အခဏ်း ၄။ (Z)

96 1 0
                                    


အပိုင်း ၄အိမ်ရှေ့စံ ရွှေကိုယ်တော်ကြီး တစ်ပါးတည်းသလွန်ပေါ်ထိုင်ရင်း .. အတွေးတွေများနေရသည်။ လက်တွေ့က စိတ်ကူးနဲ့ မတိုက်ဆိုင်တဲ့အခါ ဖြစ်လေ့ဖြစ်ထရှိတာတွေကို .. သတိထားနေမိပေမယ့်.. သာမန်ကိစ္စမျိုးမဟုတ်တာမို့လည်း ခြေလှမ်းမမှားရဲ။ ဖခမည်းတော်က မန္တလေးက ပိုးထည်ယက္ကန်းတွေကို လက်လွှဲချင်လာသလို.. နန်းတော်ရဲ့ ပင်မစီးပွားအရင်းအမြစ်ဖြစ်တဲ့ စိုက်ပျိုးရေးလုပ်ငန်းနဲ့ နိုင်ငံတစ်ကာ ကူးသန်းဆက်သွယ်ရေးလုပ်ငန်းကို ဉီးဆောင်စေချင်ပြီလို့ မိန့်လာခဲ့တာ..ကိုယ်တော်ကြီး ဒွိဟတင်မက .. သောကတစ်ခုကိုပါထပ်ခံစားနေရပြန်သည်။စံအိမ်မှာ ညီတော်ကိစ္စ စီမံနေတုန်းက ရတနာမယ် စံအိမ်ကို ခဏခဏ လာချောင်းနေခဲ့တာ ကိုယ်တော်ကြီး သိသည်။ ကိုယ့်နောက်မှ လူလားမြောက်တဲ့ ညီမဝမ်းကွဲက ကိုယ်တော်ကြီးအပေါ် ဘယ်လိုသဘောထားနေတယ် ဆိုတာ သိသာအောင်ကိုပဲ ကပ်လွန်းလှသည်။ ငယ်စဉ်တုန်းက ဉီးရီးတော် ရဝေအောင် ကမွေးတဲ့ ညီတော် နန္ဒတစ်ယောက်ကိုသာ ခင်မင်ခဲ့ရပေမယ့် ဒွေးတော်စုကလျာနွယ်က မွေးတဲ့ ရတနာမယ်ကို ညီမလေးအဖြစ် ကိုယ်တော်ကြီးတို့တွယ်တာခဲ့ရတာ.. အရွယ်တွေရောက်လာတော့ နန်းတွင်းက ဟိုစကားဒီစကားတွေနဲ့ ရတနာမယ်ရဲ့ စိတ်တွေ ပုံပြောင်းလာတာမို့ ခပ်ဝေးဝေးပဲနေခဲ့ပေမယ့်. .. အခုလို ခဏခဏ အနားရောက်လာတတ်တာကို မောင်နှမဝမ်းကွဲချင်း ရင်းနှီးလို့ပါလို့ ဘယ်လိုမှ သဘောထားလို့မရ။ညီတော်ရဲ့ အိပ်ဆောင်နဲ့ တစ်ဆက်တည်းအတွင်းလမ်းပါဝင်တဲ့ နန်းဆောင်အသစ်ကို ဧက ၃၀ ကျော် ဉယာဉ်ကြီးဘက်မှာ တိုးချဲ့ဆောက်လုပ်တဲ့ လုပ်ငန်းလည်း အဆုံးသတ်ပြီဖြစ်သလို.. တေဇာနဲ့ ဒီပါတို့လည်း စာမေးပွဲ ပြီးဆုံးလေပြီမို့ .. သတိုးဘုန်းရာဇ.. ညီတော့်ကို နန်းတော်ပြန်ခေါ်ချင်ပေမယ့်.. ဖခမည်းတော်ကို ဘယ်လိုလျှောက်တင်ရမလဲ နည်းလမ်းရှာမရနိုင်။ နဂိုအလေးအနက်ထားရတဲ့ ဖခင်စကားထက်ပိုဆောင်းကာ ဘုရင့်အမိန့်အာဏာနဲ့ ခွဲပစ်လိုက်ရင်ဖြင့်.. ညီတော်လေး စိတ်ဆင်းရဲရှာတော့မှာ။လှရူပါစံနဲ့ တွေ့ဆုံခဲ့ရပြီးကတည်းက လှရူပါစံအပေါ် ချစ်မြတ်နိုးခြင်းတွေကိုလည်း ကိုယ်တော်ကြီး မအောင့်အည်းနိုင်အောင် အတော်သည်းခံနေရပြန်သည်။ကိုယ်ကထိုင်နေပေမယ့်.. စိတ်က အပြေးသွားနေပြီမို့ မြန်လွန်းတဲ့စိတ်နောက် ကိုယ်တော်ကြီး အမီလိုက်နေရတာ ပင်ပန်းလှသည်။*******"နှမငယ်.. မောင်ကြီးနဲ့ တစ်ခေါက်လောက် ထပ်ဆုံဖို့ ဆန္ဒရှိပါသလား သိလိုတာမို့ ဖုန်းဆက်လိုက်ရတာပါ"ဆိုလာတဲ့ အိမ်ရှေ့စံကို ရူပါ.. မတွေ့ချင်စရာအကြောင်းမရှိပါ။ ပထမဆုံးအကြိမ် ဆုံတွေ့စဉ်ကတည်းက ရင့်ကျက် တည်ငြိမ်ပြီးစိတ်သဘောထားပြည့်ဝကောင်းမွန်တဲ့ ထိုလူကို ရူပါ မှတ်မှတ်ထင်ထင် ရှိနေမိသည်။ ဒီပါလေးကတော့ ချစ်ရသူနဲ့ အတူနေရဖို့ အခွင့်အရေးကို တွေးရင်း ပျော်နေပေမယ့်... အိမ်ရှေ့စံကိုယ်တော်ကြီးကတော့ တစ်ခုခုကိုစိတ်ပူနေပုံရလေသည်။ဒုတိယအကြိမ်ဆုံတွေ့ခြင်းက အလုံက တေဇာတို့ အိမ်မှာမို့.. အကြိုလွှတ်လိုက်တဲ့ မာဇတာကားပေါ် တက်လိုက်သွားရင်း ကိုယ်တော်နဲ့ နောက်တစ်ကြိမ်ဆုံရဖို့ကို စိတ်လှုပ်ရှားနေမိပြန်သည်။"အခုလို လိုက်ပါလာခဲ့ပေးတာ ကျေးဇူးတင်ပါတယ် နှမငယ်။ စိတ်အေးလက်သာ ထိုင်ပါ""ကိုယ်တော်ကြီး .. ညီမကိုတွေ့ချင်တဲ့ အကြောင်းအရာက ဘာများလဲရှင်""အိပ်ခန်းဆောင် အဲ.."မျက်နှာနီမြန်းသွားတဲ့ ကိုယ်တော်ကြီးကို ရူပါ စိတ်ထဲကပြုံးလိုက်မိသည်။ အရှက်သည်းနေတဲ့ ထိုကိုယ်တော်က ... သူပဲ အိမ်ထောင်ပြုမယ့်သူကျလို့။"ဟို.. အ‌ဆောင်ခန်း.. အပ်နှင်းဖို့ တိုးချဲ့တည်ဆောက်တာ ပြီးစီးပါပြီ ညီမငယ်။ မောင်ကြီးမှာ အခက်အခဲတစ်ခုရှိပါတယ်။ ဒီပါ့ကို ပြောပြီးပြီဆိုပေမယ့်.. မောင်ကြီးဘက်က တစ်လေးတစ်စား အသိပေးဖို့လိုတယ် ယူဆတာမို့.. မောင်ကြီးက တွေ့လိုရခြင်းပါ ဗျာ""ဟုတ်ကဲ့ အမိန့်ရှိပါရှင်""အ‌ဆောင်ခန်း အပ်နှင်းတဲ့ အစဉ်အလာအရ. . ဘွဲ့တစ်ခုတော့ ဆောင်ရတယ် နှမငယ်..။ မောင်ကြီးမှာ .. စိတ်ကူးနဲ့ လက်တွေ့ တစ်ထပ်တည်းမကျတဲ့ အခက်အခဲကြောင့် အတော် စိတ်ညှိုးနွမ်းရပါတယ်ဗျာ။ နှမငယ်မှာ အကြံဉာဏ်ရှိခဲ့ရင် မျှပါဗျာ။ ဆောင်ခန်းအပ်နှင်းဖို့ရာ.. မောင်ကြီးက ဘွဲ့ချီးမြင့်ဖို့ အခွင့်အာဏာ မရှိပါဘူးနှမငယ်။ ဖခမည်းတော်ကသာ ဘွဲ့ချီးမြှင့်မှာမို့... မှူးမတ်ရာထူး.. ကိုသာ အမြင့်ဆုံး ချီးမြှင့်နိုင်မှာ နှမငယ်ရဲ့။ မှူးမတ်များကိုလည်း ဘုရင့်သားတော်များနဲ့ ဆောင်ခန်းတစ်မိုးတည်း အပ်နှင်းလေ့ မရှိ။ အမှန်အတိုင်းဖွင့်ပြောဖို့ရာမှာလည်း မောင်ကြီးမှာ အားမရှိဖြစ်နေရတာပါ နှမငယ်။""ဒီအတိုင်းဆိုရင်တော့... ဒီပါ့ကို စွန့်လွှတ်ဖို့တိုက်တွန်းရုံကလွဲပြီး .. မတတ်နိုင်လောက်ပါဘူး ကိုယ်တော်ကြီး။ ညီမပြောဖူးသလိုပါပဲ။ ကိုယ်တော်ကြီးတို့ မိသားစုကြီးထဲမှာ မောင်ငယ်လေး မျက်နှာငယ်နေမှာ မပျော်ရွှင်မှာ ကြောက်ပါတယ်ရှင်""မောင်ကြီး အာမခံတဲ့ ပျော်ရွှင်မှုကို .. ပွင့်ပွင့်လင်းလင်း သိက္ခာရှိရှိနဲ့ ဒီပါ ခံစားရစေချင်လို့ မောင်ကြီး အကျပ်အတည်းဖြစ်ရတာပါ နှမ။ ဒီပါမျက်နှာငယ်ဖို့ .. တေဇာ စိတ်ဆင်းရဲဖို့ မောင်ကြီး တွေးတောင် မတွေးချင်ပါဘူးဗျာ။"စကားအတိုင်း ခံစားရတဲ့ ခံစားချက်က မျက်နှာမှာပေါ်လာလောက်အောင်ကိုပဲ အိမ်ရှေ့စံမျက်နှာ ပါးတော်မူလေသည်။ရူပါစံ့ကို အကဲခတ်နေရင်း. .. အကြံတစ်ခုရုတ်တရက် ရလိုက်ပေမယ်.. ကိုယ်တော်ကြီး ခေါင်းခါပစ်လိုက်ရသည်။ အို ဘာတွေ တွေးနေပါလိမ့် သတိုးဘုန်းရာဇ.. ဒါက အခွင့်အရေးယူတာပဲမဟုတ်ဘူးလား။"ညီမ ဒီပါနဲ့တိုင်ပင်ပါအုံးမယ် ကိုယ်တော်ကြီးရှင်.. အခုလို ပွင့်ပွင့်လင်းလင်း ပြောပြတာ ကျေးဇူးလည်းတင်ပါတယ်။ လိုအပ်မယ်ဆိုရင်.. ညီမကိုယ်တိုင် တေဇာရဲ့ ဖခင်ကို ခွင့်တောင်းလိုပါတယ်ရှင်။ ကိုယ်တော်ကြီးတို့ မိသားစုဂုဏ်ကြောင့် ... ဒီပါ့ကို တိတ်တဆိတ် လက်ထပ်ယူမယ်ဆိုတာ .. ညီမသဘောတူထားခဲ့ပြီးပြီမို့.. ဒီပါမိသားစုထဲမှာတော့ လွတ်လပ်နေသင့်တယ်မဟုတ်လား ကိုယ်တော်ကြီး။""မောင်ကြီးနဲ့ စိတ်ကူး တိုက်ဆိုင်ပါပေတယ် နှမငယ်"ရူပါစံ သင့်တော်တဲ့အကြံတစ်ခုကို တွေးမိပေမယ့်.. မဖြစ်နိုင်တဲ့ အကြံဉာဏ်အတွက် အချိန်ကုန်မခံတော့ဘဲ ကိုယ်တော်ကြီးကိုနှုတ်ဆက်ကာ ပြန်လာခဲ့တော့သည်။အိမ်ပြန်ရောက်ကတည်းက အတွေးများနေတဲ့ အမဖြစ်သူအနား ဒီပါကပ်ကာ စပ်စုမိသည်။"မမ.. အကိုကြီနဲ့ တွေ့လာခဲ့တာ အဆင်ပြေရဲ့လားဟင်။""ပြေပါတယ် ဒီပါ။ မောင်လေး.. ဆုံးဖြတ်ပြီးပြီလား""ဟိုအရင်တုန်းကတော့.. မျှော်လင့်ချက် မရှိဘူးဆိုပြီး ခွဲခွာဖို့ဆုံးဖြတ်ခဲ့တယ် မမ။ အခု အကိုကြီးကြောင့် မျှော်လင့်ချက်ရှိလာတော့ စွန့်လွှတ်ဖို့ဆိုတာ တွေးမိရင်တောင် ရင်တွေနာလို့.. လုံးဝမစွန့်လွှတ်တော့ဘူးလို့ ဆုံးဖြတ်ထားမိတယ်။ အကိုကြီးပြောသလိုဆိုရင်.. တေဇာ့အနားနေရမယ်သာဆို ဒီပါ ဘယ်နေရာပဲဖြစ်ဖြစ် နေနိုင်ပါတယ် မမရယ်။ ဂုဏ်ရည်အဆင့်အတန်းဆိုတာကို တစ်စက်လေးမှ ထည့်မတွေးဘဲ .. ဒီပါတို့စိတ်ချမ်းသာဖို့အတွက် အားစိုက်‌ပေးနေတဲ့ အကိုကြီးအရိပ်အောက် ရှိနေမယ်ဆို ဒီပါ စိတ်ချမ်းသာမှာ မမရဲ့"အချစ်က သိပ်ဆန်းကျယ်တယ်ထင်သည်။ ရူပါ မချစ်ဖူးသေးလို့ထင်ပါရဲ့ အချစ်မှာ နစ်မျောနေတဲ့ ဒီပါ့ကိုကြည့်ရင်း သနားနေမိပြန်သည်။"မမလေး.. မယုဇနဟန် ရောက်နေပါတယ်ရှင်"အိမ်အကူလေး ရဲ့ သတင်းပို့မှုကြောင့် လှရူပါစံနဲ့ ဒီပါတို့မောင်နှမ အိမ်အောက်ဆင်းလာခဲ့ကြသည်။"မမယု။ ဘယ်ကမျက်စေ့လည်လာတာလဲရှင်။ ညီမတို့ဆီမလာတာတောင် ကြာနေပြီ""ရူပါ့သူငယ်ချင်းက မမယုကို အလုပ်တွေ အကုန်အပ်ပြီး မိုးကုတ်ဘက် တက်သွားတာကိုးညီမရဲ့။ ဒါနဲ့ မမယု ညီမကို ပြစရာရှိတယ်။ နဲနဲ အရေးကြီးလို့ အိမ်ကိုလာလိုက်ရတာ ရူပါ။"ယုဇနဟန်ထုတ်ပြတဲ့ ကျောက်စိမ်းတုံးလေးက အရည်အသွေးကောင်းလိုက်ပုံများ.. ထုပ်ထားတဲ့ ဂွမ်းကိုတောင် အစိမ်းဖန့်ဖန့်အရောင် ကူးနေစေသည်။"ဒါက.. တော်ဝင်မိသားစုတစ်ခုက အပ်တာ ညီမရူပါ။ လက်စွပ်ကွင်းပြီးဝတ်ဖို့.. ဒီဇိုင်းလည်း ပေးလိုက်တယ်။ ယျောက်ျားဝတ်ပဲညီမ။ ဒီမှာ ဒီဇိုင်းက""ဒီဒီဇိုင်းက စိန်လေးကွပ်ပေးလိုက်ရင် သိပ်ခန့်ထည်မှာ မမယု။ ရူပါသေချာလုပ်ပေးပါ့မယ်ရှင်။""ကေ်းဇူးတင္ပါတယ် ညီမရူပါ။ ဒီပါ‌လေးရော.. ကော်င်းပြီးပြီဆိုတော့.. ဘာဆက္လုပ္မလဲ ဆိုင္ပဲထိုင်ပေးမွာလား""လောလောဆယ်တော့ ဒီပါ အလုပ်သင်ဝင်လုပ်ဖို့ စဉ်းစားထားပါတယ် မမယု။ အလုပ်သင်ကနေမှတစ်ဆင့် အလုပ်ခွင်ထဲဝင်တာ ပိုကောင်းမယ်ထင်လို့ပါ။ ဆိုင်ကတော့ မမနဲ့ပဲ အဆင်ပြေမှာ ဒီပါက ကျောက်တွေအကြောင်း သိပ်နားမလည်ဘူးလေ""သင်ရင်တတ်ပါတယ် ဒီပါရယ်။ မမတို့ မိဘတွေချန်ခဲ့တဲ့ လက်ငုတ်လက်ရင်းလုပ်ငန်းမဟုတ်လား။ မပျောက်ပျက်အောင် ထိမ်းသိမ်းရမှာပေါ့။ ဟုတ်လား""ဟုတ် မမယုဆုံးမတာ ဒီပါ မှတ်သားထားပါ့မယ်""အလိမ်မာလေး"ဒီပါလေးဆံနွယ်နုနုလေးတွေကို ယု တယုတယ ပွတ်သပ်ပေးလိုက်သည်။ ဒီကလေးကို ယု ငယ်စဉ်ကတည်းက ချစ်ခဲ့ရတာ.. နူးညံ့လွန်းတဲ့ ဒီကလေးလေးရဲ့ တိမ်းညွှတ်မှုနဲ့ စိတ်ဝင်စားမှုကို သဘောပေါက်ခဲ့စဉ်ကစပြီး.. လုပ်ငန်းအရ မိသားစုချင်း ဆက်စပ်ရင်းနှီးခဲ့ကြတဲ့ ယုဇနဟန်တို့.. မောင်နှမတွေလိုပဲ ရင်းနှီးစွာနေလာခဲ့တာ။ လွန်ခဲ့တဲ့ လေးနှစ်.. မိဘများ ကားအက်စီးဒင့်နဲ့ တိမ်းပါးသွားကြတာမို့ သမီးကြီးများဖြစ်ကြတဲ့ ယုဇနဟန်နဲ့ လှရူပါစံတို့ မိဘလက်ငုတ်လက်ရင်း စီးပွားရေးလုပ်ငန်းတွေကို ဆက်လက်ဉီးဆောင်ရင်း မောင်ငယ်လေးနှစ်ယောက်ကို ပြုစုပျိုးထောင်လာခဲ့ရသည်။ ယုဇနဟန်မျက်စေ့အောက်မှာပဲ ဒီပါလေးတောင် တက္ကသိုလ်ဘွဲ့ရတော့မှာပဲလေ။ယုဇနဟန်... ရူပါတို့အိမ်က ပြန်လာတာနဲ့.. ဗိုလ်ချုပ်ဈေးထဲက ကျောက်မြက်အရောင်းဆိုင်ကို တစ်ခါတည်း တန်းသွားလိုက်သည်။ ပိုင်..