ ဒါပေမဲ့ မြတ်နိုးစိတ်ကယိုဖိတ်လာလွန်းတော့ လည်း.....
"နင် စိတ်ကစားနေတာပါ"
"မိန်းကလေးချင်း ဘယ်လိုဖြစ်နိုင်မှာလဲ"
"ငါက နင့်အပေါ်ကောင်းပေးလို့ နင့်စိတ်ထဲ တစ်မျိုးထင်နေတာ စွဲမိစွဲရာဖြစ်နေတာ"
"ထားလိုက်တော့ ငါမေ့ပေးမယ် မဟုတ်ရင် နင်နဲ့သူငယ်ချင်းမလုပ်တော့ဘူး" တဲ့။
"အေး... အဲ့ဒါဆို ငါတို့ သူငယ်ချင်းမလုပ်တော့ဘူး" ဆိုပြန်တော့
မျက်ရည်ဝဲ ပြီး ကျွန်မကိုပြန်ငေးကြည့်နေတယ်။ သူငိုလား ကျွန်မ မသိဘူး။ သူ့မျက်ရည်တွေမြင်ရင် လူကအဆင်မပြေတာမို့ အမြန်ပဲကျောခိုင်းထွက်လာခဲ့တယ်။ သူကလှမ်းခေါ်ပေမဲ့ ကျွန်မလှည့်မကြည့်ခဲ့ပါဘူး။ အဲ့ရက်က သူနဲ့တွေ့တာနောက်ဆုံးပဲ။ ဟုတ်တယ်။ ကျွန်မ ကျောင်းထွက်လိုက်တာ။
............
မိန်းကလေးချင်း သဘောကျမိတော့ ရွံစရာသတ္တဝါလို ဆက်ဆံကြရဲ့။ daddy အရှိန်အဝါကြောင့် ပေါ်တင် ရွံမပြကြပေမဲ့ ကိုယ့်ကိုမြင်ကြတိုင်းမှာ ခပ်ရွံရွံ ခပ်ရွံ့ရွံ့။ သူပြောသလိုပေါ့ ကျွန်မစိတ်ကစားတာလား စမ်းခဲ့တာပဲ။ ယောက်ျားလေး၊ မိန်းကလေး တွဲခဲ့တာပဲ။ နမ်းခဲ့တာပဲ။ ဘာလို့ သူ့နှုတ်ခမ်းတွေလောက်မချိုတာလဲ။ ဘာလို့ သူ့နှုတ်ခမ်းတွေလောက်မစွဲလန်းတာလဲ။ ဘာလို့ သူ့နှုတ်ခမ်းတွေလောက် လူကိုနေရမခက်စေတာလဲ။ တောင့်တမှုတွေ တပ်မက်မှုတွေ လောင်မြိုက်နေတဲ့ဆန္ဒတွေ သူနဲ့မှ သူနဲ့မှဖြစ်တည်နေတာ။ ကျွန်မက မိန်းကလေးချင်းစိတ်ဝင်စားသူဆို ဘာလို့ သူမှလဲ။ တဒင်္ဂလေးသာ ထိတွေ့မိခဲ့တဲ့ ပထမဆုံးသောနှုတ်ခမ်းတွေက အိမ်မက်တွေ အကြိမ်ကြိမ်အခါခါ မက်ရတဲ့အထိ။ တွေးမိတိုင်း ကိုယ့်နှုတ်ခမ်းကို ထိမိတဲ့အထိ။ တခြားသူနဲ့နမ်းမိပြီးတိုင်း ကိုယ့်နှုတ်ခမ်းတွေကို စုတ်ပြတ်သတ်နေအောင် ပွတ်တိုက်မိတဲ့အထိ။ နင်ပြောသလိုပဲ ငါစိတ်ကစားတာဆို၊ မိန်းကလေးတွေပဲစိတ်ဝင်စားတယ်ဆိုရအောင်လည်း၊ ခုထိ ဘာလို့လဲ။ ဘာလို့လဲ။ ငါ မေ့ချင်နေပြီ။ တကယ်ကို မေ့ချင်နေပါပြီ။
................
