သူတို့ယခုစားမည့် စားပွဲနေရာသည် စပျစ်နွယ်ပင်အောက်တွင်ဖြစ်ပြီး စားပွဲမှာလည်း ခေါက်လို့ရသည့်အမျိုးအစားမို့ ရှန်ချီ အလွယ်တကူပင် ခင်းကျင်းလိုက်ပြီး ဟင်းခွက်ပန်းကန်များအားစီစီရီရီ ဖြစ်အောင်ဆင်ကာ စားပွဲခုံအစွန်များနှင့်ကုလားထိုင်များအား သန့်ရှင်းလေသည်။ ထို့နောက် ဟင်းပွဲများအား သပ်သပ်ရပ်ရပ်ဖြင့် စီရင်နေသည်မှာ အလွန်အလုပ်ကြိုးစားသောပျားတကောင်ကဲ့သို့ပင်။
ရှန်ချီ အလုပ်လုပ်နေပုံအား ရှဲ့ကျွင်း စစ်ဆေးကြည့်လိုက်ပြီးနောက် ပြုံးလျက် "ဒီမှာကြည့်ပါဦး ရှောင်ချီက ဘယ်လောက်တောင် တက်ကြွပြီး စေ့စပ်သေချာလဲဆိုတာ။ ဒါမျိုးဖြစ်သင့်တာ။ နောက်ဆိုရင် ဧည့်သည်လာတိုင်းရှောင်ချီကိုပဲ အားကိုးရတော့မယ်ထင်တယ်။"
ထိုအချိန် အအေးခံထားသော ဖရဲသီးစိတ်များအား ကိုင်လျက် လျိုင်ယွီထွက်လာကာ ရှဲ့ကျွင်းစကားအား သဘောတူသည့်အဓိပ္ပါယ်ဖြင့်ပြုံးလိုက်လေသည်။
"ရပြီ" ကျန်းချန်ရှန် သူ့လက်ထဲမှ ဂေါ်ပြားအားချကာ ပြောလိုက်ပြီး နောက်ဆုံးဟင်းပွဲအားယူထုတ်လာလိုက်သည်။ "အားလုံးပဲစားလို့ရပြီ"
ရှန်ချီချက်ချင်းပင် ကျန်းချန်ရှန်အနားသို့ကပ်သွားပြီး သူ့လက်ထဲမှ ဟင်းပန်းကန်အားလွှဲပြောင်းယူလိုက်လေသည်။ "အကိုကျန်း ပန်းကန်က ပူတယ် သတိထားဦး ကျတော်ပဲသယ်လိုက်မယ်"
ကျန်းချန်ရှန်လည်းများများစားစား ပြောမနေတော့ပဲ ရှန်ချီအားပေးလိုက်သည်။
ဟင်းပွဲစုစုပေါင်းသုံးမျိုးဖြစ်ပြီး ဟင်းရည်တပန်းကန်အပါအဝင် အားလုံးမှာ ကျန်းချန်ရှန်ကိုယ်တိုင်ချက်ပြုတ်ထားခြင်းဖြစ်လေသည်။ ထိုဟင်းပွဲများ၏အပြင်ဆင်သည် ပါးစပ်ထဲမမြည်းစမ်းကြည့်ရသေးသည့်တိုင်အောင် ကြည့်ရုံနှင့်ပင်သွားရည် ကျစရာကောင်းလှပေသည်။
ရှန်ချီသည် ကျန်းချန်ရှန်၏အမာခံပရိသတ်ဖြစ်သည့်အလျောက် ပါးစပ်ထဲသို့မဝင်ခင်ကပင်ဟင်းတမျိုးစီတိုင်းအားချီးမွမ်း၍မကုန်နိုင်အောင်ပြောဆိုနေလေသည်။ ထိုမျှသာမက မြည်းစမ်းသည့်အခါတွင်လည်းတဖန် ဟင်းခွက်တမျိုးစီတိုင်းအတွက် ချီးမွမ်းပြောဆိုပြန်သည်။ သို့သော်ရှန်ချီ ချီးမွမ်းပုံမှာ ဟင်းတခွက်တိုင်းဘာကြောင့်ကောင်းသည် မည်ကဲ့သို့သော ထူးကဲအရသာရှိသည် စသဖြင့် သေချာစွာ ထည့်သွင်းပြောဆိုသောကြောင့် တမင် အကောင်းမြင်ခံချင်၍ချီးမွမ်းသည်မျိုးမဟုတ်တော့ပဲ စိတ်ရင်းဖြင့်အမှန်တကယ် အရှိတိုင်းချီးမွမ်းသကဲ့သို့ပင်။
ရှန်ချီအပေါ် အကောင်းမြင်ပြီးသားဖြစ်သော ရှဲ့ကျွင်းအားမဆိုထားနှင့် လျိုင်ယွီနှင့်ကျန်းချန်ရှန်ပင် ရှန်ချီအပေါ်တဖြည်းဖြည်း နှင့်နွေးနွေးထွေးထွေး ဆက်ဆံလာလေသည်။ ရှန်ချီသည် ရုပ်ရည်ရှိပြီး အလွန်ရိုးသားကြိုးစားသော တက်သစ်စ အနုပညာရှင်မျိုးဖြစ်သောကြောင့် သူတို့အမြင်တွင်သူသည် 10 မှတ်ပေးရလျှင်8 မှတ် အလိုလျောက်ရပြီးသားဖြစ်သည်။
YOU ARE READING
Applaud for happiness
Romance*This is my first Trans* Novel က Lily ဟာမဟုတ်ပါဘူး Credit ပေးပါတယ် Original Novel ကို Original Author: Ýing Ýang Official Translation En on Novelupdate.com Summary Shen Qi: အားလုံးပဲ ပျော်တယ်လို့ ခံစားရ ရင်လက်ခုပ်လေးတီးပေးပါ တစုံတယောက်: *clap* *c...