အပိုင်း - ၈ -
ဝမ်ရိပေါ်ရဲ့ကိုယ်ပိုင်အတွေ့အကြုံအရ ကြိုသိနေတာကတော့ အိမ်တံခါးကိုဖြတ်ပြီးဝင်သွားတာနဲ့တစ်ပြိုင်နက် ရှောင်းကျန့် နောင်တစရတော့မယ်ဆိုတာပဲ။
တကယ်တမ်းကျ ရှောင်းကျန့်က ဘဝကိုသူ့စိတ်တိုင်းကျနေတာမျိုးမှမရှိတာ၊ ဝမ်ရိပေါ်ထင်တာတောင် နောက်ကျနေသေးတယ်၊ တံခါးအရှေ့ရောက်ချိန်မှာပဲ ရှောင်းကျန့်ကတွန့်ဆုတ်စွာနဲ့ စကားစလာတယ်။
"... ကိုယ်မပြောခဲ့ဘူးလို့ပဲသဘောထားလိုက်လို့..မရဘူးလားဟင်.."
ရှောင်းကျန့် တံခါးအရှေ့မှာရပ်နေရင်း လက်ဗွေနှိပ်တဲ့အကွက်ထဲကို လက်မ, မတင်သေးပဲ အင်တင်တင်လုပ်နေတယ်၊ အောက်ကနေတက်လာကတည်းက ဝမ်ရိပေါ်ပတ်ဝန်းကျင်ကို လျှောက်ကြည့်နေတာ၊ ပြင်လက်စဆောက်လုပ်ရေးပစ္စည်းတွေလည်း ဟိုတစ်စဒီတစတွေ့ရတာမို့ ရှောင်းကျန့်တို့တိုက်ကတံခါးတွေကို အသစ်ပြန်လဲနေပုံရတယ်။
"ဘာဖြစ်လို့လဲ..အိမ်ထဲမှာဖွက်ထားတဲ့သူရှိလို့လား?"
ဝမ်ရိပေါ်က ရှောင်းကျန့်ရဲ့အနောက်တည့်တည့်မှာကပ်ပြီးရပ်လိုက်တယ်၊ ပြီးတော့ ရှောင်းကျန့်ကို ဖွဖွသိုင်းဖက်လိုက်ပြီး ခပ်ပြုံးပြုံးနဲ့မေးတယ်၊ ရှောင်းကျန့်တွန့်ဆုတ်နေတာ ကျိန်းသေပေါက်ဒါကြောင့်မဟုတ်မှန်း သူသိတာပေါ့၊ မူးနေတဲ့ရှောင်းကျန့်က အစတုန်းကထက်တောင် ပိုပြီးကဂျီကဂျောင်ကျနေတာ။
".. အိမ်မှာဘာမှမရှိဘူး"
ရှောင်းကျန့်ဆီကနေ နောင်တအပြည့်နဲ့ညောင်နာနာအသံလေးထပ်ထွက်လာတယ်၊ ရေခြားမြေခြားကအဆင့်မြင့်ဟိုတယ်မှာတောင် သတိကြီးကြီးထားနေခဲ့တဲ့ရှောင်းကျန့်လိုလူက၊ တဒင်္ဂဆန္ဒလေးတစ်ခုကြောင့်နဲ့ အိမ်ကိုလူခေါ်လာတာတဲ့လား၊ ဒါကြီးကအရမ်းများသွားပြီလေ။
"ရှုပ်ပွမနေအောင် ကျွန်တော်သေချာဂရုစိုက်မယ်လေ.. "
ဝမ်ရိပေါ်က တံခါးနဲ့သူ့ကိုယ်ကြီးကြားမှာ ရှောင်းကျန့်လှုပ်လို့မရတော့အောင် အနောက်ကနေတမင်တကာကို ဖိကပ်ထားရင်း ဆက်ပြောတယ်။
![](https://img.wattpad.com/cover/309181742-288-k46037.jpg)
YOU ARE READING
Anonymous Planet [ 不具名行星 ] •ᴄᴏᴍᴘʟᴇᴛᴇᴅ•
Fanfiction⚠️ Office Romance, Slice of life, BJYX, Yizhan 世界上每件事都能得偿所愿的人很少,我希望王一博和肖战可以。 - 王奕宁 - Dancer Bo x Director Xiao I do not own this story. Translated with permission. All rights reserved to the original author : Chiveshater Cover Illustration : NT...