3

9.8K 1K 70
                                    



အပိုင်း - ၃ -

မျက်စိနှစ်လုံးဖွင့်လိုက်ကတည်းက ထိုးကိုက်လာတဲ့ခေါင်းကြောင့် ရှောင်းကျန့်အတော်လေးနေမရဖြစ်နေတယ်။

နားထင်နေရာမှာတဒိတ်ဒတ်ထိုးနေတဲ့ခံစားမှုက နှိုးစက်သံပိတ်တာနဲ့အိပ်ရာကထတတ်လေ့ရှိတဲ့ရှောင်းကျန့်ကို အများကြီးလေးဖင့်နေစေတယ်၊ ကျိန်းသေပေါက် လေအေးပေးစက်အောက်တည့်တည့်မှာလည်းမနေသလို၊ မိုးရေလည်းမထိအောင်လည်း ဂရုစိုက်ခဲ့ရဲ့သားနဲ့။

အိပ်ရာထဲမှာကွေးနေရင်း တဆစ်ဆစ်ဖြစ်ချင်လာတဲ့ကိုယ်လက်တွေကြောင့် နောက်ဆုံးတော့သူလည်း တုပ်ကွေးမိသွားပြီလို့ပဲ ယူဆလိုက်တော့တယ်။

ကိုရီးယားကနေပြန်ရောက်တာ ၃ပတ်လောက်တောင်ရှိနေပါပြီ၊ ဒါပေမဲ့ခရီးကလက်ဆောင်ပေးလိုက်တဲ့တုပ်ကွေးကတော့ သူတို့ရုံးထဲကလူတွေကို အလှည့်ကျမနွဲ့တမ်းဆိုသလိုပဲ ကူးစက်နေခဲ့တာ၊ အစကတော့ ကျန်းမာရေးလိုက်စားထားမိလို့ တော်ရုံမဖျားတာဆိုပြီး ရှောင်းကျန့်ကကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေသေးတာ၊ ဒါပေမဲ့ ဒီကပ်ဆိုးကနေ တစ်ယောက်တည်းကပ်လွှတ်သွားရလောက်အောင်တော့ ရှောင်းကျန့်ကံက ထူးမနေခဲ့ဘူး။

အိပ်ရာထဲမှာကွေးနေရင်း မိနစ် ၂၀လောက်ထပ်အချိန်ဆွဲပြီးချိန်မှာတော့ မထချင်ပါသော်လည်း ခြေဒရွတ်ဆွဲပြီးထရတော့တယ်၊ ကေးကို သူပဲ အချိန်အတိအကျနဲ့ လာကြိုဖို့ခိုင်းထားတာမလား။

ရှောင်းကျန့်ကအလုပ်ဂျိုးလည်းဖြစ်သလို စံပြအထက်လူကြီးဆိုတဲ့ဂုဏ်ပုဒ်ကိုလည်း သေချာလေးဂရုစိုက်တတ်တဲ့လူမျိုး၊ မုန်တိုင်းလိုမျိုးရှိနေပါစေအုန်းတော့ အိမ်ကထွက်လို့ရတာနဲ့ ရုံးရောက်အောင်သွားတယ်၊ မသပ်မရပ်ဖြစ်နေတဲ့အချိန်ဆိုတာလည်း ရှောင်းကျန့်ဆီမှာ ဘယ်သောအခါမှမရှိခဲ့ဖူးဘူး။

ဒါကြောင့် အိပ်ရာထဲမှာဖြုန်းလိုက်မိတဲ့မိနစ် ၂၀ကို မနက်စာစားချိန်ထဲကပဲပြန်နုတ်လိုက်တယ်၊ ဒီနေ့မနက်ပိုင်း မီတင်တစ်ခုပဲရှိတာမို့ နွားနို့တစ်ခွက်လောက်သောက်ထားရင်ပဲ သူ့အတွက်ကလုံလောက်တယ်၊ ဒါကြောင့်ကျန်တဲ့အချိန်တွေကို ဝတ်စားပြင်ဆင်မဲ့နေရာမှာပဲ သုံးလိုက်တော့တယ်။

Anonymous Planet [ 不具名行星 ] •ᴄᴏᴍᴘʟᴇᴛᴇᴅ•Where stories live. Discover now