အခဏ်း.. ၆။ 🚨🚨🔞🔞🚨🚨

85 2 0
                                    


🚨🚨🔞🔞🚨🚨🚨🚨🔞🔞🚨🚨အသက်အပိုင်းအခြားအလိုက်.. ချင့်ချိန်ဖတ်ကြဖို့ တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။ ငှက်ကလေးများတီတီတာတာ မြည်တမ်းကြသံတွေ.. လင်းကြက်တွန်သံတွေ အပြင် ခေါင်းအုံးနားက ဖုန်းဆီက နှိုးစက်သံခပ်တိုးတိုးထွက်လာတာမို့ ဘုန်းရှိန်ရောင်ဝါ.. ရင်ခွင်ထဲက ကလေးပေါက်စကို ခပ်တင်းတင်းဖက်လိုက်ပြီး မင်္ဂလာနေ့အတွက် အားတင်းလိုက်ရသည်။ယခင်ကတော့ စီးပွားရေးလုပ်ငန်းတွေမှန်သမျှ ဉီးရီးတော်တွေကို ရှေ့တန်းမှာထားပြီး နောက်ကနေသာ စီမံခန့်ခွဲခဲ့ပေမယ့် ဒီနေ့ကစပြီး.. ဘုန်းရှိန်ရောင်ဝါ.. ထီးနန်းရှင်အနေနဲ့ .. တာဝန်အားလုံးကို မျက်နှာပြကာ ယူရတော့မည်ဖြစ်သည်။ ထို့အပြင်.. ကြင်ယာတော်ကို စောင့်ရှောက်ရင်း.. ဆိုးယုတ်တဲ့ကျိန်စာကို ပျက်ပြယ်စေဖို့ နည်းလမ်းလည်း ရှာရတော့မှာ။ မျိုးဆက်အတွက် ဘုန်းရှိန်ရောင်ဝါ စဉ်းစားထားတာကို ထိပ်ခေါင်တင်က သဘောတူပါ့မလားမသိ။ ညီငယ် မဟာနဲ့ နောင်ရင်းမျိုးမြတ်နိုးယုယဟန်ကို လက်ဆက်ပေးလိုက်ရင်..မင်းဆီမင်းသွေး မျိုးဆက်ကတော့ ရလာမှာပင်။ အဲ့ဒီမျိုးဆက်က ကျိန်စာကိုအဆုံးသတ်လိမ့်မည်လို့ ဘုန်းရှိန်ရောင်ဝါ စွဲစွဲမြဲမြဲ ထင်နေမိသည်။ညီငယ်နဲ့ မင်းညွန့်လျာ မျိုးဆက်ကို ထီးနန်းလွှဲအပ်ပြီးတာနဲ့ ဘုန်းရှိန်ရောင်ဝါကတော့.. မြတ်လက်ကိုဆွဲကာ တစ်နေ့ ဟိုးအဝေးက စိုက်ခင်းတွေဆီ အေးအေးချမ်းချမ်းသွားနေမည်။ မြတ်ငယ်ကို ကြင်နာမြတ်နိုးခွင့်ရမယ့် နောက်ဆုံးအချိန်အထိ နေ့ရက်တွေကို အတူတူ ကျော်ဖြတ်မည်။ ထိုနေ့တွေက ဖန်တီးစရာမလိုဘဲ ပင်ကိုယ်က ပျော်ရွှင်ရမယ့် နေ့တွေဖြစ်ဖို့ ကိုယ်တော် ကြိုးစားချင်သည်။လောလောဆယ်တော့.. ကိုယ်တော့် ခက်ခဲကြမ်းတမ်းတဲ့ ဘဝထဲ မကြောက်မရွံ့ တိုးဝင်လာခဲ့တဲ့ ချစ်ရသူလေးကို မွေးနေ့ဆုလေးတောင်းပေးရပေအုံးမည်လေ။ ဒီနေ့က မြတ်ငယ်ရဲ့ ၂၁ နှစ်ပြည့်မွေးနေ့လည်းဖြစ်သလို.. ထိပ်ခေါင်တင် ဘွဲ့နှင်းလို့ မိဖုရားကြင်ယာတော် အဖြစ် ထိမ်းမြားမယ့်နေ့လည်းဖြစ်လေသည်။ ထီးဖြူရှင်နဲ့ဝေးနေတာ နှစ်ပေါင်းကြာလှပြီဖြစ်တဲ့ ထီးနန်းကိုလည်း ဘုန်းရှိန်ရောင်ဝါ သိမ်းပိုက်ရမယ့်နေ့လည်းဖြစ်လေသည်။ ထို့အပြင်.. ကျောကိုတည့်တည့်ချိန်ကာ ပစ်လွှတ်ထားတဲ့ ကျိန်စာဓါးကို အရင်လို ပုန်းလျှိုးကွယ်လျှိုးမဟုတ်ဘဲ ရဲရဲကြီး ရင်ဆိုင်ဖို့ အသင့်ပြင်တဲ့ နေ့လည်းဖြစ်လေသည်။"မင်္ဂလာ မွေးနေ့လေးပါ မောင်တော့်မြတ်ငယ်..။ မောင်တော်က မြတ်ငယ်ကို မွေးနေ့အထိမ်းအမှတ်အနေနဲ့ရော.. မောင်တော့်မေတ္တာကို လက်ခံတဲ့အတွက်ရော လိုရာဆုကိုပေးလိုတယ်ကွယ်"ရင်ခွင်ထဲမှာ ခေါင်းတိုးပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ မြတ်ငယ်ပါးကိုနမ်းလိုက်ပြီး နားလေးအနားတိုးကပ်လို့ မွေးနေ့ဆုလေး ပေးလိုက်တဲ့အခါ အိပ်နေတဲ့ မြတ်ငယ်က နှုတ်ခမ်းလေး တွန့်ကွေးသွားအောင်ပဲ ပြုံးလေသည်။"နိုးနေပြီလားမြတ်ငယ်.. အိပ်လိုက်ပါအုံး မနက် ငါးနာရီကို အထိန်းတော်ကြီးလာလိမ့်မယ်""ကိုယ်တော်.. လိုရာဆု တစ်ကယ်ပေးမှာလား""မောင်တော့်အသက်ရော ခန္ဓာပါ အပါအဝင်.. မြတ်ငယ်လိုတာကို တောင်းပါစေဗျား""မြတ်ကို ဘယ်တော့မှ ပစ်မထားပါဘူးလို့ ကတိပေး""မောင်တော့် ကတိစကားကို မြတ်ငယ်ရပါပြီ။ မြတ်ငယ်လိုအပ်ချိန်တိုင်းမှာ မောင်တော်အနားအမြဲရှိနေပါ့မယ်။ မြတ်ငယ်.. ဒီမှာ မောင်တော့် မင်္ဂလာလက်ဆာင်။ ဒီလက်စွပ်က နန်းစဉ်ပတ္တမြားလက်စွပ်ပဲကွယ့်။ မြတ်ငယ်ရဲ့လက်မှာ အမြဲဆင်ယင်ထားပါ။ ဒါကတော့ မယ်တော့်ဆီက လက်ဆောင်ရတဲ့ ကျောက်စိမ်းလက်စွပ်ပဲကွဲ့။ နန်းတွင်းမိခင် အရာကို ကိုယ်စားပြုတဲ့ ဒီကျောက်စိမ်းလက်စွပ်က မောင်တော့်မိဖုရား ကြင်ယာတော်ကို မိသားစုရဲ့ မိခင်အဖြစ် အလေးအမြတ်ထား အသိအမှတ်ပြုတယ်ကွဲ့။""ကိုယ်တော်.. မြတ်ကို လူတွေအားလုံးက တစ်မျိုးမြင်ကြမလား ဟင်""အို.. မြတ်ငယ်ကို ချစ်ခင်ကြလွန်းလို့.. မောင်တော်တောင်မှ သူတို့နဲ လုလို့ ကြင်နာရလိမ့်မယ် မြတ်ငယ်။ အဲ့ဒါတွေ အာရုံမထားပါနဲ့..။ ထိပ်ခေါင်တင်မိဖုရားအရာကနေ.. မိသားစုဝင်အားလုံးကို .. ထိမ်းသိမ်းပေးဖို့ မောင်တော်က အပ်နှံပါတယ်ကွဲ့""အင်း.. မြတ်ငယ်က မိဖုရားမှ မဟုတ်တာကို..""ဒါဆို.. မောင်တော့် ကြင်ယာတော် ခေါင်ဖုရားပေါ့ဗျား"ကြည်ကြည်နူးနူးနဲ့ နိုးထခွင့်ရတဲ့ မနက်ခင်းဟာ ကိုယ်တော့် ရင်ခွင်ထဲမှာဖြစ်နေတာက .. မြတ်အတွက် အိမ်မက်မက်နေသလိုပင်။ ပျော်သလားလို့မေးရင် မြတ် ပျော်သည်။ တစ်ကြိမ်မျှ မပျော်ဖူးတဲ့အပျော်နဲ့ပျော်သည်။ ဘယ်လိုအခက်အခဲပဲလာပါ‌စေ.. မြတ်.. သေသေချာချာ ရင်ကော့ရင်ဆိုင်သွားဖို့ အဆင်သင့်လည်းဖြစ်ခဲ့ပြီဖြစ်သည်။⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️**💖💖 အတိုင်းမသိ၊ မင်္ဂလာ ကျက်သရေရှိပါဘိတယ်ကို၊ တောကြီးငယ်ယင်ရာ၊ ဇမ္ဗူ ဒီ တောင်ကျွန်း၊ တင့်ရွှန်းတည့် ကျက်သရေဖြာ။ရှစ်ဗြဟ္မာ၊ လက်ျာသံချီးကြွေး။ အောင်ဇေယျတု၊ ငွေခရုသင်္ခါ၊သွန်းဘိသိက်ငြာ၊ ပုဏ္ဏာဝန်းပြည့်၊ ထွန်းသစ်ရာဝယ်၊ တိမ်စင်သာသည့် စန္ဒာမင်းလို၊ ရှင်းမြူ ပဝေး။ အခါတော်ပေးတာက၊ နတ်ရေးငယ်ရွှေစာ၊ သာသနာရောင်လင်း၊ ကောင်းခြင်းခု၊သည်ချိန်ခါ။ ထက်ဗြဟ္မာလက်ျာ ခရုသင်း ငယ်နှင့်လေ၊ရေသွန်းဖြာကျွန်းမှာ ဇမ္ဗူ တွင်းပေမို့လေး။ ကြည်လင်တယ်သန့်ရှင်း၊ ရည်ရွှင်ဘွယ် ပျံ့သင်း၊ တော်မင်္ဂလာ၊ မြတ်စေတနာ၊ နတ်ဒေဝါပေါင်းရယ်တို့၊ ဆုတောင်းကြ၊ သည်ချိန်ခါ။ ။💖💖💖**စောင်းသံငြိမ့်ငြိမ့်ညောင်းညောင်းလေးက အတိုင်းမသိ မင်္ဂလာ သြဘာဘွဲ့ကို တီးခတ်နေသလို.. တေးသွားကိုလည်း ခပ်တိုးတိုး.. သီဆိုရင်း... မင်္ဂလာမောင်နှံအတွက်.. မင်္ဂလာဆုတောင်းနေလေသည်။နန်းရင်ပြင်နှင့်ဗိုလ်ရှုခံကွင်းပြင်ထဲမှာတော့ ရာဇမတ်ကွက်များကာရံထားပြီး.. ဆင်များ မြင်းများနှင့်တကွ.. မှူးမတ်များ ရံရွေ‌တော်များ ဝတ်စုံပြည့် စီရီစွာ နေရာယူထားကြလေသည်။ လျှောက်လမ်းအဖြစ် ခင်းကျင်းထားတဲ့ ကော်ဇောအနီရောင်ထက်မှာ.. ပန်းမျိုးစုံတို့ကို.. ပဒုမ္မာကြာပန်းပုံသဏ္ဍာန် ပုံဖော်ခင်းကျင်းထားပြီး နံဘေးတစ်ဘက်တစ်ချက်မှာတော့ သစ္စာပန်းနှင့် ဂန္ဓမာပန်းအဖြူတို့ကို တွဲဖက်ထိုးထားတဲ့ပန်းအိုးကြီးများ က နေရာယူထားသည်။ တေးသွားသီကြူးနေစဉ်မှာပဲ.. မင်းမြှောက်တန်ဆာများ ပြည့်စုံစွာဆင်ယင်ထားတဲ့ မင်းတြားကြီး ရှေ့က ကြွမြန်းလာသလို.. မင်းတြားကြီး လက်မှ ရွှေကျင်ပဝါတစ်ဖက်အစကို ကိုင်ရင်း.. နန်းမတော်..ခေါင်ဖုရားက တော်ဝင်ဉပရာဇာမင်းသား အဆောင်အယောင်အပြည့်အစုံနဲ့ .. နှဖူးထက်က ရွှေသရဖူ ရင်ယှက်ရွှေစလွယ်ကြိုးတို့ ဆင်ယင်ကာ.. ကျက်သရေမင်္ဂလာပြည့်ဝစွာဖြင့် နန်းဆောင်အတွင်း.. သီဟာသန ပလ္လင်ဆီသို့ ကြွလာကြတော့သည်။စက်တင်ဘာလ.. တော်သလင်းလပြည့်နေ့.. အိမ်ရှေ့စံ သတိုးတေဇရောင်ရှိန် နဲ့ နောင်ရင်းမျိုးမြတ်ကြည်သာဟန် တို့ ထိမ်းမြားမင်္ဂလာပွဲနှင့်အတူ.. နန်းတက်ဘိသိတ်ခံ သည့် အခမ်းအနားကို .. တက်ရောက်ကြသည့်.. မိတ်ဆွေသင်္ဂဟများစွာတို့ကတော့.. အမျိုးသားနှစ်ဉီးရဲ့ ကြင်နာခြင်း၊ ချောမောပြည့်စုံခြင်း..တို့ကို ငေးမောလျက် ကျေနပ်နေကြလေသည်။ခရုသင်းမှုတ်သံနဲ့အတူ.. နန်းတက်မင်္ဂလာ ဆင်ယင်ပြီးတာနဲ့.. အရှင်နှစ်ပါးတို့.. ပလ္လင်ထက်မှာ အဖူးမျှော်ခံတာကို နန်းတော်တစ်ခွင်.. ပြည့်လျှမ်းနေတဲ့ ဧည့်သည်များကရာထူးအလိုက် ဝင်ရောက် ဂါရဝပြုနေကြလေသည်။"မြတ်ငယ်.. အခုတွေ့ခဲ့တဲ့သူတွေက မောင်တော့်စီးပွားဖက်တွေပါပဲ။ နောက်ပိုင်းကျရင် မြတ်ငယ်စီမံပေးရမယ့် သူတွေဆိုလည်းဟုတ်တယ်။ မြတ်ငယ်ပင်ပန်းနေလား။ ဝမ်းတော်ဟာနေပြီလား မောင်တော့်မြတ်ငယ်""ရပါတယ် ကိုယ်တော် မြတ်အဆင်ပြေပါတယ်"မြတ် လာရောက် ဂါရဝပြုတဲ့ တိုင်းတစ်ပါးသားတွေရော လူကြီးလူငယ်တွေရော .. မလွတ်အောင် မှတ်နေရတာ ပင်ပန်းနေပြီ။ ဝတ်ထားတဲ့ ရွှေတန်ဆာတွေက လေးလာတယ်ထင်ရသည်။"ရန်မျိုးအောင် အခစားဝင်ကြောင်းပါဘုရား""အိမ်း.. ရန်မျိုးအောင်.. မောင်မင်းအမေရိက ရောက်နေတာ ကိုယ်တော်က ထိမ်းမြားမင်္ဂလာမမီတော့ဘူးထင်နေတာကွဲ့။""မှန်လှပါ ထီးဘုရား..နဲ့ .. ခေါင်ဖုရား..