"မေ၊ ကိုး.......မွေးနေ့လက်ဆောင်....... "

85 10 0
                                    

(One Short)
မွေးနေ့စားပွဲအတွက် အစားအသောက်ပြင်နေတုန်း အနောက်ကနေ တိတ်တိတ်လေး လာဖက်တဲ့ ကိုး ကြောင် မေ့ကိုယ်လေး တစ်ချက်တုန်သွားတယ်။
"ရောက်လာပြီလား။ ခဏနားဦး ဒီမှာပြင်လို့မပြီးသေးဘူး"
"မေ ဘာတွေပြင်နေတာလဲ"
"နည်းနည်းပေါ့။ ကိုး စားလာပြီးသားမလား။ ဗိုက်အရမ်းတင်းမှာစိုးလို့ နည်းနည်းပဲ။ ဒီတိုင်း ကိုး မွေးနေ့ပွဲကို ဘာမှ မပြင်ပေးဘဲ ကျော်မသွားလိုက်နိုင်လို့"
"မေ စိတ်မကောင်းမဖြစ်ဘူးလား"
အနောက်ကနေ ခါးကိုသိုင်းဖက်ထားရက်နဲ့ ကျောလေးကို ခေါင်းမှီပြီး မေးနေတဲ့ ကိုး။
ဖက်ထားတဲ့ လက်နှစ်ဖက်ကို အပေါ်ကအုပ်ကိုင်ထားရင်း...
"ဘာကို စိတ်မကောင်းဖြစ်ရမှာလဲ။ စိတ်မကောင်းဖြစ်ရမဲ့ အကြောင်းကို ပြောကြည့်"
"မေ ကချည်း ကိုး ကိုနားလည်ပေးနေရတယ်။ တကယ်ဆို ကိုး လိုလူက မေ့အချစ်နဲ့ မထိုက်တန်.... "
ရုတ်တရက်လှည့်လာပြီး ကိုး နှုတ်ခမ် ကိုနမ်းလိုက်တဲ့ မေ့ ကြောင့် စကားစက ရပ်သွားရတယ်။ ကိုး ခါးကို ဘယ်လက်က တင်းနေအောင် ဆွဲဖက်ထားပြီး ညာဘက်လက်နဲ့ ကိုးရဲ့မေးရိုးကို ဖွဖွလေးအုပ်ကိုင်ပြီး လက်မလေးနဲ့ ကိုးရဲ့ပါးကို ရွရွလေးပွတ်သပ်နေတဲ့ မေ။ မေ့ရဲ့ ရွှန်းလဲ့တဲ့ မျက်ဝန်းတွေနဲ့ မြတ်မြတ်နိုးနိုး အကြည့်ခံရတိုင်းမှာ ခန္ဓာကိုယ်ရဲ့ အပူချိန်က အမြဲလိုလိုတိုးတိုးလာပြီး တစ်ခုခုကိုတောင့်တနေသလို။
အရွယ်ရောက်ပြီးသား မိန်းကလေးတစ်ယောက်အနေနဲ့ ဘာလိုချင်လည်း အသေအချာသိနေပေမဲ့ ဘဝရဲ့ အမှောင်တဖက်ခြမ်းက စိတ်ဒဏ်ရာအချို့ကြောင့် ကိုး တို့ချစ်သူနှစ်ယောက်ရဲ့ ဆက်ဆံရေးက ပဝါပါးပါးတစ်စ ခြားနေသလို။ ကိုးရဲ့ စိတ်မလုံခြုံမှုကို အများဆုံး နားလည်ပေးခဲ့တဲ့ မေ့ကို ကျေးဇူးတင်မိသလို အမြတ်တနိုး တန်ဖိုးထားချစ်မိပါရဲ့။
"မိုးချုပ်မယ် ခဏ....."
" ဒီည ဒီမှာ မေနဲ့အတူတူအိပ်မှာလို့ အိမ်ကိုပြောခဲ့ပြီးပြီ" ဆိုတဲ့စကားကို ကြားပြီးနောက် မေက အပြုံးအကြီးကြီးနဲ့..
