အကောင်းဆုံးသရုပ်ဆောင်ဘုရင်၏​ပျော်ရွှင်မှုအတွက်လက်ခုပ်တီးပေးခြင်းArc 1 Ch1.1

2.1K 90 6
                                    

ပူလောင်နေသော နေရောင်အောက်ရှိ ရွာလမ်းမပေါ် တွင် ရှန်ချီ(Shen Qi) တယောက် အဝတ်အိတ်ဆွဲလျက် လမ်းလျှောက်လာလေသည်။ သို့ပေမယ့် သူရဲ့ ဖြောင့်တန်းသော ကိုယ်ဟန်​ေနထား၊ Fashion ကျသော အဝတ်အစား၊ ချောမောပြေပြစ်သောရုပ်ရည်နှင့် သူ၏အနားအနီးပတ်ပတ်လည်တွင်ဝိုင်းနေသော Camera များဖြင့် Staffs များတို့က ဒီအခြေအနေဟာ Show တခုခု ရိုက်နေတာဖြစ်ကြောင်းသက်သေပြနေ​ေလသည်။
ရှန်ချီ တယောက် ပတ်ပတ်လည်ကိုကြည့်လိုက်ပြီး အံ့သြသောအမူရာပြလျက် "တကယ်ကို ကျေးလက်တောရွာ ဆိုတဲ့အတိုင်း လေကောင်းလေသန့်လည်း ရ၊ ကောင်းကင်ကလည်းအပြာရောင်လေးသမ်းနေသလို တိမ်ဖြူတွေကလည်း......."
ထိုအချိန်တွင် Cameramen တို့က ရှန်ချီ၏ အသက်ရှူမှားရလောက်သည်ထိနူးညံ့လှပသောမျက်နှာဘက်သို့ Camera view ထောင့်အား ချိန်ညှိလျက်၊ နောက်မှလိုက်ပါလာသော ဇာတ်ညွှန်းရေးဆရာများမှာလည်းရှန်ချီ၏မျက်နှာအား ကြည့် ​ကာ မတတ်သာနိုင်စွာ​​​ဖြင့် ချစ်ကျွမ်းဝင်မိသောခံစားချက်မျိုးမျက်နှာပေါ်တွင်ထင်ပေါ်နေလေသည်။
ရှန်ချီ သည်သူ၏လက်နှစ်ဖက်အား ကောင်းကင်ဘက်သို့ မူလျက် ဖြန့်တန်းလိုက်သည်။ သို့​သော်တစက္ကန့်ပင်မကြာလိုက်၊ ချက်ချင်း​ခေါင်းအားငုံ့ချလိုက်ပြီး ဦးထုပ်အားဝမ်းနည်းဟန်ဖြင့်အလျင်မြန်ယူဆောင်းလိုက်ကာ "အား၊ ​နေကအရမ်းပူတာပဲ"

မကြာခင်ကမှချီးကျုး​နေသည့်ပုံနှင့်ယခုပုံမှာ အလွန်ကွာခြား​နေ​​ေသာ​ကြောင့် ဇာတ်ညွှန်း​ရေးဆရာများ ဒါရိုက်တာများအပါအဝင် Cameramen များပါမကျန်ရယ်​မောကြ​လေသည်။

သို့​ပေမယ့် ရှန်ချီ ထိုရယ်​မော​နေသူများအား မသိချင်​ယောင်​ဆောင်လျက်ပင် camera ဘက်သို့လှည့်ကာ ​တောက်ပ​သောအပြုံးတပွင့် ​ပေးလိုက်ပြီး "ဒီကရှူခင်းပုံ​တွေက တကယ်လှ​ပေမယ့် ရာသီဥတုကအရမ်းပူလွန်းတယ်။ ဒီက​နေမြန်မြန်ထွက်သွားရ​အောင်။ ခုနက လည်းကား​​ပေါ်မှာပဲ​တောက်​လျှောက်ဆို​တော့ ကျ​တော်လည်း အရမ်း ဗိုက်ဆာ​​နေပြီ။ ရှဲ့အကိုကြီးနဲ့တခြားသူ​တွေစားစရာဘာ​တွေပြင်ထားကြလဲဆိုတာကျ​တော်သိချင်လိုက်တာ။"

ရှန်ချီ စကား​ပြောရက်နှင့်ပင် သူ့အဝတ်ထုတ်အားဆွဲလျက် ရွာထဲသို့​ခြေလှမ်းကျဲများဖြင့် ခပ်သွက်သွက်​လေး​လျှောက်သွား​လေသည်။ သူ့​နောက်မှလည်း ဇာတ်ညွှန်းဆရာများနှင့်camera တို့ကတ​ကောက်​ကောက်ဖြင့်နောက်မှလိုက်လျက်။

Applaud for happinessWhere stories live. Discover now