ပြန်လာခဲ့ရင်.. ကျောက်တွေပါလာအုံးမှာ။ ဝယ်လက်တွေက ယုဇနဟန်နဲ့ ပိုင်သုတဟန်တို့မောင်နှမ ကျောက်မြက်ဆိုင်ကပစ္စည်းဆိုလျှင် ဈေးမဆစ်ဘဲ ဝယ်တတ်ကြသည်။ ပစ္စည်းစစ်မှန်မှုကို အမြဲ အာမခံတတ်တဲ့ သူတို့မောင်နှမ လူတိုင်းက လေးစားကြတာ မဆန်း။ မေမေ့လက်ထက်ကတည်းက ဖွင့်ထားတဲ့ဆိုင်လေးက အခုဆိုရင်ဗိုလ်ချုပ်ဈေးထဲမှာ လေးခန်းတွဲဆိုင်ခန်းအဖြစ် တိုးတက်လာခဲ့သည်။"အင်း.. ရူပါလေးနဲ့ ပိုင် တို့ အဆင်ပြေသွားပြီဆိုရင် ဆိုင်ကိုလက်လွှဲခဲ့ပြီး သီလရှင်ဝတ်မယ်.. မေမေတို့ ငယ်ငယ်ရွယ်ရွယ်နဲ့ တိမ်းပါးသွားကြတာ နှမျောဖို့ကောင်းတယ်။ ဘဝကိုတရားတဘောင်ထဲမှာပဲ နေပြီး အဓိပ္ပါယ်ရှိချင်တယ်ကွယ်"ယုဇနဟန်.. ညည်းငွေ့နေပြီဖြစ်တဲ့ လောဘတွေကြားထဲ တစ်ခါ ပြန်လည်နေရာယူရင်း.. အနာဂတ်ရည်ရွယ်ချက်ကို အကောင်အထည်ဖော်နိုင်မယ့်ရက်ကိုသာ စောင့်နေရတော့သည်။******"ထိပ်ခေါင်တင်မိဖုရားခေါင်ကြီး ကြွမန်းလာကြောင်းပါ အိမ်‌ရှေ့စံမင်းသား""မယ်မယ်.. ကြွပါဘုရား"လက်မောင်းကနေ ဖေးကူပြီး သလွန်ထက်မှာထိုင်စေကာ မယ်မယ့် ခြေရင်းထိုင်လျက် ခြေသလုံးများကို နှိပ်နယ်ပေးမိသည်။ ရန်မျိုးအောင်ကတော့ နန်းတွင်းသူတွေကို အဆောင်တော်တွင်းက နှင်ထုတ်လိုက်ပြီမို့. .. သားအမိနှစ်ယောက် လွတ်လွတ်လပ်လပ်စကားပြောခွင့်ရတော့သည်။"သားတော် ညီတော့်ကို နန်းတွင်းပြန်လာခဲ့ဖို့ ခေါ်ထားပါပြီ မယ်မယ်။ ဒီပါ့ကိုသာ ဘယ်လိုဘွဲ့မျိုးနဲ့ အဆောင်တော် အပ်နှင်းရမလဲ သားတော် မတွေးတတ်ဘူးဖြစ်နေတာမယ်မယ်။ ဖခမည်းတော် မသိစေလိုဘူးလို့ မယ်မယ် မိန့်ကြားတာမို့ .. အတွင်းဆောင်လမ်းကို သေချာ စီမံထားပါတယ်။""သားတော် . .. ဒီပါ့ရဲ့ အမတော်ကို နှစ်သက်သလား" "မယ်မယ်""သားတော် နန်းတော်ထဲပြန်ရောက်ကတည်းက စကားဉီးသန်းတိုင်း ဒီမိန်းကလေးဂုဏ်သတင်းကိုကြည့် ပြောနေတာမို့လေ""မှန်လှပါ.. သားတော်ရဲ့ တစ်ကိုယ်တည်းစီးပွားရေးမှာ ဇောက်ချလုပ်မယ့် စိတ်ကူးကို ပျက်ပြားစေနိုင်တဲ့ တစ်ဉီးတည်းသော မိန်းကလေးပါ မယ်မယ်ဘုရား။ ဒါပေမယ့်.. ညီတော့်ကိစ္စအတွက် အနှောက်အယှက်မဖြစ်လေရအောင်... သားတော် တိတ်တိတ်သာ နေပါမယ်ဘုရား""သားတော်.. မိန်းကလေးဘက်ကသဘောထားကိုရော.. မေးမြန်းပြီးပြီလား""ဒီတစ်ခေါက် ထပ်ဆုံတွေ့ဖြစ်ရင် သား‌တော် မေးဖို့ တွေးထားပါတယ်မယ်မယ်""သားတော်ကြီး.. မယ်တော်က ရှေးရိုးစွဲတဲ့သူမဟုတ်လို့.. သားတော်ကို ယုဇနဟန်နဲ့ ရည်ရွယ်ထားပေမယ့်.. သား‌တော်အတွက်သင့်တော်မယ့်သူကိုသာ မယ်မယ် ရွေးစေလိုတယ်။ သားတော်လည်း တွေးမိမယ်ထင်တယ်။ ရူပါစံ့ကိုသာ သားတော် ဆောင်ယူနိုင်ခဲ့မယ်ဆိုရင်.. သား‌တော်လေးအတွက် .. တွေးပူနေဖို့မလိုတော့ဘူးမဟုတ်လား""သားတော် တွေးမိပါတယ်မယ်မယ်။ အခွင့်အရေးယူသလို အဖြစ်မခံနိုင်လို့ပါမယ်မယ်။ သားတော် .. စစ်မှန်တဲ့ မေတ္တာကို ပေးလိုပါတယ်။ ခရီးသွားဟန်လွှဲ ကြုံဆုံလိုက်ရသလိုမျိုး မဆောင်ယူလိုပါဘူး မယ်မယ်။ ယုဇနဟန်ကို သားတော် နှမငယ်လေးလိုပဲ မေတ္တာရှိတာပါ မယ်မယ်""မယ်မယ် နားလည်ပါတယ်သားတော်..သားတော် သဘောဆန္ဒအတိုင်း မယ်မယ် ခွင့်ပြုပါတယ်။ မယ်မယ် မြေးလေးတွေ ချီချင်လှပြီသားတော်ကြီး""မှန်လှပါ သား‌တော် ကြိုးစားပါ့မယ် မယ်မယ်ဘုရား"မယ်ဘုရားဆီက ခွင့်ပြုချက်ကြောင့် .. ကိုယ်တော်ကြီး .. ရူပါစံတို့ အိမ်ကို အလည်အပါတ် မဖိတ်ခေါ်ဘဲ ဇွတ်ရောက်သွားခဲ့တော့သည်။"ကိုယ်တော်ကြီး . ..ကြွပါရှင် ကြွပါ."မမျှော်လင့်ထားတဲ့ ဧည့်သည်မို့.. လှရူပါစံ .. နေရာကမန်းကတန်းပေးလိုက်ရသည်။ ဒီပါစံနဲ့ တေဇာတို့ကတော့ ခန်းဝင်ပစ္စည်းတွေ လျှောက်ကြည့်ဖို့ သွားကြလေပြီ။"မောင်ကြီးရောက်လာလို့ အနှောက်အယှက်ဖြစ်သလား နှမငယ်""မဖြစ်ပါဘူး ကိုယ်တော်ကြီးရှင့်။ စိတ်အေးလက်အေး စံနေပါရှင်"ပေါ့‌ပေါ့ပါးပါး ရှမ်းရိုးရာဝတ်စုံလေးနဲ့.. ယဉ်ယဉ်လေး လှနေတဲ့ လှရူပါစံကို ကိုယ်တော်ကြီး အကြည့်မလွှဲမိ။တစ်ပါတ်လျှိုဆံထုံးလေးက ဆံနွယ်လေးတွေကို မခို့တယိှု့ရှေ့ချလို့.. စကားဆိုလိုက်တိုင်း ပေါ်လာတတ်တဲ့ သွားတက်ကလေးနဲ့ သွားတန်းညီညီလေးတွေက ဖြူစင်လှသလို သဘာဝအတိုင်းပန်းနုရောင်သန်းနေတဲ့ နှုတ်ခမ်းများကလည်း ဖူးသစ်စ နှင်းဆီလေးအလား ငုံထွေးနေသည်။ ဖြူစင်ဝင်းပတဲ့ ထိုမိန်းကလေးသည်.. ကိုယ်တော်ကြီးရဲ့ စိတ်နှလုံးကို သိမ်းကျုံးသိမ်းပိုက်ထားနှင့်ပြီမို့.. ဒီနေ့တော့.. ခွင့်တောင်းရရန် လာခဲ့တာပဲဖြစ်သည်။"လာရင်းကိစ္စကို အမိန့်ရှိပါ ကိုယ်တော်ကြီး"ငေးစိုက်ကြည့်နေတဲ့ ကိုယ်တော်ကြီးကြောင့် အနည်းငယ် အနေရခက်လာတာမို့ .. စကားဝိုင်းကို ရူပါကပဲ စတင်လိုက်သည်။"မောင်ကြီး နှမငယ်ဆီမှာ ခွင့်တောင်းလိုတဲ့ကိစ္စပါ""ဟုတ်ကဲ့။ ဘာများခွင့်တောင်းလိုပါလဲ ရှင်""မောင်ကြီး .. နှမငယ်ကို .. နန်းတော်ဆီဆောင်ယူလိုပါတယ်။ မောင်ကြီးက နှမငယ်ကို မြင်စတည်းက ကြင်နာမိပါတယ်ဗျာ။ တေဇာတို့အတွက် ဆောင်ရွက်နေဆဲမို့.. အခွင့်အရေးယူမိသလိုဖြစ်မှာကြောက်တာကြောင့် .. မောင်ကြီး ဖွင့်မပြောခဲ့ပေမယ့်...နှမငယ်အပေါ်ထားတဲ့ မောင်ကြီးမေတ္တာတရားကို.. သိမ်းဆည်းထားဖို့ မတတ်နိုင်တော့ပါဘူးကွယ်။ များမကြာမီမှာ မောင်ကြီးက ထီးနန်းအရိုက်အရာကို ခံယူရတော့မှာပါ နှမငယ်။ နှမငယ် မောင်ကြီးကို မေတ္တာတုန့်ပြန်ခဲ့မယ်ဆိုလျှင်.. မောင်ကြီး နှမငယ်ကို မိဖုရားခေါင်အဖြစ် နန်းတော်ဆီဆောင်ယူလိုပါတယ် နှမ။"ရုတ်တရက်ဆန်ပေမယ့် တစ်ကယ့်ကို တည်ငြိမ်စွာ ခွင့်တောင်းလာခဲ့တဲ့ ကိုယ်တော်ကြီးစကားလုံးတိုင်းက ရူပါ့အတွက်တော့ ရင်ခုန်စရာများသာပဲဖြစ်သည်။ သာမန်ချစ်ကြိုက်ကြောင်း ပြောလာတဲ့ လူငယ်တွေကို ရူပါ တစ်ကြိမ်မျှ စိတ်မလှုပ်ရှားခဲ့။ သူငယ်ချင်း ပိုင်သုတဟန် ချစ်ခွင့်ပန်စဉ်တုန်းကလည်း သူငယ်ချင်းအဖြစ်ကနေ ရပ်စဲဖို့ စိတ်ကူးမရှိသေးကြောင်း တုန့်ပြန်ထားခဲ့မိသည်။အခုတည့်တိုးကြီး မည်သည့်စကားပဏ္ဍာမှ မပါပါဘဲ ဖွင့်ဟလာခဲ့‌တဲ့ ကိုယ်တော်ကြီးမျက်ဝန်းများက နူးညံ့ရွှန်းစိုနေတာ.. ရူပါရင်ခုန်ရပါလေသည်။"ရူပါ့ကို .. အချိန်အနည်းငယ်ပေးပါ ကိုယ်တော်ကြီးရှင်..။ ဒီပါနဲ့ တိုင်ပင်လိုပါသေးတယ်""မောင်ကြီးကို ဒီပါက နှမနဲ့ သဘောမတူမှာ စိုးရိမ်မိတယ် နှမငယ်"ရူပါ ပြုံးမိသည်။ ရိုးလွန်းလှတဲ့ ထိုကိုယ်တော်ကြီးကို အသည်းယားလွန်းလှပါသည်။"အင်းပါလေ.. မောင်ကြီးကိုဖြင့် ဉီးစားပေးစဉ်းစားပေးပါ နှမငယ်။ မောင်ကြီး နှမငယ်ကို နန်းတော်ဆီဆောင်ယူပြီး.. လက်ဆက်လိုလှပါပြီ။ နှမငယ်တို့မောင်နှမအတွက် ထီးလို.. ဒိုင်းလို.. အရိပ်လို.. ရေလို.. အိမ်ထောင့်ဉီးစီးကောင်းတစ်ယောက် ဖြစ်ဖို့ မောင်ကြီးက ကတိပြုပါရဲ့ဗျာ။"ရူပါ့အပြုံးက ပိုမိုပီပြင်လာခဲ့သည်။"ကောင်းပါပြီ ကိုယ်တော်ကြီး.. ရူပါ စဉ်းစားပြီး အကြောင်းပြန်ကြားပါ့မယ်ရှင်""မောင်ကြီး ဒီနေ့ကစလို့ ရက်တွက်ထားပါ့မယ် နှမငယ်။ နှမငယ်စိတ်ကို ရှင်းရှင်းသိရအောင် အချိန်ယူပါဗျာ။ ယနေ့ကစလို့ ၇ ရက်မြောက်တိုင်း.. ပန်းဆက်သပါ့မယ် နှမငယ်..။ မောင်ကြီးမေတ္တာကို လက်ခံခဲ့ရင်.. မောင်ကြီးကို နှမငယ်ထံက ပန်းတစ်ပွင့်သာ ပြန်ပေးလိုက်ပါ..။ မောင်ကြီး နှမဆီကို အရောက်လာရောက်ဆောင်ယူပါ့မယ်ဗျား။"********1991 စက်တင်ဘာလ..ထီးဘုရား ကျန်းမာရေးအရမ်းချို့ယွင်းလာခဲ့ပြီမို့ .. ရွှေနန်းရှင်ရဲ့ အရိုက်အရာကို ကိုယ်တော်ကြီးဆက်ခံရဖို့ဖြစ်လာခဲ့ပြီ။ အစိုးရအသစ်ကလည်း ကိုယ်တော်ကြီးတို့ ကုန်သွယ်လုပ်ငန်းကို ပိုမိုထဲထဲဝင်ဝင် ပူးပေါင်းလုပ်ဆောင်လာတာမို့.. စီးပွားကူးသန်းဝန်ကြီးဌာနတစ်ရပ်ဖွဲ့စည်းပြီး ရေကြောင်းပို့ဆောင်မှုများနဲ့ လေကြောင်းပို့ဆောင်မှုများကိုပါ တိုးချဲ့လာခဲ့တာမို့ စီးပွားရေးအကွက်မြင်လှတဲ့ အိမ်ရှေ့မင်းသား သတိုးဘုန်းရာဇကို အားကိုးကြောင်း ခေါင်းဆောင်ကပင် တွေ့ဆုံလျက် အသိအမှတ်ပြုလာခဲ့သည်။အိမ်ရှေ့စံ ဘိသိတ်ခံဖို့အရေး.. ရူပါစံထံက ပြန်ပို့လာမယ့် ပန်းတစ်ပွင့်ကို သည်းခံစောင့်ဆိုင်းနေခဲ့ရသည်။ ဖခမည်းတော်ကို အထူးဂရုစိုက်ကာ နိုင်ငံရပ်ခြားအထိ လိုက်ပါကုသပေးခဲ့တာမို့လည်း ... အတော်အတန်သက်သာလာခဲ့ပြီ။ဆောင်းလေအဝေ့မှာ ကိုယ်တော်ကြီး ဗိုလ်ရှုခံစင်မြင့်ပေါ်ကနေ ဉယာဉ်သာဘက် ရှုစားရင်း ငေးမောနေမိသည်။ ဟိုးခပ်ဝေးဝေးမှာတော့..