။ သက်တော်ရာကျော်ရှည်လို့.. ရွှေလက်တွဲမြဲပါစေကြောင်း ကိုယ်ရံတော် ရန်မျိုးအောင် ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ဘုရား။ ဘုရားကျွန်တော်မျိုး.. မမီလိုက်လို့ မဖြစ်တဲ့ မင်္ဂလာနေ့ပါဘုရား။ ခေါင်ဖုရား ကျက်သရေပြည့်စုံလွန်းလို့ ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါတယ်ဘုရား။ ငယ်ကျွန် ရန်မျိုးအောင်.. ခေါင်ဖုရားအားခစားပါတယ်ဘုရား""မြတ်ငယ်.. ဖခမည်း‌တော်ရဲ့ ကိုယ်ရံတော်လည်းဟုတ် မောင်တော့်ညာလက်ရုံးလည်းဟုတ်တဲ့ ရန်မျိုးအောင်ကွဲ့။ နားခံတော်မင်းကြီးနဲ့လည်း အမျိုးတော်တယ်ကွဲ့။ နောင်များ မြတ်ငယ်ရဲ့ အစီအမံတွေအောက်.. အဓိက ရောက်မယ့်သူပါပဲ""မင်းသား မင်းမော်နှင့်တစ်ကွ.. မင်းသားငယ်များ အခစားဝင်ကြောင်းပါဘုရား""သင်တော့ပေးလိုက်ပါတယ် ခေါင်ဖုရား။ ထမင်းကဟင်းကောင်းလွန်းလို့.. မေ့ကုန်ပါပြီ။ ထီးဘုရား.. ကျွန်တော်တို့ သူငယ်ချင်းကို အပ်ပါတယ်နော်။ လိုအပ်တဲ့အကူညီများလည်း အချိန်မရွေးဖုန်းဆက်ပါဘုရား။ အိုအောင်မင်းအောင် ပျော်ပျော်ရွှင်ရွှင်ပေါင်းကြရပါစေဘုရား"သူငယ်ချင်းတွေရဲ့ ဒူးထောက်ဉီးချခြင်းကို သက်သက်သာသာ ခံစားမိပေမယ့် ရန်မျိုးအောင်လို အသက် ၅၀ ကျော်လူကြီးတစ်ယောက်ရဲ့ ဉီးချခြင်းတွေကို မြတ် စိတ်မသက်သာမိပါ။ ချစ်ရတဲ့ လင်တော်မောင်ကတော့ မွေးကတည်းက မင်းဆီမင်းသွေးမို့ ကိုယ်တိုင်တောင် ရိုသေချစ်ခင်ရသေးတာ သူတို့ ငယ်ကျွန်တွေ ဉီးချတာဖြစ်သင့်တယ်လေ။"ဉီးရီးတော် နန္ဒ အခစားဝင်ကြောင်းပါဘုရား""ထီးဘုရား သက်တော်ရာကျော်ရှည်လို့ ကျန်းမာချမ်းသာအေးချမ်းပါစေဘုရား။ ခေါင်ဖုရား ကျန်းမာချမ်းသာ အေးချမ်းပါစေဘုရား""ဉီးရီးတော်.. ဆုတောင်မေတ္တာက မျက်နှာရွေးသားပဲ ကွဲ့။ အိမ်း.. ထိပ်ခေါင်တင်ထံပါး မောင်မင်းပို့လွှတ်သော မေတ္တာများ.. တန်ပြန်သက်ရောက်ပါစေကွဲ့"ခပ်ပြတ်ပြတ်စကားသံကြောင့် ဉီးရီးတော် တွန့်သွားတုန်သွားရသလို နန်းဆောင်တွင်းခစားနေသူတိုင်းလည်း ခေါင်းငုံ့ဝင်သွားလေသည်။ မြတ် နားမလည်တဲ့ အပိုင်းကိုရောက်လာလေပြီ။ဉီးရီးတော်နန္ဒကို မျက်နှာလွှဲလိုက်တဲ့ ထီးဘုရားကို မြတ် အံ့သြမိသလို တုန်တုန်ယင်ယင်နဲ့ ဉီးချပြီး ထပြန်သွားရရှာတဲ့ ဉီးရီးတော် နန္ဒကို မြတ်သနားနေမိသည်။"အိမ်နိမ့်စံ မင်းသားမောင်မောင် နဲ့ သမီးတော် တင်တင်ကြီး၊ သားတော် မင်းနိုင်၊ သမီးတော် စုရတနာတို့ အခစားဝင်ကြောင်းပါဘုရား""ထီးဘုရား.. သက်တော်ရာကျော်ရှည်ပါစေ။ ကျန်းမာအေးချမ်းပါစေ။ ပြည့်စုံကုံလုံကြွယ်ဝပါစေဘုရား။ ခေါင်ဖုရား.. သက်တော်ရာကျော်ရှည်ပါစေ။ ကျန်းမာအေးချမ်းပါစေ။ ပြည့်စုံကုံလုံကြွယ်ဝပါစေဘုရား"ဒူးထောက် ဉီးချနေတဲ့ထိုမိသားစုထဲမှာ.. မြတ်သိတာဆိုလို့ ဒေါက်ဖိနပ်နဲ့ကျောကိုနင်းဖို့ကြိုးစားခဲ့တဲ့ ကောင်မလေးပဲပါသည်။ တင်တင်ကြီးရဲ့ အကြည့်တွေကို မြတ်သိပ်မကြိုက်။ သူ့အကြည့်တွေက တစ်မျိုးဆန်းပြားသည်။"အိမ်း.. မောင်မောင်.. မိသားစုလိုက် အခစားဝင်သကိုးကွဲ့။ ခေါင်ဖုရားကို မမြင်ဖူးကြလို့ ကြည့်လိုတယ် ဟုတ်စ။ မောင်မင်းတို့ ပို့သတဲ့ဆုတောင်းမေတ္တာအတိုင်း သက်တော်ရာကျော်ရှည်အောင် နေကြပါမယ်ကွဲ့"တင်တင်ကြီး ပါးစပ်ပြင်နေတာတောင် ဆွံ့အသွားရသည်။ အချိန်ကောင်းမဟုတ်သေးဘူးထင်ပါရဲ့။ ဖေဖေ့ကို ဒါကြောင့် ဉီးရီးတော် နန္ဒရှေ့ကနေ အခစားဝင်ဖို့ပြောတာ။ ထီးဘုရားက ဉီးရီးတော်နန္ဒကို အိမ်နိပ့်စံဖို့ ပို့ပြီးကတည်းက သိပ်အရေးမပေးတော့တာလေ။ အခုတော့ စိတ်မကြည်သာတာတွေ သူတို့အပေါ်ပါ ကူးစက်လာသလိုမျိုး။"မှန်လှပါ။ ထီးဘုရားနဲ့ခေါင်ဖုရား အသက်တော်ရှည်ကျန်းမာပါမှ ကျွန်‌တော်မျိုးတို့ မိသားစုလည်း မှီခိုနိုင်မှာပါဘုရား။"ထီးဘုရား ဘာမှမမိန့်တော့တာမို့ ဉီးချထွက်ခွာသွားတော့မှ မြတ်ကိုယ်တော့်အနားကပ်မေးရသည်။"ကိုယ်တော်.. ဉီးရီးတော်လို့ဘာလို့မခေါ်ဘဲ မောင်မောင်လို့ခေါ်တာလဲဟင်။""ဉီးရီးတော်လို့ မထိုက်တန်တဲ့ မိသားစုပါ မြတ်ငယ်။ ဖခမည်းတော်လက်ထက်ကတည်းက အိမ်နိမ့်စံဖို့ အဆင့်ချထားခဲ့တာ။ မြတ်ငယ်မြင်ရဲ့မဟုတ်လား.. တင်တင်ကြီး မျက်လုံးများကို သင်းလောဘက ပေါ့သေးသေးမဟုတ်ပေဘူးမြတ်ငယ် သတိထားရမယ့်မိသားစုပါပဲ""ဟုတ်ကဲ့ မြတ်သတိထားပါ့မယ်"မြတ် လက်ကို အုပ်ကိုင်ပြီး အားပေးလာတဲ့ကိုယ်တော့်ကြောင့် မြတ်စိတ်အေးသွားရပြန်သည်။နောက်ပိုင်း ကိုယ်တော့ မိတ်ဆွေနိုင်ငံခြားသားများ ဝင်ရောက်ခစားကြတာမို့ မြတ်နဲ့မိတ်ဆက်ပေးပေမယ့် အင်္ဂလိပ်စကားစကေး နဲသေးတဲ့ မြတ်အတွက်တော့..သွားဖြဲပြီးခေါင်းညှိမ့်ရုံသာတတ်နိုင်သည်။ အင်္ဂလိပ်စကားကောင်းမွန်ကျွမ်းကျင်စွာပြောနိုင်ရုံတင်မက.. လူမျိုးခြားများရဲ့ အလေးအမြတ်ထားခြင်းခံရတဲ့ ကိုယ်တော့်ကို မြတ်ပိုလို့ လေးစားမြတ်နိုးလာရသည်။"တောင်ညာစံဒေဝီ နောင်ရင်းမျိုးမြတ်နိုးယုယဟန် အခစားဝင်ကြောင်းပါဘုရား"အို.. မမ ဉီးချရင် ငါတော့ ငရဲကိုတန်းလစ်ပြီထင်တယ်။မြတ်တွန့်သွားတာကို ကိုယ်တော် သတိထားမိလေသည်။"နှမတော်.. ရပ်လို့သာ ခစားပါလေ။ တောင်င်နန်းဆောင်မှာ စံစားရတာ ပျော်ရွှင်ပါရဲ့လား နှမတော်။""မှန်ပါ ထီးဘုရားနဲ့ခေါင်ဖုရားတို့မေတ္တာကြောင့် တရားဘာဝနာပွားရင်း နေထိုင်ရတာ ပျော်ရွှင်အေးချမ်းရပါတယ်ဘုရား။ ထီးဘုရားနဲ့ခေါင်ဘုရားတို့.. ကျန်းမာသက်ရှည် ဘေးရန်ကင်းကာ ကျန်းမာချမ်းသာပြည့်စုံပါစေ လို့ နှမတော် ဆုတောင်းမေတ္တာနေ့စဉ်ပို့သပါတယ်ဘုရား""မမ.. မြတ် မနက်ဖြန်မှ အဆောင်တော်ကို လာခဲ့ပါ့မယ်နော်။ မြတ်မမကိုပြောစရာတွေရှိတယ်လို့""အမိန့်တော်အတိုင်းပါ ခေါင်ဖုရား"မြတ်ကတော့ ကိုယ်တော့်လက်ကိုဆုပ်ကိုင်ထားရင်း မမနောက်ကျောကို သေချာကြည့်နေမိသည်။မမ ရဲ့ကိုယ်ရံတော် ဒိဗ္ဗနဲ့ တိက္ခတို့ညီအကိုအပြင် ဝဏ္ဏနဲ့ ရန်အောင်တို့ပါ အခစားဝင်ကြတော့မှ မြတ် ပြုံးရယ်နိုင်သည်။ ထိုကိုယ်ရံတော်နဲ့အပါးတော်မြဲတို့ကို မြတ် အလွန်ချစ်ခင်မိသည်။ ကိုယ်ရံတော်တို့နဲ့ အပါးတော်မြဲတို့ကလည်း.. ခေါင်ဖုရားကို ဆုတောင်းမေတ္တာပေးရင်း ဉီးညွှတ်ခစားကြသလို.. မင်းတြားကိုတောင် မကြောက်နိုင်ဘဲ အူမြူးနေကြတာမို့ .. မြတ် ရှက်တက်တက်တောင် ဖြစ်ရသည်။ သူတို့က မြတ်တို့အကြောင်းအသိဆုံးလူတွေမဟုတ်လား။တိက္ခတို့နောက်မှာကျမှ စားဖိုတော်မင်းကြီးနဲ့ စားတော်ကဲကြီးတို့ အပြင်.. ရံရွေတော်ဆောင်ထိမ်းများ ပါ အခစားဝင်ကြလေသည်။ မြတ်ရဲ့ ဘောလုံးအသင်းကြီးကတော့ နောက်ဆုံးမှ အပြေးလေးရောက်လာကြပြီး မြတ်ခေါ်လိုက်တာနဲ့ ပလ္လင်ပေါ်ထိ တိုးတက်လာကြကာ မြတ်ဝတ်ထားတဲ့ အဝတ်အစား‌တွေကို ကိုင်ကြည့်ကြသူတွေ၊ မြတ်လက်ကို နမ်းကြည့်သူတွေ၊ ရွှေကျင်ပဝါစကို ကိုင်ကာ ခေါင်းမှာအုပ်သူတွေနဲ့ ဆူညံကုန်ကြပြီး.. ထီးဘုရားကတော့ သူတို့တစ်သိုက်ကို ပြုံးလျက်သာငေးနေတော့သည်။ထီးဘုရားရဲ့ မျက်နှာပေါ်က အပြုံးနဲ့ ခေါင်ဖုရားအပေါ် အလိုလိုက်ချစ်မြတ်နိုးမှုများကိုတော့ နန်းတော်တစ်ခွင်က လူတိုင်း ကြည်နူးစွာဖြင့်သာ အသိအမှတ်ပြုနေကြတော့သည်။🚨🚨🚨🚨🚨🚨🚨🚨🚨တစ်နေ့လုံးနီးပါးဧည့်ခံရင်း မောပန်းလာခဲ့တာ.. မြတ် ညစာ‌တောင်ကောင်းကောင်းမစားနိုင်တော့။ နွမ်းနယ်လွန်းလို့ .. ရေမိုးချိုးပြီး.. နာခံတော်မင်းကြီးနဲ့ အထိန်းတော်မယ်ရွှေခင်တို့ ရန်ပုံခွင်းနဲ့ တိုင်ပင်ပြီး စိတ်တိုင်းကျ ပြင်ဆင်ပေးထားတဲ့ ကိုယ်တော့်ကုတင်ပေါ် လှဲချလိုက်ရသည်။အား.. ညောင်းလိုက်တာ။ ကိုယ်တော် တစ်နေကုန် ညီလာခံထိုင်တဲ့အခါ သိပ်ပင်ပန်းရှာမှာပဲ။ မြတ်ကို လာမရှာတဲ့နေ့တွေအတွက်.. မြတ်က ကိုယ်တော့်ကို အလျှော်တောင်းမလို့ဟာ.. အခုတော့ အညောင်းမိနေတဲ့ကိုယ်တော့်ကို မြတ်ကတောင် ပြန်ပြီးပြုစုရလိမ့်အုံးမှာပဲ။နိုင်ငံခြားသားတွေကို ဧည့်ခံနေတဲ့ ကိုယ်တော်က မြတ်ပင်ပန်းနေလို့ ညပိုင်းဧည့်ခံပွဲကို မလာခိုင်းဘဲ နားစေတာ ကျေးဇူးတင်ရမလိုပင်။လှဲနေတာ အညောင်းပြေတော့မှ.. မြတ်လည်းကိုယ်တော်ရေချိုးနိုင်ဖို့ ရေနွေးစက်ကိုဖွင့်ပြီး ချိုးရေကန်ထဲ ရေစပ်ပေးထားလိုက်သည်။"ခေါင်ဖုရား.. လိုအပ်တာရှိပါသလားဘုရား။ ငယ်ကျွန်ဝဏ္ဏကိုမိန့်တော်မူပါဘုရား"အခန်းအတွင်းက မြတ်ရဲ့ အသံမကြားရလို့ထင်ပါရဲ့ ဝဏ္ဏဝင်ခွင့်ရမလားလို့ လှမ်းအော်နေတာကို မြတ် မကြားချင်ယောင်ဆောင်နေလိုက်သည်။ စောစောတည်းက ပြန်တော့လို့ နှင်နေတာတောင် ဝဏ္ဏဟာ ဇွဲကောင်းလွန်းတယ်။"ထီးဘုရား ကြွတော်မူလာပါပြီ ခေါင်ဖုရား။"မြတ် လှပ်ကနဲဝမ်းသာသွားရသည်။ တံခါးကိုဖွင့်လိုက်တော့ ကိုယ်တော်က ရန်ပုံခွင်းကို တစ်ခုခုမှာကြားနေပြီး မှ အခန်းတွင်း ဝင်လာသည်။"မြတ်ငယ် ပင်ပန်းနေပြီလား။""အင်.. ကိုယ်တော့်ကိုမေးရမှာ။ ည ကိုးနာရီပဲကျော်နေပြီ.. ဧည့်ခံရတာ မောနေမှာပဲ။ လာလာ မြတ် ရေ‌နွေးစပ်ထားတယ်။ ရေချိုးလိုက်တော့နော်။ ဗိုက်တော့ ပြည့်ခဲ့တယ်မဟုတ်လား။ ည ဆာတော့မှ တစ်ခုခု စားတော့နော်"ကိုယ်တော့် ဝတ်လဲတော်ကို လဲဖယ်ပေးရင်း ရေချိုးခန်းထဲ တွန်းလွှတ်လိုက်တော့ ကိုယ်တော် အေးအေးဆေးဆေးပဲ ရေဝင်ချိုးလေသည်။ကိုယ်တော် ညဝတ်ဖို့ မြတ်သေချာဝယ်ထားတဲ့ ပေါ့ပေါ့ပါးပါး ခြည်သား ညဝတ်အင်္ကျီကို ထုတ်ထားပေးလိုက်ကာ.. ရေချိုးခန်းပြင်ပကနေ စောင့်နေလိုက်သည်။ ဟွန်း အခုမှ ကိုယ်က အိမ်ထောင်ရှင်မကြီးကျနေလို့။ခါးမှာတဘက်တစ်ထည်ကိုသာ ပတ်ထားပြီး ရေချိုးခန်းထဲက