အခဏ်း.. ၁၀။

157 9 5
                                    


နန်းတော် အနောက်ဘက် ဉယာဉ်တစ်ခွင် .. ဧကသုံးဆယ်ကျော်မှာ အောက်ခြေရှင်းတဲ့ နေရာက တစ်ဧကမပြည့်တတ်။ ဉယာဉ်မြောက်ဘက် ခြံစည်းရိုးတစ်လျှောက်က ရေကန်ကြီးကိုကျော်ဖြတ်ပြီး အနောက်ဘက် နို့ချက်စက်ရုံအထိ ရှည်လျားသလို မြင်းခင်းမြက်ခင်းပြင်ကျယ်ကြီး တစ်ဘက်တစ်ချက် မှာ ခြံရံထားတဲ့ တောအုပ်ကြီးက ဧကတစ်ရာ့ခြောက်ဆယ်ကျော်မို့ ထိုတောအုပ်ကြီးထဲ မြေလှန်ဖို့ဆိုတာက နေ့ချင်း‌ေတာ့မဖြစ်နိုင်။

ရန်ပုံခွင်း ရေကန်နံဘေးက ကွက်လပ်မှာ ထိုင်လျက် ဉီးရီးတော်ပုန်းခိုနိုင်တဲ့ နေရာကို မှန်းဆနေမိသည်။

အိမ်နိမ့်စံနန်းဆောင်အတွင်း ရန်ပုံခွင်း တစ်ဒေါင့်တစ်နေရာ မကျန်အောင် ရှာပြီးပြီ။ နန်းဆောင်နောက်ဘက်ခြမ်း.. နိုချက်စက်ရုံဝင်းဘက်က တောအုပ်ကို ရန်ပုံခွင်းမသင်္ကာလို့ တောအုပ်အတွင်း နင်းလို့လည်း ရှာပြီးပြီ။ ဉီးရီးတော် နန္ဒရဲ့ သွယ်ပြောင်းနုဖတ်တဲ့သွင်ပြင်လက္ခဏာက ထိုတောအုပ်ထဲ ကြာရှည်ပုန်းခိုနေနိုင်ဖို့ မသေချာတာမို့.. ရန်ပုံခွင်း အိမ်နိမ့်စံနန်းဆောင်ကနေ ပြန်ထွက်လာခဲ့သည်။ မကြာမီညမေှာင်လာတော့မှာ။ ညအမှောင်ကို မှီပြီးတော့ ခေါင်ဖုရားကို လုပ်ကြံဖို့များ အနားကပ်လာလေမလားမသိနိုင်ဘူးမို့ ခေါင်ဖုရားအနားကပ်စောင့်ရှောက်တာက ပိုများထိရောက်လုံခြုံလေမလား တွေးမိပေမယ့်လည်း မမိရင် ဇက်ဖြတ်မယ်ဆိုတဲ့ မမိန့်စဖူး ခေါင်ဖုရားရဲ့အမိန့်ကြောင့် တောအုပ်ထဲ ထပ်မံခြေဆန့်ရင်း ရေကန်နဲ့ အိမ်နိမ့်စံနန်းဆောင်အနောက်ဘက်က တောအုပ်ထဲ အစပ်က ခင်တန်းလေးဆီ ဝင်ဖို့ လမ်းကိုစေ့ငုနေမိသည်။

ခြံစည်းရိုးနဲ့ တောအုပ်ကြားထဲက တောင်ကုန်းလေးအကွယ်မှာ နန္ဒ ဒူးကိုပိုက်လျက် ထိုင်နေမိသည်။ ဒီနေရာက နန္ဒနဲ့ ဗြတ္တတို့ပဲ သိတဲ့နေရာ။ သူရဇ္ဇတောင် မသိ။ အရင်တုန်းကတော့ စေတီအပျက်လို့ထင်ပြီး တူးဆွခဲ့ဖူးတာမို့ တောင်ကုန်းမို့မို့လေးနောက်ကွယ်မှာ လူတစ်ထိုင်စာ ဂူပေါက်လိုမျိုး ဖြစ်နေတာ.. တစ်ခါတစ်ရံ ဗြတ္တဒီနေရာကိုလာလို့ စာရေးတတ်တာမို့သာ နန္ဒလည်းသိခဲ့ရတာ အခုတော့ ဒီနေရာလေးက နန္ဒပုန်းခိုရာနေရာဖြစ်ခဲ့ပြီ။ အိမ်နိမ့်နန်းဆောင်ကတော့ နန္ဒကိုနယ်မနှင်ခင်ကအတိုင်း ခြေရာလက်ရာမပျက်။ သန့်ရှင်းရေးပုံမှန်လုပ်ပေးထားသည့်ပုံစံနဲ့ ... ထီးဘုရား.. ဉီးရီးတော်ကိုများ မျှော်နေသလားလို့‌ေတာင် တွေးရင်း ကိုယ်ဘက်ကိုယ်ယက်ကာ နန္ဒပျော်မိသည်။ မင်းသားဒီပါစံ့ရုပ်အလောင်းပေါ် ခေါင်းမှီငိုနေခဲ့တဲ့ လေးနှစ်အရွယ် ထီးဘုရား ငယ်လေးကို ပြန်မြင်ယောင်လာမိကာ... မင်းသားတေဇာနဲ့ မင်းသားဒီပါစံတို့ လက်ထဲမှာ ကြီးပြင်းလာခဲ့ရတဲ့.. ထီးဘုရားငယ်လေး.. ဘယ်လောက်တောင် ခံစားခဲ့ရလေလိမ့်မလဲ ကိုယ်ချင်းစာမိလာပြန်သည်။

ကြီးမြတ်လေသော နှလုံးသားDonde viven las historias. Descúbrelo ahora