ကျန်းချန်ရှန် ၏ အကူညီဖြင့်ရှန်ချီသူ့luggageအား နေရာတကျ ဖြစ်အောင်စီစဥ်လိုက်သည်။ ထို့နောက် ကျန်းချန်ရှန်နောက်မှ နောက်လိုက်လေးတယောက်ကဲ့သို့ သူ့နောက်မှတကောက်ကောက်လိုက်နေလေသည်။
"အကိုကျန်း အကို့ကိုကျတော်ကူညီပေးနိုင်တာများရှိလား"
"အကိုကျန်း အခုအရမ်းပူတယ်နော် ကျတော်ယပ်ခတ်ပေးရမလား"
"အကိုကျန်း ဟင်းရွက်ခူးနေတာလား ကျတော်လည်းကူလုပ်ပေးမယ်လေ"ထိုအချိန် စပျစ်စင် အောက်၌ အနားယူနေကြသော လျိုင်ယွီနှင့် ရှဲ့ကျွင်းတို့ ထိုနှစ်ယောက်အားကြည့်ကာ တယောက်ကိုတယောက် တခုခုအားနားလည်သွားသည့်အကြည့်ဖြင့် ပြုံးလိုက်ကြသည်။
ရှဲ့ကျွင်းအား စောင့်ကြည့်ကြည့်လိုက် ဟူသော အဓိပ္ပါယ်ဖြင့် လျိုင်ယွီမျက်ခုံးတဖက်ပင့်ပြလိုက်ကာ ရှန်ချီအား လက်ယက်ခေါ်လိုက်လေသည်။"ရှောင်ချီ ဒီကိုခနလာပါဦး။ မင်းသိတဲ့အတိုင်း ရာသီဥတုက တအား ပူနေတော့ ငါတို့လို လူအိုကြီးတွေက မခံစားနိုင်ဘူးကွ ဒီလိုပူအိုက်တဲ့ ကြားထဲက လှုပ်ရှားလိုက်ရင် အပူရှပ်ပြီးသတိလစ်သွားမှာ စိုးတယ်ကွာ အားလုံးအတွက်လည်း မလွယ်ကူလှဘူး အဲ့တော့ မင်း, မင်းရဲ့ အကိုကျန်းကိုကူချင်ရင် အကြံတခုပေးမယ်။ နောက်ဖေးခြံထဲမှာဖရဲသီးတွေရှိတယ် အဲ့ထဲက နှစ်လုံးလောက်သွားခူးလာလိုက် ပြီးရင် စိတ်လိုက်ပြီး ရေခဲသေတ္တာထဲအအေးခံထားလိုက်မယ် အေးသွားတဲ့ခါ အားလုံးမျှစားလိုက်တော့အနည်းဆုံးအပူတော့ငြိမ်းတယ်လေ ဟုတ်တယ်ဟုတ် အဲ့တော့ဘယ်လိုသဘောရလဲ"
ရှန်ချီတယောက်လျိုင်ယွီပြောသော အကြောင်းအရာများမှာ ယုတ္တိရှိသောကြောင့်ယုံကြည်မိသွားသည်။ သူ့မျက်နှာပေါ်မှအမူရာမှာ ကြောင်တောင်တောင်လေးဖြစ်နေသော်လည်း စိတ်ထဲတွင်တော့ အတွေးေပါင်းများစွာနှင့်။ သို့ကြောင့် လျိုင်ယွီအား ပြန်မဖြေနိုင်။
လျိုင်ယွီ အတွေးများနေသောရှန်ချီပုခုံးပေါ်သို့လက်တင်လိုက်ကာ "မင်းအကိုကျန်းနဲ့ စကားမပြောချင်ဘူးလား သူနဲ့ဓါတ်ပုံတူတူမရိုက်ချင်ဘူးလား ဒါမှမဟုတ်သူ့ ဖုန်းနံပါတ်ရော မလိုချင်ဘူးလား လိုချင်တယ်ဆိုရင်တော့ မင်းငါပြောတာစဥ်းစားကြည့်ယုတ္တိမရှိဘူးလား မင်းအကိုကျန်းက အခုလူသုံးယောက်စာအစား အလုပ်တွေအရမ်းကြိုးစားလုပ်နေရှာတာ ရိုက်ကူးရေးအဖွဲ့ကလည်း လွန်လွန်းပါတယ် သူ့ကို ရေအေးအေးလေး တခွက်တောင်မပေးဘူး ပြီးတော့ အခုလိုချိန်မျိုး မှာ ရေအေးသောက်တာက လည်းဗိုက်အတွက်အဆင်ကပြေမှာမဟုတ်ဘူး ဒါကြောင့်အကယ်၍များ မင်းသာ ဖရဲသီးလေးသွားခူးလာပြီး သူ့ကိုပေးလိုက်ရင်သူ ပျော်ပြီး စိတ်လှုပ်ရှားသွားလိမ့်မယ်မထင်ဘူးလား ရှဲ့ကျွင်းနဲ့ငါလည်း မင်းကိုကူမယ်လေကွာ မင်းလည်းဆုတခုခုရချင်တယ်မလား"
YOU ARE READING
Applaud for happiness
Romance*This is my first Trans* Novel က Lily ဟာမဟုတ်ပါဘူး Credit ပေးပါတယ် Original Novel ကို Original Author: Ýing Ýang Official Translation En on Novelupdate.com Summary Shen Qi: အားလုံးပဲ ပျော်တယ်လို့ ခံစားရ ရင်လက်ခုပ်လေးတီးပေးပါ တစုံတယောက်: *clap* *c...