ထွက်လာတဲ့ကိုယ်တော်က အပြင်မှာစောင့်နေတဲ့ မြတ်ကို ပွေ့ချီလိုက်တာကြောင့် ‌မြတ် မျက်လုံးနဲနဲပြူးသွားရသည်။ ကိုယ်တော့်မျက်ဝန်းများက ရွှန်းစိုလဲ့နေပြီး မြတ်ပါးကို တစ်ရွှတ်ရွှတ် နမ်းကာ ကုတင်ပေါ် တယုတယ ချပေးလေသည်။"ကိုယ်တော် ဒီနေ့မြတ်တို့ ပင်ပန်းတယ်။ စောစော အိပ်တော့"ကိုယ်တော့ အထိအတွေ့နဲ့ ဉီးတည်ချက်ကို မြတ်ကောင်းကောင်းနားလည်တာမို့ မြတ်အနားဝင်လှဲတဲ့ ကိုယ်တော့ကို ကျောပေးပြီး မျက်လုံးစုံမှိတ်ထားလိုက်သည်။ကိုယ်တော်ကြီး အသည်းတစ်ယားယားနဲ့ မြတ်ကို ပခုံးကကိုင်ကာ ကိုယ်တော့်ဘက်လှည့်ဖိုကြိုးစားပေမယ့် မရ။ မြတ် သည်ကား ဒူးနှစ်ဘက်ကြား လက်ညှပ်ပြီး ဇွတ်တင်းထားကာ အိပ်ချင်‌ယောင်ဆောင်နေ‌ပေသည်။မြတ်ကို ကိုယ်တော့်ဘက်လှည့်မရတာမို့ ကိုယ်တော် မြတ်ဝတ်ထားတဲ့ အင်္ကျီကို ကြယ်သီးတွေ ဖြုတ်ပစ်လိုက်ကာ လက်တစ်ဘက်က မြတ် ခေါင်းအောက် လျှိုလိုက်ပြီး လက်တစ်ဘက်ကို မြတ်ပခုံးပေါ်ကကျော်၍ ထွေးဖက်ထားလိုက်တော့သည်။"မြတ်ငယ်.. မောင်တော်မြတ်ကို ချစ်မြတ်နိုးတယ်.. မောင်တော်က မြတ်ငယ်ကိုလိုချင်ပါတယ်ကွယ်။ မြတ်ငယ် မောင်တော့်ကို ခွင့်ပြုပါလား နော်"ကိုယ်တော့် နှုတ်ခမ်းများက မြတ်နားဖျားလေးကို ငုံပြီး ခပ်တိုးတိုးဆိုလာလေတော့.. မြတ် ကျောချမ်းသွားမိသည်။"အင်.. ကိုယ်တော်ကလည်း.. မရဘူး""မောင်တော့်ကြင်ယာတော်လေးက.. ငြင်းပယ်တာလားဗျာ့။ မောင်တော် မြတ်ငယ်ကို ပိုင်ဆိုင်လိုလှတယ်ကွယ်။"ကိုယ်တော် မြတ်ရဲ့ ရင်အုံကို ပွတ်သပ်ကျီဆယ်တော့ မြတ်လည်း မရိုးမယွဖြစ်လာရသည်။ ဒါပေမယ့် စိတ်လျှော့လိုက်လို့မဖြစ်ပါ။ ကိုယ်က အထက်ပုဂ္ဂိုဟ်ပဲဖြစ်ချင်တာလေ။ကိုယ်တော်ကတော့ မပြောမဆို မြတ်ရဲ့ ညဝတ်ပုဆိုးကို .. ချွတ်ပစ်လိုက်တာမို့.. မြတ်ဒူးနှစ်ဘက်ကို တင်းတင်းစေ့ကာ ကွေးနေလိုက်ရသည်။ မြတ်ရဲ့ နားဖျားမှာ ဆော့ကစားနေတဲ့ ကိုယ်တော့် လျာဖျားကို မြတ် စုပ်ယူလိုလှပေမယ့်.. စိတ်တင်းထားအုံးမှပါ။ကွေးကွေးလေး လုပ်နေတဲ့ မြတ်ရဲ့ အနောက်ဘက် နေရာလေးကို ကိုယ်တော် လက်နဲ့စမ်းလိုက်တော့ မြတ် တစ်ကိုယ်လုံး တွန့်ကနဲဖြစ်သွားရသည်။"အာ့ ကိုယ်တော်""မြတ်ငယ်.. မောင်တော် ကြိုးစားကြည့်မယ်နော်"ကိုယ်တော့်လက်ညိုးတစ်ချောင်း မြတ် နောက်ပေါက်ဝကိုတံခါးခေါက်တော့ စိတ်လှုပ်ရှားစွာနဲ့ မြတ် ‌ဖြေလျှော့ပေးမိသည်။တစ်ဖြေးဖြေး တိုးလာတဲ့ ခံစားချက်က ဘာနဲ့တူလဲ။နောက်ထပ် နောက်ထပ် တိုးဝင်လာတဲ့ လက်ချောင်းများက အနည်းငယ် နာကျင်မှုနဲ့အတူ.. တစ်ခါဘူးမှ မဖြစ်ဖူးတဲ့ လိုလားတောင့်တမှုတွေကို တောင့်တလာစေတော့သည်။"အာ့ ကိုယ်တော်.. ဘယ်လိုလဲ"မြတ် တစ်ကိုယ်လုံး ပူထူလာခဲ့ပြီ။ ကိုယ်တော့် ကြွက်သားဆိုင်က တင်းတင်းတောင့်တောင့် မြတ် ခါးမှာ ဖိလာတာမို့ မြတ်ရဲ့ ညီငယ်လေးလည်း ထောင်မတ်လာတော့သည်။ကိုယ်တော့် ကြွက်သားဆိုင် ထိပ်ဖြားက မြတ် အနောက်တံခါးမှာ လာထိချိန် မြတ် သက်ပြင်းကို ပင်ပင်ပန်းပန်း မှုတ်ထုတ်လိုက်ရသည်။ လေပူတွေ ဟူး ကနဲ လွှတ်ထုတ်လိုက်တာတောင်မှ မြတ် တုန်ယင်လှုပ်ရှားမှုတို့ မသက်သာ။ ထူးခြားတဲ့ အတွေ့မှာ အလွန်သာယာ‌မိတာမို့ မြတ်ရဲ့နောက်တံခါးပေါက်က ကြွက်သားထိပ်ဖြားကို ဝါးမြိုပစ်တော့မည်ကဲ့သို ပွင့်ဟလာတော့သည်။"မြတ်ငယ်.. မောင်တော် နဲနဲ တိုးမယ်နော်။ နာတဲ့အခါ မောင်တော့်ကို အသိပေး‌ပါ။ ရပ်ပါ့မယ်"မြတ်မဖြေနိုင်ပါ။ အရိုင်းစိတ်တိုကို ချွန်းအုပ်ရင်း.. ခေါင်းညှိပ်လိုက် ပြီး ငုံ့မိုးကြည့်လာတဲ့ ကိုယ်တော့်လည်ပင်းကိုသိုင်းဖက်ကာ ကိုယ်တော့်နှုတ်ခမ်းများကို စုပ်နမ်းလိုက်သည်။ကိုယ်တော် မြတ်ရဲ့ခါးကို အနည်းငယ် မလိုက်ပြီး နှစ်ဘက်ပူးထားတဲ့ ဒူးတစ်ဘက်ကို မ လိုက်တော့ စူပွပွ မြတ်ပေါက်စလေး က ကိုယ်တော့်ကို လိုလိုလားလား ကြိုဆိုနေပေပြီ။ကိုယ်တော် ညင်သာစွာဖြင့် ကိုယ်ပွားငယ်ကို တိုးဝင်စေတော့ မြတ်ငယ် ညည်းတွားသံက ပိုသွေးဆူအောင် ဆွဲဆောင်နေတော့ပြီ။"အာ့ ကိုယ်တော်.."ကိုယ်တော့် လက်မောင်းကို တင်းတင်းဆုပ်ကိုင်လာတဲ့မြတ်ရဲ့ လက်များနဲ့ ညည်းသံကြောင့် ကိုယ်တော်ကြီး မြတ်ငယ်များ နာကျင်လို့လား တွေးပူပြီးရုတ်တရက် အပြင်ပြန်ထုတ်လိုက်မိသည်။ ချစ်မြတ်နိုးသူ နာကျင်မှာ ကိုယ်တော်ကြောက်သည်။"အွန်း.. ဟူး ကိုယ်တော် ဘာလိုလဲ မြတ် ကိုယ်တော့်ကို လိုချင်တယ် မြန်မြန် လာပါ အင်း"မြတ်ရဲ့ တောင့်တသံက ကိုယ်တော့်စိတ်ဆန္ဒကိုတွန်းထိုးလှုပ်ရှားစေတာမို့.. ကိုယ်တော် မြတ်ကို ပက်လက်လှန်လိုက်ပြီး ခြေထောက်နှစ်ချောင်းလုံး ကို မ လိုက်ကာ.. ကိုယ်တော့်ကိုယ်ပွားကို ကြိုဆိုတဲ့ မြတ်ပေါက်ဝလေးဆီ.. တိုးဝင်လိုက်တော့သည်။ဆန်းပြားတဲ့ အထိအတွေ့နဲ့ ယစ်မူးဖွယ်ရာခံစားချက်တို့က နှစ်ဉီးစလုံးကို မူးမေ့စေလောက်အောင် သာယာစေတာမို့.. မင်္ဂလာနေ့ရက်အဆုံး.. မင်္ဂလာချစ်ခရီးလမ်း အစ.. ကို.. လူးလွန့်တဲ့ ချစ်ခြင်းများနဲ့ ထုံမွှမ်းပြီး.. တစ်စတစ်စ.. တစ်သားတည်းဖြစ်စေတဲ့ လှုပ်ရှားမှုများနဲ့ အစပြုလိုက်ကြသည်။ကိုယ်တော့်လက်ထဲမှာ .. မြတ်ပေါက်စ အဝလေးလည်း.. ရွှန်းစိုကုန်တော့သလို..ကိုယ်တော့် မျိုးသွေးများကိုလည်း ပြည့်ပြည့်ဝဝလက်ခံယူလိုက်ရတာမို့.. မကြုံဖူးအောင်ထူးကဲတဲ့ ထို အတွေ့ကိုကား မြတ်ငယ် လိုလားပြီးရင်းလိုလားတောင့်တနေမိတော့သည်။ မြတ်ငယ်ရဲ့ ညီတော်မောင်ကတော့ .. တစ်ထိုးထိုးတစ်ထောင်ထောင်နဲ့ တင်းခံနေဆဲပင်။ ကိုယ်တော့် ကိုယ်ပွားသည်ကား.. မြတ်ငယ်ပေါက်စအဝဆီက ခုန်ထွက်သွားခဲ့တာတောင်မှ မာန်မကျသေးပေ။ မြတ်လည်း.. ထွေထွေထူးထူး တွေးမနေတော့ဘဲ... ကိုယ်တော့်ကို ကုတင်ပေါ်လှဲစေကာ ကိုယ်ပေါ်က ခွလိုက်ပြီး ကိုယ်တော့်မျိုးသွေးများ ပြည့်လျက်ရှိတဲ့ မြတ်ပေါက်စအဝလေးထဲ ကိုယ်တော့်ကိုယ်ပွားကို ထည့်သွင်းလိုက်ပြီး ကိုယ်ချင်းထပ်ကာ ငြိမ်နေမိတော့သည်။"မြတ်ငယ်.. နေသာရဲ့လား""ကိုယ်တော်က အများကြီးလေ့လာထားတာလား။ ဒါမှမဟုတ်.. အတွေ့အကြုံရှိလို့လား ဟင်။""မြတ် ပျော်ရဲ့လား ဟင်။ ကိုယ်တော် မြတ်ကို ခံစားစေချင်လို့ လေ့လာထားခဲ့တာပါ ကွယ်။ ကိုယ်တော့်အတွေ့အကြုံကို မြတ်သိပြီးသားပါ.. ထူးလို့ မေးမနေပါနဲ့လား"နှစ်ယောက်အတူ စည်းချက်ညီညီလှုပ်ရှားမှုများနှင့်အတူ.. ညီမျှတဲ့ သာယာယစ်မူးခြင်းများကို ခံစားရင်း.. တာရှည်လှတဲ့ ဆောင်းညကို တစ်ချက်မှ မနားဘဲ ဖြတ်သန်းလိုက်ကြလေသည်။⚜️⚜️❤️❤️⚜️⚜️⚜️⚜️❤️❤️⚜️⚜️⚜️⚜️❤️❤️⚜️⚜️⚜️⚜️❤️❤️⚜️⚜️⚜️⚜️❤️❤️⚜️⚜️"တော်...တော်...ဒူ..ဒူ..ဝူ..ဝူ.."ထီးဖြူရှင်ကင်းနေခဲ့တဲ့ နန်းတော်ဉီးက အာရုဏ်တက်.. ခရုသင်းမှုတ်ချိန်မှာ တစ်ပြိုင်နက် တီးခတ်လိုက်တဲ့ . စည်သံ မောင်းသံတို့က ဒီနန်းတော်မှာ ဉီးသျှောင် ဘုရင်တစ်ပါး.. ရှိလာခဲ့ပြီ လို့ ကြေညာခွင့်ရနေခဲ့တာ တစ်လနီးပါးရှိခဲ့ပြီ။စည်သံကြီးကြောင့် ငိုက်မြည်းနေတဲ့ လင်းကြက်တို့ အလန့်တကြား အော်မြည်လိုက်ကြတာမို့ .. နန်းတော်တစ်ခွင်လုံး ဆူညံနေတော့သည်။ရင်ခွင်ထဲမှာ စက်တော်ခေါ်ပျော်နေရှာတဲ့ ကြင်သူသက်ထားရဲ့ နှဖူးပြင်ပေါ်က ဆံနွယ်တွေကို ဖယ်လိုက်ကာ ကြည်လင်ရှင်းသန့်နေတဲ့ မျက်နှာ‌တော်လေးကို တစ်စိမ့်စိမ့်ကြည့်ရင်း .... သတိုးတေဇရောင်ရှိန်.. တစ်သိမ့်သိမ့် ကြည်နူးနေမိသည်။မထိမ်းမြားမီကတည်းက အမတော် တောာင်ညာစံဒေဝီရဲ့ နန်းဆောင်ကို အပ်နှင်းပေမယ့်.. မသွားဘဲ ကိုယ်တော့်အိပ်ဆောင်ခန်းကိုသာ ပြောင်းရွှေ့လာခဲ့တဲ့ ကြင်ယာတော်က စိတ်ထဲရှိရာကို ဇွတ်လုပ်တတ်သူလေးလည်းဖြစ်သလို လူငယ်ပေမယ့် နန်းမတော်တာဝန်နဲ့ပတ်သက်တဲ့ ကိစ္စမှန်သမျှ နားခံတော်မင်းကြီး ဉီးညိုသင်ကြားပေးသည့်အတိုင်း .. လိုက်နာရုံမျှမက.. နန်းတွင်းရေးရာများကိုလည်း စိတ်ဝင်တစ်စားနဲ့ နားထောင်တတ်တဲ့အပြင် နန်းတွင်းသူနန်းတွင်းသား ဝန်ထမ်းတွေရဲ့ ကိစ္စတွေကိုလည်း ဂရုစိုက်ကာ စီမံပေးနိုင်တာမို့ ဒီတစ်လအတွင်းမှာပဲ နန်းမတော်အရာနှင့်ထိုက်တန်လှသူဖြစ်ကြောင်း သက်သေပြခဲ့ပြီးပြီ။ နန်းတွင်းကလူကြီးလူငယ် ကလေးပေါက်စကမချန်.. မြင်းကပ်ကြီး တိုးပွားအထိ ချစ်ခင်ကြတဲ့ မြတ်ငယ်ကို .. ကိုယ်တော်ကြီး စိတ်ပူစရာမရှိ။နှမ‌တော် အရာ မြှောက်စားထားတဲ့ မြတ်နိုးယုယဟန် ကတော့ မောင်ငယ် ထိမ်းမြားပြီးနောက် .. မိဘလက်ငုတ် ရတနာဆိုင်နဲ့ ရတနာတူးဖော်သည့်ကုမ္ပဏီကိစ္စတွေကို ရန်မျိုးအောင်စီမံမှုအောက်မှာ တာဝန်ယူကွပ်ကဲပေးဖို့ အထိန်းတော် သူဇာနဲ့ အတူ အိမ်ပြန်သွားခဲ့ပြီမို့ ကြင်ယာတော် မြတ်ငယ် အထီးကျန်နေမှာကို ကိုယ်တော်ကြီးစိုးရိမ်နေတာမို့လည်း.. လင်ကိုယ်မယားအနေနဲ့ အတူတစ်ကွ နေ့နေ့ ညည ရှိနေပေးဖို့ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုခဲ့တာအမှန်။ မြတ်ငယ်ကတော့ ဘာကိုမှ သိပ်ဂရုမစိုက်ဘဲ ဒီပါစံနန်းဆောင်ထဲက မြတ်ငယ်ရဲ့ ပစ္စည်းတွေမရွှေ့ပြောင်းခဲ့။ ဒီပါစံနန်းဆောင်ထဲ အလျဉ်းသင့်ရင်သင့်သလို သွားကာ စာဖတ်တတ်တာမို့လည်း ကိုယ်တော်ကြီး စာအုပ်အမျိုးစုံ ဝယ်ကာ ဒီပါစံနန်းဆောင်ထဲ ထည့်ပေးထားရသည်။အချိန်တိုအတွင်း နန်းတော်တစ်ခွင်လုံးရဲ့ အသည်းနှလုံးတွေကို သိမ်းပိုက်နိုင်တဲ့ ကြင်ယာတော်လေးကို ယုယုယယ အနမ်းပေးတော့ ရင်ခွင်ထဲထွေးပိုက်ထားမိတဲ့ အကြင်လူသားက မျက်လုံးများ မဖွင့်ဘဲ ကိုယ်တော့်ကိုသာ တင်းတင်းကြပ်ကြပ်ဖက်တွယ်လာတာမို့.. ကိုယ်တော်ကြီး ပြုံးလိုက်ရသည်။"ကိုယ်တော်.. ဒီနေ့ ညီလာခံတစ်နေကုန်မှာလား။ မြတ် ကလေးတွေဖို့ ဘောလုံးဝတ်စုံလေး အပ်ချင်တယ်။ ဖိနပ်လည်းဝယ်ပေးချင်တယ်လေ။ ကျောင်းကပိတ်တော့မှာကိုယ်တော်ရဲ့ ကလေးတွေကို စာသင်ရင်းနဲ့ အားကစားလေး အကျင့်လုပ်ပေးတော့ ဂိမ်းတွေမစွဲတော့ဘူးပေါ့"မိခင်ကြီးသဖွယ် ရံရွေတော်တွေရဲ့ သားသမီးတွေအတွက် စဉ်းစားပေးနေတဲ့ ကြင်နာသူလေးကို ကိုယ်တော် အချစ်ပိုရသည်။ထိမ်းမြားပြီးကတည်းက မြတ်မသိသေးတဲ့ ကိုယ်တော့်စီးပွား‌ရေးလုပ်ငန်းများကို လိုက်ပြနေတာ ဒီတစ်လလုံး.. မြတ်တို့ နန်း‌ဆောင်မှာ မကပ်နိုင်ကြ။သူများတွေ အဆို ဟန်းနီးမွန်းဆိုပေမယ့်.. ဘုန်းရှိန်ရောင်ဝါတို့ လင်မယားအတွက်တော့.. ဟန်းနီးမွန်းအစား မိဖုရားခေါင်ကို စီးပွားရေးနဲ့ လူယုံတွေဆီ တိုင်းခန်းလှည့်လည်တဲ့ ခရီးစဉ်လို့ပဲဆိုရလေမလား။ သွားခဲ့သမျှ မြို့တိုင်းမှာ ပျော်နေတတ်ပြီး တွေ့ခဲ့သမျှ လူတိုင်းရဲ့ ချစ်ခင်ခြင်းခံရတဲ့ ကြင်ယာတော်ကို ကိုယ်တော် ဘုန်းရှိန်ရောင်ဝါ လေးစားမိသည်။ မလျှော့မတင်း စောင်းကြိုးညင်းသလို.. လူတွေနဲ့ ပေါင်းသင်းဆက်ဆံတတ်တဲ့ မိဖုရားခေါင်က.. ကိုယ်တော့်စီးပွားတွေကိုလည်း ထိမ်းသိမ်းနိုင်မယ်လို့ ယုံကြည်သည်။မြတ် ..နွေးထွေးတဲ့ ရင်ခွင်ကြီးထဲ ခေါင်းကိုဖွက်ထားရင်း... ကိုယ်တော့်ကိုယ်သင်းနံ့ကို ရှူရှိုက်လိုက်ကာ ခရီးပန်းခဲ့သမျှကို အမောဖြေနေရသည်။မြတ်ကို ကိုယ်တော်လိုက်ပြတဲ့ လုပ်ငန်းတွေက မြတ်မထင်ထားအောင်ကိုပဲ များပြားသည်။ရွှေနန်းသခင် ကုမ္ပဏီ အနေနဲ့ ကျောက်မျက်တွင်း ရွှေတွင်းနဲ့ ပယင်းတွင်းတွေ အပြင် နန်းတွင်းမိသားစုရဲ့ အဓိက လုပ်ငန်းဖြစ်တဲ့ စပါး ဆန် နဲ့ပဲ ရောင်းဝယ်တင်ပို့တဲ့ ပို့ကုန်သွင်းကုန်လုပ်ငန်းတွေက ကိုယ်ရံတော် ရန်မျိုးအောင် CEO အဖြစ် စီမံကွပ်ကဲပေးနေတာ မြတ် လေ့လာခဲ့ရပြီးပြီ။မန္တလေးနဲ့ ပြင်ဉီးလွင်မှာတည်ဆောက်ထားသော . .. ရွှေနန်းသခင် ဟိုတယ် နှစ်လုံးမှာလည်း တည်းခိုခဲ့ပြီး ထိုဟိုတယ်တွေကို စီမံကွပ်ကဲနေတဲ့ အပြင် တစ်ခြားဟိုတယ်များရဲ့ ရှယ်ရာများကိုပါ ကစားနေတဲ့ ဉီးရီးတော်နန္ဒနဲ့လည်း မန္တလေးမှာ ဆုံခဲ့ရပြီးပြီ။ တစ်ကယ်တော့ ဉီးရီးတော် နန္ဒနဲ့ စကားပြောဖြစ်တာထက်.. အပါးတော်မြဲ သူရဇ္ဇနဲ့ ပိုပြီး စကားပြောဖြစ်ခဲ့သည်။ သူရဇ္ဇရဲ့ စီးပွားရေးအကွက်မြင်မှုကိုတော့ မြတ် အတော်ချီးကျူးရသည်။ ဟိုတယ်ရှယ်ယာကို ဈေးကွက်ထဲ ဝင်ကာ ကစားနေတဲ့ အပါးတော်မြဲက နှုတ်လည်းနည်းသလို ရိုးသားပုံလည်းရပြန်သည်။ ဉီးရီးတော် နန္ဒကတော့..မြတ်ကိုကြည့်ပုံ သိပ်မရိုးဘူးထင်ပေမယ့်.. မြတ် သိပ်အလေးမထားမိ။ရန်ကုန်ပြန်ရောက်တော့မှ ဉီးရီးတော် မောင်မောင် ဉီးစီးတဲ့ ကုန်စည်ပို့ဆောင်ရေးနဲ့ နို့ထွက်ပစ္စည်းစက်ရုံကို လှည့်လည်ကြည့်ရှုပြီး .. ထိုနို့ထွက်ပစ္စည်းစက်ရုံမှ ရရှိသမျှ အကျိုးအမြတ်ကို မြတ်အတွက် အသေးသုံးနိုင်ဖို့ စီမံစုဆောင်းထားတာကိုလည်း သိရပြန်သည်။ နို့ထွက်ပစ္စည်းစက်ရုံရဲ့ ကျန်တဲ့ အကျိုးအမြတ်အချိုးအစားကိုတော့ ရတနာအိမ်နိမ့်စံများအတွက် အကုန်ပေးထားတာမို့.. ဉီးရီးတော် မောင်မောင်ရှင်းပြတဲ့ အကျိုးအမြတ်ခွဲဝေခြင်းက .. မြတ်အတွက်တော့ အားနာနေစရာ ကိစ္စမဟုတ်ခဲ့။ ဘဏ္ဍာစိုး ဉီးချစ်မြက မြတ်အတွက် အထူးတစ်လည် .. ကြိုးစားစီမံနေတာကိုလည်း တွေ့ခဲ့ရသည်။ကိုယ်တော့် စီးပွားရေး တွေကို ကြည့်ပြီး မြတ် အံ့သြခဲ့ရသည်။ ကိုယ်တော်မို့လို့သာ ဒီလောက်များပြားတဲ့ စီးပွားရေးကို လုပ်နိုင်တာဖြစ်သလို သစ္စာရှိလှတဲ့ ဉီးရီးတော်တွေနဲ့ ကိုယ်ရံတော်ကိုလည်း မြတ် ချီးကျူးမိသည်။"မြတ်ငယ်.. ဒီနေ့တော့ ညီလာခံသိပ်မကြာဘူးကွဲ့။ မောင်တော့်မွေ့နေ့ပွဲအတွက် စီမံစရာတွေ ပြီးပြတ်ပြီလား မြတ်ငယ်။ မွေးနေ့ အလှူပြီးတဲ့အခါ ဖခမည်းတော်ကို ကန်တော့ဖို့ မောင်တော်တို့ မော်လမြိုင်ဘက် သွားကြမယ် မြတ်ငယ်။ အဲ့ဒါ ခရီးတစ်ခေါက်ထွက်ဖို့ ပြင်ဆင်ထားပေးပါအုံးနော်"မြတ်.. ခေါင်းကို ကိုယ်တော့် ရင်ခွင်ထဲပြန်ဖွက်ထားလိုက်ပြီး.. ခေါင်းညှိမ့်ပြလိုက်သည်။"ဘုန်းကြီးဆွမ်းပဲကျွေးမယ်လေ ကိုယ်တော်။ သင်္ကန်းပဋိက္ခရာ အပြည့်အစုံ စီစဉ်ထားပြီးပြီ။ ဧည့်သည်လည်း မဖိတ်ဘူးလေနော်။ အိမ်နိမ့်စံတွေတော့ အကြောင်းကြားထားပါတယ်။ သက်ဉီးလည်းလာမှာ"ခမ်းနားကြီးကျယ်တာမလိုချင်.. ရိုးရှင်းတာကို ကြိုက်နှစ်သက်တဲ့ မင်းတြားမွေးနေ့မင်္ဂလာအတွက် မြတ်စိတ်ကူးနဲ့ပြင်ဆင်ထားတာ ကိုယ်‌တော်ကြီး သဘောကျအတိုင်းပဲဖြစ်လေသည်။အောက်တိုဘာ ၁ ရက်နေ့ မင်းတြားကြီး သက်တော် သုံးဆယ်ပြည့် မွေးနေ့မင်္ဂလာကို ဘိုး‌တော် ဘွားတော်များနဲ့ မယ်တော်ကို ရည်စူးကာ ဘုန်းကြီးဆွမ်းကျွေးပြီး နန်းတွင်းမိသားစုနဲ့သာ ကျင်းပလိုက်သည်။ ပြီးမှ ဘုန်းတော်ကြီးဝတ်နေတဲ့ ဖဘုရားရှိရာ မော်လမြိုင်မြို့ ဖားအောက်တောရကျောင်းကို လာခဲ့ကြသည်။တောရကျောင်းရှိ တစ်ပါးတည်းသတင်းသုံးရာ ကျောင်းသင်္ကန်းငယ်များမှာ ဖဘုရားမရှိ။ ဖဘုရား တရားထိုင်ချိန်မို့ ကျောင်းတစ်ပါတ်လည် မြတ်ငယ်နဲ့အတူ လှည်လည်ရင်း .. တောတောင်အလှကို ခံစားလိုက်ကြသည်။တရားလွှတ်လာပြီး ကျောင်းသင်္ကန်းကို ပြန်ကြွလာတဲ့ ဖဘုရားကို ကန်တော့တော့ တစ်ခြားဘာကိုမှ လျှောက်တင်စရာမလိုအောင် မြတ်ငယ်ရဲ့ လက်နှစ်ဘက်မှာ ဆင်ယင်ထားတဲ့ နန်းစဉ်ပတ္တမြားလက်စွပ်နဲ့ မယ်တော့်အမွေ ကျောက်စိမ်းလက်စွပ်တို့က အဖြေပေးလေသည်။"ဘုန်းဘုရား .. ကျန်းမာပါရဲ့လားဘုရား။ တပည့်တော် ပစ္စည်းလေးပါးဒကာကြီးကို လိုအပ်သမျှ မိန့်တော်မူပါဘုရား။ ဒီဘက်က နန်းမတော် မိဖုရားခေါင် နောင်ရင်းမျိုးမြတ်ကြည်သာဟန်ပါဘုရား။""ဒကာကြီးတို့... ခရီးဝေးလိုက်တာ။ ဒကာတော်ရေမြေ့ရှင်.. ဘုရား တရား သံဃာ ရတနာသုံးပါး ဉီးထိပ်ထားလို့ .. တရားဘာဝနာအားထုတ်ကြပါ။ ဘဝ ဘဝ သံသရာက အစပျိုးလာခဲ့တဲ့ ရေစက်ဆိုးတွေကို ဖြတ်တောက်ဖို့ တစ်ခုတည်းသော လမ်းသည်ကား တရားဘာဝနာပွားများအားထုတ်လို့ နိဗ္ဗာန်ကိုမျက်မှောက်ပြုခြင်းပဲဖြစ်ပေတယ်။ ဒါကြောင့် ဘာကိစ္စပဲ ကြုံကြုံ.. အတိတ်က ဝဋ်ကြွေးများကို ပေးဆပ်လိုက်ရတယ်လို့ သဘောထားပြီး တုန့်လှည့်ကလူ ရန်ပြုဖို့ မစဉ်းစားကြတာ မကြိုးစားကြတာ အကောင်းဆုံးပါပဲ .. မွေးစဉ်ကတည်းက တစ်ဉီးတည်းလာလို့ သေတဲ့အခါ တစ်ဉီးတည်း ပြန်ကြရပါတယ်။ လူရယ်လို့ဖြစ်လာတဲ့ ရှင်သန်ချိန်တစ်လျှောက်မှာ မိမိပြုသမျှ ကုသိုလ် အကုသိုလ်တို့ကိုသာ.. သိမ်းဆည်းသယ်ဆောင်သွားနိုင်တဲ့ တမလွန် သံသရာကို အခုတည်းက မျက်မှောက်ပြုပြီး ကောင်းသောကံကိုသာ ထူထောင်ကြပါ။ ကဲကဲ.. အပြန်ခရီးရှည်လိမ့်အုံးမယ်။ ပြန်ကြပေတော့ ရေမြေ့ရှင်နဲ့ကြင်ယာတော်။ ချစ်ချစ်ခင်ခင် ဖေးဖေးမမ နဲ့ သက်တမ်းဆုံးတဲ့အထိ ပေါင်းကြရပါစေလို့ ဘုန်းကြီးဆုတောင်းပေးပါတယ်ဗျား။ တစ်ဉီးက မှားရင် တစ်ဉီးက တည့်မတ်လို့ တစ်ဉီးလိုအပ်ချက် တစ်ဉီး ဖြည့်လို့ တစ်ဉီးအလွန် တစ်ဉီး ခွင့်လွှတ်လို့ ပါရမီဖြည့်ကြပါ။ ကဲ.. ဉီးချပြီး ပြန်ကြွကြပေတော့။ ဘေးကင်းရန်ရှင်း စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ။ "မြတ်.. ဖဘုရားတရားကိုနာရင်း လက်အုပ်ချီလျက်က မျက်ရည်ကျလာမိသည်။ ညီက ပျောက်သွား၊ ညီရဲ့ကြင်ယာတော်က အဆိပ်သောက်လို့ သေသွား၊ အဖေနဲ့အမေက ရှေ့ဆင့်နောက်ဆင့် ဆိုသလို တိမ်းပါး.. ကြင်ယာတော်က သားငယ်လေးကိုဖွားပြီးတာနဲ့ .. တိမ်းပါးသွားလို့ အထီးကျန်ခဲ့တဲ့ ရှင်ဘုရင်ကြီး.. သားတော်ကြီးလက်ထဲ ထီးနန်းကိုအပ်လို့.. တစ်ခါတည်း ဘုန်းကြီးဝတ်သွားလိုက်တာ.. လှည့်ကိုမကြည့်တော့တဲ့ နှစ်ပေါင်းက ဆယ့်ငါးနှစ်နီးပါး။ဖဘုရားကို ဉီးချပြီး ပြန်လာကြတဲ့တစ်လမ်းလုံး ကြင်ယာတော် ကိုယ်တော်ကြီးကို ငေးကြည့်နေရင်း မြတ် မျက်ရည်မဆည်နိုင်။ အရွယ်နဲ့မလိုက်အောင် မိသားစုကြီးတာဝန်ကိုယူရ၊ ညီငယ်လေးကို ထိန်းသိမ်းရ၊ စီးပွားရေးနဲ့ ပညာရေးကို ဒွန်တွဲပြီး အောင်မြင်အောင် လုပ်ရ။ ကိုယ်နဲ့ ဘာမျှ မဆိုင်ပါဘဲလျက် ဆိုးယုတ်တဲ့ ကျိန်စာကြောင့် နောက်ကျောမှာ ဓါးတန်းလန်းစိုက်နေသလို.. နှုတ်မရပြုမရနဲ့ ဘယ်လောက်တောင်ပင်ပန်းခဲ့မလဲ။ တစ်ကိုယ်တည်း အထီးကျန်ပြီး.. အားများငယ်နေခဲ့လေမလား။ ခမည်းတော်မယ်တော်တို့ကို လွမ်းဆွတ်နေခဲ့မလား။ အသက်ငယ်လို့ အနိုင်ကျင့်ချင်ကြတဲ့ လူဆိုးသွမ်းတွေနဲ့ တွေ့ခဲ့လေမလား။ မြတ် ကိုယ်စားတွေးရင်း ဝမ်းနည်းနေမိသလို အဲ့လို နေ့ရက်တွေမှာ... အတူတူ ဆင်းရဲဒုက္ခခံကာ ကူညီတည့်မတ်ပေးခဲ့တဲ ဉီးရီးတော် နန္ဒကို ကိုယ်တော်ကြီး စိမ်းကားနေတာ မဖြစ်သင့်လို့ မြတ်ထင်လာမိသည်။"မြတ်ငယ်..