မြင်းဖြူနှစ်စင်း ခုန်ပေါက်ပြေးလွှားနေလေပြီ။ ညီတော်ရဲ့ သူငယ်ချင်းအဖြစ်.. လတ်တလော နန်းဆောင်ထဲမှာ နေရာပေးထားရတာမို့.. ညီတော်တို့နေထိုင်ရတာ မလွတ်လပ်ကြ။ ဖခမည်းတော်ကို ညီတော့်အရေးလျှောက်တင်ဖို့ကြိုးစားတိုင်း တစ်ခုမဟုတ်တစ်ခု က ဖျက်စမြဲ။ ဒါ့အပြင် ဒီပါနဲ့ ညီတော်ကလည်း စီးပွားကူးသန်ဝန်ကြီးဌာန ရုံးချုပ်မှာ အလုပ်သင်ဝင်လုပ်နေကြတာမို့.. အလုံကစံအိမ်မှာ အတူတကွ နေထိုင်ကြတာကလည်း ရံရွေတွေကို နှုတ်ပိတ်နေစေဖို့ ကိုယ်တော်ကြီး အတော်တင်းကြပ်ထားရသည်။ ညီတော့်ကိုယ်ရံတော် လည်းဖြစ် အပါးတော်မြဲလည်းဖြစ်တဲ့ ခွန်ဖ ကြောင့်သာ.. ဒီလှို့ဝှက်ချက်က လုံခြုံနေတာဖြစ်သလို.. လက်မထပ်မီ အတူမနေဖို့ တောင်းဆိုထားတဲ့ ဒီပါလေးကြောင့်လည်း သွားပုပ်လေလွင့် အတင်းပြောခံရခြင်းက ကင်းလွတ်ပြီး ခင်မင်ရင်းနှီးတဲ့သူငယ်ချင်းတွေလို့သာ သတင်းထွက်လာခဲ့တာ ဖြစ်သည်။မြင်းဖြူလေးနှစ်ကောင် ရေကန်ကြီးဘက်ကို ဒုန်းဆိုင်းပြေးသွားတော့မှ ကိုယ်တော်ကြီးလည်း နန်းဆောင်ထဲ ပြန်ကြွလာခဲ့သည်။ ရန်ကုန်ကို ပန်းဆက်ပို့ရန်လွှတ်လိုက်တဲ့ ကားကလည်း ပြန်ရောက်လာခဲ့ပြီ။ မျှော်လင့်ချက်မထားနိုင်တော့တာမို့ ပန်းဆက်သမားလုပ်ပေးနေတဲ့ ရန်မျိုးအောင်ကို ခေါင်းတစ်ချက်ဆတ်ပြလိုက်ပြီး အဆောင်တော်ဝင်ရန်ခြေလှမ်းလိုက်စဉ်။"အိမ်ရှေ့စံကိုယ်တော်လေးဘုရား.. စောင့်တော်မူပါအုံးဘုရား"အပြေးအလွှား ချော်လဲတော့မတတ် .. ပြေးလာတဲ့ ရန်မျိုးအောင်ကို အထူးအဆန်း ကိုယ်တော်ကြီးလှည့်ကြည့်ရလေသည်။လက်ထဲက ပန်းစည်းလေးက ဘာအဓိပ္ပါယ်ပါလိမ့်။"အရှင့်သား.. ဝမ်းမြောက်တော်မူပါဘုရား။"အဝါရောင်နှင်းပန်းနဲ့ အနီရောင် နှင်းဆီပန်းတို့ရောယှက်ထားကာ.. သစ္စာပန်းအဖြူရောင်အခက်လေးများရံထားတဲ့ ပန်းစည်းလေးက ချစ်စဖွယ်တင့်တယ်လှပလို့။"မင်းသမီးလှရူပါစံ ထံမှ.. ပန်းစည်းဆက်သပါတယ်ဘုရား။ စာတစ်စောင်ပါ ပို့သလိုက်ပါတယ် အိမ်ရှေ့စံဘုရား"ပန်းစည်းနဲ့ စာအိတ်အဝါ‌ရောင်လေးကို လက်လှမ်းယူရတဲ့ ကိုယ်တော်ကြီး.. အနည်းငယ်တုန်ယင်နေမိသည်။သလွန်‌ပေါ် ထိုင်ကာ.. လှုပ်ရှားသော ရင်အစုံတို့ဖြင့် စာကိုဖွင့်ဖတ်လိုက်တော့..။"လှရူပါစံ ရိုသေစွာဖြင့် အကြောင်းပြန်ကြားအပ်ပါတယ် ကိုယ်တော်ကြီးရှင့်။ကိုယ်တော်ကြီးရဲ့ မေတ္တာပန်းကို ညီမက ပြန်လည်တုန့်ပြန်ပါသည်။ ညီမနှင့်အတူ မောင်ငယ်ကိုပါ ထီးကဲ့သို့အုပ်မိုး.. နေကဲ့သို့နွေးထွေး.. လကဲ့သို့ အလင်းပေးကာ.. စောင့်ရှောက်မည်ဟု.. ကတိစကားကို ညီမထံမှလည်း ပါရမီဖြည့်ဖက်အနေဖြင့်.. အတူတစ်ကွ.. ရွက်ဆောင်ပါမည်။ ကိုယ်တော်ကြီး. အနေဖြင့် မိဘအုပ်ထိန်းသူကိုယ်စား.. ကြီးကြီး တော်စပ်သူ ဒေါ်နန်းသိံဂီစံထံတွင် .. ကြောင်းလမ်းစကားများ ပြောဆိုနိုင်ဖို့အကြောင်း .. ညီမထံမှ ပြန်ကြားပါသည်ရှင်"*****နန်းတော်တစ်ဝင်းလုံးသာမက လှည်းကူးမြို့နဲ့ နီးစပ်ရာမြို့နယ်များကပါ လာရောက်ရှုစားရတဲ့ ဘိသိတ်ခံထိမ်းမြားမင်္ဂလာပွဲသည်ကားခြိမ့်ခြိမ့်သဲသဲ ကျင်းပခဲ့လေပြီ။အတွင်းဝင်းခင်း ... အပြင်ဝင်းခင်း ရာဇမတ်ကွက်များကာရံကာ စုလစ်မွန်းချွန်တို့ ဖြင့် တံဆာဆင်အပ်သည့် ရွှေနန်းပြသာဒ် ထက်မှာ နှစ်ပါးစုံ အဖူးမျှော်ခံကြတာမို့လည်း .. လက်ထပ်မင်္ဂလာအခန်းအနားရဲ့ အထွဋ်အထိပ် အချိန်အခါလည်းဖြစ်.. ဘိသိတ်သွန်းရေလောင်းရန် အချိန်ကောင်းလည်းဖြစ်တဲ့ နေ့လည် ၁၁ နာရီအချိန်သည်ကား.. ဒီဇင်ဘာလရဲ့ အေးမြမှုကြောင့်.. လူတိုင်း အေးချမ်းနေကြလေသည်။မြင်းစီးသူရဲများစွာတို့ က မြင်းရေးအတတ်ကို စုံလင်အောင် ပြသနေတဲ့ အတွင်းဝင်းခင်းသဘင်ပွဲမှာ.. ယုဇနနှင့် ပိုင်သုတဟန်တို့ ကို ရတနာတို့မောင်နှမအားလုံးနဲ့ မိတ်ဆက်ခွင့်ရလေသည်။ ပါးချိုင့်နှစ်ဘက်နှင့် ယဉ်လှတဲ့ ယုဇနဟန်ကို ရတနာမယ် ရဲ့ မောင်အငယ်ဆုံး ရန်နောင် စိတ်ဝင်စားနေတာကို ရတနာမယ် ရိပ်မိပြန်သည်။ ထို့အတူ.. မင်းညီမင်းသား အဆောင်အယောင်များနဲ့ ငယ်ချစ်ဉီး တေဇာကိုလည်း ရတနာမယ် မေတ္တာစိတ် ယိုဖိတ်ပြန်သည်။ ယုဇနဟန် ကို သာ စုံစမ်းပြီး တားမြစ်ဖို့ ကြိုးစားနေခဲ့သမျှ မထင်ထားဘဲ အိမ်ရှေ့စံတော်ကောက်သူက တစ်ခြားမိန်းကလေး။ မိဖုရားအဆောင်အယောင်ဖြင့်.. ချောချင်တိုင်းချောလှနေတဲ့ ထို မိန်းကလေးရဲ့ မောင်ငယ်သည်ကား.. လူတိုင်းက ငေးကြည့်ရလောက်အောင် ချောလှပြန်လေသည်။ မခို့တယို့ အပြုံးလေးအောက်မှာ အပျိုတော်များ ပရိတ်သတ်မိန်းကလေးများ ပြိုလဲကုန်ရ‌လောက်‌အောင်ကိုပဲ ချောမောလှတဲ့ထိုအမျိုးသားက ဘုရင့်ယောက်ဖတော်ဖြစ်သလို မင်းသားငယ် မျက်နှာသာပေးရတဲ့ သူငယ်ချင်းလဲ ဖြစ်ပြန်တာမို့.. မျက်နှာပွင့်လှပေသည်။ရတနာမယ်.. မိဖုရားခေါင်ကြီး ရဲ့ အပါးတော်မြဲ ဒေါ်ခင်ဉကိုပထုတ်ကာ မိဖုရားကြီးအနားကပ် ပြုစုနေရင်း.. မိမိကိုမျက်စေ့ကျလာစေဖို့ကြိုးစားနေရတာ.. လူတစ်ချို့တောင် ရိပ်မိကုန်တော့မတတ်။ နန်းရင်းဝန် ဉီးခိုင်နဲ့ ဉီးစစ်ဝန်တို့ကတော့ ရတနာမယ့်ကို ခပ်တည်တည်ကြီးသာလုပ်နေကြတော့သည်။ မတတ်နိုင်.. နန်းတွင်းမှာနေရာရဖို့ ဖခင် မြင်းထိမ်းဝန်ဆိုတဲ့ ဂုဏ်ပိစိညောက်တောက်လောက်နဲ့ စီးပွားရေးက လက်ဝေခံလောက်နဲ့ ရတနာမယ် မကျေနပ်နိုင်ဘူးမဟုတ်လား။နန်းတက်ပွဲပြီးစီးသည့်အခါ.. ဆွမ်းကျွေးခြင်း.. ဖခမည်တော် မယ်တော်တို့ထံမှ .. မေတ္တာခံယူခြင်း.. ညီလာခံသဘင်ဆင်ယင်ပြီး.. မိဖုရားကို မှူးမတ်သေနာပတိများနဲ့ တွေ့ဆုံစေခြင်း.. ထိပ်ထားဘွဲ့အပ်နှင်းကာ တောင်ညာစံမိဖုရားခေါင်ကြီးအဖြစ် နန်းဆောင်အပ်နှင်းခြင်းစတဲ့ အစဉ်အလာအခမ်းအနားတွေကို ဆင်ယင်ကျင်းပခဲ့တာ နေ့စဉ် မီးခိုးတိတ် အကျွေးအမွေးများဖြင့် တင့်တယ်လှပေသည်။ယောက်ဖတော်ကို အဆောင်ခန်းအပ်နှင်းဖို့.. ထီးဘုရားအသစ်စက်စက် ရွှေကိုယ်တော်.. အမိန့်ချရန် ခက်နေရသည်။ ဒီပါက ယောက်ဖတော်အဆောင်ခန်း မလှမ်းချင်ဘူးဆိုလာတာမို့... အကြောင်းရင်းကတော့ ထိုအဆောင်ခန်းမှာ အတွင်းလမ်းပါသည့်အပြင်.. ညီတော်ကလည်း မစောင့်လိုတော့ပါလို့ ထင်ထင်ရှားရှားတောင်းဆိုလာခဲ့တာကြောင့်ပင်။သားတော်ကြီးကိုထီးနန်းလွှဲလိုက်ပြီး တရားဘာဝနာပွားများနေတဲ့ ဖခင်ကို သတိုးဘုန်းရာဇ .. လျှောက်တင်ရန် ခက်ခဲနေရသည်။ ဖခမည်းတော်က ရူပါ့ကိုပါ အထင်အမြင်လွဲသွားမှဖြင့်.. ခက်ခြေမယ်မဟုတ်လား။ ရင်နှင့်အမျှ ချစ်မြတ်နိုးရတဲ့ မိဖုရားကို ဖခမည်းတော် အမြင်လွဲမှာ ရာဇ မလိုချင်ပါ။"ထီးဘုရား.. ဆောင်တော်ကူးဖို့ အချိန်ကောင်းပါဘုရား။ ပင်ပန်းလှပါပြီ ထီးဘုရား.. အတွေးတော်များ ရုတ်သိမ်းလို့ .. အဆောင်တော်ကူးကာ အပန်းဖြေတော်မူပါဘုရား""ရန်မျိုးအောင်.. ငါကိုယ်တော်.. အဆောင်တော် ကူးဖို့ အသင့်မဖြစ်သေးဘူးကွယ်""ထီးဘုရား.. စောင့်စားခဲ့တဲ့ ရက်ပေါင်း က ပန်းဆက်သသည့်အကြိမ်ရေပေါင်း ၂၀ ပါဘုရား။ ထိုမှတစ်ဖန်.. နားဖောက်ခြင်း.. နန်းသိမ်းသဘင်ဆင်ယင်ခြင်း ... ညီလာခံသဘင် ဆင်ယင်ခြင်းတို့ကြောင့်..မိဖုရားကြီးထံပါး မိရွှေဉနဲ့ ရန်ပုံခွင်းမှတစ်ပါး.. တစ်ခြားမည်သူမျှ မရှိပါဘုရား။ မိဖု‌ရားခေါင်ကြီး ရွှေအားတော် ငယ်နေပါ့မယ်ဘုရား....။"အင်း.. ဟုတ်ပေတယ်...။ ချစ်မြတ်နိုးရပါတယ်ဆိုပေမယ့်.. လက်ကိုတောင် ကိုင်ဖူးခြင်းမရှိတဲ့ ထိုမိန်းကလေးကို .. ဒီနေ့ ကိုယ်တော်ကြီး ဘယ်လိုတွေ့ရပါလိမ့်မလဲ။"မင်းတြားကြီး.. အဆောင်တော်ကြွမြန်းလာကြောင်းပါ ထိပ်ခေါင်တင်ဘုရား"အဆောင်ခန်းအတွင်း ကျက်သရေပြည့်ဝစွာဖြင့် ခရီးဉီးကြိုနေတဲ့ မိဖုရားခေါင်ကြီးသည်ကား ရှက်သွေးဖြန်းသော မျက်နှာတော်နီမြန်းစွာဖြင့် ပြုံးပြလျက် ကြိုဆိုလေသည်။"နှမတော်.. ပင်ပန်းနေသလားကွယ်။ မောင်တော် အဆောင်တော်ကူး‌နောက်ကျလို့ အပြစ်များတင်နေသလားကွယ်"သလွန်မှာထိုင်လိုက်တာနဲ့ ရန်ပုံခွင်းက ရှေ့တော်မှာ ဒူးထောက်ခစားလေသည်။"ကိုယ်ရံတော် ရန်ပုံခွင်း.. အရှင့်ထံပါး ခစားဝင်ပါသည်ဘုရား။"အသက်၂၀ မပြည့်တတ်သေးတဲ့ ရန်ပုံခွင်းသည်ကား.. မယ်တော် အထူးတာဝန်ပေးအပ်သည့် ကိုယ်ရံတော်ဖြစ်သည်။"မောင်မင်း.. ကျောင်းကိစ္စများ ပြီးပြတ်ခဲ့ပါရဲ့လား။""မှန်လှပါ Scholarship ရခဲ့လို့ အတန်းကျော်တက်ခဲ့ရကြောင်းပါဘုရား။ ထိပ်ခေါင်တင် အခေါ်တော် ရှိလာတာမို့.. နည်းပညာတက္ကသိုလ်မှ ခွင်ယူလာခဲ့ကြောင်းပါဘုရား""အိမ်း.. ခွင့်စေ့တဲ့အခါ ကိုယ်တော့်ကို လာလျှောက်ခြေ။ ကိုယ်တော် ရန်မျိုးအောင်ကို တာဝန်ပေးမယ်ကွဲ့။""အမိန့်တော်မြတ်အတိုင်းပါဘုရား"သခင်မအပါး အနီးကပ်ခစားနေကြတဲ့ ‌ရွှေဉတို့ ရံရွေတော်တွေကို ရန်ပုံခွင်း နှင်ထုတ်လိုက်ပြီး ဘုရင်နဲ့ မိဖုရားနှစ်ပါးကိုသာ နန်းဆောင်ထဲချန်ရစ်ခဲ့ကာ.. အခန်းပြင်က နံ့သာကိုးမျိုး အမွှေးတိုင်ကို ထွန်းညှိခဲ့ကာ တစ်ဖာလုံအကွာကနေ. စောင့်ကြပ်နေတော့သည်။တောင်ညာစံနန်းဆောင်အတွင်း.. မွှေးရနံ့သင်းပျံ့နေစဉ်မှာပဲ ...