"တကယ်လား။ အဲ့ဒါဆို ရေသွားချိုးလိုက်တော့ မေ ပြင်ထားလိုက်မယ်။ ကိုး ရေချိုးပြီးရင်အတော်လောက်ပဲ"
"ကိုး ကို မွေးနေ့လက်ဆောင် ဘာပေးမှာလဲ"
"မေ့အချစ်တွေအများကြီး ပေးထားတာကို။ ဘာထပ်လိုချင်သေးလို့လဲ။"
"အာ....... အဲဒါက သက်သက်ပဲ။ မေ ဘာမှပြင်မပေးထားတာတော့ မဟုတ်ဘူးမလား" သံရှည်စွဲရင်း နှုတ်ခမ်းလေးစူ လို့ ခပ်စောင့်စောင့်ပြောတော့..
ချစ်မဝတဲ့ မျက်လုံးတွေနဲ့ ခပ်ပြုံးပြုံး မိုးကြည့်နေရင်းက
"ကိုးက လိုချင်တာရှိလို့လား"
"အင်း... အသေအချာရှိတယ်"
"ဟုတ်ပါပြီ မေ က ပြင်ထားပြီးသား ပေးဖို့။ ဒါပေမဲ့ ကိုး လိုချင်တာလည်း ထပ်တောင်းလို့ ရတယ်။ မေ့မှာ သုံးပေးစရာက ကိုး တစ်ယောက်အတွက်ပဲရှိတာ"
"ရေသွားချိုးတော့ မိုးချုပ်နေပြီ"
"ဟုတ်" ဆိုပြီး မေ့ပါးကို ခြေဖျားလေး ထောက်ပြီး ခပ်ဖွဖွ နမ်းသွားတဲ့ကိုး..
မေ့ရဲ့ ချစ်မဝ မြတ်နိုးမဝလေး....
..........
"အန်တီတို့ အန်ကယ်လ် တို့ရဲ့ ဂုဏ်သိက္ခာက ကိုး ထက်မှ အရမ်းကိုတန်ဖိုးကြီးနေရင် ဒီအမှုပြီးတဲ့ အထိ မေ့ ဘာသာပဲ တာဝန်ယူမယ်"
ရှိုက်၍ ငိုရလွန်းလို့ အသံတောင်မထွက်နိုင်တော့တဲ့ ကိုး ကို ရင်ခွင်ထဲ တင်းနေအောင် ဖက်ရင်း နာနာကျင်ကျင်ပြောနေတဲ့ မေ့အသံက ဒေါသတွေ ဝမ်းနည်းမှုတွေကြောင့် အဖျားခပ်မှာ နည်းနည်းတုန်သွားတယ်။
"ဘယ်နှစ်ကြိမ် ဖြစ်ဖြစ် ဂရုမစိုက်ဘူး။ သူကြောက်နေခဲ့လို့ လို့ ပြောရင်ယုံပေးကြပါရှင်။ သူစိမ်းကို ပိုယုံပြီး နှစ်ရှက်မဖြစ်ဖို့ဆိုတဲ့ စကားနဲ့ ကိုယ့်သမီးကို မုဒိမ်းသမားလက် ဝ ကွက်အပ်မလို့လား"
"ရီးစားမပြောနဲ့ လင်မယားဖြစ်နေရင်တောင် ဆန္ဒမပါရင် မုဒိမ်းမှုမြောက်တယ်ဆိုတာ အန်တီတို့ သိပြီးသားပါ"
"ဆန္ဒမပါဘဲ အဓမ္မဆက်ဆံခံရတဲ့ မိန်းကလေးပဲ ဖြစ်ဖြစ် ယောက်ျားလေးပဲဖြစ်ဖြစ် ဘယ်လောက်စိတ်နာကျင်ရမလဲ။ အဲ့လိုလူကို နင့်အမှားဆိုပြီး အားလုံးက လက်ညှိုးဝိုင်းထိုးကြရင်တောင် အန်တီတို့က ကာကွယ်ပေးရမှာ သူစိမ်းလည်းမဟုတ် သမီးအရင်းကို သမီးအရင်းဖြစ်နေတာကို" ဆိုတဲ့စကားက တိမ်ဝင်လို့သွားရတယ်။
"ယုံကြည်မိတဲ့ သံယောဇဉ်ရှိမိတဲ့ လူတစ်ယောက်ရဲ့ မညှာမတာ အဓမ္မ အနိုင်ကျင့်ခံရတဲ့ မိန်းကလေးတစ်ယောက်ရဲ့ စိတ်အနာတရဖြစ်မှု စိတ်မလုံခြုံမှု စိတ်ဒဏ်ရာ ကို ကုဖို့တောင် မလွယ်တာကို ထပ်ပြီး ခေါင်းမမော့ရဲအောင် မလုပ်ပါနဲ့ အန်တီနဲ့ အန်ကယ်လ်။ ကိုး ကို နွေးထွေးပေးပါ။ တန်ဖိုးထားပေးပါ။ ချစ်ပေးပါ" ဆိုပြီး တဖွဖွ တောင်းဆိုပေးနေတဲ့ မေ့မျက်ဝန်းတွေက နာနာကျင်ကျင် ကြေကြေကွဲကွဲ။
............