နှလုံးမသာမယာဖြစ်သွားရင် ..မောင်တော်‌တောင်းပန်ပါရဲ့။""ကိုယ်တော်.. ငယ်တုန်းက အရမ်းပင်ပန်းခဲ့တယ်မဟုတ်လား""ပင်ပန်းတာ ကိစ္စ မရှိပါဘူးမြတ်ငယ်။ မောင်တော့်တာဝန်များပဲ ဖြစ်ပါတယ်။""ကိုယ်တော်.."မြတ် ကိုယ်တော့်ရင်ခွင်ကိုမှီလျက်..ကိုယ်တော့် ခါးကို ဖက်လိုက်သည်။"စိတ်ရောလူရော ပင်ပန်းလာတဲ့အခါ.. မြတ်ကိုပြောပြပါ။ မြတ်က ကိုယ်တော့်ကို အကြံဉာဏ်ပေးမယ်။ ကူညီပေးမယ်။ နောက်ပြီး ဉီးရီးတော်ကို အရမ်းမစိမ်းကားပါနဲ့လား နော်။ ဉီးရီးတော်နဲ့ ကိုယ်တော်တို့က ဒီအခက်အခဲတွေကို အတူတူ ကျော်ဖြတ်လာခဲ့တာပဲဟာ။"မျက်ရည်စများနဲ့ မော့ကြည့်တဲ့ ကြင်ယာတော်ကို .. ခပ်တင်းတင်းပြန်ဖက်ထားလိုက်ရင်း ကိုယ်တော်ကြီးသက်ပြင်းသာချလိုက်ရသည်။ အမှန်တရားကို..မသိသေးတဲ့ ကြင်ယာတော်ကို ဘယ်လိုရှင်းပြရမလဲ မသိနိုင်။ ထိုအမှန်တရားက သိပ်ခါးသီးသည့်အပြင်.. ဉီးရီးတော် ဒီပါစံ ကြမ္မာမျိုး.. ကိုယ်တော်ကြီး အတွေးထဲတောင်မထည့်လိုပါ.. နဂိုတည်းက စောင့်ရှောက်ဖို့ ရည်ရွယ်ရင်းမှာ ချစ်ခင်မြတ်နိုးခြင်းတွေ ပေါင်းလာတာမို့လည်း .. ကျိန်စာထဲကအတိုင်း သက်တမ်းမကုန်မီအထိ မြတ်ငယ်ကို တိုးလို့ ချစ်ခင်ကြင်နာသွားဖို့သာ စိတ်ဆုံးဖြတ်ထားခဲ့ပြီ။ငရွှေကျော်နဲ့ ရန်ပုံခွင်းတို့ ကားရှေ့ခန်းကနေ ခပ်မဆိတ်လိုက်လာခဲ့ရင်းက ခေါင်ဖုရားရဲ့ စိတ်သဘောကို နားစွန်နားဖျားနဲ့တောင် လေးစားနေမိကြသည်။ အသက်ငယ်သလောက် သဘောထားပြည့်ဝတဲ့ မိဖုရားခေါင်ရဲ့ ကောင်းကွက်တွေက တစ်ခုနှစ်ခုတည်းမဟုတ်။ ဒါပေမယ့်လည်း ရန်ပုံခွင်း မိဖုရားခေါင်ကို သတိပေးချင်နေမိသည်။မင်းသားသတိုးမဟာမင်းရှိန် ငယ်စဉ် ကျန်းမာရေးညံ့ဖျင်းတုန်းက .. ကိုယ်တော်ကြီးနဲ့ ခေါင်ဖုရားကို ထိမ်းမြားလက်ထပ်ပေးထား ခဲ့တာ.. သိပါလျက်နဲ့.. ကိုယ်တော်လေးနဲ့ပါ လက်ဆက်ပေးပြီး ခေါင်ဖုရားငယ်ငယ်ကို လက်စတုန်းသတ်ပစ်ဖို့ ကြံစည်လို့.. အိမ်နိမ့်စံအဖြစ် အပြစ်ပေးခံထားရတာ..။ မင်းတြားကြီး သ‌ဘောတော်ပြည့်ဝလွန်းလို့ အသတ်မခံရသေးပေမယ့် လုပ်ကြံဖို့စေလွှတ်တဲ့ ကိုယ်ရံတော် ဗြတ္တ ကို အခုထိမမိသေးတဲ့အပြင် တိတ်တခိုးအဆက်အသွယ်လုပ်နေမှာကိုလည်း စိုးရိမ်နေရသေးတာ တွေ ခေါင်ဖုရားသိမှာမဟုတ်။ ရန်ပုံခွင်းကတော့ သိစေချင်သည်။ ဗြတ္တကို ဖမ်းမမိလိုက်ကတည်းက ရန်ပုံခွင်းကိုယ့်ကိုယ်ကို အပြစ်တင်နေခဲ့ရတာ။ အခုလောက် နှစ်ကြာသွားတယ်ဆိုပြီး ပေါ့ဆမနေသင့်ဘူးထင်သည်။ ဒါပေမယ့် ခေါင်ဖုရားသိသွားလို့ နန်းတော်က ထွက်သွားမလားဆိုပြီးလည်း စိတ်ပူနေရပြန်သည်။ ထီးဘုရားချစ်ခင်အလိုလိုက်မှုတွေကို ကိုယ်တိုင်ကိုယ်ကျ မြင်ထားသိထားတာမို့လည်း.. ခေါင်ဖုရားကို မလျှောက်ရက်တာပင်။*******"ဂိုး...""ဟေး... ဒီနေ့ငါတို့နိုင်တယ် ငမျိုး မင်းတို့ ရှုံးပြီကွ။ ခေါင်ဖုရား.. အင်္ကျီအသစ်ဝယ်ရင် အနီရောင် ကို ငယ်ကျွန်တို့အသင်းက ယူမယ်နော် ဘုရား""ဟာ.. ဝင်းထိုက်.. မင်းအဲ့လိုမလုပ်နဲ့လေ။ ခေါင်ဖုရား ငယ်ကျွန်တို့ အသင်းက အနီယူမှာပြောထားပြီးသားလေဘုရား။ အဲ့လိုလဲ မလောင်းထားဘူးလေ ဘုရား သူတို့ညစ်တာပဲဘုရား"တစ်ဘက်ခြောက်ယောက်ခွဲပေးထားတဲ့ .. အလင်းရောင်နဲ့ နော်ရထာ အသင်းသားတွေ ခေါင်ဖုရားခြေရင်းမှာ ဒူးလေးထောက်ပြီး ငြင်းခုန်နေကြတာ ဆူညံနေလို့။"ဟားဟား.. မင်းတို့ကတော့လေ။ ငါ အသင်းခွဲပေးထားတာ ငြင်းခုန်ဖို့မဟုတ်ဘူး။ မြို့နယ်က တစ်ခြားအသင်းတွေနဲ့ပြိုင်ရင် မင်းတို့ နိုင်ဖို့ .. အင်္ကျီကအနီရောင်ပဲ ရမှာ မပူကြနဲ့။ မင်းတို့ စာမေးပွဲပြီးတာနဲ့ .. အင်္ကျီရပြီသာမှတ်လိုက် ကိုင်း.. ဒီနေ့တော့ ဒီလောက်ပဲ။ မနက်ဖြန်ကစပြီး.. ဘောလုံးအသင်းနားမယ်နော်။ စာသေချာကျက်ကြမယ်။ ငါ မင်းတို့အတွက် ဂိုက်ဆရာ ကို ခေါ်ထားတယ်။ မင်းတို့ စာမေးပွဲအစမ်းတွေ သုံးကြိမ်လောက်ဖြေကြရမယ်။ စာမေးပွဲကနီးနေပြီ။ ‌ဟေ့ မောင်မျိုး.. မင်း ဂိမ်းခိုးမဆော့နဲ့နော်။"ညနေပိုင်း နေညိုချိန်.. ဖူဆယ်ကွင်းငယ်လေးထဲ MKTH 7 ကျောနံပါတ်ပါ ဘောလုံးသမား ဝတ်စုံအဖြူရောင်ကို ဝတ်ဆင်လျက် ကလေးများကြားထဲ ခါးထောက်ကာ မာန်ပါပါဖြင့် လေ့ကျင့်ပေးနေတဲ့ ခေါင်ဖုရားကို တိက္ခ ငေးမောကြည့်နေမိသည်။လွန်ခဲ့တဲ့ ငါးလကျော်ကျော်က တိက္ခသွားဆောင်ယူခဲ့ရတဲ့ ယောက်ဖတော်က အခုတော့ဖြင့် နန်းတော်ကြီးတစ်ခုလုံးကို ထိမ်းသိမ်းကာ ရံရွေတော်တွေရဲ့ ကလေးတွေကိုလည်း .. ပြုစုပျိုးထောင်နေတဲ့ မိဖုရားခေါင်ကြီး ဖြစ်နေပြီ။ အရင်တုန်းကထက် နဲနဲ ပိန်သွားပေမယ့်.. ခေါင်ဖုရားရဲ့ အသရေတော်ကတော့ လျော့မသွား။ မင်းတြားကြီးရဲ့ ချစ်ခင်မြတ်နိုးခြင်း အလိုလိုက်ခြင်းခံရတဲ့ ခေါင်ဖုရားအနား.. နေ့စဉ်မပြတ် ခစားရင်း ဘေးအန္တရာယ်ကင်းအောင် စောင့်ရှောက်နေရတာ တိက္ခကျေနပ်သည်။အဝါရောင် နဲ့ အဖြူရောင် ဘောလုံးအင်္ကျီများ ဝတ်ဆင်ထားတဲ့ကလေးတွေကတော့ ခေါင်ဖုရားကို ဉီးချပြီး တန်းစီကာ အဆောင်ကိုပြန်သွားကြလေပြီ။"ခေါင်ဖုရား.. အဆောင်တော်ဝင်ပါတော့လားဘုရား။ ဒီနေ့ မောပန်းတော်မူပါပြီ""ဝဏ္ဏ.. မနက်ဖြန် ဂိုက်ဆရာကို စောစောလာဖို့ လှမ်းပြောလိုက်နော်။ ငါသူနဲ့ စကားပြောချင်သေးတယ်။ မောင်မျိုးက သင်္ချာ အားနည်းတယ်.. ခင်မောင် က အင်္ဂလိပ်စာ အားနည်းတယ်.. ဒီကောင်တွေအကြောင်း ပြောပြထားမှ ဆရာက သေချာ သင်ပေးနိုင်မှာ""မှန်ပါ.. ငယ်ကျွန် ဖုန်းဆက်ပါ့မယ်ဘုရား၊ ချွေးအေးပတ်ပါ့မယ်ဘုရား။ ကြွတော်မူပါ"ဝဏ္ဏကို မှာစရာရှိတာမှာရင်း.. မြတ် နန်းဆောင်ကိုပြန်လာခဲ့သည်။ ပညာထူးချွန်တဲ့ကလေးတွေကို မြတ်ကောင်းကောင်းပျိုးထောင်ပေးချင်မိသည်။ မြတ်နဲ့ကိုယ်တော်ကြီးတို့အတွက် မွေးစားနိုင်မယ့် သားတစ်ယောက်လောက်များ ဒီကလေးတွေထဲမှာ ရှိလေမလားလို့ မျှော်လင့်မိရင်း ဒီလိုတွေးတာကို ကိုယ်တော်များ သဘောမတူလောက်ဘူးလားလို့လဲ စိတ်ပူမိသည်။"ထီးဘုရား ကြွတော်မူလာပါပြီဘုရား"မြတ်ရေမိုးချိုးပြီး ကိုယ်တော့်အတွက် ချိုးရေကို ရေနွေးနဲ့ စပ်ထားပေးလိုက်သည်။ နိုင်ငံ့ခေါင်းဆောင်တွေနဲ့ အစည်းအဝေးလုပ်ဖို့ ရန်ကုန်မြို့ကို သွားရတာ.. ကိုယ်တော် မောပန်းလာ‌တော့မှာသေချာတယ်လေ။ဒီနန်းတော် အတွက် စီးပွားရေးတင်မက.. နိုင်ငံအုပ်ချုပ်သူတွေနဲ့ပါ အကြံပေးအနေနဲ့ ကူညီပေးနေရတဲ့ ချစ်ရသူ အပင်ပန်းပြေဖို့ မြတ် ကြိုးစားပေးချင်သည်။ ကူညီချင်တာရှိပေမယ့်လည်း မြတ်လို ဘွဲ့ရခါစ ကျောင်းသားပေါက်စက ဉာဏ်မမီမှာကြောက်နေမိသည်။ထီးဘုရား ပြန်ကြွလာတာနဲ့ အစိုးရအဖွဲ့ဝင်လူကြီးနှစ်ဉီးတို့ ဧည့်သည်အနေနဲ့ ပါလာတာကို .. ဆက်ဧည့်ခံနေရပြန်တာမို့ မြတ်လည်း မုန့် လက္ဘက်ရည် စတာတွေပြင်ဆင်စေပြီး ကိုယ်တိုင်ပဲ ထွက်ကာ ဧည့်ခံပေးလိုက်သည်။"ခေါင်ဖုရား.. ကြွလာသလား။"မြတ်ကို ယုယုယယ လက်ကတွဲခေါ်ပြီး ဧည့်ဆောင် သလွန်ထက်မှာထိုင်စေကာ ကိုယ်တော်ကြီးက အနားဝင်ထိုင်ရင်း လူကြီးတွေနဲ့မိတ်ဆက်ပေးလေသည်။"ကျွန်တော့် အိမ်သားပါ ခင်ဗျာ။ နောင်ရင်းမျိုးမြတ်ကြည်သာဟန် ပါ။ မြတ်ငယ်... ဒီဘက်က စိုက်ပျိုးရေးဝန်ကြီး ဉီးဘတင်.. ဒီဘက်က စီးပွားကူးသန်းဝန်ကြီး.. ဉီးလှကြည် တဲ့.. ကွဲ့။ မောင်တော်နဲ့အတူ.. စင်ကာပူမှာ အစည်းအဝေးသွားတက်ကြဖို့ လာတိုင်ပင်ကြတာပါပဲ။"မြတ်ရဲ့ ဝတ်စားဆင်ယင်မှုနဲ့ ငယ်ရွယ်ချောမောမှုတို့ကို ဝန်ကြီးနှစ်ဉီး အသိအမှတ်ပြု ခေါင်ညွှတ် အရိုသေပေးတာမို့ မြတ်လည်း တလေးတစ်စား လက်ခံလိုက်ရသည်။ကိုယ်တော့် စကားအရဆိုလျင် နိုင်ငံရပ်ခြားခရီးထွက်ရအုံးတော့မှာပဲ။ မွေးနေ့အလွန်ကတည်းက ကိုယ်တော် ထိခိုက်မိတာ သိပ်များသည်။ လက်ကောက်ဝတ်ထိခိုက်တာ၊ ခြေခေါက်လဲကျလို့ ခြေကျင်းဝတ်က နာနေတာ မပျောက်တတ်သေးတဲ့အပြင်.. ရန်ကုန်တစ်ရက်သွားတိုင်း တစ်ခုခု ထိခိုက်လာတတ်တာမို့ မြတ် ရန်အောင့်ကို ခေါ်ပြီး ကြိမ်းထားရတာ။ ကိုယ်တော့်ကို ဂရုမစိုက်ကြလို့မဟုတ်ပေမယ့်.. ဒူးပြဲ ခါးနာအောင်အထိ အနာတစ်ရဖြစ်လာတာ မြတ် နားမလည်တော့။ ကိုယ်တော်ကတော့ ခပ်အေးအေးပင်။"ရန်အောင်.. ကိုယ်တော် ဒီတစ်ခေါက် ထိခိုက်မိတာ ရှိသေးလား""မှန်ပါ မရှိကြောင်းပါ ခေါင်ဖုရား""အင်း.. နိုင်ငံခြားခရီးထွက်ရအုံးမှာတဲ့။ မထိခိုက်အောင် နေဖို့ ပြောလည်း ကိုယ်တော်က နားမထောင်ချင်ဘူး။ ရန်ပုံခွင်းကို ခေါ်သွားပါမလားဟင်"".............""အင်း မင်းလည်းသိမှာမဟုတ်ပါဘူး။ ကိုယ့်ဘာသာပဲ ‌မေးရတော့မှာ"ဝန်ကြီးနှစ်ပါးပြန်သွားတော့ ...