"သတိရလာပြီလား"
"မာမား မီးဗိုက်ဆာနေပြီ ဒီအန်တီက ဘယ်သူလဲ"ဆိုတဲ့ အသံတွေက ဝိုးတိုးဝါးတား။ နောက်....လူက ပြန်ပြီး ခေါင်းအုံးပေါ်လဲကျသွားတယ်။ ဘယ်ရောက်နေလဲ ကျွန်မ မသိဘူး။ တစ်ကိုယ်လုံးနာကျင်နေပေမဲ့ စိတ်ကသက်သောင့်သက်သာဖြစ်နေသလိုလို။ အိပ်ရာကြောင့်များလား။ အနံ့သင်းသင်းလေး။ စိတ်ထဲစွဲနေပြန်ပြီ။ ဒီတစ်ခါအိပ်မက်က အသံပဲကြားရတယ်။ နဖူးပေါ်ရောက်လာတဲ့ အထိအတွေက နွေးနွေးလေးနဲ့ နုနုညံ့ညံ့။ မျက်လုံးတွေကဖွင့်မရဘူး။ အိပ်မက်လား။ တမလွန်လား။
................
ခပ်တည်တည်မျက်နှာနဲ့ မျက်ခုံးနှစ်ဖက်ကို ထိလုမတတ်ကျုံ့ပြီးထိုင်နေတဲ့ "ကောင်း"။ နာမည်ကသာ "ကောင်း" လူက တစ်စက်မှကောင်းတာမရှိတဲ့အဆိုးအဆာ။ ဘယ်လိုရေစက်ပါလိမ့်။ စတွေ့ကတည်းက ဒဏ်ရာပရပွနဲ့။ သတိပေးကြ၊ တားကြတဲ့ကြားက အဲ့မိန်းကလေးကိုမှ ခင်တွယ်မိခဲ့တာ။ အချေအမိုးအဆိုးအဆာကို ကိုယ်ကပဲ ကပ်တွယ်နေခဲ့တာ။ အဲ့မျက်နှာနုနုက ဒဏ်ရာတွေက မြင်နေကြဖြစ်ခဲ့တာတောင် နှစ်တွေကြာတဲ့အထိ ရင်ကိုထိခိုက်နာကျင်စေတုန်း။ အနားမှာအမြဲရှိစေချင်လို့ ပြောခဲ့ကာမှ အဝေးဆုံးထွက်သွားခဲ့သူ။
"ခုထိ ဆိုးနေတုန်းလား" ဆိုတော့
" လိမ္မာစရာ အကြောင်းရောရှိလို့လား" ဆိုပြီး ကိုယ့်ကိုနာနာကျည်းကျည်းကြည့်ပြီး နှုတ်ခမ်းတွန့်ရုံပြုံးပြရဲ့......
"ခုဏတွေ့တဲ့ ကလေးက ငါ့တူမလေး"
"ငါ့အစ်မ နိုင်ငံခြားမှာ ပါရဂူအတွက် ကျောင်းသွားတက်တော့ ငယ်ငယ်တည်းက ငါထိန်းပေးနေရလို့ အဲ့လိုခေါ်တာ" လို့ပြောတော့...
သူ့မျက်ခုံးတွေပြေလျော့လို့ နှုတ်ခမ်းတွေက ပြုံးယောင်သန်းလာသလို.......
"သူငယ်ချင်း မလုပ်တော့ဘူးမလား"
"သူငယ်ချင်းမလုပ်တော့မဲ့ လုံလောက်တဲ့ အကြောင်းရှိရင် ငါတို့သူငယ်ချင်းမလုပ်တော့ဘူး"
"အဲ့အချိန်ထိပဲ သူငယ်ချင်းအဖြစ်နေရအောင်"
"၁၀ နှစ်တောင်ရှိခဲ့ပြီ ကျောင်းပြန်တက်ပါလား ငါစာပြပေးမယ်လေ"
..............
ကောင်းနဲ့ ပတ်သတ်ရင် ကျွန်မ ချိုးဖောက်ရတာတွေများပါတယ်။ ကောင်း နေတဲ့ ကွန်ဒိုကို အဝတ်အိတ်လေးနဲ့ရောက်လာတော့ ကောင်းမျက်နှာက တအံ့တသြနဲ့။ စိတ်မကောင်းပေမဲ့နွေးနွေးထွေးထွေးနဲ့ကြိုဆိုပေးခဲ့တာပဲ။ ဒီလူသားကို ထပ်မနာကျင်စေချင်တော့ဘူး။ ဒီလူသားရဲ့ နာကျင်မှုတိုင်းက ကိုယ့်ရဲ့နာကျင်မှုဖြစ်နေခဲ့လို့။
"ငါ့ ရွေးချယ်မှုမမှားကြောင်း သက်သေပြပေးပါနော်" ဆိုပြီး ကောင်းရဲ့ ရင်ခွင်ထဲဝင်ပြီး ခပ်နွမ်းနွမ်းဆိုတော့.....
