1.3(Part 1)

134 24 1
                                    

ကျန်းချန်ရှန် အသက်ပြင်းပြင်းတချက်ရှူသွင်းလိုက်ပြီး "အိမ်ထဲမှာ ကင်မရာ​တွေရှိတယ် မင်းအဝတ်အစားဝတ်ထားတာ​ကောင်းလိမ့်မယ် live လွှင့်တဲ့ အချိန်​ရောက်ရင် ပြဿနာတက်ဦးမယ် သတိထားဦး" ဟု ရှန်ချီအား သတိ​ပေးလိုက်သည်။
"ဟိုဟာကို​ပြောတာလား" ရှန်ချီ ပြုံးလျက်ပင်သူ့အဝတ်စားဖြင့်အုပ်ထား​သော ကင်မရာအားလက်ညှိုးထိုးပြပြီး ​ "စိတ်မပူပါနဲ့ အကိုကျန်း ကျ​တော် အဲ့ကင်မရာကိုအုပ်ထားပါတယ် ဘယ်သူမှမမြင်ပါဘူး"

ရှန်ချီအဲ့လို​ပြောမှ​တော့သူ့မှာ ဘာများ​ပြောစရာကျန်ပါ​တော့မလဲ သူ့ကိုလွယ်လွယ်နှင့် ​ဖျောင်းဖြလို့မရမှန်း ကျန်းချန်ရှန်သိ​လေသည်။ ထို့​ကြောင့် သူဘာမှဆက်၍မ​ပြော​တော့ ပဲ​ရေချိုးခန်းသို့သာ​ခြေဦးလှည့်လိုက်သည်။

သိပ်မကြာလိုက်, ​ရေချိုးခန်းမှထွက်ရလာသော ​ရေကျသံများအားရှန်ချီ အပြင်မှနား​ထောင်​နေလိုက်ပြီး တခဏကြာ၊ အိပ်ရာ​ပေါ်မှထကာ ​ရေချိုးခန်းတံခါးကို ​ခေါက်ပြီး "အကိုကျန်း ကျ​တော် ဝင်လာပြီး ​နောက်​ကျော ​​ချေးတွန်း​ပေးရမလား"

ထိုချိန် ​ရေကျသံများကြားမှ ပြတ်သားကြည်လင်​သောအသံတသံ ထွက်လာ​လေသည် "မလိုဘူး"

ရှန်ချီ ပဲ အ​တွေးလွန်၍လားမသိ သူ့အားတုံ့ပြန်​သောအသံမှာ ခါတိုင်းထက်ပို၍ နက်​မှောင်ပြီး စိတ်ဆိုးသည့်ဟိတ်ဟန်ပါ​နေသ​ယောင်
ရှန်ချီ သူ့မျက်လုံးများအား​မှေးကျဥ်းလျက် ချိုသာ​သော အသံဖြင့် "အဲ့ဒါဆိုရင်လည်း အကူညီလိုရင်က​ျ​တော့်ကို​ခေါ်လိုက်​နော် ကျ​တော် အိပ်ရာ​ပေါ်မှာပဲ​​ေစာင့်​နေမယ်"

ထိုအချိန် ​ရေချိုးခန်းထဲမှ သက်ပြင်းချသလို အသံထွက်​ပေါ်လာ​လေသည် "အင်း"

ရှန်ချီ မျက်ခုံးပင့်လိုက်ပြီး​နောက် ဖိနပ်ပင်မချွတ်​တော့ပဲ အိပ်ရာ​​ပေါ်သို့ပြန်တက်​နေလိုက်သည်။ သူဖုန်းအား ကလိ​နေလိုက်ပြီး ည​နေက ရိုက်ထား​သော ဓါတ်ပုံများထဲမှ သူကြိုက်​သော သုံးပုံအား​ရွေးချယ်​နေလိုက်သည်။

selfieတပုံ ကျန်းချန်ရှန်နှင့်အတူတကွရိုက်ထား​သောပုံနှင့် ​လေး​ယောက်အတူရိုက်ထား​သော ပုံတို့အား သူcaption​ရေးလိုက်ပြီး​နောက်ထိုသုံးပုံနှင့်တကွSocial Media​ပေါ်တွင် တင်လိုက်​လေသည်။

Applaud for happinessWhere stories live. Discover now