နန်းဆောင်ခန်းထဲ ရွှင်ရွှင်ပြပြ ဝင်လာတဲ့ ကိုယ်တော့်ကို မြတ်က ဆီးကြိုလို့ မေးရပြန်သည်။"ကိုယ်တော်.. ဒီနေ့ ထိခိုက်မိတာရှိသေးလား""အဟင်း.. မောင်တော်က ကလေးမှမဟုတ်တာပဲ မြတ်ငယ်ရယ်။ မတော်တစ်ဆထိခိုက်မိခဲ့တာပါ။ ဒီနေ့ ဘာမှမဖြစ်ခဲ့ပါဘူး"မြတ် ကိုယ်တော့်ကို အဝတ်အစားလဲပေးနေရင်း.. တစ်ကိုယ်လုံးကို စေ့စေ့စပ်စပ် ကြည့်လိုက်ရသည်။ ခါးဇောင်းက အညိုအမဲဒဏ်ရာက မှိန်ဖျော့ဖျော့ ကျန်နေသေးသည်။"ကိုယ်တော်.. ဒီတစ်လထဲမှာ ထိခိုက်မိတာသိပ်များတယ်။ လက်မှာရော ခြေကျင်းဝတ်ရော၊ ခါးမှာရော။ ခဏခဏလည်း ဖျားနေတော့ မြတ် စိတ်မချဘူး။ ယတြာသွားခြေရအောင် ကိုယ်တော် နော်။ ဟိုလေ.. ယုံတာမယုံတာအပထား.. ဘုရားမှာ ကိုယ်တော့်ကို မြတ် အပ်နှံချင်တယ်ဗျာ""အဟင်း.. ဒါက နားခံတော်ကြီးရဲ့ အတွေးမဟုတ်လား မြတ်ငယ်။""မြတ် က တိုင်ပင်မိလို့ပါ။ နားခံတော်ကြီး ပြောတာ သဘာဝကျတယ်ကိုယ်တော်။ တစ်ကြိမ်တစ်ခါတော့ စမ်းကြည့်မယ်လေနော်""မြတ်ငယ်သဘောအတိုင်းပါ ကွယ်။""ဒါဆို မနက်ဖြန်ဘုရားသွားကြမယ်နော် ကိုယ်တော်"ဘုန်းရှိန်ရောင်ဝါ ...မြတ်ငယ်ကို ခေါင်းညှိမ့်ပြလိုက်ရသည်။အလိုလိုက်ကာ အကြိုက်ဆောင်နေရင်းနဲ့တောင် လိုအပ်တာမှန်သမျှ ဖြည့်ဆည်းပေးချင်တဲ့ ဆန္ဒတွေက ဘုန်းရှိန်ရောင်ဝါ့ ရင်ထဲမှာတစ်ဖွားဖွား.. ဒါက ချစ်ခြင်းရဲ့ သက်သေ၊ ကြင်ယာ‌တော်လေး မျက်နှာတစ်ချက် မညှိုးစေချင်တဲ့ မေတ္တာက ကိုယ်တော်ကြီးရင်မှာ အမြစ်တွယ်လို့စွဲနေလေပြီ။ဝတ်လက်စ အပြင်အဝတ်အစား‌တွေ ချွတ်ချပြီး.. မြတ်ငယ်ဝတ်ဆင်‌ပေးတဲ့ ဝတ်လဲတော်ကို လဲဖယ်ပြီးတာနဲ့.. မြတ်ကို ပွေ့ချီလိုက်ကာ ကုတင်ထက်မှာတင်ပေးလိုက်သည်။"မြတ်ငယ်။ မောင်တော် စင်ကာပူကို အစိုးရအဖွဲ့နဲ့ ခဏသွားရလိမ့်မယ်ကွယ်။ မောင်တော်မရှိတဲ့အချိန် မြတ်ငယ်ပျင်းနေမှာစိုးလို့ ညီတော်မဟာမင်းရှိန်ကို နန်းတော်ထဲ ခဏခေါ်ထားမလားလို့ တွေးနေတယ်။""အင်... ကိုယ်တော် ဘယ်နှစ်ရက်ကြာမှာလဲ။ မြတ်တစ်ယောက်တည်း ကျန်နေမှာလေ"ဟွန်း.. မင်္ဂလာဆောင်ထားတာဖြင့် သုံးလကျော်လေးရှိသေးတာကို.... နိုင်ငံခြားခရီးသွားရမယ်လို့.."ဟင်းဟင်း.. မြတ်ငယ်ရယ် မောင်တော် တစ်ပါတ်ပဲကြာမှာပါ။ ဟိုတုန်းကတော့ မောင်တော့်မျက်နှာမပြဘဲ စီမံလို့ရခဲ့တယ်မြတ်ငယ်။ အခု ထီးနန်းအရိုက်အရာ ယူလိုက်တော့ အစိုးရနဲ့ သဘောတူညီမှုယူရမယ့် ကိစ္စတွေ ရှိလာတယ်လေ။ နောက်ပြီး.. ဒီအလုပ်ကလည်း မောင်တော်အရင်ကတည်းက ခဏခဏ သွားနေရတာပါပဲ။ မြတ်ငယ် နန်းတော်ထဲ ရောက်လာတော့.. မောင်တော့်မှာ မြတ်ငယ်ကို မခွဲခွာနိုင်တာနဲ့ လများစွာ မသွားဖြစ်ခဲ့တာ ဒီတစ်ခေါက်တော့ မောင်တော် ကိုယ်တိုင် လိုက်မှဖြစ်လိမ့်မယ် မြတ်ငယ်"စိတ်နဲနဲ ကောက်ချင်နေတဲ့ မြတ် ကိုယ်တော့်စကားကြောင့် ပြုံးတုန့်တုန့်လေးဖြစ်သွားရသည်။"အွန်း.. မဟုတ်ဘဲနဲ့ မြတ်ကို ပစ်ထားတဲ့ နေ့တွေအများကြီးပဲဟာကို""အဲ့ဒါက မောင်တော့်ကြောင့် မြတ်ငယ် အနှောက်အယှက်မဖြစ်စေချင်လို့ပါကွယ်။ မြတ်ငယ်က မောင်တော့်ကို ချစ်မြတ်နိုးနေလိမ့်မယ်လို့ မထင်ထားမိဘူးလေ""အင်းပါ.. အဲ့ဒါဆိုလည်း .. ဘယ်နေ့သွားမှာလဲ ကိုယ်တော်။""ဝန်ကြီးတွေ စီစဉ်ပြီးတာနဲ့ မောင်တော့်ကိုအကြောင်းကြားလိမ့်မယ် မြတ်ငယ်။ မောင်တော် ငချစ်မြနဲ့ ငသူ့ကို ခေါ်သွားမှာပါ။ မြတ်ငယ် ငချစ်မြကို စေခိုင်းထားတဲ့ကိစ္စတွေ .. ဝဏ္ဏဆီ ခဏ .. လွှဲပို့ထားမယ်ကွယ်။ မြတ်ငယ် ဝဏ္ဏကို သင်ကြားပေးလိုက်ပါ။ ကိုင်း။ ဒါဆို မနက်ဖြန် မနက် .. ညီလာခံပြီးချိန်.. ဘုရားသွားဖို့ ပြင်ထားပေတော့မြတ်ငယ်""ကောင်းပါပြီဗျာ့။ ကိုယ်တော် မဟာ့ကို နန်းတွင်းမခေါ်ထားပါနဲ့ မြတ်နေတတ်ပါတယ်။ အားလည်းအားမှာမှမဟုတ်တာ.. စက်ရုံကိစ္စတွေနဲ့ ကုန်စည်ပို့ဆောင်ရေးက ကားမျောတွေ စစ်ပေးရအုံးမှာလေ။ ကလေးတွေကိုလည်း စာသင်ရအုံးမှာဆိုတော့ မပျင်းပါဘူး"ကိုယ်တော်ကြီး ကြင်ယာ‌တော်လေးကို တယုတယ နမ်းလိုက်ရသည်။"မောင်တော်... နှစ်နိုင်ငံသဘောတူညီချက်စာချုပ်စာတမ်းကိစ္စတွေကြောင့်သွားရတာပါမြတ်ငယ်။""အင်းပါ.. ဘေးကင်းရန်ကင်း ကျန်းကျန်းမာမာနဲ့ ရှိနေရင် မြတ် ကျေနပ်ပြီ ကိုယ်တော်။ ကိုယ်တော်.. မြတ်ကို အဲ့ဒီကျိန်စာနဲ့ပတ်သက်ပြီး.. ပြောပြပါ့လားဟင်။ ကိုယ်တော် ထိခိုက်နာကျင်နေတာ အဲ့ဒီကျိန်စာနဲ့ ဆိုင်လား။"ဘုန်းရှိန်‌ရောင်ဝါ.. အလွန်ကိုပဲ.. ရင်ထဲမကောင်းဖြစ်ရပြီ။ မြတ်ငယ်ရဲ့ အတွေးထဲမှာ ဒီကျိန်စာ နေရာဝင်ယူနေတာကို မလိုချင်။"ကျိန်စာကို မြတ်ငယ် ပူပန်စရာမလိုတော့ပါဘူးကွယ်.. ကုစားဖို့နည်းလမ်းများ ရှာနေပါပြီ။ စိတ်ချမ်းချမ်းသာသာပဲ.. စံနေပါ မြတ်ငယ်"မြတ်.. ဒီအဖြေကိုမလိုချင်ပါ။ စမ်းတစ်ဝါးဝါးနဲ့ ကျိန်စာ‌ဆိုတာကို ကြောက်နေကြတဲ့ ရန်ပုံခွင်းတို့ ဉီးညိုတို့ကို မြတ် မြင်နေရတာ စိတ်လည်းမသက်သာ။"ကိုယ်တော် ကျိန်စာဆိုတာ အမုန်းကနေပေါက်ဖွားလာတာလေ။‌ နောက်ပြီး အဲ့ဒီအမုန်းက ကိုယ်တော့်ကို မုန်းတာမှမဟုတ်တာ။ ကိုယ်တော်က အဲ့ဒီဒဏ်ကို ခံစားစရာမလိုဘူးမဟုတ်လား။ အမုန်းကြောင့် ဆိုးယုတ်တာဆိုရင် ချစ်ခြင်းမေတ္တာနဲ့သာ ကုစားနိုင်မှာပေါ့ ကိုယ်တော်ရယ်။ မြတ်ရဲ့ ချစ်ခြင်းတွေက လုံလောက်အောင်ပဲ မကာကွယ်နိုင်လို့များလား ဟင်ကိုယ်တော်။ ကိုယ်တော့်ကျောမှာစိုက်နေတဲ့ အဲ့ဒီကျိန်စာဆူးကို မြတ်ငယ် နှုတ်ပေးစမ်းပါရစေ။ မြတ်ကို ပြောပြပါနော်"ဘုန်းရှိန်ရောင်ဝါ.. မြတ်ငယ်ပါးလေးကို ခပ်ဖွဖွလေးညှစ်လိုက်မိသည်။ မျှော်လင့်ချက်တွေနဲ့ မော့ကြည့်နေတဲ့ ချစ်ရသူလေးကို တစ်ချက်ငုံ့နမ်းလိုက်ပြီး.. နှစ်သိမ့်လိုက်ရသည်။"မောင်တော် ကုစားတဲ့ နည်းလမ်းတွေ့တဲ့အခါ ပြောပြပါ့မယ် မြတ်ငယ်။ လောလောဆယ်.. မောင်တော်ထိခိုက်မိတာတွေက ပေါ့ဆလို့ဖြစ်တာတွေပါ.. မြတ်ငယ် စိတ်ပူမနေပါနဲ့နော်"လိုချင်တဲ့အဖြေကို မရလို့.. စိတ်မကြည်ရှာတဲ့ မြတ်ငယ်ကို ဘုန်းရှိန်ရောင်ဝါ တင်းတင်းပွေ့ဖက်ထားလိုက်ရသည်။**မုန်းတဲ့ အညှိုးနဲ့ ကျိန်စာမဟုတ်ဘူး.. ချစ်တဲ့အညှိုးနဲ့ စိုက်ခဲ့တဲ့ ကျိန်စာပဲ မြတ်ငယ်ရယ်... မောင်တော့်ကျောပြင်မှာပဲ စိုက်နေပါ့စေတော့.. ရည်ရွယ်ရင်း.. ဘေးကင်းစေဖို့ မောင်တော့်ဘဝ ပါးလျားပါ့စေတော့ .. မြတ်ငယ်ကအသက်ဆက်ရှင်သွားရမယ်ကွယ်**ဘုန်းရှိန်ရောင်ဝါ.. လာမည့်ဆယ်စုနှစ်တစ်ခုအတွက် ကြိုတင်ပြင်ဆင်သင့်တာတွေကို.. ရန်မျိုးအောင်နဲ့တိုင်ပင်ကာ.. တစ်ချို့ စီစဉ်ထားပြီးပြီ။ နောက်လာမယ့်.. အသက် ၄၀ ပြည့် မွေးနေ့ကို ချစ်ရသူနဲ့အတူ ဆင်နွဲခွင့်ရတယ်ဆိုရင်ပဲ .. ဘုန်းရှိန်ရောင်ဝါ ကျေနပ်ပြီ။ အဲ့ဒီကျိန်စာကို.. မြတ်ငယ် တစ်စွန်းတစ်စမှ မသိရလေအောင်.. နန်းတော်တစ်ခွင် သိမှီလိုက်သူတိုင်းအား နှုတ်ပိတ်ခိုင်းထားတာ၊ ဒီဆယ်စုနှစ်တစ်ခုအချိန်အတွင်း မြတ်ငယ်ကို အတိုးချလို့ ချစ်ခင်မြတ်နိုး သွားဖို့သာ.. ဘုန်းရှိန်ရောင်ဝါ စိတ်ဆုံးဖြတ်ထားခဲ့တာပဲမဟုတ်လား။ချစ်ရတဲ့ မိဖုရားလေးကတော့.. နှုတ်ခမ်းတစ်ဆူဆူနဲ့ပဲ ရင်ခွင်ထဲအိပ်ပျော်ရှာလေပြီ။**ပြင်ဉီးလွင်မြို့ရဲ့ ရာသီဉတုကို နန္ဒမကြိုက်။ စိမ့်အေးပြီးခြောက်သွေ့တယ်။ ခေါင်ဖုရား.. နန်းတွင်းရောက်တာနဲ့ .. နန္ဒကို ထီးဘုရားက အဆောင်တော်ခေါ်ပြီး ကြပ်ကြပ်ကြီး သတိပေးခဲ့တာ။"ဒီတစ်ကြိမ်တော့ .. ခြေပဲကျူးကျူး လက်ပဲကျူးကျူး .. ဇက်အပြတ်ပဲ ဉီးရီးတော်။ စိတ်နဲ့များတောင် မပြစ်မှားပါလေနဲ့။ ကိုယ်တော့် ဘဝ ကိုယ်တော့် ဆုံးဖြတ်ချက်အတိုင်းဖြစ်ပါစေ။ ဉီးရီးတော် ဖောက်ပြားမိတာနဲ့ ကိုယ်တော်နဲ့ ဆွေခန်းမျိုးခန်းအပြတ်ပါ့ပဲ"ခပ်တင်းတင်း ခပ်ပြတ်ပြတ် မိန့်ပြီး နယ်နှင်သလိုမျိုး နှင်လွှတ်လိုက်တာ။ ငသူ့ကိုလည်း ထီးဘုရားက အနားမှာ စီးပွားရေးအတိုင်ပင်ခံအနေနဲ့ ခေါ်ထားလိုက်ပြီး ကိုယ်ရံတော် ဇာမဏိကို သိုင်းသင်တန်းကျောင်းအုပ်ရာထူးကနေ နန္ဒအနား အပါးတော်မြဲ လာထားခဲ့ကတည်းက အကျယ်ချုပ်ကျနေခဲ့ရတဲ့ ဉီးရီးတော်နန္ဒ ထီးဘုရားကို စိတ်မနာနိုင်။ ငသူ့ဆီက ရံဖန်ရံခါ ရောက်လာတတ်တဲ့ စာတိုလေးတွေအရ..ထီဘုရား ထိခိုက်မိတာတွေများတယ်တဲ့။ မကြာမကြာလည်း ဖျားနာတယ်တဲ့။ အမှန်ဆိုရင် ကျိန်စာအရ.. အသက် ၃၀ ထိမ်းမြားပြီးပြီ။ ဘေးကြီး မကြုံရဘဲ အေးချမ်းဖို့။ အခုလို ခဏခဏ ထိခိုက်မိနေတာ.. ကြင်ယာတော် မတိမ်းပါးသေးလို့များ ...ကျိန်စာက ဆူးသထက်ဆူးပြီး အသက်ကို အန္တရာယ်ပေးတော့မလို့များလား။ အသက် ၄၀ ခန္ဓာပြတ်စေဆိုတာ ပေါ့‌ပေါ့ ဆဆ သဘောထားလို့ရတဲ့ကိစ္စမျိုးမဟုတ်။ ဉီးရီးတော် ဒီပါစံလိုမျိုး အသက်ကိုပေးလို့ ချစ်မယ့် လက္ခဏာများလည်း ခေါင်ဖုရားမှာ မရှိ။ တစ်ဇွတ်ထိုးတွေ လုပ်လွန်းလို့ အခုဆိုရင် ခေါင်ဖုရားနေရာမှာ..