Part 2

346 68 3
                                    

"အကိုရှဲ့"
ဟုရှန်ချီ လိုက်ကာ​နောက်မှထွက်လာသူအား နှုတ်ဆက်လိုက်သည်။
ရှဲ့ကျွင်းသည် အနုပညာ​လောကတွင် စီနီယာကျ​သော သူဖြစ်သည်။ သူသည် ​တင်ဆက်သူ တ​ယောက်အ​နေနှင့်စတင်ခဲ့သူဖြစ်ပြီး ယခုတွင်မူ အခြား​သော ​နေရာများတွင်လည်း အလျင်းသင့်သလို ပါဝင်​တင်ဆက်​​နေပြီဖြစ်သည်။ သူသည်ယခုလက်ရှိတွင် ပုံမှန်ရိုးရိုး variety shows သုံးခုအား ကိုင်တွယ်​နေသူတဦးလည်းဖြစ်သည်။ လွန်ခဲ့​သော​ခြောက်လက ပင်ရှန်ချီ ရှဲ့ကျွင်း၏ show တခုတွင် သွား​ရောက်ပါဝင်၍ သူ့ဇာတ်ကားအား promotion ဆင်းခဲ့​သေးသည့်အပြင် wechatပင် အပြန်အလှန် add ကြပြီးဖြစ်သည်။ ( T/N ကိုယ်တို့ရှန်ချီ ​ဘေဘီ​လေးက အရမ်း အလုပ်ကြိုးစားတဲ့သူကြီးပါ​နော် :3)

" လာ လာ ဒီကိုလာ ​သူနဲ့မိတ်ဆက်​ပေးမယ်" ရှဲ့ကျွင်းတ​ယောက် ရှန်ချီနှင့်ကျန်းချန်ရှန်တို့ တ​ယောက်နှင့်တ​ယောက် မရင်းနှီးကြမှန်း ရိပ်မိသည့်အတွက် ကြားလူအ​နေဖြင့် မိတ်ဆက်​ပေး၍ ​နှစ်​ယောက်ကြားရှိ​လေထုအား ​ပေါ့​ပေါ့ပါးပါး ရှိ​စေရန် ​ဆောင်ရွက်​နေ​လေသည်။

ရှဲ့ကျွင်း : "သူကရှန်ချီ​လေ သူ့ကို ​ရှောင်ချီလို့ပဲ​ခေါ်လည်းရတယ် ပြီး​တော့​ရှောင်ချီက လိမ္မာတဲ့​ကောင်​လေးမို့လို့ မင်းသူ့ကိုအနိုင်ကျင့်လို့မရဘူးနော်"

" ​ရှောင်ချီ? မင်း​ရှေ့မှာ မဟုတ်မှ ညီကို​မောင်နှမ ​ခြောက်​ယောက်ရှိလို့လား?" (ချီ, 七ဆိုတာက တရုတ်လိုဆို ခုနစ်လို့ အဓိပ္ပါယ်ရပါတယ် နာမည်က ​ရှောင်ချီဆို​တော့ ​နောက်လိုက်တဲ့သ​ဘောပါ XD)
မျက်မှန်နှင့်​နောက်ထပ်နူးညံ့​သောလူတ​ယောက်၊ တဖက်မှယပ်ခတ်လျက် သူ​တော်စင် ကဲ့သို့အပြုံးဖြင့်ထွက်လာ​လေသည်။

​ရှန်ချီ ကိုယ်ကိုညွှန့်ကိုင်းလိုက်ပြီး "​ကောင်း​သော​နေ့ပါ ဒါရိုက်တာ လျိုင်"

လျိုင်ယွီ သည် အနုပညာနယ်ပယ်တွင် နာမည်​ကျော်ကြား သော ဒါရိုက်တာတဦးဖြစ်သည့်အပြင် သူ၏ သရုပ်​ဆောင်စွမ်းရည်​ကြောင့်လည်းလူသိများ​သောသူတဦးဖြစ်သည်။

သူသည်သူကိုယ်တိုင်ရိုက်ကူး​သောရုပ်ရှင်များတွင်ကိုယ်တိုင် ပါဝင်၍ တခါတရံ ​ခေါင်း​ဆောင်မင်းသားအဖြစ် တခါတရံ အရံ မင်းသားအ​နေဖြင့် တခါတရံ ​နောက်ခံ အရံမင်းသားအ​နေဖြင့် သရုပ်​ဆောင်​လေ့ရှိသည်။ သရုပ်​ဆောင်တိုင်းလည်းအလွန်ထူးချွန်​သော​ကြောင့် အ​ကောင်းဆုံးဇာတ်ပို့သရုပ်​ဆောင်ဆုအား ရရှိထားသူလည်းဖြစ်​ပေရာ အားလုံး၏စိတ်ဝင်စားမှု ကိုရရှိထား​သောသူတဦးလည်းဖြစ်​လေသည်။

Applaud for happinessWhere stories live. Discover now