အခဏ်း ၅။ 🚨🚨🔞🚨🚨

475 8 2
                                    


🚨🚨🔞🚨🚨🚨🚨🔞🚨🚨🚨🚨🔞🚨🚨


Warning! အသက်အပိုင်းအခြားအလိုက် ချင့်ချိန်ဖတ်ပေးကြပါခင်ဗျာ


ညသည်ကား.. တစ်ဖြေးဖြေး.. တိုးလို့မှောင်ကာ.. အေးလို့လာခဲ့ပြီ.။

အပ်ကျသံတောင် ကြားရလောက်အောင်.. တိတ်ဆိတ်တဲ့ အဆောင်ခန်းထဲ မြတ်တစ်ကိုယ်တည်း ထိုင်လျက်.. ပြတင်းတံခါးဖွင့်ကာ တောစပ်ကို ကြည့်နေမိသည်။ ညစဉ်ညတိုင်း စွဲမြဲအောင်ရတတ်တဲ့ ပဒုမ္မာကြာပန်းရနံ့လေးက မြတ် ကို အခြေအနေမှန်နားလည်အောင် လမ်းပြနေသည်။

ထို ရနံ့လေးကို.. ပါးတစ်ဘက်မှာ အနမ်းပေးစဉ် မတော်တဆ ရခဲ့သည်လေ။

အဆောင်ခန်းကို မြတ် လှည့်ကြည့်မိတော့ .. ဒီအခန်းထဲ ဉီးရီးတော် ဒီပါစံ နဲ့ ကိုယ်တော်လေးတို့ ချစ်တင်း‌ေနှာနေမယ့် ပုံတွေ မြင်ယောင်လာခဲ့သည်။ ချစ်တတ်သလောက် အချစ်အတွက်အသက်ပေးဖို့ ဝန်မလေးတဲ့ ဉီးရီးတော် ဒီပါစံ ကို ချီးမွမ်းလိုက်ရင်း ပျောက်သွားရှာတဲ့ ကိုယ်တော်လေးကိုပါ ဆုတောင်းမေတ္တာပို့သလိုက်မိသည်။

** ရှင်သန်နေပေးပါအုံး ကိုယ်တော်လေး.. အဲ့ဒီအရေးမပါတဲ့ ကျိန်စာကို .. ပျက်ပြယ်ဖို့အတွက် .. မြတ်တို့ ကြိုးစားပါအုံးမယ်**

ည နက်သထက်နက်လာသလို မျှော်နေသူက အခန်းပေါက်က ရောက်မလာ။ မြတ် တစ်ချက်စဉ်းစားလိုက်ပြီး ကုတင်ပေါ်မှာ ဖက်ခေါင်းအုံးကို စောင်ခြုံလိုက်ကာ လူအိပ်နေသယောင် ဖန်တီးလိုက်သည်။

မမပြောတဲ့ ဇာတ်လမ်းထဲက အတွင်းလမ်းဝင်ပေါက်ကို မြတ် မသိတာမို့ အဆောင်ကို မီးအကုန်မှိတ်လိုက်ပြီး အဝတ်ဘီဒို နံဘေးနား အသာကပ်ရပ်လိုက်တော့သည်။

****

ကိုယ်တော်ကြီး.. စိတ်ကို အတော်ထိန်းချုပ်ထားရသည်..။ ညီလာခံမှာ.. ဘဏ္ဍစိုးဉီးချစ်မြ နဲ့ ရတနာစံအိမ် အတွင်းရေးမှူးတို့ စကားက မပြတ်တာကို ကိုယ်တော်ကြီး စိတ်မရှည်နိုင်တော့။ ကိုယ်တော်ကြီးစိတ်တို့က ..အိပ်ဆောင်ဆီကို အပြေးသွားနေပြီ။ နန်းဆောင်ခန်းထဲ စောင့်နေရှာသူ ပျင်းများနေလိမ့်မလားလို့ ..။

ကြီးမြတ်လေသော နှလုံးသားDonde viven las historias. Descúbrelo ahora