ထီးဘုရား အချစ်ကို ပိုင်ပိုင် သိမ်းပိုက်ပြီး.. နန်းတွင်းကို ချယ်လှယ်နေခဲ့ပြီလေ။ဉီးရီးတော်နန္ဒ .. ဇာမဏိအရိပ်အခြေကို တစ်ချက်ကြည့်ပြီး စာတိုတစ်စောင် ခပ်မြန်မြန်ရေးပို့လိုက်ကာ Message history ကိုပါ တစ်ခါတည်း ဖျက်ပစ်လိုက်သည်။ ဇာမဏိကို လှည့်စားလို့ရမယ့် နည်းလမ်းကတစ်ခုတည်းရှိတာမဟုတ်လား။ ဒီနည်းလမ်းကို အသက်သွင်းပြီး.. ခပ်မြန်မြန် လှုပ်ရှားရတော့မှာပင်.. ပိတ်ရက်ရှည်တွေကြောင့် ဟိုတယ်မှာ ဝင်ထွက်ကြသူ ဧည့်သည်တွေက စည်ကားနေတုန်း.. နန္ဒ အကြံအစည်ကို အကောင်အထည်ဖော်ဖို့ ဖြစ်လေသည်။*****ဒီနှဖူးက.. လေးထောင့်ကျလိုက်တာ.. ဒီနှာခေါင်းက ချွန်တယ်.. ဒီနှုတ်ခမ်းက.. အနားသတ်လေးတွေပါတယ်.. သျောင်ကလည်း ထူလိုက်တာ.. လည်ပင်းရှည်ရှည်မှာ လည်စေ့လေးက ထင်းနေတာပဲလေ.. အွန်း.. တစ်တန်းတည်းကျတဲ့မျက်ခုံးနဲ့ .. ရင်ဘတ်က ညှပ်ရိုးတို့က.. မျဉ်းပြိုင်ပုံစံမျိုးပဲ.. ဒီအသားအရည်က ..ညိုတာလည်းမဟုတ်.. ဝင်းဖန့်ပြီး ရွှေရောင်တောက်နေတာ.."သတိုးတေဇရောင်ရှိန်...."အိမ်ဉီးနတ်ရဲ့ .. နာမည်အပြည့်အစုံကို .. ခပ်တိုးတိုးရေရွတ်မိတာနဲ့ မြတ် လုံခြုံပြည့်စုံသွားသလို ...။ ချစ်ရတဲ့ ဤလူသားက .. မြတ်ကို အလိုလိုက် အကြိုက်ဆောင်တတ်ရုံမျှမက.. ကြင်နာယုယတတ်တာတွေကြောင့်လည်း.. မြတ် ဒီနန်းတော်ကြီးထဲ ပျော်နေရတာ။ ကိုယ်တော့် မေးဖျားကို တစ်ချက်နမ်းလိုက်တာနဲ့ ပြုံးသွားတဲ့ ကိုယ်တော်က အိပ်ယာထက် ဒဒေါင်လေးထောက်ကာ.. စေ့စေ့စပ်စပ်ကြည့်နေတဲ့ မြတ်ငယ်ကို မျက်လုံးဖွင့်ကြည့်ရင်း..ချိုင်းကမကာ .. ကိုယ်ပေါ် ထပ်လှဲစေလိုက်သည်။ကိုယ်တော့် မေးဖျားမှာ နှုတ်ခမ်းအပ်ပြီး မြတ်.. ငြိမ်နေလိုက်ရသည်။ စောစောနိုးတိုင်း.. ငေးကြည့်နေကျ ကိုယ်တော့်ကို မြတ် ကြည့်လို့မဝနိုင်။"မြတ်ငယ် .. မောင်တော် ဒီနေ့ ရန်ကုန်မြို့ထဲသွားရမယ်ကွဲ့။ ညီလာခံပြီးတာနဲ့ သွားမယ်နော်။ မြတ်ငယ် လိုက်ခဲ့လိုရင် ပြင်ဆင်ထားပါလား""အွန်း.. မြတ် .. ဂိုက်ဆရာနဲ့ အတူတူ ဆယ်တန်းကလေးတွေကို စာကြည့်ပေးအုံးမယ် ကိုယ်တော်။ နောက်မှ ဘောလုံးအင်္ကျီ အပ်ရမှာ။ စာမေးပွဲ ပြီးတာနဲ့ မြို့နယ်အားကစားပြိုင်ပွဲ ဝင်ပြိုင်ကြမှာလေ""မြတ်ငယ် အပင်ပန်းအရမ်းမခံပါနဲ့ကွယ်။ ဝဏ္ဏကို စက်ရုံကိစ္စသင်ရ၊ ငချစ်မြ ဆီက တာဝန်လက်လွှဲယူရနဲ့ မောင်တော့်ကြင်ယာလေး. .. နဲနဲတောင် ပိန်သွားသလိုပဲကွယ်.."မြတ် ကိုယ်တော့်ရင်ခွင်ကို ပါးနဲ့ပွတ်ကာ ကျီဆယ်လိုက်သည်။"မြတ် မပိန်ပါဘူးကိုယ်တော်ရဲ့။ ကိုယ်တော်က ထွားလာတာ""အဟား..ဟား.. ဘယ့်နှယ် ထွားတာတုန်း မြတ်ငယ်ရဲ့.. မောင်တော် ထွားတာ ဘယ်နေရာအဓိကလဲ ပြောစမ်းပါ့""အိုး.. ကိုယ်တော် ညစ်တီးညစ်ပတ် နော်.."တစ်ခြားဟာ စိတ်ပြောင်းမှဖြစ်မည်။ ကိုယ်တော့် ညီပွားက မြတ်‌ပေါင်မှာလာထောက်နေနှင့်ပြီမို့ မနက်မိုးလင်းတာနဲ့ ကျီဆယ်ချင်တဲ့ မြတ် ကိုယ့်ကိုယ်ကိုတောင် စိတ်တိုချင်လာမိသည်။ မြတ် ရုတ်ကနဲ ကုတင်ပေါ် လှဲချလိုက်ကာ.. တင်ပါးဆီအုပ်ကိုင်လာတဲ့ကိုယ်တော့်လက်တွေကို ရှောင်လိုက်ရပြန်သည်။"ကိုယ်တော်.. ဒီနေ့တော့မရဘူး.. မြတ် က ကိုယ်တော့်ကို နှိုးလိုက်တာမို့.. မြတ် ဒီကိစ္စကို ဉီးဆောင်မှာ"ပြောပြောဆိုဆို... ကိုယ်တော့်ဝတ်လဲတော်တွေကို ချွတ်ချလိုက်တော့ ကိုယ်တော်ကြီး တစ်ဟဲဟဲသာ ရယ်မောနေလေသည်။"မောင်တော်က .. တစ်ခြားကိစ္စမပြောပါဘူးကွယ်။ မြတ်ငယ်ပေါက်စလေးက.. မောင်တော့်ကို မျှော်နေရှာမလားလို့လေ။""အာ. မရဘူး ကိုယ်တော်.. ဒီမှာစမ်းကြည့်ပါ.. မြတ်ညီလေးက ကိုယ်တော့်ဆီ အလည်လာချင်နေတယ်.."လူလည်လေး မြတ် က ကိုယ်တော့်ကို ဉီးအောင်..ကလူကျီဆယ်ရင်း.. နံနက်ခင်းအနမ်းပြင်းရှရှနှင့်အတူ.. ကိုယ်လက်နှီးနှောဖို့ ကိုယ်တော့်ကိုယ်ပေါ် ကုတ်ကပ်တက်လိုက်ပေမယ့်.. အား မတန်။"မြတ်ငယ်.. မောင်တော်ညီလာခံအတွက်ပြင်ဆင်ရမယ်ကွဲ့။ အခု..စိတ်လေးကို.. မောင်တော့်အတွက် သိမ်းထားပေးလှည့်ပါအုံး.. မောင်တော် ရန်ကုန်ထဲက ပြန်ကြွလာတော့.. မြတ်ငယ်စိတ်တိုင်းကျ ဖြစ်ရစေ့မယ် ဟုတ်ပလား"မြတ်ပါးကို ဖွဖွညှစ်ပြီး အိပ်ယာထတဲ့ ကိုယ်တော့်ကို မြတ် အလွတ်မပေးပါ။"အွန်.. အစောကြီးရှိသေးတာကို ကိုယ်တော်..မြတ်မထချင်သေးဘူး။""မောင်တော် ဒီနေ့ ညီလာခံရှိတယ်လေ မြတ်ငယ်ရယ်။"ခါးကိုဖက်ထားတဲ့ မြတ်ငယ်ကြောင့် ကိုယ်တော်ကြီး လှုပ်မရ။ အိပ်ယာထက် ပြန်လှဲလိုက်တော့ ရင်ခွင်ထဲ ခေါင်းထိုးဝင်လာတဲ့ ကြင်ယာတော် ကလေးပေါက်စကို ကိုယ်တော်ကြီး ပြန်ထွေးပွေ့ထားလိုက်သည်။အင်း..ဒီပုံနဲ့တော့ ခရီးထွက်ဖြစ်ပါ့မလားတောင်မသိတော့။"မြတ်ငယ်.. မောင်တော်က မြတ်ငယ်ကို ချစ်မြတ်နိုးရုံတင်မကဘူးနော်။ မောင်တော့်အာရုံမှာ အမြဲစွဲထင်နေအောင်ကိုပဲ တွယ်တာရပါတယ်ကွယ်။"ရင်ကဖြစ်တဲ့ စကားမို့လို့ မြတ်ငယ် အပြည့်အဝယုံကြည်သလို ထပ်တူလည်း ချစ်မိသည်လေ။မြတ် ကိုယ်တော့်နှုတ်ခမ်းများကို စုပ်နမ်းလိုက်ပြီး တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်မိသည်။ရန်ကုန်ထဲတစ်ခေါက်သွားတိုင်း ထိခိုက်ဒဏ်ရာတစ်ခုမဟုတ်တစ်ခုရလာတတ်တဲ့ ကိုယ်တော့်ကို မြတ်စိတ်မချ။ အတူလိုက်ပါသွားရင်လည်း.. ရန်မျိုးအောင်ရုံးခန်းမှာ စောင့်ဖို့ ထားခဲ့အုန်းမှာမို့ မြတ်မလိုက်ချင်။ ဝန်ကြီးတွေရဲ့ အမျိုးသားစုံတွဲကို ကြည့်တဲ့ စူးစမ်းအကြည့်တွေကိုလည်း မြတ်ရင်မဆိုင်ချင်ပါ။နံနက်ခင်းပွဲတော်တည်ပြီး.. ညီလာခံဆင်းတာနဲ့ ရန်ကုန်ကြွသွားတဲ့ ကိုယ်တော့်ကို မြတ် ကလေးတွေစာသင်ပေးရင်း စောင့်နေရသည်။"ခေါင်ဖုရား။ စာသင်ဆောင် ဆောက်လုပ်ပေးဖို့ ထီးဘုရားမိန့်ကြားသွားပါတယ်ဘုရား။ ခေါင်ဖုရား နေရာပြတော်မူပါ"နားခံတော်မင်းကြီး လက်သမားတွေနဲ့အတူ‌ရောက်လာတာမို့ .. မြက်ခင်းမှာ ခုံချပြီး စာသင်နေကြတဲ့ ကလေးတွေကို မြတ် ဝေ့ကြည့်လိုက်မိသည်။ ဒီကလေးတွေ စိတ်လက်ကြည်သာစေဖို့ စာသင်ရတာ ပိုကောင်းစေဖို့ အရိပ်ရတဲ့ ဒီမြက်ခင်းပြင်မှာ.. မြတ် စာသင်ပေးနေတာ။"ဂိုက်ဆရာ ကိုလွင်ခန့်၊ ဒီနေရာမှာစာသင်ရတာ အဆင်ပြေလား။ ကိုယ်‌တော်.. နေရာထပ်ရွေးပေးရမလား""ခေါင်ဖုရား.. ဒီနေရာ စိတ်ကြိုက်ရွေးထားတာ သင့်တော်ပါတယ်ဘုရား။ လေကြောင်းလည်းသင့်ပြီး.. အရိပ်အာဝါသလည်းကောင်းပါတယ်ဘုရား""ကောင်းပြီ။ ဉီးညို.. ဒီနေရာမှာပဲ ဇရပ်တစ်ဆောင် ဆောက်ပါ။ အကာ မပါ.. အမိုးနဲ့ တင်းတိမ် ထည့်ပေးပါ။ ရင်ကွဲကွပ်ပြစ် နှစ်ဘက်ကို သုံးပေခွဲလောက်မြင့်မြင့်ထည့်ပါ။ စာသင်ခုံတန်းရှည်နဲ့ .. သင်ဖျာ ထည့်ပါ။ Whiteboard ကတော့ သုံးနေကျ အတိုင်းထည့်ပါ။ ကိုင်း.. ယနေ့ဆောက်ရင်.. မနက်ဖြန်ပြီးကောင်းပါရဲ့ နော် ဉီးညို။ ကိုင်း.. အလုပ်စနိုင်ဖို့... ကိုယ်တော်တို့ နေရာရွှေ့ပေးကြမယ်.."နောက်လိုက်ရံရွေများ ခေါင်ဖုရား ပြတဲ့ နေရာအသစ်ကို ပစ္စည်းတွေ ရွှေ့ပြောင်း ပေးကြပြီး.. ခေါင်ဖုရား ထိုင်ရာ သလွန်ကိုတော့ မြတ်လေးခြုံကြီးအနား သရက်ပင်ကြီးအရိပ်အောက်ကိုရွှေ့ပေးလိုက်ကြလေသည်။စာအံသံ စာသင်သံ တွေနဲ့ စည်ဝေနေတဲ့ အရိပ်အာဝါသက.. နန်းတော်နောက်ဘက်.. ဉယာဉ်ကြီးနဲ့တစ်ဆက်တည်းမို့.. လေအေးအေးများတစ်သုန်သုန် တိုက်ခတ်နေလေသည်။မြတ်လေးပန်းခြုံကြီး နောက်ဘက်.. ဉယာဉ်ကြီးထဲ အရိပ်တစ်ခု တိတ်တဆိတ်လှုပ်ရှားနေသည်။ ပေါ့ပါးတဲ့ အရိပ်က... သစ်ပင်ကြီးထက်ကို ဆွေ့ကနဲ တက်သွားပြီး အရွက်တွေကြားထဲ ပုန်းအောင်းကာ.. သလွန်ထက်မှာ စံစားနေတဲ့ ခေါင်ဖုရားကို မမှိတ်မသုန် ကြည့်နေသည်။ လက်ထဲက ဓါးမြှောင်ငယ်ကို ‌ခေါင်ဖုရားရှိရာဆီ.. ချိန်ရွယ်လျက်.. အချက်ကောင်းစောင့်နေရာ... သစ်ပင်ထက်က ခါချဉ်အုံကြီး လှုပ်ရွလာပြီး.. ထိုအရိပ်လူဆီ အုံလိုက်ကျင်းလိုက် ဆင်းချလာတော့သည်။ ‌"အွု"အသံမထွက်‌အောင် ကြိုးစားပေမယ့် ထိုလူ့မျက်နှာဖုံးနဲ့ အင်္ကျီထဲအထိ ဝင်ကိုက်ကြတာမို့ .. ထွန့်ထွန့်လူးနာကျင်နေပေမယ့်.. ရုတ်တရက် သလွန်က ထလိုက်တဲ့ ခေါင်ဖုရားနှလုံးနေရာတည့်တည့်ကို ပေါက်ဓါးနဲ့ချိန်ကာ ပစ်လွှတ်ဖို့.. ကြံတုန်း.. ခေါင်ဖုရားရှေ့ ဒူးထောက်လာတဲ့ ဉီးညိုကြောင့် လက်တွန့်သွားရသည်။ ခေါင်ဖုရား ဉီးညိုရှေ့က ကြွလှမ်းသွားတာမို့လည်း ပစ်ကွင်းက မသာတော့။ အရိပ်လူ.. အသံမထွက်အောင် သစ်ပင်ပေါ်က ခုန်ချလိုက်ပြီး..