မေ့ရဲ့ ဖေးမမှုတွေသာ မရှိခဲ့ရင် ကိုး ပြန်ရပ်တည်နိုင်လာဖို့မလွယ်ကူခဲ့ဘူး။ ချစ်မိခဲ့သူပေးတဲ့ စိတ်အနာတရတွေက မေ့ရဲ့နွေးထွေးတဲ့ ဂရုစိုက်မှုတွေကြား လျော့ပါးလာခဲ့ပေမဲ့။ လုံးဝအရှင်းမပျောက်နိုင်သေး။ အနေတည်တဲ့ မေ့ရဲ့ နှလုံးသားကတော့ လူတိုင်းအပေါ်နွေးနွေးထွေးထွေး။
"ဟိတ်.. ငြိမ်လှချည်လား။ ဘာတွေတွေးနေတာလဲ။ မေ မနက်စာမစားခဲ့ရဘူး။ ဗိုက်ဆာနေပြီ နေ့လယ်စာသွားစားရအောင်"
"သွားစားလေ ဟိုဆံပင်ရွှေရောင်လေးနဲ့ကောင်မလေးနဲ့"
"အယ်"
"တကယ်တည်း မပြောချင်ဘူး အလုပ်ကမဝင်ရသေးဘူး မေးစရာလူအဲ့လောက်ရှားလို့ CEO ထိတက်မေးရတာလား"
"အဲ့လောက်ရှင်းပြချင်နေ ဝန်ထမ်းခန့်ထားမနေနဲ့ ကိုယ့်ဘာသာပဲ အကုန်လုပ်လိုက်ပါတော့လား။ သူ့အထက်လူကြီးတွေက ဘာလုပ်နေလို့လဲ"
"ရှင်းပြချင်နေတာနေမှာပါ သူကိုက။ မျက်နှာကြီးကိုဖြီးနေတာ"
"အဲ့ဒါကြောင့် သူ့ရုံးမလာချင်တာ။ လာတာနဲ့ မတွေ့ချင် မမြင်ချင်တာတွေက မျက်လုံးထဲတန်းဝင်လာတော့တာ"
"မေ ဘာလုပ်မိလို့လည်း ကိုးရယ်"
"ဘာမှ မလုပ်ပါဘူး။ ဘာမှကိုမလုပ်တာ။ တော်ပြီ ပြန်တော့မယ်။ နေ့လယ်စာကို ဟိုတစ်ယောက်နဲ့ အလုပ်ကိစ္စရှင်းပြရင်းပဲ အတူစားလိုက်တော့" ဆိုပြီး ထထွက်မယ်အလုပ်...
ကိုးလက်ကို လှမ်းဆွဲလိုက်တော့ ခန္ဓာကိုယ်က တစ်ချက်ယိုင်သွားပြီး ငိုက်ကျလာတာကို အခွင့်ကောင်းယူပြီး ခပ်တင်းတင်းဖက်ထားတဲ့ မေ။
"စိတ်မဆိုးပါနဲ့ ကိုးရယ်။ မေ့မှာ ကိုး အပြင်မရှိပါဘူး။ မမြင်ဘူးလား။ မတွေ့ဘူးလား။ မေ့မျက်ဝန်းက စကားတွေကို မြတ်နိုးလွန်းလို့ မပြောရက်ခဲ့ဘူး။ အခွင့်အရေးယူသလို ဖြစ်မှာစိုးလို့ ဒီနှစ်တွေထဲ မေ ဘယ်လောက်ထိန်းခဲ့ရတယ်ထင်လဲ။"
မေ့ရဲ့ နူးနူးညံ့ညံ့နဲ့ ချော့မြူသလို စကားတွေက အငိုလွယ်သူ အရှိုက်ခက်အောင်။
"ကြောက်လို့ ကိုး ကြောက်နေခဲ့လို့ မေ ထားခဲ့မှာ။ မေ စွန့်ပြစ်ခဲ့မှာကို ကြောက်နေခဲ့လို့။ မေ့ရဲ့ ဖြူးစင်မှုတွေ ကိုးကြောင့် ညစ်နွမ်းကုန်မှာ စိုးတာတစ်ဖက်။ မေ့ကို ဆုံးရှုံးရမှာ ကြောက်တာတစ်ဖက်။ ကိုးက ကိုးက......"