ကျွန်မ ခေါင်းပေါ်မေးတင်ရင််း ခပ်တင်းတင်းပြန်ဖက်လာခဲ့တယ်။
................
ဆေးခန်းတစ်ဖက်နဲ့ လူဆိုးထိန်းရတာ အရမ်းပင်ပမ်းတယ်။ ရန်ဖြစ်လိုက် ငြင်းခုန်လိုက်နဲ့။ အစလွန် လို့ပဲဖြစ်ဖြစ်၊ ကောင်းကို ပြောမရတော့ရင်ပဲဖြစ်ဖြစ် ကျွန်မ မျက်ရည်ဝဲလာရင်တော့ ကောင်း က ပြာပြာသလဲ ပြန်ချော့ပြန်ရော။ နေ့တိုင်းက နေသာနေတာတော့မဟုတ်။ ခုထိ ကောင်းက လုံးဝ မကောင်းနေသေးဘူး။ ဒါပေမဲ့ကျွန်မအရမ်းပျော်ပါတယ်။ ကျွန်မအတွက် ကောင်းက သေချာကြိုးစားပေးနေတာမို့......
................
"ခု ငါနမ်းလို့ရပြီလား"
ပြုံးပြီးမေးနေတဲ့ ကောင်း...
ခု ကောင်းက တကယ့်လူကောင်းဖြစ်နေပြီ
ထက်မြတ်တဲ့ ကောင်း... လိမ္မာပါးနပ်တဲ့ ကောင်း.... လုပ်ငန်းခွင်မှာပြိုင်ဖက်ကင်းတဲ့ကောင်း.....
ကုန်လွန်ခဲ့တဲ့အချိန်တွေ ကြိုးစားခဲ့တဲ့အချိန်တွေ တကယ့်ကိုမနည်းခဲ့ပါဘူး။ ကုန်လွန်ခဲ့တဲ့အချိန်တွေကြား ပင်ပမ်းချိန်တွေမှာ အချင်းချင်းနွေးနွေးထွေးထွေးပွေ့ဖက်နှစ်သိမ့်ပေးခဲ့ကြတာကလွဲရင် ကျွန်မတို့ တကယ့်ကိုဖြူဖြူစင်စင်ပဲ နေခဲ့တာ။
ထိုက်တန်လွန်းတာထက် ပိုခဲ့ပါတယ်။
ကောင်းရဲ့ ပုခုံးပေါ် လက်နှစ်ဖက်ယှက်တင်ထားရင်းက
"နမ်းရုံပဲလား" လို့ တိုးတိုးဆိုရင်း....
ကောင်းရဲ့ လည်ပင်းကိုသိုင်းဖက်လိုက်ပြီး ခေါင်းကိုဆွဲနှိမ့်လို့ အောက်နှုတ်ခမ်းကိုဖွဖွစုပ်လို့ နုနုညံ့ညံ့လေးနမ်းမိတယ်။ စတင်ခဲ့တာကိုယ်ဆိုပေမဲ့ ရှေ့ဆက်ဦးဆောင်သွာတာက ကောင်း.....
ခြေဖျားထောက်နေရလို့ မသက်မသာဖြစ်နေတဲ့ကိုယ့်ကို မှန်တင်ခုံပေါ်ပွေ့တင်လိုက်ပြီး ခါးကိုတင်းတင်းဖက်လို့ နက်နက်ရှိုင်းရှိုင်းနမ်းလာတဲ့ ကောင်း......
အရင်လိုအနမ်းတစ်ခုကြောင့် ကြောက်ရွံ့ပြီး ထွက်ပြေးတတ်တဲ့ ဆယ်ကျော်သက်အရွယ်ကကျော်ခဲ့ပြီပဲ..
ခုက အနမ်းတွေကို နက်နက်နဲနဲပုံဖော်နိုင်တဲ့အရွယ် နက်နက်ရှိုင်းရှိုင်းစတင်နိုင်တဲ့အရွယ်...
အသက်ရှူသံပြင်းပြင်းတွေကြား အနမ်းတွေက မသိမ်မွေ့တော့ပေမဲ့ နမ်းချင်နေတုန်းပဲ လိုချင်နေတုန်းပဲ အနမ်းတွေကို........
.........................

"ထိုက်တန်လွန်းသောအနမ်း.........ကောင်း........"

မောင်မှမဟုတ်ရင်..... (One Short) Where stories live. Discover now