မျက်နှာဖုံးနဲ့ အင်္ကျီကို ခါပစ်လိုက်ကာ.. ဉယာဉ် တောင်ဘက်ခြမ်းကို အပြေးထွက်ခွာသွားလေတော့သည်။"ဒါက အကြမ်းထည်ပါ ခေါင်ဖုရား။ မနက်ဖြန်မနက်ကို ကွပ်ပြစ်နဲ့ ခေါင်ဖုရားသလွန်တင်ခုံ အပြီးသတ်ဖို့ ကြိုးစားနေပါတယ်ဘုရား"" အင်း.. ကောင်းပါတယ် ဉီးညို။ ဒီအတိုင်းပဲ ဆက်လုပ်ပါ"နန်းတော်ဝင်းထဲ ရွှေအိုရောင်ကားတစ်စီး ဝင်လာပြီး.. နန်းရှေ့မှာရပ်တန့်သွားချိန် စောင့်နေတဲ့ အထောက်တော် ငလင်းမြင့်.. အပြေးအလွှား ကားတံခါးဖွင့်ပေးလိုက်သည်။ထီးဘုရား.. အပြင်က ပြန်လာတာနဲ့.. အထောက်တော်.. ငလင်းမြင့်ကို မေးတဲ့မေးခွန်းက တစ်ခုတည်း။"ခေါင်ဖုရား ဘယ်မှာလဲ"ငလင်းမြင့် ထီးဘုရားကို နန်းတော်နောက်ဘက်.. မြက်ခင်းပြင်ဆီ လမ်းပြခေါ်သွားတာနဲ့ .. ကလေးတွေကြား မြင့်မားတဲ့ကိုယ်ခန္ဓာ ပိန်ပါးပါးကို .. လှမ်းမြင်ရတာမို့ .. ထီးဘုရား လက်တစ်ချက်ပြတာနဲ့.. ရန်ပုံခွင်း နောက်လိုက်အားလုံးကို နှင်ထုတ်လိုက်တော့သည်။လေတစ်ချက်အဝေ့မှာပဲ.. မြတ်လေးပန်းတွေနံ့တွေထဲ ရောပြွန်းကာ ရလိုက်တဲ့ ပဒုမ္မာကြာပန်းရနံ့ကြောင့် မြတ် .. ဆတ်ကနဲခေါင်းထောင်လိုက်မိသည်။မြက်ခင်းကိုနင်းကာလျှောက်လာတဲ့ ရှူးဖိနပ် အညိုရောင်လေးက မြတ်တို့အနားကိုရောက်လာချိန်မှာတော့ .. ကလေးတွေ အားလုံး ဒူးတုပ်ခေါင်းငုံ့ကုန်ကြတော့သည်။"ကိုယ်တော် ပြန်ကြွလာပြီလား။ ဒီနေ့ စောလိုက်တာ။""မောင်တော်.. ကိစ္စမြန်မြန် ပြီးပြတ်တာမို့.. ခပ်စောစောပဲ ပြန်ကြွလာခဲ့တာ။ စာသင်ဆောင်တောင် အကြမ်းထည် ပြီးပါပေါ့လား။ မြတ်ငယ်.. ညနေစောင်းလေအေးတယ်ကွယ်.. မောင်တော်နဲ့အတူ နန်းဆောင်ထဲပြန်ကြွခဲ့တော့နော်"မြတ် ပြုံးလိုက်မိသည်။"ကိုင်း.. ကိုလွင်ခန့်.. ကလေးတွေကို အပ်တယ်။ ကိုယ်တော်.. ပြန်ကြွမယ်။ မောင်မျိုးတို့ ခင်မောင်တို့ စာသေချာအာရုံစိုက်ကြနော်။"ဘုန်းရှိန်ရောင်ဝါ.. ကြင်ယာတော်ရဲ့လက်ကို ကိုင်ဆွဲကာ နန်းတော် လျှောက်လမ်းအတိုင်းဝင်လာခဲ့ကြသည်။"ကိုယ်တော်.. သာကူကြိုလေး ကလေးတွေအတွက် လုပ်ခိုင်းထားတာ ရှိတယ်။ သာကူလေး သောက်ပါလားဟင်"ဘုန်းရှိန်ရောင်ဝါ.. မဖြေဘဲ.. မြတ်လက်ကိုသာဆွဲလျက် နန်းဆောင်ခန်းထဲ ဝင်လာခဲ့သည်။ရန်ပုံခွင်း၊ ရန်အောင်၊ တိက္ခနဲ့ ဝဏ္ဏတို့ကတော့ . .. အခန်းပေါက်မှာ ဒူးတုပ်လျက် ကျန်ရစ်ခဲ့ကြလေသည်။ဘုန်းရှိန်ရောင်ဝါ.. မြတ်ငယ်လက်ကို မလွှတ်ဘဲ .. မြတ်ငယ်တစ်ကိုယ်လုံးကို .. တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်မိသည်။ ဒီနေ့မှ.. ဘုန်းရှိန်ရောင်ဝါ.. မြတ်ငယ်ကိုပဲ စိတ်ထဲက တမ်းတမိနေပြီး.. နန်းတော်ကိုပဲပြန်ချင်နေတာမို့.. ဗီဇာကိစ္စ ပြီးစီးတာနဲ့ ဝန်ကြီးတွေကို အစည်းအဝေးထဲ ထားရစ်ခဲ့ပြီး အပြေးပြန်လာခဲ့တာ။တစ်ရက်မပြတ် မြင်နေပါလျက်နဲ့ သတိရလွမ်းဆွတ်နေမိလောက်အောင် ချစ်မြတ်နိုးမိတဲ့ ကြင်ယာ‌တော်လေးက. . လက်နှစ်ဖက်ကြား ပျောက်နေလောက်အောင် ပိန်ပါးသွားခဲ့တာပဲ။"မြတ်ငယ်.. အတော်ပိန်သွားတာပဲ။ မောင်တော် ပျက်ကွက်တာတွေ များနေပြီထင်ပါရဲ့။ မြတ်ငယ်.. နေလို့များမှကောင်းရဲ့လား ဟင်"မေးဖျားကိုကိုင်ကာမော့စေတော့.. ကိုယ်တော့်ကို လွမ်းလွမ်းဆွေးဆွေးကြည့်လာတဲ့ ကြင်ယာတော်က.. ခပ်ဖျော့ဖျော့ပြုံးလေသည်။"မြတ် နေကောင်းပါတယ် ကိုယ်တော်ရဲ့။ ထမင်းလည်းအများကြီးစားနိုင်တယ်လေ။ ပိန်တာက ကလေးတွေကို ဘောလုံးကန်တာ သင်ပေးနေလို့နေမှာ။ အရင်လောက်ပါပဲ ကိုယ်တော်ရဲ့""မဖြစ်သေးပါဘူးလေ။ သက်ဉီးကိုခေါ်ပြီး.. မြတ်ငယ်ကျန်းမာရေးစစ်ဆေးအုံးမှပဲ""ရပါတယ် ကိုယ်တော်ရယ်။ မြတ်အနားကိုယ်တော်ရှိနေရင်.. သက်ဉီးလဲမလိုဘူး.. ပင်လုံဆေးရုံကြီးလည်းမလိုဘူး သိလား""ဟောဗျာ.. မဟုတ်သေးပါဘူး မြတ်ငယ်ရယ်""ကိုင်း..ကိုယ်တော်.. အဝတ်လဲ‌တော့။ ပင်ပန်းလာတယ်မဟုတ်လား မျက်နှာအတော် ညှိုးနေလို့။""အင်း.. မောင်တော်.. စင်ကာပူကို သန်ဘက်ခါကြွဖို့ ရှိလာပြီ မြတ်ငယ်။ ဒီနေ့ ဗီဇာရလာခဲ့ပြီမြတ်ငယ်။"ရုတ်တရက် ငြိမ်သွားပြီး ကုလားထိုင်မှာ ခြေပစ်လက်ပစ်ထိုင်ချလိုက်တဲ့ မြတ်ငယ်ကြောင့် ကိုယ်တော်ကြီး မျက်လုံးပြူးသွားရသည်။"ကိုယ်တော်.. ဘယ်နှစ်ရက်တောင် သွားမှာလဲ ဟင်။ မြတ်တစ်ယောက်တည်း ကျန်ခဲ့မှာနော် လို့""မောင်တော် တစ်ပါတ်ပဲကြာမှာပါမြတ်ငယ်ရယ်။ မောင်တော် မြန်မြန်ပြန်ကြွလာမှာပါ။ နိုင်ငံ့အရေးမို့ မောင်တော်သွားရတာပါမြတ်ငယ်ရယ်။ကိုယ်တော် ပြေရာပြေကြောင်း ချော့ပေမယ့် .. မြတ် စိတ်တွေက အရင်လို မာထန်မနေ။ အားငယ်သလို.. လစ်ဟာသလို. .လွမ်းဆွတ်သလို.. ခံစားလာရတာမို့ ကိုယ်တော့်ခါးကနေ မြတ်ဖက်ထားပြီး ကိုယ်တော့်နံဘတ်မှာ မျက်နှာအပ်ထားမိသည်။ဟင်.. နံဘတ်နားက ပူနွေးလာတဲ့ အထိအတွေ့ကြောင့် မြတ်ငယ် ငိုနေတယ်လို့ ကိုယ်တော်ကြီး သိလိုက်ရသည်။ ကိုယ်တော်ကြီး ရုတ်တရက် မြတ်ငယ်ရှေ့ ဒူးထောက်လိုက်ပြီး ချစ်ရသူကို တင်းကြပ်စွာ ပွေ့ဖက်ထားလိုက်သည်။"အို ... မငိုပါနဲ့တော့ မြတ်ငယ်ရယ်။ မောင်တော် တစ်ပါတ်ထည်း သွားမှာပါ။ နောက်အခေါက်တွေတော့ အရင်လိုပဲ ရန်မျိုးအောင်ကို ကိုယ်စားလွှတ်ရမှာပဲလေ။ မောင်တော်ကလည်း မြတ်ငယ်ကို မခွဲနိုင်ပါဘူးကွယ်""ကိုယ်တော်.. ကတိကိုမှတ်မိတယ်နော်။ မြတ် ကို အကြာကြီးပစ်မထားနဲ့နော်"မရည်ရွယ်ပါဘဲ မြတ် နှုတ်ခမ်းဆူကာ ကိုယ်တော့်ပခုံးမှာ မှီရင်း ချွဲနွဲ့မိသည်။ဒီတစ်ပါတ်လုံး ဘယ်လိုနေရမလဲ။"မောင်တော့်ဆီ တစ်နေ့တစ်ကြိမ်တော့ ဖုန်းခေါ်ပါမြတ်ငယ်။ ဒါမှလည်း မောင်တော် ဟိုမှာနေလို့ အဆင်ပြေလိမ့်မယ်မြတ်ငယ်ရယ်။ မောင်တော်နဲ့အတူ ငချစ်မြ နဲ့ ငသူတို့ ပါပါ့မယ်။ စိတ်များလည်းမပူနေပါနဲ့ မြတ်ငယ်ရယ်။""ကိုယ်တော်.. လမ်းခရီးမှာ ဂရုစိုက်ရမယ်နော်။ ထိမိခိုက်မိတာ မဖြစ်စေရဘူးနော်။ သက်ဉီးကို ခေါ်ပေးအုံးဒါဆိုရင်""ဟင်.. မြတ်ငယ်. နေမကောင်းလို့လား ဟင်။ ဘယ်နားက မနေသာလဲ မြတ်ငယ်ရယ်။ မောင်‌တော် အခုသက်ဉီးကိုခေါ်လိုက်မယ်နော်""အွန်. . ကိုယ်တော်ကလဲ မြတ်အတွက်မဟုတ်ဘူး။ ကိုယ်တော့်အတွက် လိုအပ်မယ့် ဆေးတွေ တိုင်ပင်ပြီးထည့်ပေးမလို့။ ကိုယ်တော် တစ်ပါတ်ပဲနော် .. ဒီထက်မကြာနဲ့နော် .. မြတ် မနေတတ်လောက်ဘူး"မြတ်ငယ်ရဲ့ သျောင်ပေါက်စလေးကို ပွတ်သပ်ပေးရင်း ကိုယ်တော်ကြီး.. ပခုံးကိုပွေ့ဖက်ကာ ချော့ရပြန်သည်။"မောင်‌တော်လည်း မနေတတ်ပါဘူး မြတ်ငယ်ရယ်။ မောင်တော့်မှာ.. နိုင်ငံရပ်ခြားမဆိုထားနဲ့ မနက်မိုးလင်း အပြင်ကိုထွက်ရတာနဲ့ စိတ်နှလုံးတစ်ခုလုံး မြတ်ငယ်အပါး ကျန်ရစ်ခဲ့ရသလိုမျိုး... နန်းတော်ပြန်ရောက်လို့ .. မြတ်ငယ်မျက်နှာလေးကို မြင်ရတော့မှာပဲ.. တစ်နေ့တာ စိတ်ဆင်းရဲရတာတွေ ပြေပျောက်ရတော့တာပါ။""အပိုတွေလုပ်တယ် ကိုယ်တော်.. ဒါနဲ့များ.. တစ်ပါတ်တောင်ခွဲသွားအုံးမလို့တဲ့လေ။ ကိုယ်တော် မြတ်ကို တစ်ကယ်မချစ်ပါဘူး"နှုတ်ခမ်းလေးဆူကာ မျက်ရည်ဝဲတဲ့ ကြင်ယာတော်လေးက ယနေ့အထိ မောင်တော်လို့ မခေါ်လာတာ ကိုယ်တော်ကြီး အသည်းယားလှသည်။"မောင်တော်လို့များ ခေါ်ပါတော့လား မြတ်ငယ်ရယ်။ မောင်တော်တို့က ကြင်ယာတွေလေ။""ဟင့်အင်း.. မခေါ်ဘူး။ ကိုယ်တော် မြတ်ကို ပစ်ထားသ၍တော့မခေါ်သေးဘူး။"ကိုယ်တော်ကြီး အသည်းယားလှစွာပဲ နှုတ်ခမ်းဆူထားတဲ့ ကြင်ယာတော်လေးကို ချီမလိုက်သည်။ ရေချိုးခန်းထဲ ချိုးရေစပ်ထားပြီးသား. .. ‌ရေစိမ်ကန်ထဲ မချခင် မြတ်ငယ်ရဲ့ အဝတ်အစားတွေကို ချွတ်‌ပေးလိုက်ပြီး နှုတ်ခမ်းဆူလေးကို တစ်ချက်နမ်းလိုက်ကာ ရေစိမ်ကန်ထဲ ဖြေးဖြေးညင်းညင်း ချပေးလိုက်သည်။ ကိုယ်တော်ကြီး ကိုယ်တိုင် အဝတ်များကိုချွတ်ကာ.. မြတ်ငယ်ကို အသာမလို့ ရေစိမ်ကန်ထဲ ဝင်ထိုင်လိုက်ပြီး.. မြတ်ငယ်ကိုတော့ ပေါင်ပေါ်တင်ကာ ရင်ဘတ်ပေါ်မှာ မှီနေစေလိုက်သည်။မြတ် ကိုယ်တော့်အပြုစု အယုအယတွေကို သာယာသည်။ မြတ်ရဲ့ အယုအယတွေကိုလည်း ကိုယ်တော်ကြီး စွဲလမ်းတာ မြတ်သိသည်။ မြတ်ကို ထိမ်းဖက်ထားတဲ့လက်နှစ်ဘက်က မြတ် ရင်ဘတ်ကို ပွတ်သပ်ကျီဆယ်လာပြီး နို့သီးလေးတွေကို ပွတ်ခြေလာတာမို့ မြတ်ငယ် စိတ်တွေရုန်းကြွချင်လာသည်။မြတ်ငယ်ရဲ့စိတ်နဲ့ တူညီစွာပဲ ကိုယ်တော့်ကိုယ်ပွားကပါ ရုန်းကြွလာကာ.. မြတ်ငယ်ရဲ့ ခြေချောင်းကြားထဲ ရောက်လာသည်အထိ တောင့်တင်းလာလေသည်။"အင့်..ကိုယ်တော်.."ကိုယ်တော့်လက်တစ်ဘက်က မြတ်ငယ်ပေါက်စဆီရောက်လာသည့်အပြင် ညီငယ်ကိုပါ တွန်းထိုးနေတာမို့ မြတ် နေမထိတော့။ရေထဲကနေအသာအယာထပြီး.. မြတ်ပေါက်စလေးနဲ့ မာန်ထောင်နေတဲ့ ကိုယ်တော့်ကိုယ်ပွားတို့ တို့ထိလိုက်ချိန် ကိုယ်တော်က မြတ်ခါးကို ဆွဲချလိုက်တာမို့.. တစ်ချက်လောက်ထောက်ပြီး တစ်ဆုံးထိ နစ်ဝင်သွားခဲ့သည်။"အာ့.. ကိုယ်တော်..""အင်း.. အား အာ့... မြတ်ငယ်.. နေသာရဲ့လား။ မောင်တော်.. ငြိမ်နေပေးမယ်လေ""အွန်.. ဒီအထိရောက်နေတာ ငြိမ်မနေနဲ့လေ အာ့ ကိုယ်တော်.."ညင်ညင်သာသာလှုပ်ရှားမှုတွေကြောင့် ဘောင်ဘင်ခတ်တဲ့ ရေတို့က ရေစိမ်ကန်ကနေ အပြင်ကို လျှံ့ကျနေသလို.. တစ်ဉီးကိုတစ်ဉီး မညိုမညင်စတမ်း.. အပေးအယူမျှတတဲ့ ချစ်ခြင်းတွေကလည်း...မရိုးနိုင်အောင် ခံစားလို့ သက်ဝင် နေကြလေသည်။ပြင်ပလောကတစ်ခွင်သည်ကား.. အမှောင်ထုတို့ ခပ်ဖြေးဖြေး ခြုံလွှမ်းလာနေပြီဖြစ်ပြီး... ထိုအမှောင်ထုသည်ကား အရုဏ်အလင်းရောင် မရောက်လာမီအထိ.. ပိန်းပိတ်အောင် မှောင်ပေလိမ့်အုံးမည်မှာ ... မလွဲတဲ့ အမှန်တရားပင်ဖြစ်လေသည်..။*****အပိုင်း ၇ မကြာမီ.. မျှော်ပါခင်ဗျာ။ဖတ်ရတာ အဆင်ပြေကြပါစေ။

ကြီးမြတ်လေသော နှလုံးသားTahanan ng mga kuwento. Tumuklas ngayon