"ကိုးရယ်........"
"မေ ဘယ်လို လုပ်ပေးရမလဲ။ မေ ဘယ်လိုလုပ်ပေးရမလဲ..ဟင်။ ကိုး စိတ်တွေလုံခြုံအောင် မေ ဘယ်လိုလုပ်ပေးရမလဲ"
............
စားပွဲပြင်နေတုန်း
"မွှေးနေတာပဲ။ ဗိုက်တောင်ပြန်ဆာလာပြီ" ဆိုပြီး ခါးကိုအနောက်ကနေ လာဖက်ပြီး ဘေးကနေ ခေါင်းလေးစောင်းပြီး ကြည့်နေတဲ့ကိုး...
"ခေါင်းလျှော်လိုက်တာလား။ မိုးချုပ်နေပြီကို ရေလည်း ပြောင်အောင် မသုပ်ဘူး" ခေါင်းလေးစောင်းပြီး မေ ပြောတော့..
"ပြီးမှ မေ သုပ်ပေး" ဆိုပြီး အနောက်ကနေ မေ့ မေးလေးကို မမှီမကမ်း လှမ်းနမ်းလိုက်တဲ့ကိုး....
ရေချိုးပြီးကာစမို့ ကိုး ရဲ့ အသားကအေးအေးလေးနဲ့ ကိုယ်တိုက်ဆပ်ပြာနံ့ သင်းသင်းလေး...
မေ့စိတ်ကို မရိုးမယွဖြစ်လာစေခဲ့လို့ မေ့စိတ််တွေ ဒီထက် မဖောက်ပြားခင် အမြန်စိတ်ကိုထိန်းပြီး ခုံပေါ်ထိုင်ခိုင်းဖို့ လက်ကိုဆွဲပြီး ရှေ့ထုတ်လိုက်မှ အသက်ရှုဖို့တောင် မေ့သွားရဲ့
ကိုး လေ.....
မေ့ရဲ့ shirt လက်ရှည် အဖြူပါးပါးကို အပေါ်ကြယ်သီး နှစ်လုံးဖြုတ်ပြီး အလယ်က ကြယ်သီးသုံးလုံးပဲ တပ်ထားတယ်။ ဖြူလွလွ အသားအရည်က ရေချိုးပြီးကာစမို့ ပန်းရောင် ဖျော့ဖျော့ ပြေးနေလေရဲ့။ ပေါင်ရင်းနားကပ်နေတဲ့ ဘောင်းဘီတိုလေးက အင်္ကျီနဲ့ဖုံးနေလို့ ရုတ်တရတ်ဆို ဘာမှ မဝတ်ထားသလို။ သွယ်လျလျ ခြေထောက်လေးကိုကြည့်ရင်း မေ လည်ချောင်တွေခြောက်လာလို့...
"ဒီမှာ....ဒီမှာ ခဏ.. ခဏ ထိုင်ဦး.... မေ... ရေ...ငတ် ရေ..ငတ် နေလို့...." လို့ အထစ်ထစ် အငေါ့ငေါ့ ဆိုရင်း ရေခဲသေတ္တာထဲက ရေဘူးကို ဖွင့်ပြီး အငမ်းမရသောက်နေတဲ့ မေ့လက်တွေက သိသိသာသာ တုန်လို့....
မေ့အဖြစ်ကို ကြည့်ပြီး ခေါင်းငုံ့လို့ နှုတ်ခမ်းကို အသာကိုက်ပြီး ကိုး ပြုံးလိုက်မိတယ်..
မေ့ရဲ့ ချစ်ဖို့ ကောင်းနေမှုကြီး.....
"မေ..... "
"ဟင်..ဟင်!"