မိဖုရားကြီးက ရေပူရေချမ်း ကမ်းလှမ်းလာခဲ့သည်။"ထိုင်ပါအုံး နှမတော်.. မောင်တော်နဲ့ စကားစမြည်များပြောရအောင်ပါ""အမိန့်ရှိပါ မောင်တော်ဘုရား""အင်း.. မောင်တော်ဝန်ခံစရာ ရှိပါရဲ့ နှမတော်။ မောင်တော့်ကို စိတ်များမညိုညင်ဘူးမျှော်လင့်ပါရဲ့။""မောင်တော့် စေတနာနဲ့ မေတ္တာကို နှမ‌နားလည်တာမို့ မိန့်ပါမောင်တော်""ဟင်း.. မောင်တော် ညီတော်တေဇာ့အတွက် ရည်ရွယ်ရင်းရှိတာ များ နှမ သိပြီးပါပြီ။ လာမည့် တပို့တွဲလဆန်းမှာ ညီတော်နဲ့ ဒီပါ့ကို မောင်တော် လက်ဆက်ပေးဖို့ရည်ရွယ်ထားပါတယ် နှမတော်။ လတ်တစ်လောမှာ ဒီပါစံ က ညီတော့်ကို လက်မခံနိုင်သေးဘဲ ဆောင်ခန်းမှာလည်း မနေဘူးတဲ့ နှမတော်ရယ်။ ဒါကြောင့် နှမတော်နဲ့ ဆက်နွယ်လို့ ‌ယောက်ဖတော်အဖြစ် ဆောင်ခန်းအပ်နှင်းပြီး.. စာချုပ်မှာလက်မှတ်ထိုးပေးထားမယ်ဆိုရင်.. အလုံကစံအိမ်မှာ အတူနေသော်လည်း တင့်တယ်ပါပြီနှမ။ လက်ဆက်ပေးဖို့.. ဖခမည်းတော်ထံ အခွင့်တောင်းပြီးသည့်နောက်မှာတော့ မောင်တော်ကိုယ်တိုင် မိဖုရား ဘွဲ့တံဆိပ်ချီးမြှင့်နိုင်ပါပြီ နှမ။"မင်းတြားကြီး ပြောလက်စကနေ.. ရူပါစံ့လက်နှစ်ဘက်ကို စုံကိုင်လျက် မျက်ဝန်းအစုံကိုလည်း စေ့‌စေ့ကြည့်လေသည်။"မောင်တော် မှန်သောသစ္စာကို ဆိုပါ့မယ်။ နှမကို မြင်မြင်ချင်းပဲ မေတ္တာသက်ဝင်မိတာကြောင့်.. မိဖုရားအဖြစ် ဆောင်ယူခဲ့တာ အမှန်ဖြစ်ပါတယ်နှမ။ ညီတော်တေဇာတို့ကိစ္စ အဆင်ပြေစေဖို့ရည်ရွယ်ရင်းကြောင့် နှမကို ထိမ်းမြားတယ်လို့ မထင်စေလိုဘူးနှမ""နားလည်ပါတယ် မောင်တော်။ ညီမနားလည်ပါတယ်ရှင်""မောင်တော် မေးလိုပါတယ် နှမတော်။ မောင်တော့်မေတ္တာကို လက်ခံခဲ့တာ.. မောင်တော့်အပေါ် မေတ္တာသက်ဝင်ပါရဲ့လား။ မောင်တော်ကတော့ နှမတော်ကို ချစ်မြတ်နိုးမိတာ .. တစ်ခြားဘာနဲ့မှ နှိုင်းပြလို့မရနိုင်အောင်ပါပဲနှမရယ်"လှရူပါစံ နှစ်နှစ်ခြိုက်ခြိုက် ပြုံးပြလိုက်မိသည်။ လက်ထပ်ပြီးမှ ချစ်စကားပြောတယ်ဆိုရအောင်လည်း .. မေတ္တာရှိကြောင်းဖွင့်ပြောပြီးကတည်းက အပါတ်စဉ်တိုင်းရောက်လာခဲ့တဲ့ ပန်းစည်းတွေနဲ့ မေတ္တာစာတွေက သက်သေရှိနေပြန်သည်။"မောင်တော်.. ညီမက မောင်တော့်ကို.. မေတ္တာရှိပါတယ်ရှင်။ မောင်တော်ရဲ့ စေတနာကိုလည်းနားလည်သလို.. အမတစ်ယောက်ရဲ့ တာဝန်ကိုလည်း အပြည့်အဝထမ်းဆောင်ဖို့ ဆုံးဖြတ်ထားပါတယ်မောင်တော်။ မောင်တော့်ပါရမီဖြည့်ဘက် အဖြစ် သေတပန်သက်တစ်ဆုံး ရှိပါ့မယ်မောင်တော်"သတိုးဘုန်းတေဇ မင်းတြားကြီး.. အခုမှ သက်ပြင်းချနိုင်တော့သည်။ ချစ်ရတဲ့ ဇနီးကို အတိုးချလို့ ချစ်ခြင်းတွေနဲ့ ဖြည့်ဆည်းပေးလိုလှသည်။ ထို့အပြင်.. ဒီထီးနန်းနဲ့ ဒီမိသားစုရဲ့ မိခင်အဖြစ် .. အရိုက်အရာကိုပေးလိုသည်။ ထို့ထက်အပြင်.. နန်း‌မွေနန်းလျာ .. မျိုးဆက်အတွက်.. အကောင်းဆုံးပြင်ဆင်ပေးချင်သည်။..နှင်းဆီဖူးသဖွယ် ငုံထွေးလှတဲ့ နှုတ်ခမ်းတစ်စုံကစပြီး မြတ်နိုးရတဲ့ မိဖုရားကို.. ကိုယ်တော်ကြီး.. ပွေ့ဖက်ကာ.. မင်္ဂလာဉီးရဲ့ မင်္ဂလာအချိန်တွေကို .. သာယာမိန်းမောစွာ.. စတင်ဖြတ်သန်းလိုက်ခြင်းဖြင့်.. သတိုးဘုန်းတေဇမင်းတြားကြီးရဲ့ နန်းသက်ကို စတင်လိုက်တော့သည်။*************"ဖြေးဖြေးလှမ်းကြွတော်မူပါ မောင်တော်ရယ်"ထိပ်ထားဒေဝါနွယ်.. သတိပေးတော့မှပဲ.. သက်တော် ၇၀ အရွယ် သတိုးရာဇာတိရာဇကိုယ်တော်ကြီး .. ခြေလှမ်းကိုတုန့်နှေးမိတော့သည်။မိဖုရားခေါင်ကြီးထံ သန္ဓေခလို့ ရပြီဘုရား လို့လာလျှောက်ထားတဲ့ အသံကြားကတည်းက မိဖုရားလက်ကိုဆွဲကာ တောင်ညာစံ နန်းဆောင်ဆီအပြေးကြွလာမိတဲ့ သူ့ကိုယ်သူ အဘိုးကြီးလို့မထင်မိ။ အဘိုးရယ်လို့ အခေါ်ခံချင်လှတာ ကြာပြီ။အိပ်ယာထဲလဲနေရှာတဲ့ မိဖုရားခေါင်ကြီးကတော့ ဘုရင်ကြီးနဲ့ မိဖုရားကြီးကို ထမကြိုနိုင်။မိဖုရားခေါင်ကြီး အိပ်ယာအနီး ထိုင်ခုံကိုယ်စီနဲ့ထိုင်လို့.. မိဖုရားခေါင်ကြီးနိုးလာမှာကို စောင့်ပေးနေကြတာ ယောဂီဝတ်နဲ့ ဘုရင်ကြီးတို့တင်မက.. တေဇာနဲ့ ဒီပါတို့ပါ စောင့်ဆိုင်းနေကြတာဖြစ်သည်။သွေးခုန်နှုန်းစမ်းသပ်နေတဲ့ မြို့နယ်ဆရာဝန်ကြီးကတော့ .. တစ်ပြုံးပြုံးနဲ့.. အဖြေကို ပြောချင်လှပြီ။အချိန်ကောင်းစောင့်ရင်း.. ဒုတိယမ္မိစမ်းသပ်ချက်ကို စစ်ဆေးပြီးချိန်မှာတော့.. တိကျတဲ့အဖြေကိုပေးနိုင်ပြီဖြစ်သည်။"သုံးလကျော် လေးလထဲကို ရောက်နေပြီဖြစ်ကြောင်းပါ။ ကျန်းမာတဲ့ သန္ဓေသားလေးဖြစ်တာမို့လည်း စိတ်ပူစရာမရှိပါဘူးခင်ဗျာ။ သတိရတဲ့အခါ.. အခုကျွန်တော်ပေးတဲ့ဆေးကို တိုက်ပြီး နားနားနေနေ ထားရင်ရပါပြီ။ ဆေးရုံကို တစ်ခေါက်တော့လာပြီး စစ်ဆေးပါခင်ဗျာ။ သားဖွားမီးယပ် ဆရာဝန်မကြီးနဲ့ အပ်ပေးပါ့မယ်။ ခွင့်ပြုပါအုံးခင်ဗျာ"အဘိုးနဲ့အဘွားလက်သစ်နှစ်ပါးကတော့ မိဖုရားခေါင်ကြီးလက်ကို ကိုင်လျက်.. ဝမ်းသာနေကြသည်။လိမ်မာရေးခြားရှိပြီး သိတတ်လွန်းတဲ့အပြင်.. မိသားစုကိုထိမ်းသိမ်းရာမှာလည်း ဘက်မလိုက် မိဘကိုစောင့်‌ရှောက်ရာမှာလည်း ဒေါင့်စေ့တဲ့ ချွေးမလေးက အခုတော့ နန်းညွန့်နန်းလျာကိုပါ ထပ်မွေးပေးအုံးတော့မှာတဲ့လေ။Cellular ဖုန်းနဲ့ လှမ်းအကြောင်းကြားထားတာမို့လည်း မန္တလေးဘက်ကို ခေတ္တရောက်နေတဲ့ ထီးဘုရားကြီး သတင်းကောင်းကြောင့် .. ညတွင်းချင်း ပြန်ကြွလာတော့သည်။******မြင်းကွင်းကနေ အပြန်လမ်းတစ်လျှောက် .. ပန်းလေးတွေခူးလိုက်.. ပြေးလွှားခုန်ပေါက်လိုက်နဲ့ ပျော်နေတဲ့ ဒီပါ့ကို တေဇာ ပြုံးလျက်ငေးနေရသည်။ ပန်းလက်တစ်ဆုပ်စာ ရပြီဆိုတော့မှ ဒီပါလည်း တေဇာ့အနားပြေးလာခဲ့ပြီး ပန်းမျိုးစုံကို မျက်နှာရှေ့ဝှေ့ယမ်းကာ စနောက်နေပြန်သည်။"မမအတွက် ပန်းလေးတွေရပြီမောင်။ မမက ပန်းသိပ်ကြိုက်တာ""ဒီပါ.. မောင်ဒီပါ့ကို သိပ်ချစ်တာ သိတယ်နော်""အင်း ဒီပါလည်း မောင့်ကိုချစ်တာပဲလေ။ ဒါကြောင့်လည်း အခု ဒီပါ မောင်အနားလာနေတာပေါ့လို့""ဒီပါ.. မောင်က မစောင့်ချင်တော့ဘူး။ ဒီပါက မောင့်အဆောင်ခန်းကိုလည်းမလာသလို အပ်နှင်းတဲ့ အဆောင်ခန်းမှာလည်း မနေဘူးလေ။ ဒီတော့.. မောင်တို့ အလုံကစံအိမ်မှာ အတူနေကြမယ်။ မောင် ဒီပါ့ကို လက်ထပ်ချင်ပြီဒီပါ""မောင်ရယ်... ဒီပါတို့အခု အတူလည်းနေရတယ် ပျော်လည်းပျော်ရတယ်လေ။ ဒါကြောင့်မို့လို့ လက်ထပ်ဖို့ကိစ္စကို နောင်တော်ကြီးဆီ မလောပါနဲ့လားဟင်။ လူ့အသိုင်းအဝိုင်းက သိပ်ကြောက်ဖို့ကောင်းတာမောင်ရဲ့။ အခုဆိုရင် မောင်နဲ့ဒီပါတို့နှစ်ယောက်တည်းမဟုတ်တော့ဘူး.. သိလား။ တူလေးလားတူမလေးလား ရှိလာတော့မှာ။ နောက်ပြီး နောင်တော်ကြီးကလည်း အစိုးရကလေးစားရတဲ့ စီးပွားရေးပညာရှင် ဖြစ်နေပြီ။ ဒီမိသားစုထဲမှာတောင် ဒီပါတို့ အနေထိုင်ဆင်ခြင်နေမှ အဆင်ပြေတာ အပြင်လောကမှာဆိုရင် ပိုဆိုးမှာပေါ့မောင်။""ဒီပါ.. မောင်တို့ အလုံစံအိမ်မှာပြန်နေကြရအောင်""မောင်..ဒီပါ မမအနားနေပြီး မမရဲ့ ကိုယ်ဝန်ကို စောင့်ရှောက်ချင်တယ်မောင်""ဒါဆို မောင်နဲ့ဒီပါ နှစ်ဉီးသဘောတူ လက်မှတ်ထိုးထားမယ်။ မရီးတော်မီးဖွားတော့.. မောင်ဒီပါ့ကို လူသိရှင်ကြားလက်ထပ်ယူမယ်။ မောင် ဒီပါ့ကို စောင့်နေခဲ့ရတာ..""အဟင်း.. မောင်ကလဲ ဘာမှန်းမသိဘူး ဒါပဲပြောနေတာပဲကိုး။""ဒီပါ... မောင့်ကိုချစ်တယ်ဆိုရင် ဆောင်ခန်းကို ပြောင်းခဲ့ပါနော်။ မှူးမတ်အိမ်ဆောင်က ဘာများကောင်းလို့လဲ။ မောင့်အနားကို လာခဲ့ပါတော့ ဒီပါရယ်။ မောင် နောင်တော့်ကို လျှောက်တင်လိုက်တော့မယ်။ ဒီနေ့ပဲ အဆောင်ခန်းကို‌ရွှေ့ခဲ့တော့ ဒီပါ"ဒီပါမညင်းနိုင်ပါ။ ပျော်စရာတွေ စုစည်းရှိနေတဲ့အချိန်မှာ ထိုပျော်စရာကို ထပ်တိုးအပျော်တွေကြည့် ဖြစ်စေချင်မိသည်။လွန်ခဲ့တဲ့လက .. တေဇာနဲ့ မောင်နှမဝမ်းကွဲတော်သူ ရတနာမယ်.. ဒီပါ့ကို လာတွေ့ခဲ့သည်။ အကြောင်းရင်းကတော့ တေဇာနဲ့ မယုဇနဟန်တို့ကို မယ်ဘုရားတို့ သ‌ဘောတူထားလားလို့ စုံစမ်းချင်လို့လာတာ။ ဒီပါကောင်းကောင်းသိတာပေါ့။ ရတနာမယ်ရဲ့ မျက်ဝန်းထဲကဘာသာစကားကို။ မောင်နှမဝမ်းကွဲအချင်းချင်း လက်ဆက်ပေးထားတဲ့ နန်းတွင်းသားတွေ .. မင်းညီမင်းသားတွေ ရှိခဲ့ဖူးတယ်ဆိုတဲ့စကားက နန်းရင်းဝန်ကြီးဉီးခိုင် ကိုယ်တိုင်ပြောတဲ့စကား။ မှူးမတ်အိမ်မှာ အတူနေမိတော့မှ မှူးမတ်တွေရဲ့ နောင်တော်ကြီးအပေါ်ထားတဲ့ လေးစားမှုနဲ့ မောင့်အပေါ်ထားတဲ့ မေတ္တာကို သေချာသိရတော့တာ။ ဒီမိသားစုကြီးကို ကာကွယ်နေရတဲ့ ရွှေနန်းရှင်ကြီးကိုလည်း ချီးမွမ်းရပြန်တာ။ ဒီမိသားစုကြီးနဲ့ နောင်တော်ကြီးမျက်နှာပျက်ရမယ့်ကိစ္စတွေကို ဒီပါမလုပ်လို။ တစ်ကယ်လို့ တေဇာ့ကို မယုဇနနဲ့ လက်ဆက်ပေးမယ်ဆိုရင်ဖြင့် ဒီပါ.. ဝမ်းမြောက်ဝမ်းသာ လက်ခံမှာပါ။ ပြီးရင်တော့ မောင့်ကို ထားခဲ့ပြီး.. မောင်ရှာမတွေ့မယ့်နေရာမှာသွားပုန်းနေဖို့ တွေးထားပြီးသား။မယုဇနနဲ့မဟုတ်ဘဲ... ရတနာမယ်နဲ့ဆိုရင်ရော လို့ ကိုယ့်ကိုယ်ကို မေးလာတော့ .. မသင့်တော်ဘူးလို့ မြင်မိသည်။ အဟင်း ကိုယ်တိုင်ကလည်း မသင့်တော်တဲ့ ချစ်ခြင်းကို လက်မလွှတ်နိုင်လို့ .. အခုချိန်ထိ နန်းတော်ကနေ ပြန်မသွားနိုင်သေးဘူးမဟုတ်လား။ဒါပေမယ့်.. ရိုင်းစိုင်းပြီး အုပ်စိုးလိုစိတ်များလှတဲ့ အဲ့ဒီ ရတနာမယ်ကိုတော့ ဒီပါ သဘောမတွေ့ပါ။ဘာပဲဖြစ်ဖြစ်.. မောင့်အနား မောင့်လိုအင်ကိုဖြည့်စွမ်းပြီး နေနိုင်သလောက် နေဖို့ ဒီပါ စိတ်ဆုံးဖြတ်မိသည်။ဒီပါစံနန်းဆောင်လို့ နာမည်ကအစ ဒီပါ့နာမည်ပေးထားတဲ့ အဆောင်ခန်းကိုရွှေ့လာခဲ့ရတော့.. ဒီပါ အံ့သြရသည်။ ‌ယောက်ဖတော်အတွက် ပြင်ဆင်ထားတဲ့အဆောင်ခန်းဆိုတာ.. မမ မိဖုရားခေါင်ကြီးရဲ့ အဆောင်ခန်းနဲ့ မတိမ်းမယိမ်း ခမ်းနားလှသည်။ ကျယ်ဝန်းတဲ့ အခန်းထဲ နန်းဆန်တဲ့အခင်းအကျင်းက မှူးမတ်အိမ်က အခန်းနဲ့ဆိုရင် ဆီနဲ့ ရေ။ယောက်ဖတော် အဆောင်ခန်းလက်ခံလိုက်တာနဲ့တစ်ပြိုင်နက်.. အပါးတော်မြဲ မောင်မြ နဲ့ သူ့နောက်ကနေ ရံရွေတော် ၂၀ လောက် ‌ရောက်လာပြီး ရေစိမ်ချိုးရခြင်း၊ အဝတ်လဲရခြင်း စတဲ့ လုပ်ရိုးလုပ်စဉ်တွေကို ဇယ်ဆက်သလိုလာလုပ်ပေးသွားကြပြီးနောက်.. အခန်းထဲမှာ ဒီပါတစ်ယောက်သာ ကျန်ရစ်ခဲ့တော့သည်။ဒီပါ.. အခန်းထဲကနေ အပြင်ကိုလှမ်းထွက်မယ်ကြံလိုက်စဉ်မှာပဲ. . ချောက် ကနဲ မည်သံနဲ့အတူ.. ဘီဒိုကြီးက ရွှေ့သွားတော့တာမို့.. အလန့်တကြား နံရံမှာကပ်ကာ ငေးနေမိတော့သည်။ ဘီဒိုနောက်ကနေ ထွက်လာသူက ချစ်ရတဲ သူ။ ဒီပါ့ကိုအကြောက်ပြေစေဖို့ အနားတိုးကပ်လာပြီးလက်ကိုကိုင်ကာ သလွန်ပေါ်ထိုင်စေတဲ့ မောင်က.. အပြုံးချိုချိုလေး ပြုံးလို့။"မောင်.. အရှေ့တံခါးကမလာဘဲ ဘာလို့အနောက်ကလာတာလဲဟင်။ သူများတွေသိကုန်တော့မယ်။""ဒီအတွင်းလမ်းရှိတယ်ဆိုတာကို နောင်တော်ကြီးနဲ့ နန်းရင်းဝန်အပြင်.. တစ်ခြားဘယ်သူမှမသိဘူး ဒီပါ။ နောင်တော်ကြီးက မောင်တို့အတွက် အထူးတည်ဆောက်ပေးထားတာ။ လာ ဒီမှာကြည့်.. ဒီလမ်းအတိုင်းလိုက်ခဲ့ရင် မောင့်အဆောင်ကိုရောက်မယ်။ ဒီပါလာချင်တဲ့အချိန်လာခဲ့နိုင်တယ်။ ဒီဘက်ကိုလိုက်ရင်.. ဟိုအနောက်က ဉယာဉ်ကိုထွက်တဲ့တံခါးဆီရောက်မယ်။ ဉယာဉ်က မောင်တို့မြင်းစီးတဲ့ကွင်းရဲ့ တောင်ဘက်မှာရှိတာဒီပါ။ ဉယာဉ်ရဲ့ အဆုံးက ရေကန်ကြီးပဲ။ မောင်နဲ့ဒီပါတို့ လွတ်လွတ်လပ်လပ်နေလို့ရအောင် နောင်တော်ကြီး စီမံပေးထားတာဒီပါရဲ့""ကျေးဇူးကြီးလှပါတယ် ‌နောင်တော်ကြီးရယ်။""အင်း.. မောင့်ကိုရော ကျေးဇူးမတင်ဘူးလား ဟင်""အို .. ဒီပါကမောင့်ကို ဘာလို့ကျေးဇူးတင်ရမှာလဲ""မောင့်အချစ်တွေကိုလေ။""မောင့်အချစ်တွေကို... ဟုတ်လားမောင်။ ကျေးဇူးတင်တာပေါ့မောင်ရယ်။ ဒီပါ့ကို အခုထိ ချစ်ပေးတာ ဒီပါက ကျေးဇူးတင်ရမှာပေါ့။ ဒါကြောင့် လာလမ်းကနေ ပြန်ကြွတော်မူပါတော့"ပြောရင်းဆိုရင်းတွန်းလွှတ်နေတဲ့ ဒီပါ့လက်ကို တေဇာဖမ်းဆုပ်လိုက်ပြီး.. ရင်မှာကပ်ထားလိုက်မိသည်။"မောင်.. နောင်တော့်ကို သွားလျှောက်မလို့။ ဒီပါနဲ့လက်ဆက်ဖို့ကိစ္စကို လေ။""မောင်.. ဒီပါပြောထားတယ်လေကွာ""မောင်မစောင့်နိုင်ဘူးလို့လဲ ပြောထားတယ်လေကွာ""ဟာ မောင်က အတော်ဆိုးတာပဲကွာ""အင်း ဆိုးတယ်လေ.. ဒီပါအခုမှသိမှာ ဘယ်လောက်ဆိုးလဲဆိုတာ"နူးညံ့လှတဲ့ ပါးလေးကို ပွတ်သပ်ရင်းနဲ့ ခပ်တိုးတိုးဆိုလေတော့ ဒီပါ ကျောကစိမ့်သွားရသည်။"မောင်.. ဒီပါက မောင့်အတွက် လူဖြစ်လာရတယ်လို့ ဆိုရင်တောင်ရတယ်သိလား။ မောင်ဘာမှမကြိုးစားဘဲ ဒီပါ့ကို ပစ်ထားမယ်ဆိုရင်တောင် ဒီပါက မောင့်တစ်ယောက်ကိုပဲ ချစ်မှာ။ အခုလိုမျိုး တစ်ယုတစ်ယ ကြင်နာတဲ့အပြင်.. မိဘတွေ ညိုညင်မှာကိုတောင် မကြောက်ဘဲ.. ဒီပါ့အနားနေပေးတာ ဒီပါက ပိုပြီး ချစ်ရတာပေါ့။ မောင့်အပိုင်အဖြစ်.. ဒီပါ အမြဲရှိနေမှာ နော်။""အင်း.. ဒီပါက မောင်ပိုင်ဆိုင်တဲ့ တစ်ယောက်တည်းသော ကြင်ယာတော်။ မောင့်ကိုပိုင်ဆိုင်တဲ့ တစ်ဉီးတည်းသော လူသား။ မောင်တို့ လက်ထပ်စာချုပ်မှာလက်မှတ်ထိုးကြမယ်။ ဒီပါဖြစ်ချင်တဲ့ ဆန္ဒအကုန် မောင်ဖြည့်စည်းပေးမယ် နော်။"ခေါင်းညှိမ့်ပြတဲ့ ချစ်ရသူမျက်နှာလေးကို တေဇာမေးဖျားလေးကနေမော့လိုက်သည်။ ရှက်ပြုံးလေးနဲ့ မျက်လွှာချတဲ့ ချစ်သူနှုတ်ခမ်းကို ပထမဉီးဆုံးအကြိမ် ထိတယ်ဆိုရုံလေး ထိကာနမ်းလိုက်တော့ နှစ်ယောက်စလုံးရဲ့ ရင်ထဲကနှလုံးသားတွေ ခုန်ထွက်လာသလို လေထဲမြောက်တက်သွားရတော့သည်။ နူးညံ့လှတဲ့ နှုတ်ခမ်းလေးက နောက်တစ်ကြိမ်မထိတွေ့ဘဲ မနေနိုင်လောက်အောင်.. ဆွဲဆောင်ရလေကား..ဒီပါရဲ့ နူးညံ့တဲ့ နှုတ်ခမ်းဖူးကို.. ထပ်ခါထပ်ခါ နမ်းရှုံ့ရင်း.. သလွန်ထက်ဆီသို့ ဉီးဆောင်ခေါ်ငင်လာခဲ့တော့သည်။ တုန်ယင်တဲ့ ကိုယ်ကို ထွေးပွေ့ထားရင်း.. ချိုမြတဲ့ နှုတ်ခမ်းနဲ့ အာခံတွင်းကို ငုံထွေးရင်း.. ကြင်ယာတော်အရာသွင်းဖို့ ... ဒီပါ့တစ်ကိုယ်လုံးကို ယုယညင်သာစွာပဲ သိမ်းပိုက်လိုက်တော့သည်။အိပ်ခန်းဆောင်အပြင်ဘက် .. လောကတစ်ခွင်လုံးကတော့ မိုးတွေသည်းမည်းစွာရွာလို့... ထိုမိုးကို သင်္ကြန်အကြိုမိုးလို့ ခေါ်ကြပေမယ့်.. ဒီပါကတော့ ထိုမိုးသံကို ... ချစ်ခြင်းဖွဲ့သီချင်းလို့သာ အမည်တပ်လိုက်တော့သည်။******"နောင်တော်ဘုရား။ ဖခမည်းတော်ကို လျှောက်တင်မယ့်ကိစ္စ ဆိုင်းတော်မူပါအုံးဘုရား။ ဒီပါ.. ဖခမည်းတော်ပျော်ရွှင်နေရမယ့်အချိန်မှာ ဒီပါ့ကြောင့် စိတ်အနှောက်အယှက်မဖြစ်စေချင်ပါဘူးဘုရား။"တေဇာတားတဲ့ကြားက ဒီပါ ထီးဘုရားကို လျှောက်ထားလိုက်မိသည်။ ထီးဘုရားက ဖခမည်းတော်ကို ဖွင့်ပြောပြီး တေဇာနဲ့ ဒီပါ့ကို လက်ထပ်ပေးမယ်ကတိပေးထားပေမယ့်.. အခုက ထီးဘုရားဂရုစိုက်စရာ.. ကိစ္စကြီးရှိလာပြီလေ။ တေဇာစိတ်မဆိုးနိုင်အောင်လည်း ဒီပါ လိုက်လျောခဲ့ပြီးပြီမို့.. နောင်တော့်ကို ဆိုင်းပါလို့လျှောက်တင်ဝံ့ခဲ့တာပါ။နောင်တော်ကြီးက တော့ စိတ်မချမ်းသာစွာပဲ.. သဘောတူလေသည်။ ထိုနေ့ကစပြီး.. ဒီပါစံကို ဒီပါစံနန်းဆောင်မှာ တင့်တယ်စွာဖြင့် အမြဲမြင်နေရတော့သည်။⚜️⚜️⚜️1992 အောက်တိုဘာလရွှေနန်းတော်ကြီးတစ်ခုလုံး ပြာပြာသလဲတွေဖြစ်ကုန်ကြ... ဟိုပြေးဒီပြေး.. ရေနွေးယူသူ.. ဆရာဝန်ပင့်သူ.. အားလုံး အပြေးအလွှား။ ဘုရားခန်းထဲမှာတော့ မယ်တော်ကြီးဘုရားကို အင်္ဂုလိမာလသုတ် ရွတ်ဆိုလျက်သား တွေ့ရပေလိမ့်မည်..မိဖုရားခေါင်ကြီး ဗိုက်နာနေတာ နေ့တစ်ဝက်ရှိပြီ။ ဆေးရုံကိုသွားဖို့ဖြောင့်ဖြလို့မရ။ ထီးဘုရားကလည်း ခရီးလွန်နေတာမို့.. အဆက်အသွယ်မရ။ သတင်းကြားတဲ့ ယုဇနဟန်မင်းသမီး ရောက်လာတော့မှ ဆေးရုံကိုသွားဖို့.. သဘောတူတာမို့.. ကမန်းကတန်းတွေ ဖြစ်ကုန်ကြတော့တာ။သောကြာနေ့တစ်ရက်လုံး တစ်ညလုံး မမွေးနိုင်ဘဲ စနေနေ့ အာရုဏ်တက်ချိန်မှာ မီးဖွားသန့်စင်တဲ့ သတို့သားကို ဘိုးတော်ဘုရားက ဘွဲ့အမည် ပေးတော်မူတာက..သတိုးတေဇရောင်ရှိန်..သားတော်လေးအတွက် ဘိုးတော်မင်းကြီးချီးမြှင့်တဲ့ နန်းစဉ်ပတ္တမြားလက်စွပ်နဲ့ မယ်တော်ချီးမြှင့်တဲ့ ကျောက်စိမ်းလက်စွပ်တို့ကို မိဖုရားခေါင်ကြီးလက်ခံရပြီး... လိုတဲ့ဆုတောင်းစေဆိုတဲ့ ဆုကိုပါ ရခဲ့လေသည်။ သို့သော် ထိုဆုကိုတော့ လှရူပါစံ သိမ်းဆည်းထားခဲ့သည်။နန်းတော်ကြီးတစ်ခုလုံးပျော်လိုက်ကြတာမှ.. ဘိုးတော်ဘုရား ခွင့်ပေးလို့ စားသောက်ပွဲကျင်းပပြီး ပျော်နေကြတော့သည်။ထီးဘုရားကတော့ သားတော်ကြီးဖွားပြီးနောက်ရက်မှပြန်ရောက်လာခဲ့တာမို့.. တောက်တစ်ခတ်ခတ်နဲ့သာ သား‌တော်ကို လက်ကမချစတမ်း ချစ်မြတ်နိုးရှာလေသည်။သားတော်လေး သုံးနှစ်သားအရွယ်အထိသိမ်းဆည်းထားခဲ့တဲ့ ... "သမီးတော်.. လိုတဲ့ဆုကိုတောင်းစေ" ဆိုတဲ့ ဆုကို.. ရူပါစံ . .တောင်းဖို့အချိန်ကျပြီထင်သည်။ သားတော်လေးကို အဘိုးလက်ထဲ ထည့်လို့ .. လိုချင်တဲ့ဆုကိုတောင်းရတော့မှာ။သားတော်မွေးတဲ့နှစ်မှာပဲ သူငယ်ချင်း ပိုင်သုတဟန်ကို မယ်တော်ဘုရားနဲ့ မမယုတို့က အတွင်းဝန်ကြီး ဉီးတင်လှိုင်ရဲ့သမီး မြတ်မာလာလှိုင်နဲ့ ထိမ်းမြားပေးခဲ့ပြီးပြီမို့လို့ ပိုင့်အတွက် စိတ်မပူရ‌တော့ပေမယ့်.. မမယုနဲ့ တေဇာ့ကို သ‌ဘောတူနေတဲ့ ဖခမည်းတော်ကြီးကိုတော့ .. လိုရာဆုဆိုတဲ့ တစ်ခုတည်းနဲ့ ရင်ဆိုင်ရတော့မှာ။ မောင်ငယ်လေး စိတ်ဆင်းရဲရမယ့် ကိစ္စများကို ရှေ့ကနေ ဆီးကာပေးဖို့ ကြိုးစားနေရရင်းက မောင်တော့်ကို ချစ်မိတဲ့ မိမိကိုယ်ကို .. အရင်အပြစ်တင်ရတော့မလား မသိတော့။ဒီကြားထဲ ဒီပါနဲ့တေဇာတို့က တိတ်တဆိတ်လက်ထပ်လိုက်ကြပြီး.. တစ်ခါတစ်ရံ အလုံစံအိမ်မှာသွားနေကာ ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းနဲ့ ရတနာဆိုင်ကိုကြည့်ရှုစီမံပေးနေကြတာမို့လည်း ခမည်းတော်မသိအောင် ဖုံးဖိထားနိုင်ကြတာဖြစ်သည်။ အခုမမယုနဲ့ တေဇာ့ကို လက်ဆက်ပေးဖို့ ဖခမည်းတော်က စိတ်ကူးနေကြောင်း သတင်းရတာမို့လို့ တေဇာ့ကို ဒီပါစံနဲ့ လက်ဆက်ပေးဖို့ ဒီဆုကို တောင်းရတော့မှာ။လှရူပါစံ.. ဆုတောင်းဖို့ ပြင်ဆင်နေစဉ်မှာပဲ.. ရင်ထုမနာတဲ့ ဖြစ်ရပ်တစ်ခု က .. နန်းတော်တစ်ခုလုံးကို တုန်လှုပ်စေဖို့ ဖြစ်လာတော့သည်။နန်းတော်ထဲကို ဆင့်ခေါ်ထားတဲ့..