1

42.8K 362 36
                                    

♕ 𝐮𝐧𝐢𝐜𝐨𝐝𝐞 ♕



AOBနိုင်ငံမှထိပ်သီးAlphaမျိုးနွယ်ဖြစ်သည့်ဇွဲနိုင်မိသားစုပိုင်ဆိုင်သောISအဆောက်အအုံ၏အပေါ်ဆုံးထပ်penthouseတစ်ခုတွင်အမျိုးသားတစ်ဦးနှင့်အမျိုးသမီးတစ်ဦးအဝတ်တစ်ပိုင်းတစ်စဖြင့်ခန္ဓာကိုယ်ချင်းနှီးနှောဆက်နွယ်မှုပြုလုပ်နေကြသည်။

မွေ့ရာအထက်မျက်နှာအပ်ကာညည်းညူနေသောအမျိုးသမီး၏အသံသည်အခန်းတစ်ခုလုံးဖုံးလွှမ်းထားလျှက်ရှိပြီးသူမဆံနွယ်များအထက်ချွေးစအချို့။

"အင်း . . . yesss"

အမျိုးသမီးမှာအနောက်သို့လှည့်ကြည့်ဖို့ခေါင်းပြင်စဉ်အမျိုးသားမှာသူမခေါင်းကိုလက်ဖြင့်ဖိလိုက်ပြီးမွေ့ရာအထက်မျက်နှာအပ်ထားစေ၏။

"ကိုဇွဲ—"

"ပါးစပ်ပိတ်ထား"

လက်တစ်ဖက်ဖြင့်ခေါင်းကိုဖိပြီးကျန်တစ်ဖက်ဖြင့်ခါးကိုဖိကိုင်ကာခပ်ကြမ်းကြမ်းရွေ့လျားနေသည်။

ကိစ္စပြီးဆုံးသွားသောအခါအမျိုးသားမှာခုတင်ဆီမှထသွားပြီးရေချိုးခန်းအတွင်းဝင်သွားသည်။ရေပန်းကိုဖွင့်လိုက်သည်နှင့်ရေစက်များမှာခန္ဓာကိုယ်တစ်ခုလုံးသို့ဖြတ်လျှောက်စီးဆင်းသွား၏။

အနက်ရောင်ရေလဲဝတ်ရုံလဲပြီးအပြင်သို့ပြန်ထွက်လာတော့ခုတင်အထက်ရှိအမျိုးသမီးမှာအခုထိမပြန်သေးသည်ကြောင့်သူ၏နဂိုတင်းမာသောမျက်နှာထားမှာပို၍အလိုမကျပုံပေါက်သွားလေသည်။

"ထွက်သွား"

အမျိုးသမီးမှာမီးမှိတ်ထားသောအခန်းအတွင်းရှိအသံလာရာဆီသို့မှန်းဆကာကြည့်လိုက်သည်။

"ဟင်?"

"ငါ့အတွင်းရေးမှူးကိုမင်းဘဏ်အကောင့်ပြောလိုက်"

"ကိုဇွဲ—"

"အခုချက်ချင်း"

မူရင်းခပ်မာမာလေသံမှာဒေါသအရိပ်အယောင်ကြောင့်ပိုမိုခက်ထန်သွား၏။

အမျိုးသမီးမှာဖရိုဖရဲဖြစ်နေသောဝတ်စုံဖြင့်ခုတင်ပေါ်မှအမြန်ဆင်းကာပိုက်ဆံအိတ်ယူပြီးစမ်းတဝါးဝါးဖြင့်အခန်းအတွင်းမှလျှင်မြန်စွာထွက်ခွါသွားသည်။

ဂွမ်းလုံးDonde viven las historias. Descúbrelo ahora