အသိစိတ်လွတ်နေသလို အလန့်တကြားထူးလာရင်
"ကိုး သီချင်းဖွင့်လိုက်မယ်နော် မေ.. "
"အင်း.. အင်းးးး"
ညစာ စားနေရင်း ကိုး လိုတာမှန်သမျှ အကုန်လုပ်ပေးနေတဲ့မေက ကိုး ကို စေ့စေ့ကိုကြည့်မလာဘဲ ခေါင်းကြီးငုံ့လို့ အတင်းစားနေလေရဲ့..
"မေ.. " ဆိုပြီး ခပ်ဆောင့်ဆောင့်ခေါ်လိုက်တော့
"ဟင်!"
ဆိုပြီး အလန့်တကြား မော့ကြည့်လာတဲ့ မေ့ကြောင့်.. ကိုး ရယ်ချင်စိတ်ကိုထိန်းရင်း...
"ဗိုက်တအား ဆာနေတာလား။ ခေါင်းကို မော့မလာဘူး။ ဒီက သူနဲ့မျက်နှာချင်းဆိုင်စားချင်လို့ အလုပ်ကလူတွေ အတင်းကျွေးတာတောင် နည်းနည်းပဲစားလာခဲ့တာကို.. မေက ကိုး မျက်နှာတောင်မကြည့်ဘူး.. " ဆိုပြီး အသံတိုးတိုးနဲ့ ခေါင်းလေးငုံ့ ပြောတော့...
ကိုး ကို ငေးကြည့်နေရင်း ...
"မဟုတ်ပါဘူး ကိုးရယ်.. မေက ဒီတိုင်း... "
"ဟူးးးး" မေးသက်ပြင်ရှည်ချရင်း
"ကိုးရယ်..... မေ.. မေ ကိုယ့်ကိုကိုယ်ထိန်းချုပ်နိုင်အောင် ကြိုးစားနေတာပါ။ မေ စိတ်ရိုင်းတွေ ဝင်လာမှာစိုးလို့ပါ" လို့ ခပ်တိုးတိုး ဆိုတော့..
ကိုး ထပ် မစရက်တော့ပါဘူး....
ညစာ စားပြီးတော့ မေ ကဆေးကြောနေတုန်း ကိုး က တီဗွီကြည့်ရင်းစားဖို့ အသီးနွှာလိုက်တယ်။ အသီးနွှာရင်းက တစ်ချို့ကို စာရင်း မေ့ကိုလည်း လှမ်းလှမ်းခွံ့ပေးနေသေးတာ...
တီဗွီကြည့်တော့ မေက ကိုးနား လာမထိုင်ဘူး။ မေ စိုးရိမ်နေတာကို သိတာပေါ့။ ဟိုတစ်ခါလို ကိုးကို လန့်စေမိမှာကို စိုးရိမ်နေတာကို။ မေ မလာတော့ ကိုးက သွားရမှာပေါ့။ မေ့ရဲ့လက်ကို ကိုးပုခုံးပေါ်တင်ပြီး မေ့ရင်ခွင်ထဲ အရိုးမပါသလို မှီချလိုက်တယ်။ မေ့ရင်ခွင်ကနွေးနွေးထွေးထွေး လုံလုံခြုံခြုံ။ ကိုးက သက်တောင့်သက်သာဖြစ်သလောက် မေ့ကိုယ်လုံးက တောင့်တောင့်ကြီး အသက်တောင်မရှုတော့သလို......
"ကိုး.. မေ အိပ်.. အိပ်တော့မယ်.. ကိုး.."
"မေ.."