ယုဇနဟန်ကို .. ရတနာမယ်ရဲ့ မောင်အငယ် ရန်နောင်က ကားပေါ်တင်ကာခိုးပြေးသွားခဲ့ပြီး ပြင်ဉီးလွင်အတက်မှာ ချောက်ထဲကို ကားထိုးကျလို့.. ရန်နောင်ရော ယုဇနဟန်ပါ... တစ်ပြိုင်နက် တိမ်းပါးသွားလေသည်။ဒီသတင်းကြောင့် .. လှရူပါစံ ရင်ထုမနာဖြစ်ရသလို.. မယ်တော်ရော ဖခမည်းတော်ပါ စိတ်ထိခိုက်ကြရတာမို့ နန်းတော်တစ်ခွင်လုံး.. တိတ်ဆိတ်နေတော့သည်။အဆောင်ခန်းထဲ တစ်ရှုံ့ရှုံ့နဲ့ ငိုကြွေးနေရှာတဲ့ ဒီပါ့ကို တေဇာ မချော့တတ်တော့။ ငယ်စဉ်ကတည်းက အတူတူကြီးပြင်းလာခဲ့တဲ့ အပြင် အမတစ်ယောက်လို ချစ်ပေးခဲ့တဲ့ ယုဇနဟန်ကို ရုတ်တရက် လက်လွှတ်လိုက်ရတာ.. ဒီပါ့အတွက် အကြီးမားဆုံးဆုံးရှုံးမှုတစ်ခုလည်းဖြစ်သည်။အဲ့ဒါထက်.. သူများကိုပြောပြလို့ မဖြစ်တဲ့ သောက ကလည်း.. ရင်ထဲမှာတိုးဝင်နေပြန်သည်။ မမယုက ရန်နောင်နဲ့ပတ်သက်ပြီး ဒီပါ့ကို တစ်ခါတိုင်ပင်ဖူးခဲ့တာ တေဇာ့ကိုတောင် မပြောပြဖြစ်ခဲ့ အခုလောက် ဆိုးရွားသွားလိမ့်မယ်လို့တော့ မထင်မိခဲ့တာ သူ့အမှား။ နောင်တတွေနဲ့ မျိုသိပ်ထားရတာ သိပ်ခံစားရခက်တာမို့.. ရတနာမယ် နန်းတော်ထဲရောက်လာတယ်ဆိုတာနဲ့.. အပြေးသွားတွေ့မိသည်။ရန်နောင့်ကို အပြစ်တင်တဲ့ ထီးဘုရားက .. ရတနာစံအိမ်ကို အိမ်နိမ့်စံအဖြစ်အဆင့်သတ်မှတ်ပြီး ရတနာမယ်ကစလို့ အိမ်နိမ့်စံက လူအားလုံး နန်းတွင်းဝင်ခွင့် ပိတ်ပင်လိုက်တာ.. ဒီနေ့ က ရတနာမယ်နဲ့ နောက်ဆုံးတွေ့ရတဲ့ အခွင့်အရေးဖြစ်လိမ့်မည်။"ရတနာမယ်.. ခင်ဗျား.. မမယုကို ခိုးပြေးဖို့ ရန်နောင့်ကို တိုက်တွန်းခဲ့တာမဟုတ်လား။ ရန်နောင့်လို ကြောက်တတ်တဲ့လူက မမယုကို ဘယ်လိုမျိုး.. သတ္တိနဲ့ ခိုးပြေးနိုင်လိမ့်မလဲ ဟင်။ ခင်ဗျား တေဇာ့ကိုလိုချင်လို့ ဒီလိုဇာတ်လမ်းမျိုး ဆင်တာမဟုတ်လား ဟင်"တုန်ယင်တဲ့ အသံ တုန်ယင်တဲ့ကိုယ်တို့နဲ့ .. ရန်တွေ့နေတဲ့ ခပ်ပျော့ပျော့လူကို .. ရတနာမယ် မဲ့ပြုံးပြုံးပြလိုက်သည်။"ရန်ကိုရှင်းတယ်ဆိုတာ.. အခုလိုရှင်းရတယ်ကွဲ့။ မင်းသိအောင် ပြောပြဖို့မလိုပါဘူး။ အိမ်နိမ့်စံရတယ်ဆိုပေမယ့် အိမ်ရှေ့စံ မိဖုရားနေရာကို ငါပဲ ရစေရမယ်။ မင်း နှုတ်က ရှောက်ပြောခဲ့ရင်တော့... မင်းရဲ့ အမကို နန်းတော်ထဲကနေ ခေါင်းနဲ့ ထွက်သွားရအောင် ငါလုပ်ပစ်မှာ။ အဟက်... ရွှေနန်းရှင်ရဲ့ အားနည်းချက်ကဘာလဲမင်းသိလား။ အားနာတတ်တာပဲ။ စိတ်သဘောထားကောင်းလွန်းတာပဲ။ ဒီမှာ ယောက်ဖလေး။ မင်းက မိန်းမနဲ့ဆက်စပ်မှတော်တဲ့ယောက်ဖ။ ငါက ထိပ်ခေါင်တင်ရဲ့ တူမ။ မတူပဲလာမယှဉ်နဲ့။ အိမ်ရှေ့စံနဲ့ငါနဲ့ လက်ဆက်ပြီးတဲ့နောက် မင်းတို့မောင်နှမကို နန်းတော်ကနေ ကန်ထုတ်ပစ်မယ်။ ဟွန့်"ရတနာမယ့်ကို ဒီပါ မုန်းသည်။ အိမ်နိမ့်စံအဖြစ် ထီးဘုရားက အပြစ်ပေးပေမယ့် ဘိုးတော်နဲ့ မယ်တော်ဘုရားရဲ့ ချစ်ခြင်းကို ရတနာမယ် ရထားသေးတာမို့လည်း... နန်းတော်အတွင်း အခေါ်တော်ခံရဆဲ။ မျက်နှာနှစ်ဘက်ရှိတဲ့ ရတနာမယ်က ... ဘိုးတော်တို့ ရှေ့မှာ မည်သို့သရုပ်ဆောင်တယ်ဆိုတာ ဒီပါမသိရပေမယ့်.. ဒီပါ့ရှေ့မှာတော့ သူမရဲ့ ဘီလူး‌ခေါင်းကို ထုတ်ပြစမြဲပင်။1995 အောက်တိုဘာလ..သတိုးတေဇရောင်ရှိန်..သုံးနှစ်ပြည့်မွေးနေ့မင်္ဂလာ ဆင်ယင်ပြီး အိမ်ရှေ့စံအဖြစ် အပ်နှင်းတဲ့ နေ့။ထိပ်ထားလှရူပါစံ.. ဘိုးတော်မင်းတြားနဲ့ မယ်တော်တို့ဆီ.. တောင်းဆုယူဖို့ ရောက်လာခဲ့ပြီ။"ဖခမည်းတော် ဘုရား။ သမီးတော်ကို ပေးမယ့်ဆု.. ယနေ့တောင်းပါရစေဘုရား။""ပြောပါသမီးတော်။ လိုရာဆုကို ရပါစေ့မယ်ကွယ်""ယုဇနဟန် မင်းသမီးအတွက် ရတက်မအေးရချိန်မှာ မှ သမီးတော်က ဤဆုကို ယူလိုခြင်းမို့. အပြစ်တင်လိုက တင်တော်မူပါ။ နားနဲ့မနာ ဖဝါးနဲ့ နာတော်မူကြပါ ဖခမည်း‌တော်နဲ့ မယ်တော်ဘုရား"ထိပ်ထားဒေဝါနွယ်.. မျက်ရည်လည်ရွှဲနဲ့သာ.. နားဆင်နေရသည်။ ဒီကိစ္စကို ခင်ပွန်းသည်ကသာ လက်မခံခဲ့ရင်.. နောက်ဆက်တွဲတွေဘယ်လိုဖြစ်ကုန်ကြမလဲ။"နှမတော်.. စောင့်ပါလှည့် ကွဲ့။ မောင်တော် လျှောက်တင်ပါ့မယ် နှမတော်"ရွှေနန်းရှင် ထီးဘုရား ဖခမည်းတော်နဲ့ မယ်တော်ကို ကန်တော့ပြီး.. မိဖုရားခေါင်ကြီးရှေ့က ပိတ်ကာဆီးလိုက်သည်။"လျှောက်ပါရစေ။ ညီတော် တေဇာနဲ့ ယောက်ဖတော် ဒီပါတို့ မေတ္တာမျှနေကြကြောင်းပါ။ သားတော်အနေနဲ့ ညီတော်နဲ့ ယောက်ဖတော်တို့ကို တရားဝင်လက်ဆက်ပေးလိုပါတယ် ဖခမည်းတော်။""ဘယ်လို.. သားတော်.. ရှင်ဘုရင်တစ်ပါးဖြစ်ပြီး.. ကျင့်ထုံး ကျင့်ဝတ်.. ဓမ္မသတ်တို့နဲ့ မညီခြင်းကို နားမလည်ပေဘူးလားကွယ့် ဟေ""မောင်တော်.. နှမတော်တို့အသက်လည်းကြီးပါပြီ။ တရားဘာဝနာနဲ့ အေးချမ်းသင့်ပြီဘုရား။ သားတော်လေးရဲ့ စိတ်ဝင်စားမှုက ဒီပုံအတိုင်းဖြစ်တာမို့ သားတော်လေး စိတ်မဆင်းရဲရအောင် သားတော်ကြီးက ကြိုးစားပေးနေခြင်းပါ။""အင်း.. သမီးတော်တောင်းမယ့် ဆုကလည်း ဒါပဲမဟုတ်လားကွယ်""မှန်ပါတယ် ဖခမည်းတော်ဘုရား။ အပြစ်တင်လိုပါက သမီးတော်ကိုသာ အပြစ်တင်ပါဘုရား""ငါကိုယ်တော် မသိချင်ယောင်ဆောင်နေလို့ မရအောင် ဖွင့်လို့လျှောက်ကြတာပဲကိုးကွဲ့။ အိမ်တော်ထဲ လွတ်လပ်စွာနေတာအကြောင်းမရှိပေမယ့်.. ပြင်ပပတ်ဝန်းကျင်မှာ မျက်နှာငယ် ဂုဏ်သိမ်ဖွယ်ရာတွေဖြစ်လာလိမ့်မယ် သားတော်""သားတော်ကြီး ဤအရေးတွေကိုကြိုတွေးလို့ .. စီမံထားပြီးဖြစ်ပါတယ် ဘုရား။""အိမ်း.. ဒါဆိုရင်လည်း.. စကားလက်လွန်တာလေးတွေ ပြင်ရသေးတာပေါ့ကွယ်။ ကိုင်း သမီးတော် လိုရာဆုလည်း ခမည်းတော် ပေးတယ်ကွဲ့။ နှမတော်လည်း အငိုရပ်ပါ‌တော့ကွယ်။ ခမည်းတော်ရဲ့အရိုက်အရာခံယူတဲ့သားတော်ကြီး.. အကိုပီသပါပေတယ်ကွယ်။ ကိုင်းကိုင်း..ပြန်ကြပေတော့။ စစ်ဝန်... ရတနာမယ်ကို နန်းတော်ထဲ ဆင့်ခေါ်စေစမ်းကွယ်"ယုဇနဟန် တိမ်းပါးလို့ ဝမ်းနည်းနေတဲ့ တေဇာကို နှစ်သိမ့်ပါရစေ ဆိုလာတဲ့ ရတနာမယ့်ကို .. ဘိုးတော်မင်းတြားကြီး စကားလွန်ထားတာ.. ပြန်ရုပ်သိမ်းရပေအုံးတော့မှာပဲလေ။***********"ဘာ.. သုံးနှစ်ကျော်တောင် လိမ်ထားနိုင်တယ်ဆို‌တော့ ဒီပျော့စိပျော့ညံ့ကောင်လေးကို ငါ လျှော့တွက်မိခဲ့တာပဲ .. ဟဲ့ ခင်ဉ.. နင်ပြောတာ အမှန်တွေပဲနော်"မယ်တော်မိဖုရားကြီး အပါးတော်မြဲ ဒေါ်ခင်ဉ ကြောက်ကြောက်နဲ့ ပဲ ခေါင်းညှိမ့်လိုက်ရသည်။ ရတနာမယ့်ကို ပေါင်းမိတာ ဒေါ်ခင်ဉအတွက် ငရဲကျတာထက်တောင် ပိုဆင်းရဲရသေးသည်။ ဟိုတုန်းကတော့ လက်ဆောင်ပဏ္ဍာတွေ သီတန်းလို့.. အရေးပေးလိုက်တာကလည်း အလွန်။ ခင်ဉအတွက်လို့ဆိုပြီး မြင်းငယ်တစ်ကောင်တောင် လက်ဆောင်ပေးထားတာ။ ရွာမှာနေတဲ့ မိသားစုကိုလည်း ရတနာမယ်ကပဲ အလုပ်တွေရှာပေး.. ပိုက်ဆံတွေပေးနဲ့ မို့.. အတွင်းရေးတွေကို ရတနာမယ့်ဆီပြောပြမိပြီးကတည်းက ရတနာမယ့်ကျွန်သဘောက် ဖြစ်မှန်းမသိဖြစ်ခဲ့ရသည်။"တောက်... တေဇာဘာပဲဖြစ်ဖြစ် .. ဒင်းကတော့ တေဇာ့အနားမရှိမှဖြစ်မယ်မဟုတ်လား ခင်ဉ။ ငါ့မှာ မောင်တစ်ယောက်တောင် စတေးထားခဲ့ပြီးပြီ။ အိမ်ရှေ့စံနေရာကိုလည်း ဒင်းတို့ အမျိုးကသိမ်းတယ်။ ငါမကျေနပ်ဘူးခင်ဉ။ တေဇာ့ကို ငါ မဖြစ်ဖြစ်အောင် လက်ထပ်ရမှဖြစ်မယ်။ ကဲ.. ပြန်တော့။ ညည်းနှုတ်လုံပါစေနော် ခင်ဉ။ ငါ့အကြောင်းသိရဲ့မဟုတ်လား။"ခင်ဉကိုနှင်ထုတ်ပြီးတာနဲ့.. ရတနာမယ်.. ဘာလုပ်ရမလဲဆိုတာ အကွက်ချနေသည်။ဒီပါစံဆိုတဲ့ ငပျော့ကို နန်းတော်ထဲက နှင်ထုတ်ရမှာပေါ့။ ဒီအတိုင်းဆိုရင်.. ထီးဘုရားတို့ မသိသေးလို့ တေဇာနဲ့ ဒီပါတို့ စိတ်ထင်သလိုနေနိုင်ကြတာပဲ။ မြင်းကွင်းမှာ တစ်ယောက်လက်ကိုတစ်ယောက်တွဲလို့ ပျော်မြူးကြတယ် ဖက်တွယ်ထားကြတယ် ဆိုတာ .. သာမန် သူငယ်ချင်းတွေလုပ်တဲ့ ကိစ္စမှမဟုတ်တာ။ နောက်ပြီး အလုံစံအိမ်ကို သွားကြတော့လည်း အတူတူ။ ဒီသုံးနှစ်ကျော်ကာလအတွင်း ရတနာမယ် တေဇာ့အနားကပ်လိုသော်လည်း ဒီပါနဲ့ အမြဲလိုလို နူးညံ့နေတတ်တဲ့ တေဇာက .. ရတနာမယ့်ကို ခပ်တင်းတင်းဆက်ဆံခဲ့တာ .. အနားမှာ ဒီပါက အမြဲလိုလို ရှိနေတာမို့ ကပ်မရခဲ့တာ.. သူတို့နှစ်ယောက် ဆက်ဆံရေးက ဒီလိုမို့လို့ကိုး။ ရတနာမယ်.. အကြံဉာဏ်တောင်းနေကျ.. အစီအရင်ဆရာမကြီးဆီ အပြေးသွားပြီး.. အကျိုးအကြောင်း အကြမ်းဖျဉ်းပြောကာ.. ပြင်ဆင်စရာရှိတာကို ပြင်ဆင်လျှက်.. နန်းတွင်းထဲဝင်ဖို့ စောင့်နေခဲ့သည်။ ဘိုးတော်မင်းတြား ခေါ်တယ်ဆိုတဲ့ အခွင့်အရေးကို လက်လွှတ်မခံဘဲ ရတနာမယ် နန်းတွင်းထဲရောက်တာနဲ့ တေဇာရှိတဲ့ အဆောင်ဆီ တန်းဝင်လာခဲ့သည်။တေဇာ့ကိုတော့ ဒီပါစံယောက်ဖတော်ဆောင်ခန်းဘက်က ထွက်လာတာ တန်းတိုးတော့တာမို့.. ရတနာမယ် ခပ်ငေါ့‌ငေါ့‌လေးနှုတ်ဆက်လိုက်သည်။"ဒီမှာ.. တေဇာငယ်။ ယောက်ဖတော်အခန်းဘက် ခြေဉီးလှည့်စရာ အကြောင်းရင်းများရှိလို့လား""အိမ်နိမ့်စံ.. ဘာအကြောင်းနဲ့ နန်းတွင်းဝင်လာခဲ့တာလဲ။"မဲ့တဲ့တဲ့ ရတနာမယ့်မျက်နှာကြောင့် တေဇာ စိတ်မသက်မသာဖြစ်ရသည်။ နောင်တော်အခေါ်ရှိလို့ သွားမယ့်လမ်းမှာမှ လာပိတ်ထားတဲ့ရတနာမယ့်ကိုလည်း စိတ်ထဲက ဒေါသထွက်မိသည်။"ဟွန့်။ ထီးဘုရားကြီး အခေါ်တော်ရှိလို့ လာခဲ့တယ်လေ။ ထီးဘုရားကြီးကို မဖူးမျှော်ခင်.. ကိစ္စတစ်ခု ပြောချင်လို့ တေဇာ့ဆီ တန်းလာခဲ့တာပဲ။ အဟင်းဟင်း.. ရတနာမယ်သိထားတဲ့ကိစ္စကိုသာ .. ထီးဘုရားကြီး.. သိသွားရင်တော့.. နန်းတော်တစ်ခွင် .. ပေါက်ကွဲထွက်မလားပဲ""စကားတာရှည်တယ် အိမ်နိမ့်စံ ရတနာမယ်။ မယ်မင်းလျှောက်လိုရာကို ဘွင်းဘွင်းလျှောက်ခြေစမ်း"ရတနာမယ် အို့တို့အမ်းတမ်း ဖြစ်သွားရသည်။တောက်.. သူခိုးကလူပြန်ဟစ်လို့။"ဒီမှာတေဇာ.. ထီးဘုရားကြီးကို တေဇာနဲ့လက်ဆက်ပေးဖို့ ဒီနေ့ လျှောက်တင်ခဲ့မှာ။ လိမ်လိမ်မာမာနဲ့ စီမံတာကိုနာခံမယ်ဆိုရင်ကောင်းမယ် တေဇာ. မဟုတ်ရင်တော့.. ယောက်ဖတော်နဲ့ ဖောက်လွဲဖောက်ပြန်ဖြစ်နေတဲ့ကိစ္စကို မင်းတြား‌ရော ထီးဘုရားရော မယ်မယ်ရောသိအောင် လျှောက်တင်လိုက်မယ်။"တေဇာ နှုတ်ခမ်းတစ်ဘက် တွန့်တယ်ဆုံရုံလေး ပြုံးလိုက်သည်။"ရတနာမယ် မယ်မင်း အတင့်ရဲလိုက်တာ.. ကိုယ်တော် မကြောက်လို့ ဒီပါစံ့ကို ဆောင်ခန်းအပ်နှင်းထားတာ မယ်မင်း မသိလေရော့သလား။ အော... မယ်မင်းဆီ သတင်းရောင်းတဲ့သူက ထိမ်ချန်ထားတယ်ထင်ပါ့။ ဟုတ်ပေမယ်.. ဒီသတင်းက တန်ကြေးကြီးလှတယ်လေ။ ဒီပါစံ မှူးမတ်အိမ်ကနေ ပြောင်း‌ရွှေ့လာခဲ့တာ ကြာပေါ့ ရတနာမယ်ရယ်.. ကဲကဲ မယ်မင်းလျှောက်တင်ချင်သပဆိုလည်း ကြွပေတော့။ ငါကိုယ်တော် ကို ထီးဘုရားအ‌ခေါ်တော်ရှိတယ်။ လမ်းဖယ်"ရင့်ရင့်သီးသီး ဆက်ဆံသွားတဲ့ တေဇာနဲ့ ဒီဖြစ်စဉ်ကို အစအဆုံးမြင်သွားတဲ့ ဒီပါတို့ကို ရတနာမယ် စိတ်ဆိုးလှသည်။တိုင်မယ်ဆိုပြီး မာန်တင်းသွာလေသမျှ ထီးဘုရားကြီး.. မိန့်လေတဲ့ စကားတွေအောက်မှာ ပြားပြားဝပ်ရသည်။မထင်မှတ်ထားလောက်အောင်ကိုပဲ.. ရတနာမယ့်အကြံအစည်တွေနဲ့ လုပ်ရပ်တွေကို အပါးတော်မြဲ ခင်ဉနဲ့ တေဇာ့ ကိုယ်ရံတော် ခွန်ဖတို့ဆီကအပြင်.. အနေအေးလှတဲ့ ဒီပါရဲ့ အပါးတော်မြဲ မောင်မြဆီကနေပါ သိထားနှင့်ပြီးဖြစ်တဲ့ ထီးဘုရားကြီးနဲ့မယ်မယ်က .. ရတနာမယ်ကို ပြစ်တင်ကြိမ်းမောင်းကာ နန်းတော်က နှင်ထုတ်လို့.. အပြစ်ပေးလေတော့သည်။မောင်ငယ်ကိုသေစေတဲ့သူ.. ယုဇနဟန်မင်းသမီးကိုသေစေတဲ့သူ... နန်းတွင်းသတင်းတွေကို ဝယ်ယူတဲ့သူ။ သစ္စာဖောက်ဘဝနဲ့ .. နန်းတော်ထဲက ပြန်လာရတဲ့ ရတနာမယ်ကို မျက်နှာမရတဲ့အပြင် ခြေကန်ခံရလို့ ဒေါသနဲ့ အမုန်းတွေ ပေါက်ကွဲထွက်မတတ်ဖြစ်နေရသည်။ရတနာမယ်ရဲ့ အမုန်းနဲ့‌ဒေါသတွေပိုလို့တောက်လောင်အောင်.. ခြိမ့်ခြိမ့်သဲ ကျင်းပပေးတဲ့ တေဇာနဲ့ ဒီပါတို့ လက်ဆက်ထိမ်းမြားသဘင်ပွဲ သတင်းက .. လောင်စာထည့်နေတော့သည်။ဒီ့အပြင်.. ယုဇနဟန်ရဲ့ မောင်.နဲ့. အတွင်းဝန်ရဲ့ သမီးကမွေးတဲ့ သမီးဉီးလေး မြတ်နိုးယုယဟန် ကိုနန်းတော်ထဲ ဆောင်ယူလို့ ဒေဝီမင်းသမီးဘွဲ့အပ်နှင်းကာ.. လေးနှစ်သား အိမ်ရှေ့စံနဲ့ စေ့စပ်ပေးဖို့ ပြင်ဆင်နေကြောင်းသတင်းကလည်း ထိုအမုန်းကို ထပ်တိုးဆပွားစေပြန်သည်။ဒီပါစံတို့မောင်နှမနဲ့ ယုဇနဟန်တို့ မောင်နှမကို ရတနာမယ် ခွင့်မလွှတ်နိုင်။ အချိန်နှောင်းကာမှ. တေဇာ့အပေါ်ထားမိတဲ့ ချစ်ခြင်းကိုလည်း လက်မလွှတ်နိုင်။ ရတနာစံအိမ်ရဲ့ သမီးကြီးဖြစ်ပါလျှက် သစ္စာဖောက်အဖြစ် တံဆိပ်ကပ်ခံရပြီး မိသားစုရဲ့ ရှေ့ရေးကိုဖျက်မိတဲ့အတွက်.. ဒီရှက်စိတ်နဲ့ပဲ မယ်တော်လည်း ဆုံးပါးရ.. မောင်ငယ်ကမွေးတဲ့ တူတစ်ယောက်တူမတစ်ယောက်အတွက်လည်း.. ရှေ့ဆောင်လမ်းပြမဖြစ်ခဲ့ရ။နောင်တဆိုတာထက် ထိုအမုန်း ထိုအချစ်တွေကို အားကိုးရာ အစီအရင်ဆရာမကြီးဆီက အစီအရင်ကျိန်စာ.. အဖြစ် ပြောင်းလဲလိုက်ကာ.. ဒီပါစံ့ဆီ .. စာတစ်စောင်နဲ့ ပုလင်းတစ်လုံး လက်ဆောင်ပဏ္ဍာများနဲ့အတူပို့လိုက်ပြီး.. အစီအရင် အသက်ဝင်ဖို့.. အဆိပ်သောက်.. သတ်သေလိုက်တော့သည်။ထို ကျိန်စာ..သည်ကား အဆိပ်ဒဏ်‌ကြောင့် ရုပ်ပျက်ဆင်းပျက် အသက်ပျောက်နေတဲ့ ရတနာမယ့်လက်အတွင်း.. ကြေမွနေခဲ့ပြီး.. ထိုကျိန်စာပေရွက်.. ကို ထုတ်ယူစဉ်မှာပဲ.. ကြေမွနေတဲ့ အပိုင်းအစပေါ်က.. စာကြောင်းလေးတွေပျက်စီးနေတာမို့.. ကျိန်စာ အပြည့်အစုံကို ဘယ်သူမှ မသိကြတော့။ထိုကျိန်စာကို နန်းတော်တွင်းဆောင်ယူလာခဲ့ပြီး ဘိုးတော်မင်းတြားနဲ့ မယ်တော်တို့ ဖတ်ကြားကြပြီးတဲ့နောက်.. စိတ်နှလုံးကြေကွဲလွန်းလို့ ညှိုးနွမ်းကုန်ကြရတော့သည်။ အညှိုးကြီးမားလှတဲ့ ဒီမိန်းကလေးက ဘယ်အချိန်ကတည်းက မိဖုရားအရာကို တပ်မက်နေခဲ့ပါလိမ့်။ ကင်ဆာဝေဒနာခံစားနေရတဲ့ နန်းရင်းဝန်ကြီးက အားတင်းကာ အခြေအနေကို ကြိုးစားထိမ်းရပြီး တူတော် နန္ဒကို နန်းရင်းဝန်ခန့်အပ်ဖို့.. မင်းကြီးသတိုးဘုန်းရာဇထံ ခွင့်တောင်းရတော့သည်။ဖရိုဖရဲအခြေအနေကို .. လှရူပါစံ ကောင်းစွာထိမ်းသိမ်းပြီး မိဘနှစ်ပါးကို စောင့်ရှောက်ကာ တေဇာတို့ကိုလည်း ကျိန်စာနဲ့ပတ်သက်ပြီး လေသံမျှ မကြားစေရအောင် ကြိုးစားတားမြစ်ထားခဲ့သည်။ကြမ်းကြားလေကြား.. အမျိုးသားချင်းလက်ဆက်ထားတဲ့ တေဇာနဲ့ ဒီပါ့ကို မလိုသူများက မလိုလားအပ်တဲ့သတင်းစကား နားထဲရောက်အောင်ပို့ကြတာမို့.. ဒီပါနဲ့ တေဇာကတော့ ကျိန်စာအကြောင်း.. ကောင်းကောင်းသိနှင့်ပြီးဖြစ်သည်။ရတနာဆိုင်နဲ့ ကုန်သွယ်ရေးကို ဉီးဆောင်ပေးနေတဲ့ တေဇာ.. တစ်ဖြေးဖြေး ကျန်းမာရေးညံ့လာတဲ့အပြင် ကားမတော်တဆမှုကိုလည်း ဆင့်ကဲ ကြုံလာရတာမို့ ဒီပါ.. စိတ်မသိုးမသန့် ဖြစ်မိသည်။ရတနာမယ် ဆုံးပါးပြီး ၆ လလောက်ကြာတဲ့အထိ.. တေဇာ ကျန်းမာရေး ပြန်မကောင်းလာခဲ့။ မင်းကြီးကလည်း .. နိုင်ငံရပ်ခြား ခဏခဏသွားလို့ .. နိုင်ငံတော်အစိုးရနဲ့ လက်တွဲကာ စီးပွားရေးကိစ္စတွေ တာဝန်ယူနေရတာကြောင့်လည်း နန်းတော်ကိုပြန်မကပ်နိုင်။ အကြောင်းရင်းကို ရှာမရပါဘဲလျှက် တစ်ရှောင်ရှောင်ကနေ အိပ်ယာထဲလဲကာ မထနိုင်တော့တဲ့ တေဇာ့ကို ဒီပါ စိတ်ပူပန်လာတော့သည်။နုံးချိအားအင်ကုန်ခန်းကာ.. မူးနောက်လွန်းလို့ မှိန်းနေတုန်း နူးညံ့တဲ့ လက်တစ်စုံက နှဖူးကိုလာပွတ်သပ်တာမို့.. တေဇ မျက်လွှာဖွင့်ကြည့်လိုက်မိသည်။ ချစ်ရသူရဲ့ စိုးရိမ်မျက်ဝန်းလေးတွေကို နှစ်သိမ့်ပေးချင်ပေမယ့်.. တေဇာ မတတ်နိုင်ပါ။ ပြုံးပြလိုက်ဖို့တောင် အတော် ပင်ပင်ပန်းပန်းကြိုးစားရလောက်သည်အထိ ယူပစ်လိုက်သလို ချုံးချုံးကျနေရတော့တာ ကိုယ့်ကိုယ်ကို အားမရမိ။ မျက်ခွံတွေလေးလို့... ဘာကိုမှ စိတ်မဝင်စားနိုင်အောင်ပင်။ ဒီပါ နဲ့ အပါးတော်မြဲ ခွန်ဖတို့ ကြိုးစားပြုစုနေကြပေမယ့်.. တိုးတက်မလာဘဲ ဆုတ်ယုတ်မြဲ ဆုတ်ယုတ်လာတဲ့ ကျန်းမာရေးကို တေဇာအားမရ။ဒီခေတ်မှာ ဒါမျိုးတွေ လက်ခံနိုင်စရာမရှိဘူး လို့.. ဇွတ်တင်းထားခဲ့ပေမယ့်.. အခုတော့ တစ်ကယ့်ကိုပဲ အကျိုးသက်ရောက်နေတာများလားလို့ သံသယဖြစ်လာရတာ.. စိတ်လည်းမသက်သာ။ ဒီပါမသိပါစေနဲ့လို့ ဆုတောင်းရတာလည်း မောပြီ။"မောင်.. သိပ်နုံးနေလားဟင်။ ဒီပါ မောင့်အတွက် ငှက်သိုက်လေးကြိုလာတယ်။ မောင်သောက်လိုက်နော်။""မောင်နေကောင်းသွားမှာပါ ဒီပါ။ မစိုးရိမ်ပါနဲ့နော်။ ဒီပါလည်းနေကောင်းနေဖို့လိုတယ်... မောင်က သန်မာပါတယ် ဒီပါ။"သလွန်ထက်မှာ လဲလျောင်းရင်း ဖြူဖျော့နေတဲ့ သူက သန်မာသေးတယ်ဆိုတော့ ဒီပါ ပြုံးလိုက်သည်။ စိတ်ဆုံးဖြတ်ချက်ချထားပြီးသား..မို့လို့ နှလုံးသားတစ်ခုလုံးနဲ့ ချစ်ရတဲ့ မောင့် နှဖူးကို.. ဖွဖွနမ်းလိုက်ပြီး မောင့်လက်ကိုကိုင်ကာ ဒီပါ ဆုတောင်းတစ်ခု.. ပြုမိသည်။ ထိုဆုတောင်းလေးက မောင့်အတွက်.. ပြီးတော့ ဒီပါ့အတွက်.. ‌နောက်ဆုံးဆုတောင်းဖြစ်သလို.. ဒီပါ အတတ်နိုင်ဆုံးမောင့်ကိုစောင့်ရှောက်ဖြစ်တဲ့ .. ဆုတောင်းလဲဖြစ်လိမ့်မည်။💐 မှားတဲ့ချစ်ခြင်းဖြစ်ခဲ့ပါလျှင်လည်း.. ဆုံလေရာဘဝတိုင်းမှာ.. အခုလိုပဲ ထပ်ခါထပ်ခါ ချစ်မြတ်နိုးရပါစေ။ ဒီပါ့အချစ်နဲ့ မောင် ရှင်သန်ပျော်ရွှင်ပါစေ 💐"မောင့်ကို ဒီပါ သိပ်ချစ်တယ် ဗျ။ ဒီအချစ်ကို မောင် အမြဲ သတိရပေးနော်။ မောင့်အချစ်နဲ့ ဒီပါရှင်သန်လာခဲ့သလို.. ဒီပါ့အချစ်နဲ့ မောင်ရှင်သန်ရမယ်နော်"လည်ကိုသိုင်းဖက်လို့ .. နားနားတိုးကပ်ကာဆိုလာလေတော့.. တေဇာ ခေါင်းညှိမ့်ပြလိုက်သည်။ ငှက်သိုက်အာဟာရလေးဝမ်းထဲရောက်လာလို့ထင်ရဲ့ မျက်ခွံတွေ လေးပြီး တေဇာ အိပ်ပျော်သွားတော့သည်။တေဇာ နှစ်ခြိုက်စွာအိပ်ပျော်တော့မှ.. ဒီပါ တေဇာ့အိပ်ခန်းကို အတွင်းက ကလန့်ထိုးလိုက်ပြီး.. တေဇာ့ကို နောက်ဆုံးအကြိမ် ငေးစိုက်ကြည့်လိုက်ကာ.. အတွင်းလမ်းအတိုင်း အဆောင်ခန်းဆီ ပြန်လာခဲ့သည်။ဒီပါ့အဆောင်ခန်းအလယ်.. စားပွဲငယ်ပေါ်မှာ ရတနာမယ် မသေဆုံးခင်က ပို့ထားခဲ့တဲ့လက်ဆောင်များနဲ့အတူ စာတစ်စောင် နဲ့ ပုလင်းတစ်လုံး။"မလျှော်ကန်တဲ့ နေရာမှာ.. မသင့်တော်တဲ့ တော်စပ်မှုတွေနဲ့ အရှက်မဲ့ နေခဲ့ပြီးပြီ။ ကျိန်စာထဲကအတိုင်း ပျက်စီးကြပေရော့။ မပျက်စီးစေလိုရင်.. ပုလင်းထဲက အဆိပ်နဲ့ အပြစ်ကိုဖြေလို့.. နန်းတော်ရဲ့ ရှက်ဖွယ်ကို ဆေးကြောပေတော့"ဒီပါ.. စာကို အထပ်ထပ် ဖတ်ရင်း ... ဖခမည်းတော်နဲ့ မယ်တော့်ကို မှန်းဆကာ ဉီးချလိုက်သည်။မင်းတရားကြီး ကျေးဇူးရှင် အကိုကြီးကို မှန်းလျက် ဉီးချသည်။ ကျေးဇူးရှင် အမကို မှန်းလျှက် ဉီးချသည်။ ကျိန်စာအကြောင်း တစ်ကူးတစ်ကသွားမေးစဉ်က မကျန်းမာတဲ့ကြားက ဖြေကြားပေးတဲ့ နန်းရင်းဝန်ကြီး ဉီးခိုင်ကို မှန်းလျက် ဉီးချသည်။ ချစ်ရတဲ့ ခင်ပွန်းကို မှန်းလျက် ဉီးချလိုက်သည်။ကျိန်စာထဲက အတိုင်း.. ထိုကျိန်စာ ပျက်ပြယ်စေဖို့... ဆုတောင်းတစ်ခုကို အထပ်ထပ် ပြုပြီး .. ပုလင်းငယ်ထဲက အရည်များကို သောက်ချလိုက်ကာ.. ကုတင်ထက် အသာလှဲနေလိုက်ပြီး.. ပြင်းပြတဲ့ဝေဒနာကို ခံစားလျက်.. မောင့်မျက်နှာကိုသာ မြင်ယောင်ရင်း... နောက်ဆုံးထွက်သက်ကို ထို ကြင်ယာတော် စံနန်းဆောင်ထဲမှာ.. ရှိုက်လိုက်တော့သည်။************🌑🌑🔥ကျိန်စာ.. .သတိုးမင်းမျိုးသားတော်တိုင်း .. နောင်ရင်းမျိုးစစ် မျိုးရိုး သားတော်များဖြင့် ထိမ်းမြားမှုပင်အစဉ်ပြုရမည်။ကြင်ယာမိန်းမ မရပါစေနှင့်။ ကြင်ယာမိန်းမ ထိမ်းမြားပါက မျိုးရိုးတိမ်ကောပါစေ။ကြင်ယာယျောက်ျားမထိမ်မြားက..သတိုးမျိုးရိုး.. အသက် ၂၀ အနာရောဂါ ထူပါစေ ။ အသက်၃၀ ဘေးကြီးသင့်ပါစေ.။ အသက် ၄၀ သက်တမ်းပြတ်ပါစေ။နောင်ရင်းမျိုးရိုး သတိုးသားတော်များနဲ့ မထိမ်းမြားပါက .. မျိုးရိုးပြတ်ပါစေ။သတိုးမင်းမျိုး ကြင်ယာယျောက်ျား.. ထိမ်းမြားအလွန် တိမ်းပါးလေမှ ကျိန်စာအညှိုးပြယ်ပါစေ။ကြင်ယာယျောက်ျား...........xxxxxxxxxxxxxxxxxxx???******************"ဒီပါ့အချစ်နဲ့ မောင်ရှင်သန်ပျော်ရွှင်ပါစေ"ရုတ်တရက်.. နားနားမှာ ခပ်တိုးတိုးလေး.. ကြားလိုက်ရတာမို့.. တေဇာ ဖျတ်ကနဲ မျက်လွှာနှစ်ခု ပွင့်သွားရသည်။ဒီပါ.. ဟင်.. အခန်းကမှောင်လို့.. ဘယ်သူမှလည်း အနားမှာမရှိ။ နှလုံးခုန်သံ အသက်ရှူနှုန်း အားလုံးက ပုံမှန်လိုမျိုး။ ငါဘယ်လောက် အိပ်ပျော်သွားလို့လဲ။ နေပြန်ကောင်းလာသလိုခံစားရတာမို့.. တေဇာ.. အိပ်ယာက ထလိုက်မိသည်။ စိတ်နှလုံးတစ်ခုလုံးက.. ဒီပါ့ကိုပဲ တမ်းတနေတာ.. ပေါက်ကွဲထွက်မတတ်။ ဒယိမ်းဒယိုင်ခြေလှမ်းများနဲ့.. အတွင်းလမ်းကနေ ခပ်ဖြေးဖြေး လှမ်းသွားလိုက်တော့.. ဒီပါက ကုတင်ပေါ်မှာ ငြိမ်သက်စွာ အိပ်ပျော်လို့.. ။"မောင့်ကို ပြုစုရတာ ပင်ပန်းရှာတယ် မောင့်ချစ်သူရယ်၊ အိပ်ပါနော်... သေသေချာချာနားလိုက်တော့.."နှဖူးကို လက်တင်ဖို့ ကုတင်စွန်းထိုင်မိတော့.. ညိုတဲ့နှုတ်ခမ်း.. နဲ့ တင်းတင်းကြိတ်ထားတဲ့ အံသွားတို့ကြောင့် ငေါထွက်နေတဲ့ မေးရိုး.. တစ်ဘက်ကိုတစ်ဘက် ဆုပ်ကိုင်ထားတဲ့ လက်ချောင်းများက သွေးကြောများတောင် .. ပေါက်ထွက်တော့မတတ်။"ဒီပါ.. ဒီပါ"ပုံမှန်မဟုတ်တဲ့ မျက်နှာနုနုငယ်ငယ်ကို ထိတွေ့မိတော့ .. အေးစက်တောင့်တင်းနေလေပြီ။"ဒီပါ.. ဒီပါ.. မောင့်ကိုမနောက်ပါနဲ့ ဒီပါရယ်။ မောင် လာပြီလေ။ မောင်နေကောင်းပြီဒီပါရဲ့"လက်နှစ်ဘက်ကို အုပ်ကိုင်မိတော့ .. မခံစားနိုင်အောင်ပဲ အမှန်တရားက တံခါးခေါက်လာသည်။တေဇာ အလန့်တကြား နောက်ဆုတ်လိုက်မိတော့... စားပွဲပေါ်က စာနဲ့ပုလင်းလေးကို မြင်သည်။သေချာအောင် ဒီပါ့ပခုံးတွေကို လှုပ်ကာ နှိုးမိပြန်တော့သည်။"ဒါ... ဒါဆို.. ဒီပါ..ဒီပါရယ်.. မောင့်ကို ထားခဲ့တာလား ဟင်.. နိုးပါတော့ဒီပါရယ်.. မောင်ခေါ်နေတယ်လေ.. ဒီပါ.. မောင်.. မောင် သေချင်သေပါစေလား မောင့်အတွက် ဒီပါက အသေခံသွားတာလား။ ဟင်.. မဟုတ်ဘူး.. အဲ့လိုမဖြစ်ရဘူး.. မောင် မောင်.. အား........"နက်ကျယ်တဲ့‌အော်သံကြောင့် နန်းတော်ဆောင်ကြီးတစ်ခုလုံး လှုပ်ရှားသွားရတော့သည်။ခွန်ဖနဲ့ မောင်မြတို့... ကြိုးစားဖွင့်သော်လည်း .. တံခါးက မပွင့်။ မင်းသားနဲ့ ကြင်ယာတော် နှစ်ပါးလုံး အသံမကြားရဘဲ တံခါးအသေပိတ်ထားတာမို့ ခေါ်လို့လဲမရ။ ထီးဘုရားဆီ အပြေးလေး သတင်းသွားပို့တော့ထီးဘုရား နောက်လိုက်နောက်ပါများကို ထားရစ်ကာ ရန်ပုံခွင်းကိုသာခေါ်လျက်.... ဉယာဉ်ဘက်က တံခါး‌ပေါက်အတိုင်း အတွင်းလမ်းက ဝင်လာခဲ့သည်။ ဒီပါစံနန်းဆောင် အတွင်း.. တစ်ဉီးက.. ကုတင်ထက် လဲလျှောင်းလျက် တစ်ဉီးက ကုတင်နံဘေး ပုံလဲလျက်..။စားပွဲပုလေးထက်က... ပုလင်းလွတ်တစ်လုံးနဲ့.. စာတစ်စောင်ကြောင့် .. အခြေအနေကို ကောင်းကောင်း ရိပ်မိတဲ့ မင်းကြီးခမျာ.. အဆောင်ခန်းတံခါးကို တုန်လှုပ်စွာပဲ ဖွင့်ပေးရင်း.. သောကမီးကို ကြိုးစားဖြေသိမ့်နေရှာတော့သည်။ဒီပါစံရဲ့ အသက်ကိုစွန့်သွားခဲ့တဲ့သတင်းကိုကြားတဲ့ တစ်ချိန်တည်းမှာပဲ အစာအိမ်ကင်ဆာနောက်ဆုံးအဆင့်ရောက်နေပြီဖြစ်တဲ့ နန်းရင်းဝန်ကြီး ဉီးခိုင်.. အနိစ္စရောက်ပြန်တာမို့ .. စိတ်ထိခိုက်လွန်းတဲ့ နန်းကျဘုရင်ကြီး နဲ့ မိဖုရားကြီးတို့ လှရူပါစံ ကြိုးစားပြုစုနေဆဲမှာပဲ နှစ်ပါးလုံးရှေ့ဆင့်နောက်ဆင့် ကံကုန်ကြလေသည်။********"အဲ့ဒီနောက်တော့ ဉီးရီးတော် သတိုးဘုန်းတေဇာ အရူးတစ်ပိုင်းဖြစ်ပြီး .. နန်းတော်ထဲကနေ ပျောက်သွားတော့တာပဲ မြတ်။ မိဖုရားခေါင်ကြီးလည်း.. နောက်ထပ် သားတစ်ပါး သန္ဓေခလို့.. ဒီပါစံများဝင်စားလေသလားလို့ ဝမ်းသာခဲ့ကြတယ်။ ကျိန်စာကလည်း ပျက်ပြယ်သွားခဲ့ပြီလို့ မျှော်လင့်ခဲ့ကြတာပေါ့။ ဒါပေမယ့်.. အိမ်ရှေ့စံ အသက်ကိုးနှစ်မှာ မေမေက မြတ်ကို မွေးခဲ့တယ်။ မျှော်လင့်တဲ့အတိုင်း ကျိန်စာမပျက်ပြယ်ဘူးဆိုတာကို အိမ်ရှေ့စံ အသက် ဆယ့်ကိုးနှစ်မှာ မေမေတို့ သိခဲ့ရတယ် မြတ်။ အဲ့ဒီကျိန်စာက ပေရွက်ပေါ်မှာ ဒီလိုရေးထားတယ်မြတ်..သတိုးမင်းမျိုးသားတော်တိုင်း .. နောင်ရင်းမျိုးစစ် မျိုးရိုး သားတော်များဖြင့် ထိမ်းမြားမှုပင်အစဉ်ပြုရမည်။ကြင်ယာမိန်းမ မရပါစေနှင့်။ ကြင်ယာမိန်းမ ထိမ်းမြားပါက မျိုးရိုးတိမ်ကောပါစေ။ကြင်ယာယျောက်ျားမထိမ်မြားက..သတိုးမျိုးရိုး.. အသက် ၂၀ အနာရောဂါ ထူပါစေ ။ အသက်၃၀ ဘေးကြီးသင့်ပါစေ.။ အသက် ၄၀ သက်တမ်းပြတ်ပါစေ။နောင်ရင်းမျိုးရိုး သတိုးသားတော်များနဲ့ မထိမ်းမြားပါက .. မျိုးရိုးပြတ်ပါစေ တဲ့။အဲ့ဒီကျိန်စာအရ.. အိမ်ရှေ့စံ ကျန်းမာရေးထိခိုက်လာတဲ့အပြင် မြတ်ကလည်း ကျောက်ကြီးပေါက်လိုက်တာ. မျက်လုံးတွေတောင်ကွယ်တော့မလို့။ ဒါကြောင့် စာချုပ်မှာ အိမ်ရှေ့စံနဲ့ မြတ်ကို လက်မှတ်ထိုးပြီး ထိမ်းမြားပေးထားခဲ့ကြတယ်။ ထိမ်းမြားလက်မှတ်ထိုးပြီးနောက်ပိုင်း အိမ်ရှေ့စံလည်း နေကောင်း၊ မြတ်လည်း ကျောက်ကြီးတွေ ပျောက်ကုန်လို့ ဒီကျိန်စာကို ပေါ့ပေါ့ဆဆ သဘောမထားရဲခဲ့ဘူး မြတ်"ကျိန်စာထဲက စာကြောင်းအားလုံးကို ယုယ တစ်လုံးမကျန်မှတ်မိပေမယ့်.. မြတ်ကို မပြောရက်။ ဒီအကြောင်းတွေ မပြောပြဖို့ အရှင့်သား တားမြစ်ထားတာကို ယုယပြောပြတယ်ဆိုတာကလည်း.. မြတ်အပေါ် အလေးထားတဲ့ အရှင့်သားကို မြတ် အထင်မလွဲစေချင်လို့ပဲမဟုတ်လား။"ဒါဆို.. ကိုယ်တော်က အသက်သုံးဆယ်နားနီးလာလို့..ကျိန်စာကို ပျက်ပြယ်စေချင်တာကြောင့် မြတ်ကို.. နန်းတွင်းကိုခေါ်လာတာပေါ့ နော် မမ""မြတ်.. အရှင့်သားက မြတ်အပေါ် ဘယ်လိုသဘောထားတယ်ဆိုတာ တစ်ကယ်မသိဘူးလား ဟင်"မြတ် ပြန်မဖြေပါ။ပထမဉီးဆုံးအကြိမ် ကြားဖူးတဲ့ ရင်ကွဲစရာ ဖြစ်ရပ်မှန် ဇာတ်လမ်းကို မြတ်.. ပြန်မြင်ယောင်နေရင်းနဲ့... အမကိုတောင် ကောင်းစွာနှုတ်မဆက်နိုင်ဘဲ ဒီပါစံနန်း‌ဆောင်ကိုသာ ပြန်လာခဲ့တော့သည်။ဒီနန်းဆောင်ထဲမှာ မလျှော်သော ချစ်ခြင်းတွေအတွက်.. အသက်ပေးသွားခဲ့တဲ့ သူ့ ဝိဉာဉ်များ.. တွယ်ညီနေလိမ့်မလား... တစ်ကယ်လို့များ... သူ့ကိုတွေ့ခဲ့ရင်.. မြတ်သေချာပေါက်ပြောဖြစ်မယ့်စကားတစ်ခွန်း ရှိသည်။ သေချာပေါက် ပြောချင်ပါသည်။စစ်မှန်တဲ့ ချစ်ခြင်းမှသာ... မည်သည့်အခက်အခဲနဲ့ ဒုက္ခကိုမဆို.. ရင်ဆိုင်နိုင်စွမ်းရှိတာမို့.. ခင်ဗျားသက်သေပြခဲ့တဲ့ အချစ်က.. ဘယ်လောက်တောင် မြင့်မြတ်တယ်ဆိုတာ.. သေချာပြောပြချင်မိပါသည်။ ဖတ်ရတာ အဆင်ပြေကြပါစေဗျအပိုင်းအသစ်လေး မျှော်ပါဗျာ။လွတ်လပ်စွာ ဝေဖန်နိုင်ပါတယ်ဗျ

 သေချာပြောပြချင်မိပါသည်။ ဖတ်ရတာ အဆင်ပြေကြပါစေဗျအပိုင်းအသစ်လေး မျှော်ပါဗျာ။လွတ်လပ်စွာ ဝေဖန်နိုင်ပါတယ်ဗျ

¡Ay! Esta imagen no sigue nuestras pautas de contenido. Para continuar la publicación, intente quitarla o subir otra.

¡Ay! Esta imagen no sigue nuestras pautas de contenido. Para continuar la publicación, intente quitarla o subir otra.
ကြီးမြတ်လေသော နှလုံးသားDonde viven las historias. Descúbrelo ahora