ကိုး ခေါ်ရင်း မေ့ပေါင်ပေါ်ခွထိုင်လိုက်တယ်။ မေ့မျက်နှာကို လက်နှစ်ဖက်နဲ့ ဖွဖွလေးကိုင်လိုက်ပြီး မေ့အောက်နှုတ်ခမ်းကို ဖွဖွလေး နမ်းလိုက်တယ်။
"မွေးနေ့လက်ဆောင် အခုယူမို့။ အခုပေး။ မေ့ကို လိုချင်တယ် .. ကိုး.. မေ့ကိုလိုချင်တယ်.... ကိုးရဲ့အရာအားလုံးကို ယူပေးပါနော်မေ့ရဲ့အရာအားလုံးကိုလည်း မွေးနေ့လက်ဆောင်အဖြစ်ကိုးကို ပေးပါနော်"
"ကိုး......မေ "
"များသွားလား များသွားလားဟင်၊ ကိုး တောင်းတာများသွားလား.. "
"ဟင့်အင်း... မများပါဘူး။ မေက အစတည်းက ပေးချင်တာပါ။ လိုချင်တယ် ကိုးရဲ့ အရာအားလုံးကို ကိုးကြောက်နေမှာစိုးလို့ ကိုးကို လန့်စေမိမှာစိုးလို့.. မေ... "
"ကိုး အဆင်သင့်ဖြစ်ပြီ မေ..မေ့အတွက် ကိုး စိတ်တွေ အားလုံးပြင်ပြီးသွားပြီ မေနဲ့ဆို ကိုး ဘာစိတ်ဒဏ်ရာမှ မရှိတော့တဲ့အထိ.. "
လို့ဆိုရင်း မေ့နှုတ်ခမ်းကို မက်မက်မောမော နမ်းရှိုက်လိုက်တော့
မေ့ လက်တွေက ကိုးကို ခပ်တင်းတင်း ပြန်ဖက်ရင်းတုန့်ပြန်လာတယ်။ ခန္ဓာကိုယ်အနှံ ပြေးလွှားပွတ်သတ်နေတဲ့ လက်တွေကြောင့် အတွင်းဟိုးတစ်နေရာကဆာလောင် မွတ်သိပ်လာသလို တခုခုကိုအငမ်းမရ တောင့်တမိလာတယ်။ နက်ရှိုင်းလွန်းတဲ့အနမ်းတွေကိုအချိန်အတော်ကြာတဲ့အထိနမ်းရင်း အသက်ရှူမဝလာတော့လို့ ကိုး ခေါင်းကို မော့လို့ အသက်လုရှူလာတော့ မေ့နှုတ်ခမ်းတွေက ကိုးရဲ့လည်တိုင်ကျော့ကျော့နဲ့ ရင်ဘတ်ပေါ် နေရာပြောင်းရင်း အရာတွေပေါ်တဲ့အထိ စွဲစုပ်လို့အနမ်းပြင်းပြင်းတို့နဲ့ ထိတွေလာတော့ မေ့ရဲ့ဆံပင်တွေကြား လက်ကိုထိုးသွင်းလို့ တင်းနေအောင်ပြန်ဖက်ထားမိရင်း ငြီးသံသဲ့သဲ့သာပြုနိုင်ရဲ့။ ကျောပြင်မှာပြေးလွှားနေတဲ့ မေ့ရဲ့လက်တွေက ကိုးရဲ့ ရှပ်အင်္ကျီအောက်က ဝမ်းဗိုက်ကို ပွတ်သပ်ရင်း အပေါ်ကိုတက်လာတော့ မေ့လက်ကိုတားရင်း...
"မေ.. မေ.. "
လို့ အမောတကောခေါ်မိတော့...
"ဟင်.. ဟင်.. မေ အပြစ် လုပ်မိပြီလား" ဆိုပြီး ခပ်နွမ်းနွမ်းဆိုလာတော့
"ဟင့်အင်း.. အခန်းထဲသွားရအောင်နော်" ဆိုမှ အပြုံးအကြီးကြီးနဲ့ မေ့ခါးကို ခွထိုင်ထားတဲ့ ကိုး ကို နမ်းရင်း ထရပ်လိုက်ပြီးပွေ့ခေါ်သွားတဲ့မေ....
ကိုး ဖွင့်ထားတဲ့ သီချင်းသံတိုးတိုးလေးကတော့ အခန်းထဲ ပြန့်နှံ့နေရင်း....
🎶🎶🎶🎶🎶🎶🎶
🎶အပြာရောင် ချစ်ည🎶.. မင်းလှမ်းကြည့်လိုက်စမ်း🎶....
🎶မိုးကောင်းကင်ထက်🎶 ...များတဲ့... တို့အချစ်များ🎶...
🎶ကြယ်စင်အားလုံးထက်🎶...လင်းတဲ့...တို့အချစ်များ🎶.
🎶အပြာရောင်ချစ်ည🎶... ကမ္ဘာမှာ🎶🎶
.....................

"မေ၊ ကိုး.......မွေးနေ့လက်ဆောင်....... "

မောင်မှမဟုတ်ရင်..... (One Short) Where stories live. Discover now